International World Cup

မွေးရပ်ဇာတိနိုင်ငံကို ဂိုးသွင်းပြီးနောက် တောင်းပန်ခဲ့တဲ့ အမ်ဘိုလို

ဘရီးလ် အမ်ဘိုလိုဟာ ယနေ့ညနေမှာ ဆွစ်ဇာလန်နဲ့ ကင်မရွန်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဆွစ်ဇာလန်အတွက် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း မွေးရပ်ဇာတိနိုင်ငံဖြစ်တာကြောင့် အောင်ပွဲခံဖို့ ငြင်းဆန်ခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမ်ဘိုလိုဟာ ကင်မရွန်းမှာ မွေးဖွားခဲ့သူဖြစ်ပြီး ကမ္ဘာ့ဖလား အုပ်စု G အဖွင့်ပွဲစဉ်မှာ ဆွစ်ဇာလန်က ကင်မရွန်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ အမ်ဘိုလိုဟာ ပင်နယ်တီဧရိယာအလယ်မှာ လူကပ်ခံထားရခြင်းမရှိတဲ့ အနေအထားမှာ အနီးကပ် ကန်သွင်းယူသွားခဲ့ပြီး ဆွစ်ဇာလန်အသင်းကို ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း ကင်မရွန်းကို လေးစားမှု ပြသတဲ့အနေနဲ့ အသံတိတ်အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။

ဆွစ်ဇာလန်လက်ရွေးစင်တိုက်စစ်မှူး ဘရီးလ် အမ်ဘိုလိုရဲ့ အဆင့်အတန်းရှိတဲ့ အောင်ပွဲခံပုံကို လူမှုကွန်ရက်ပေါ်က ပရိသတ်တွေက နှစ်သက်ခဲ့ကြပြီး ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

“အမ်ဘိုလိုက ကင်မရွန်းမှာ မွေးခဲ့တာလား။ ဒီအောင်ပွဲခံဟန်အတွက် အများကြီး လေးစားမိပါတယ်”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး “အမ်ဘိုလိုက သူ့မွေးရပ်ဇာတိနိုင်ငံကို ဂိုးသွင်းယူခဲ့တယ်။ အောင်ပွဲမခံခဲ့ဘူး။ အဲဒါကို လေးစားမိတယ်”လို့ နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

မိုနာကိုကြယ်ပွင့်ဟာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာ ဆွစ်ဇာလန်နိုင်ငံသား ခံယူခွင့် ရရှိခဲ့တာဖြစ်ပြီး ဘာကြောင့် မွေးရပ်ဇာတိနိုင်ငံထက် ဥရောပနိုင်ငံကို ကိုယ်စားပြုကစားပေးဖို့ ရွေးချယ်ခဲ့တာလဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ဆွစ်ဇာလန်အတွက် ကစားပေးဖို့ ရွေးချယ်ခဲ့တဲ့အချိန်မှာ ကျွန်တော့်ကို မွေးဖွားခဲ့တဲ့ နိုင်ငံကို ကိုယ်စားပြုပေးချင်ခဲ့တဲ့ စိတ်က အမြဲတမ်း ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ခင်ဗျား ကလပ်အသင်းအဆင့်မှာ လုပ်နေတာကို မလုပ်နိုင်ဘဲ မတူညီတဲ့နိုင်ငံ ၂ ခုအတွက်ကစားပေးလို့မရနိုင်ပါဘူး”

“ကျွန်တော့်ရဲ့ ရွေးချယ်မှုနဲ့ပတ်သက်ပြီး အရမ်းပျော်ရွှင်မိပြီး ကျွန်တော်က ကင်မရွန်းရဲ့ အမာခံပရိသတ်ပါ။ ကျွန်တော် ကင်မရွန်းလက်ရွေးစင်အသင်းထဲမှာ သူငယ်ချင်းတွေလည်း အများကြီးရှိပါတယ်။ ကျွန်တော်တို့ အားလပ်ရက်နဲ့ ကင်မရွန်းနိုင်ငံမှာ တစ်ခါတလေ တွေ့ဆုံဖြစ်ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက်တော့ ထူးခြားတဲ့ပွဲဖြစ်ပြီး စိတ်ခံစားမှုတွေ အများကြီးရှိနေမယ်ဆိုတာ ကျွန်တော် သိပါတယ်။ အဲဒါက ကျွန်တော့်မိသားစုအတွက် ကြီးမားတဲ့အခိုက်အတန့်ဖြစ်ပါလိမ့်မယ်။ မဲခွဲမှု ပြုလုပ်ခဲ့တဲ့အချိန်မှာလည်း စိတ်ခံစားမှုတွေ ပြည့်နေတဲ့ အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ပျော်ရွှင်မှုကြောင့် မခုန်ပျံနိုင်ခဲ့တာ အတိအကျပဲဆိုတာ ဝန်ခံရမှာပါ။ ဒါပေမယ့် ကျွန်တော် ပျော်ရွှင်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရီးလ္ အမ္ဘိုလိုဟာ ယေန႔ညေနမွာ ဆြစ္ဇာလန္နဲ႔ ကင္မ႐ြန္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ဆြစ္ဇာလန္အတြက္ ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္လည္း ေမြးရပ္ဇာတိႏိုင္ငံျဖစ္တာေၾကာင့္ ေအာင္ပြဲခံဖို႔ ျငင္းဆန္ခဲ့ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အမ္ဘိုလိုဟာ ကင္မ႐ြန္းမွာ ေမြးဖြားခဲ့သူျဖစ္ၿပီး ကမာၻ႔ဖလား အုပ္စု G အဖြင့္ပြဲစဥ္မွာ ဆြစ္ဇာလန္က ကင္မ႐ြန္းကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ အမ္ဘိုလိုဟာ ပင္နယ္တီဧရိယာအလယ္မွာ လူကပ္ခံထားရျခင္းမရွိတဲ့ အေနအထားမွာ အနီးကပ္ ကန္သြင္းယူသြားခဲ့ၿပီး ဆြစ္ဇာလန္အသင္းကို ဦးေဆာင္ဂိုး သြင္းယူေပးႏိုင္ခဲ့ေပမယ့္လည္း ကင္မ႐ြန္းကို ေလးစားမႈ ျပသတဲ့အေနနဲ႔ အသံတိတ္ေအာင္ပြဲခံခဲ့တာ ျဖစ္ပါတယ္။

ဆြစ္ဇာလန္လက္ေ႐ြးစင္တိုက္စစ္မႉး ဘရီးလ္ အမ္ဘိုလိုရဲ႕ အဆင့္အတန္းရွိတဲ့ ေအာင္ပြဲခံပုံကို လူမႈကြန္ရက္ေပၚက ပရိသတ္ေတြက ႏွစ္သက္ခဲ့ၾကၿပီး ခ်ီးက်ဴး ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။

“အမ္ဘိုလိုက ကင္မ႐ြန္းမွာ ေမြးခဲ့တာလား။ ဒီေအာင္ပြဲခံဟန္အတြက္ အမ်ားႀကီး ေလးစားမိပါတယ္”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ၿပီး “အမ္ဘိုလိုက သူ႔ေမြးရပ္ဇာတိႏိုင္ငံကို ဂိုးသြင္းယူခဲ့တယ္။ ေအာင္ပြဲမခံခဲ့ဘူး။ အဲဒါကို ေလးစားမိတယ္”လို႔ ေနာက္ထပ္ တြစ္တာအသုံးျပဳသူတစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

မိုနာကိုၾကယ္ပြင့္ဟာ ၂၀၁၄ ခုႏွစ္ ဒီဇင္ဘာလမွာ ဆြစ္ဇာလန္ႏိုင္ငံသား ခံယူခြင့္ ရရွိခဲ့တာျဖစ္ၿပီး ဘာေၾကာင့္ ေမြးရပ္ဇာတိႏိုင္ငံထက္ ဥေရာပႏိုင္ငံကို ကိုယ္စားျပဳကစားေပးဖို႔ ေ႐ြးခ်ယ္ခဲ့တာလဲဆိုတာကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ ဆြစ္ဇာလန္အတြက္ ကစားေပးဖို႔ ေ႐ြးခ်ယ္ခဲ့တဲ့အခ်ိန္မွာ ကြၽန္ေတာ့္ကို ေမြးဖြားခဲ့တဲ့ ႏိုင္ငံကို ကိုယ္စားျပဳေပးခ်င္ခဲ့တဲ့ စိတ္က အၿမဲတမ္း ရွိေနခဲ့ပါတယ္။ ဒါေပမယ့္ ခင္ဗ်ား ကလပ္အသင္းအဆင့္မွာ လုပ္ေနတာကို မလုပ္ႏိုင္ဘဲ မတူညီတဲ့ႏိုင္ငံ ၂ ခုအတြက္ကစားေပးလို႔မရႏိုင္ပါဘူး”

“ကြၽန္ေတာ့္ရဲ႕ ေ႐ြးခ်ယ္မႈနဲ႔ပတ္သက္ၿပီး အရမ္းေပ်ာ္႐ႊင္မိၿပီး ကြၽန္ေတာ္က ကင္မ႐ြန္းရဲ႕ အမာခံပရိသတ္ပါ။ ကြၽန္ေတာ္ ကင္မ႐ြန္းလက္ေ႐ြးစင္အသင္းထဲမွာ သူငယ္ခ်င္းေတြလည္း အမ်ားႀကီးရွိပါတယ္။ ကြၽန္ေတာ္တို႔ အားလပ္ရက္နဲ႔ ကင္မ႐ြန္းႏိုင္ငံမွာ တစ္ခါတေလ ေတြ႕ဆုံျဖစ္ပါတယ္။ ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္မိသားစုအတြက္ေတာ့ ထူးျခားတဲ့ပြဲျဖစ္ၿပီး စိတ္ခံစားမႈေတြ အမ်ားႀကီးရွိေနမယ္ဆိုတာ ကြၽန္ေတာ္ သိပါတယ္။ အဲဒါက ကြၽန္ေတာ့္မိသားစုအတြက္ ႀကီးမားတဲ့အခိုက္အတန႔္ျဖစ္ပါလိမ့္မယ္။ မဲခြဲမႈ ျပဳလုပ္ခဲ့တဲ့အခ်ိန္မွာလည္း စိတ္ခံစားမႈေတြ ျပည့္ေနတဲ့ အခိုက္အတန႔္ျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္ ေပ်ာ္႐ႊင္မႈေၾကာင့္ မခုန္ပ်ံႏိုင္ခဲ့တာ အတိအက်ပဲဆိုတာ ဝန္ခံရမွာပါ။ ဒါေပမယ့္ ကြၽန္ေတာ္ ေပ်ာ္႐ႊင္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.