International Match Report World Cup

အမ်ဘိုလိုရဲ့ တစ်လုံးတည်းသောဂိုးနဲ့ ကမ္ဘာ့ဖလားအဖွင့်လှတဲ့ ဆွစ်ဇာလန်

ယနေ့ညနေ ၄ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆွစ်ဇာလန်နဲ့ ကင်မရွန်းတို့ရဲ့ ပွဲစဉ်မှာ ဆွစ်ဇာလန်က အမ်ဘိုလိုရဲ့ တစ်လုံးသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပထမပိုင်းစစချင်းမှာ ဆွစ်ဇာလန်က ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူကစားခဲ့ပြီး ကင်မရွန်းက ခံစစ်ပုံစံနဲ့ နောက်ဆုံးဧရိယာထဲကို မဝင်မချင်း တွန်းအားမပေးတဲ့ ပုံစံနဲ့ ကစားခဲ့ပါတယ်။ ပွဲကစားချိန် ၁၀ မိနစ်မှာ ကင်မရွန်းအသင်းက အလွန်ကောင်းမွန်တဲ့ အခွင့်အရေးရရှိခဲ့ပြီး အမ်ဘူးမို ပင်နယ်တီဧရိယာဘယ်ဘက်ခြမ်းအတိုင်း ဆွဲပြေးလာပြီး အလယ်က ချူပို-မိုတင်းကို လစ်လျူရှုပြီး ထောင့်ကျဉ်းအနေအထားမှာ ကန်သွင်းယူခဲ့ရာမှာ ပုတ်ထုတ်ကာကွယ်ခြင်းခံခဲ့ရတာကို အီကမ်ဘီ ထပ်ပိတ်သွင်းမှုက အပေါ်ကို ထောင်သွားခဲ့တာဖြစ်ပါတယ်။

မိနစ် ၃၀ မှာ အမ်ဘူးမိုနဲ့ ချူပို-မိုတင်းကြား အလွန်ကောင်းမွန်တဲ့ အပေးအယူပြုလုပ်ပြီး ပေးပို့လိုက်တဲ့ ဘောလုံးကို ဟွန်ဂလာက ကန်သွင်းရာမှာ ယန်း ဆွန်းမားက ပုတ်ထုတ်နိုင်ခဲ့ပြီး ဝစ်ဒ်မာက ရှင်းထုတ်နိုင်ခဲ့ပါတယ်။ ပထမပိုင်းပြီးဆုံးခါနီးမှာ အကန်းဂျိ ဗားဂက်စ်ရဲ့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူခဲ့တဲ့ ဘောလုံးက ထိချက် မမှန်ခဲ့တာကြောင့် ဘေးကို ဝိုက်ထွက်သွားခဲ့ပြီး အလွန်ကောင်းမွန်တဲ့ အခွင့်အရေးကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

၄၈ မိနစ်မှာ ရှာကွီရီ ဖြတ်တင်ပေးပို့လိုက်တဲ့ဘောလုံးကို လူကပ်ခံထားရခြင်းမရှိတဲ့ အမ်ဘိုလိုက အနီးကပ် ပိတ်သွင်းယူပြီး ဆွစ်ဇာလန်အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ ကင်မရွန်းအသင်းဟာ ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပြီးနောက် ချေပဂိုး ပြန်လည်သွင်းယူဖို့ တိုက်စစ်မြှင့်တင်ခဲ့ပြီး ဆွစ်ဇာလန် ဂိုးသမား ယန်း ဆွန်းမားကလည်း ချေပဂိုး ပြန်လည် ခွင့်မပြုရအောင် အကောင်းဆုံး လက်စွမ်းနဲ့ ကာကွယ်ပြနိုင်ခဲ့တာကို မြင်တွေ့ရပါတယ်။

၆၇ မိနစ်မှာ ဆွစ်ဇာလန်အသင်းက နောက်ထပ် ဦးဆောင်ဂိုး ရရှိမယ့် အခွင့်အရေးကောင်းရရှိခဲ့ပြီး အဖွင့်ဂိုးအတိုင်းပဲ ပင်နယ်တီဧရိယာထဲမှာ လူကပ်ခံထားရခြင်းမရှိတဲ့ ဗားဂက်စ်က အားပါပြင်းထန်တဲ့ ကန်ချက်နဲ့ ကန်သွင်းခဲ့ပေမယ့်လည်း အိုနာနာက အလွန်ကောင်းမွန်တဲ့လက်စွမ်းနဲ့ ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ကင်မရွန်းအသင်းဟာ ချေပဂိုးပြန်လည် သွင်းယူနိုင်ဖို့ လူစားလဲလှယ်မှုတွေ ပြုလုပ်ပြီး ကြိုးပမ်းခဲ့ပေမယ့်လည်း ဆွစ်ဇာလန် ကွင်းလယ်နဲ့ နောက်တန်းက ပိုမိုကောင်းမွန်နေခဲ့တာကြောင့် ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်ခဲ့ဘဲ ပွဲပြီးဆုံးခါနီးမှာ အာဆင်နယ်ကြယ်ပွင့် ချာကာရဲ့ အလွန်ကောင်းမွန်တဲ့ ဂိုးအောက်ထောင့်ဆီကို ကန်သွင်းချက်ကို အိုနာနာက သတိရှိရှိနဲ့ ဖမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၆ မိနစ်သတ်မှတ်ပေးခဲ့ရာမှာ ဆွစ်ဇာလန်အသင်းအတွက် ၇၂ မိနစ်မှာ အမ်ဘိုလိုရဲ့နေရာမှာ လူစားဝင်ကစားပေးခဲ့တဲ့ ဆီဖီရိုဗစ်က ၉၆ မိနစ်မှာ ဆွစ်ဇာလန်အတွက် နောက်ထပ် ဦးဆောင်ဂိုး ရရှိစေမယ့် ကြီးမားတဲ့အခွင့်အရေး ရရှိခဲ့ပေမယ့်လည်း ကင်မရွန်းနောက်ခံလူက ဘောလုံးရှေ့မှာ ခန္ဓာကိုယ်ကို ပစ်ဝင်ပြီး ကာကွယ်နိုင်ခဲ့တဲ့အတွက် နောက်ထပ် ဦးဆောင်ဂိုး မရရှိခဲ့ဘဲ ၁-၀ နဲ့ သာ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ ဆွစ်ဇာလန်အသင်းဟာ ကမ္ဘာ့ဖလားအုပ်စု G အဖွင့်ပွဲစဉ်မှာ တာထွက်လှခဲ့ပြီဖြစ်ပြီး လာမယ့် နိုဝင်ဘာ ၂၈ ရက်နေ့မှာတော့ ၂၀၂၂ ကမ္ဘာ့ဖလားကို ရရှိဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ဘရာဇီးလ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယေန႔ညေန ၄ နာရီ ၃၀ မိနစ္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဆြစ္ဇာလန္နဲ႔ ကင္မ႐ြန္းတို႔ရဲ႕ ပြဲစဥ္မွာ ဆြစ္ဇာလန္က အမ္ဘိုလိုရဲ႕ တစ္လုံးေသာ သြင္းဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

ပထမပိုင္းစစခ်င္းမွာ ဆြစ္ဇာလန္က ေဘာလုံးပိုင္ဆိုင္မႈ အသာစီးရယူကစားခဲ့ၿပီး ကင္မ႐ြန္းက ခံစစ္ပုံစံနဲ႔ ေနာက္ဆုံးဧရိယာထဲကို မဝင္မခ်င္း တြန္းအားမေပးတဲ့ ပုံစံနဲ႔ ကစားခဲ့ပါတယ္။ ပြဲကစားခ်ိန္ ၁၀ မိနစ္မွာ ကင္မ႐ြန္းအသင္းက အလြန္ေကာင္းမြန္တဲ့ အခြင့္အေရးရရွိခဲ့ၿပီး အမ္ဘူးမို ပင္နယ္တီဧရိယာဘယ္ဘက္ျခမ္းအတိုင္း ဆြဲေျပးလာၿပီး အလယ္က ခ်ဴပို-မိုတင္းကို လစ္လ်ဴရႈၿပီး ေထာင့္က်ဥ္းအေနအထားမွာ ကန္သြင္းယူခဲ့ရာမွာ ပုတ္ထုတ္ကာကြယ္ျခင္းခံခဲ့ရတာကို အီကမ္ဘီ ထပ္ပိတ္သြင္းမႈက အေပၚကို ေထာင္သြားခဲ့တာျဖစ္ပါတယ္။

မိနစ္ ၃၀ မွာ အမ္ဘူးမိုနဲ႔ ခ်ဴပို-မိုတင္းၾကား အလြန္ေကာင္းမြန္တဲ့ အေပးအယူျပဳလုပ္ၿပီး ေပးပို႔လိုက္တဲ့ ေဘာလုံးကို ဟြန္ဂလာက ကန္သြင္းရာမွာ ယန္း ဆြန္းမားက ပုတ္ထုတ္ႏိုင္ခဲ့ၿပီး ဝစ္ဒ္မာက ရွင္းထုတ္ႏိုင္ခဲ့ပါတယ္။ ပထမပိုင္းၿပီးဆုံးခါနီးမွာ အကန္းဂ်ိ ဗားဂက္စ္ရဲ႕ ေထာင့္ကန္ေဘာကေန ေခါင္းတိုက္သြင္းယူခဲ့တဲ့ ေဘာလုံးက ထိခ်က္ မမွန္ခဲ့တာေၾကာင့္ ေဘးကို ဝိုက္ထြက္သြားခဲ့ၿပီး အလြန္ေကာင္းမြန္တဲ့ အခြင့္အေရးကို လြဲေခ်ာ္ခဲ့တာ ျဖစ္ပါတယ္။

၄၈ မိနစ္မွာ ရွာကြီရီ ျဖတ္တင္ေပးပို႔လိုက္တဲ့ေဘာလုံးကို လူကပ္ခံထားရျခင္းမရွိတဲ့ အမ္ဘိုလိုက အနီးကပ္ ပိတ္သြင္းယူၿပီး ဆြစ္ဇာလန္အသင္းအတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာ ျဖစ္ပါတယ္။ ကင္မ႐ြန္းအသင္းဟာ ဦးေဆာင္ဂိုး ခြင့္ျပဳခဲ့ရၿပီးေနာက္ ေခ်ပဂိုး ျပန္လည္သြင္းယူဖို႔ တိုက္စစ္ျမႇင့္တင္ခဲ့ၿပီး ဆြစ္ဇာလန္ ဂိုးသမား ယန္း ဆြန္းမားကလည္း ေခ်ပဂိုး ျပန္လည္ ခြင့္မျပဳရေအာင္ အေကာင္းဆုံး လက္စြမ္းနဲ႔ ကာကြယ္ျပႏိုင္ခဲ့တာကို ျမင္ေတြ႕ရပါတယ္။

၆၇ မိနစ္မွာ ဆြစ္ဇာလန္အသင္းက ေနာက္ထပ္ ဦးေဆာင္ဂိုး ရရွိမယ့္ အခြင့္အေရးေကာင္းရရွိခဲ့ၿပီး အဖြင့္ဂိုးအတိုင္းပဲ ပင္နယ္တီဧရိယာထဲမွာ လူကပ္ခံထားရျခင္းမရွိတဲ့ ဗားဂက္စ္က အားပါျပင္းထန္တဲ့ ကန္ခ်က္နဲ႔ ကန္သြင္းခဲ့ေပမယ့္လည္း အိုနာနာက အလြန္ေကာင္းမြန္တဲ့လက္စြမ္းနဲ႔ ကာကြယ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ကင္မ႐ြန္းအသင္းဟာ ေခ်ပဂိုးျပန္လည္ သြင္းယူႏိုင္ဖို႔ လူစားလဲလွယ္မႈေတြ ျပဳလုပ္ၿပီး ႀကိဳးပမ္းခဲ့ေပမယ့္လည္း ဆြစ္ဇာလန္ ကြင္းလယ္နဲ႔ ေနာက္တန္းက ပိုမိုေကာင္းမြန္ေနခဲ့တာေၾကာင့္ ထိေရာက္တဲ့ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြ မျပဳလုပ္ႏိုင္ခဲ့ဘဲ ပြဲၿပီးဆုံးခါနီးမွာ အာဆင္နယ္ၾကယ္ပြင့္ ခ်ာကာရဲ႕ အလြန္ေကာင္းမြန္တဲ့ ဂိုးေအာက္ေထာင့္ဆီကို ကန္သြင္းခ်က္ကို အိုနာနာက သတိရွိရွိနဲ႔ ဖမ္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပို ၆ မိနစ္သတ္မွတ္ေပးခဲ့ရာမွာ ဆြစ္ဇာလန္အသင္းအတြက္ ၇၂ မိနစ္မွာ အမ္ဘိုလိုရဲ႕ေနရာမွာ လူစားဝင္ကစားေပးခဲ့တဲ့ ဆီဖီ႐ိုဗစ္က ၉၆ မိနစ္မွာ ဆြစ္ဇာလန္အတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုး ရရွိေစမယ့္ ႀကီးမားတဲ့အခြင့္အေရး ရရွိခဲ့ေပမယ့္လည္း ကင္မ႐ြန္းေနာက္ခံလူက ေဘာလုံးေရွ႕မွာ ခႏၶာကိုယ္ကို ပစ္ဝင္ၿပီး ကာကြယ္ႏိုင္ခဲ့တဲ့အတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုး မရရွိခဲ့ဘဲ ၁-၀ နဲ႔ သာ ပြဲၿပီးဆုံးသြားခဲ့တာျဖစ္ပါတယ္။ ဆြစ္ဇာလန္အသင္းဟာ ကမာၻ႔ဖလားအုပ္စု G အဖြင့္ပြဲစဥ္မွာ တာထြက္လွခဲ့ၿပီျဖစ္ၿပီး လာမယ့္ ႏိုဝင္ဘာ ၂၈ ရက္ေန႔မွာေတာ့ ၂၀၂၂ ကမာၻ႔ဖလားကို ရရွိဖို႔ ေရပန္းအစားဆုံးအသင္းေတြထဲက တစ္သင္းျဖစ္တဲ့ ဘရာဇီးလ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.