International Match Report World Cup

ရန်စတဲ့ အော်ဆီတို့ကို နောက်ကနေ လေးဂိုးလိုက်ကြုံးပြီး အနိုင်ယူတဲ့ ပြင်သစ်

လက်ရှိချန်ပီယံ ပြင်သစ်အသင်းအနေနဲ့ ဒီပြိုင်ပွဲမှာတော့ အရန်ချန်ပီယံတွေရဲ့ အုပ်စုက ထွက်ရတဲ့ အစဉ်အလာကို ချိုးဖျက်ဖို့ ပြင်ဆင်နေခဲ့ပြီး ဂိုးသမား လိုရစ်၊ ခံစစ်မှာ ကိုနာတေ၊ အူပါမီကာနို၊ ပါဗတ်နဲ့ လူကာ ဟာနန်ဒက်ဇ်တို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ချွာမင်နီ၊ ဟာဗျို၊ ဂရစ်ဇ်မန်းတို့နဲ့ ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ အမ်ဘာပေ၊ ဒမ်ဘီလီနဲ့ ဂျီရူးတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

လိမ်ဖယ်လိမ်ဖယ်နဲ့ ကာတာရောက်လာတဲ့ ဩစတေးလျတို့ကတော့ ဂိုးသမား ရိုင်ယန်၊ ခံစစ်မှာ ဆူတာ၊ ရိုးလ်စ်၊ အက်ကင်ဆန်နဲ့ ဘီဟစ်ချ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ အာရွန်မွိုင်း၊ မက်ဂရီး၊ အာဗင်း၊ လက်ကီးနဲ့ ဂွတ်ဒွင်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂျုခ်တစ်ဦးတည်းကို အထောင်ထားပြီး တင်ကစားခဲ့တာပါ။

ပွဲချိန် ၉ မိနစ်မှာ ဩစတေးလျတို့ မထင်မှတ်ဘဲ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ နောက်ခံလူ ဆူတာက ညာတောင်ပံကို ကန်တင်လိုက်တဲ့ ဘောလုံးကို ရသွားတဲ့ လက်ကီးက ဟာနန်ဒက်ဇ်ကို ကျော်ဖြတ်ပြီး ဂိုးရှေ့ကို တင်ပေးခဲ့ရာမှာ ဘယ်ခြမ်းက ပြေးဝင်လာတဲ့ ဂွတ်ဒွင်က ဂိုးသမား လိုရစ် ဘာမှ မတတ်နိုင်အောင် ဂိုးအမိုးပိုက်ထဲ ကန်ထည့်သွားခဲ့လို့ ပြင်သစ်တို့ နောက်က လိုက်ကစားခဲ့ရပါတယ်။

ဒီဂိုးကို တားဆီးဖို့ ကြိုးစားရာမှာ ဒူးဒဏ်ရာရသွားတဲ့ လူကာ ဟာနန်ဒက်ဇ်အစား သူ့ရဲ့ ညီဖြစ်သူ သီယို ဟာနန်ဒက်ဇ်နဲ့ ပြင်သစ်တို့ စောစောစီးစီး လူစားလဲခဲ့ရပြီး ကွင်းလယ်နဲ့ ခံစစ်ကတော့ လမိုင်းမကပ်ဘဲ အထနှေးနေတာကို အခွင့်ကောင်းယူပြီး ဩစတေးလျတိုက်စစ်မှူး ဂျုခ်က အဝေးကနေ ကန်သွင်းရာမှာ ညာဘက်တိုင်အပေါ်ထောင့်နဲ့ အနည်းငယ် ကပ်လွဲသွားခဲ့လို့ လက်ရှိချန်ပီယံတွေ သက်သာသွားခဲ့တာပါ။

ပွဲချိန် ၂၇ မိနစ်မှာတော့ ဖိကစားနေတဲ့ ပြင်သစ်တို့ ချေပဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ထောင့်ကန်ဘောကနေ ပြန်ထွက်လာတာကို စောစောက လူစားဝင်လာခဲ့တဲ့ နောက်ခံလူ ဟာနန်ဒက်ဇ်က ဧရိယာထဲကို ဖြတ်တင်ပေးပို့ခဲ့တာကို လူကပ်ကစားဖို့ မတတ်နိုင်ခဲ့တဲ့ ဩစတေးလျခံစစ်ကြားကနေ ရာဗျိုက အနီးကပ် ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်တို့အနေနဲ့ အနိုင်ဂိုးပြန်ရှာဖို့ ကြာကြာမစောင့်လိုက်ရဘဲ ပွဲချိန် ၃၂ မိနစ်မှာ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဩစတေးလျခံစစ်က အထိန်းအသိမ်း မသေသပ်တာကို ဟာဗျိုက ဖြတ်လုပြီး အမ်ဘာပေနဲ့ ဝမ်းတူးရိုက်ပြီးမှ ဧရိယာထဲကို အနိမ့်ဘော ချိုးပေးခဲ့ရာမှာ ဂျီရူးက အပိုင်ပိတ်သွင်းပြီး ရယူသွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ဂျီရူး၊ ဂရစ်ဇ်မန်းနဲ့ အမ်ဘာပေတို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ကြလို့ ပြင်သစ်တို့ ဂိုးထပ်မရခဲ့ဘဲ ဩစတေးလျရဲ့ အာဗင်း ခေါင်းတိုက်ရာမှာတော့ လိုရစ် မဖမ်းနိုင်လိုက်ပေမယ့် တိုင်ထိထွက်ခဲ့တာကြောင့် ပထမပိုင်းက နှစ်ဂိုး-တစ်ဂိုးနဲ့ ပြီးဆုံးခဲ့ရသလို ဒုတိယပိုင်းမှာတော့ ပြင်သစ်တို့ ဘောလုံးကိုင်ကစားနေခဲ့ပြီး ဆက်လက်ထိုးဖောက်နေခဲ့ပါတယ်။

ဒါပေမယ့် တိုက်စစ်မှာ အချိတ်ဆက်တွေ လွဲနေခဲ့ပြီး အဆုံးသတ်ပိုင်းတွေကလည်း အားရစရာ မရှိခဲ့လို့ ဂိုးရဖို့ ခက်နေခဲ့သလို ဂျီရူးနဲ့ အမ်ဘာပေတို့တွေရဲ့ ကန်ချက်တွေကလည်း ဘေးထွက်နေခဲ့ပြီး မိနစ် ၆၀ ကျော်မှာမှ ပြင်သစ်တို့ အချိတ်အဆက် ပြန်မိလာခဲ့ပြီး ပွဲချိန် ၆၅ မိနစ်မှာ အမ်ဘာပေရဲ့ ကန်ချက်ကို ဂိုးစည်းပေါ်ကနေ အက်ကင်ဆန်က ရှင်းထုတ်ခဲ့ရသေးတာပါ။

ပွဲချိန် ၆၈ မိနစ်မှာတော့ ပြင်သစ်တို့ တတိယ အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ အမ်ဘာပေ ကန်ချက်လွဲခဲ့တာကို ညာခြမ်းကနေ ပြန်ရသွားခဲ့တဲ့ ဒမ်ဘီလီက ဖြတ်တင်ပေးခဲ့ရာမှာ ဘောလုံးလမ်းကြောင်း တွက်ဆပုံညံ့ခဲ့တဲ့ ဩစတေးလျနောက်ခံလူ ရိုးလ်စ်ရဲ့ အားနည်းချက်ကြောင့် အမ်ဘာပေက ခေါင်းဖြတ်တိုက်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာ ဩစတေးလျတို့ ပြန်မလာနိုင်အောင် ပြင်သစ်တို့က ဖိနှိပ်နိုင်ခဲ့ပြီး စတုတ္ထဂိုးကို ရယူခဲ့သလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ အမ်ဘာပေရဲ့ တစ်ကိုယ်တော် မြန်နှုန်းမြင့် ထိုးဖောက်မှုကနေ ဆွဲပြေးပြီး ဖြတ်တင်ပေးရာမှာ ဂျီရူးက အရပ်ပုပုနောက်ခံလူနှစ်ယောက်ကို ကျော်ပြီး အားကြီးနဲ့ ခေါင်းတိုက်ဝုန်းသွားခဲ့လို့ လေးဂိုး-တစ်ဂိုးဖြစ်သွားခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာလည်း ပြင်သစ်တို့ပဲ ဖိကစားသွားခဲ့ပြီး ဒမ်ဘီလီနဲ့ ချွာမင်နီတို့အစား ကိုမွန်နဲ့ ဖိုဖာနာတို့ ဝင်ကစားခဲ့ကြသလို သီယာရီ အွန်နရီရဲ့ လက်ရွေးစင်အသင်းအတွက် ထာဝရဂိုးသွင်းအများဆုံး ၅၁ ဂိုး စံချိန်ကို လိုက်မီသွားတဲ့ ဂျီရူးနဲ့ နောက်ခံလူ ပါဗတ်တို့ကိုတော့ ပွဲချိန် ၈၈ မိနစ်မှာ သူရမ်၊ ကွန်ဒီတို့နဲ့လဲပြီး အနားပေးသွားခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ပြင်သစ်တို့ လေးဂိုး-တစ်ဂိုးနဲ့ ဩစတေးလျကို အနိုင်ရရှိခဲ့ပြီး အုပ်စု(D)ကို ထိပ်ဆုံးက ဦးဆောင်သွားခဲ့သလို သရေကျခဲ့တဲ့ ဒိန်းမတ်နဲ့ တူနီးရှားတို့ကြောင့် သူတို့ရဲ့ နောက်တစ်ဆင့်တက်ဖို့ အခွင့်အလမ်းက ပိုကောင်းသွားခဲ့ပြီး ကာတာက ကမ္ဘာ့ဖလား တတိယနေ့မှာ ချန်ပီယံ ခြေစွမ်းနဲ့ အင်အားပြနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လက္ရွိခ်န္ပီယံ ျပင္သစ္အသင္းအေနနဲ႔ ဒီၿပိဳင္ပြဲမွာေတာ့ အရန္ခ်န္ပီယံေတြရဲ႕ အုပ္စုက ထြက္ရတဲ့ အစဥ္အလာကို ခ်ိဳးဖ်က္ဖို႔ ျပင္ဆင္ေနခဲ့ၿပီး ဂိုးသမား လိုရစ္၊ ခံစစ္မွာ ကိုနာေတ၊ အူပါမီကာႏို၊ ပါဗတ္နဲ႔ လူကာ ဟာနန္ဒက္ဇ္တို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ခြၽာမင္နီ၊ ဟာဗ်ိဳ၊ ဂရစ္ဇ္မန္းတို႔နဲ႔ ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ အမ္ဘာေပ၊ ဒမ္ဘီလီနဲ႔ ဂ်ီ႐ူးတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

လိမ္ဖယ္လိမ္ဖယ္နဲ႔ ကာတာေရာက္လာတဲ့ ဩစေတးလ်တို႔ကေတာ့ ဂိုးသမား ႐ိုင္ယန္၊ ခံစစ္မွာ ဆူတာ၊ ႐ိုးလ္စ္၊ အက္ကင္ဆန္နဲ႔ ဘီဟစ္ခ်္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ အာ႐ြန္မြိဳင္း၊ မက္ဂရီး၊ အာဗင္း၊ လက္ကီးနဲ႔ ဂြတ္ဒြင္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဂ်ဳခ္တစ္ဦးတည္းကို အေထာင္ထားၿပီး တင္ကစားခဲ့တာပါ။

ပြဲခ်ိန္ ၉ မိနစ္မွာ ဩစေတးလ်တို႔ မထင္မွတ္ဘဲ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန ေနာက္ခံလူ ဆူတာက ညာေတာင္ပံကို ကန္တင္လိုက္တဲ့ ေဘာလုံးကို ရသြားတဲ့ လက္ကီးက ဟာနန္ဒက္ဇ္ကို ေက်ာ္ျဖတ္ၿပီး ဂိုးေရွ႕ကို တင္ေပးခဲ့ရာမွာ ဘယ္ျခမ္းက ေျပးဝင္လာတဲ့ ဂြတ္ဒြင္က ဂိုးသမား လိုရစ္ ဘာမွ မတတ္ႏိုင္ေအာင္ ဂိုးအမိုးပိုက္ထဲ ကန္ထည့္သြားခဲ့လို႔ ျပင္သစ္တို႔ ေနာက္က လိုက္ကစားခဲ့ရပါတယ္။

ဒီဂိုးကို တားဆီးဖို႔ ႀကိဳးစားရာမွာ ဒူးဒဏ္ရာရသြားတဲ့ လူကာ ဟာနန္ဒက္ဇ္အစား သူ႔ရဲ႕ ညီျဖစ္သူ သီယို ဟာနန္ဒက္ဇ္နဲ႔ ျပင္သစ္တို႔ ေစာေစာစီးစီး လူစားလဲခဲ့ရၿပီး ကြင္းလယ္နဲ႔ ခံစစ္ကေတာ့ လမိုင္းမကပ္ဘဲ အထေႏွးေနတာကို အခြင့္ေကာင္းယူၿပီး ဩစေတးလ်တိုက္စစ္မႉး ဂ်ဳခ္က အေဝးကေန ကန္သြင္းရာမွာ ညာဘက္တိုင္အေပၚေထာင့္နဲ႔ အနည္းငယ္ ကပ္လြဲသြားခဲ့လို႔ လက္ရွိခ်န္ပီယံေတြ သက္သာသြားခဲ့တာပါ။

ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ဖိကစားေနတဲ့ ျပင္သစ္တို႔ ေခ်ပဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကၿပီး ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတာကို ေစာေစာက လူစားဝင္လာခဲ့တဲ့ ေနာက္ခံလူ ဟာနန္ဒက္ဇ္က ဧရိယာထဲကို ျဖတ္တင္ေပးပို႔ခဲ့တာကို လူကပ္ကစားဖို႔ မတတ္ႏိုင္ခဲ့တဲ့ ဩစေတးလ်ခံစစ္ၾကားကေန ရာဗ်ိဳက အနီးကပ္ ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ျပင္သစ္တို႔အေနနဲ႔ အႏိုင္ဂိုးျပန္ရွာဖို႔ ၾကာၾကာမေစာင့္လိုက္ရဘဲ ပြဲခ်ိန္ ၃၂ မိနစ္မွာ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဩစေတးလ်ခံစစ္က အထိန္းအသိမ္း မေသသပ္တာကို ဟာဗ်ိဳက ျဖတ္လုၿပီး အမ္ဘာေပနဲ႔ ဝမ္းတူး႐ိုက္ၿပီးမွ ဧရိယာထဲကို အနိမ့္ေဘာ ခ်ိဳးေပးခဲ့ရာမွာ ဂ်ီ႐ူးက အပိုင္ပိတ္သြင္းၿပီး ရယူသြားခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ဂ်ီ႐ူး၊ ဂရစ္ဇ္မန္းနဲ႔ အမ္ဘာေပတို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့ၾကလို႔ ျပင္သစ္တို႔ ဂိုးထပ္မရခဲ့ဘဲ ဩစေတးလ်ရဲ႕ အာဗင္း ေခါင္းတိုက္ရာမွာေတာ့ လိုရစ္ မဖမ္းႏိုင္လိုက္ေပမယ့္ တိုင္ထိထြက္ခဲ့တာေၾကာင့္ ပထမပိုင္းက ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ၿပီးဆုံးခဲ့ရသလို ဒုတိယပိုင္းမွာေတာ့ ျပင္သစ္တို႔ ေဘာလုံးကိုင္ကစားေနခဲ့ၿပီး ဆက္လက္ထိုးေဖာက္ေနခဲ့ပါတယ္။

ဒါေပမယ့္ တိုက္စစ္မွာ အခ်ိတ္ဆက္ေတြ လြဲေနခဲ့ၿပီး အဆုံးသတ္ပိုင္းေတြကလည္း အားရစရာ မရွိခဲ့လို႔ ဂိုးရဖို႔ ခက္ေနခဲ့သလို ဂ်ီ႐ူးနဲ႔ အမ္ဘာေပတို႔ေတြရဲ႕ ကန္ခ်က္ေတြကလည္း ေဘးထြက္ေနခဲ့ၿပီး မိနစ္ ၆၀ ေက်ာ္မွာမွ ျပင္သစ္တို႔ အခ်ိတ္အဆက္ ျပန္မိလာခဲ့ၿပီး ပြဲခ်ိန္ ၆၅ မိနစ္မွာ အမ္ဘာေပရဲ႕ ကန္ခ်က္ကို ဂိုးစည္းေပၚကေန အက္ကင္ဆန္က ရွင္းထုတ္ခဲ့ရေသးတာပါ။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ ျပင္သစ္တို႔ တတိယ အႏိုင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန အမ္ဘာေပ ကန္ခ်က္လြဲခဲ့တာကို ညာျခမ္းကေန ျပန္ရသြားခဲ့တဲ့ ဒမ္ဘီလီက ျဖတ္တင္ေပးခဲ့ရာမွာ ေဘာလုံးလမ္းေၾကာင္း တြက္ဆပုံညံ့ခဲ့တဲ့ ဩစေတးလ်ေနာက္ခံလူ ႐ိုးလ္စ္ရဲ႕ အားနည္းခ်က္ေၾကာင့္ အမ္ဘာေပက ေခါင္းျဖတ္တိုက္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၁ မိနစ္မွာ ဩစေတးလ်တို႔ ျပန္မလာႏိုင္ေအာင္ ျပင္သစ္တို႔က ဖိႏွိပ္ႏိုင္ခဲ့ၿပီး စတုတၳဂိုးကို ရယူခဲ့သလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန အမ္ဘာေပရဲ႕ တစ္ကိုယ္ေတာ္ ျမန္ႏႈန္းျမင့္ ထိုးေဖာက္မႈကေန ဆြဲေျပးၿပီး ျဖတ္တင္ေပးရာမွာ ဂ်ီ႐ူးက အရပ္ပုပုေနာက္ခံလူႏွစ္ေယာက္ကို ေက်ာ္ၿပီး အားႀကီးနဲ႔ ေခါင္းတိုက္ဝုန္းသြားခဲ့လို႔ ေလးဂိုး-တစ္ဂိုးျဖစ္သြားခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာလည္း ျပင္သစ္တို႔ပဲ ဖိကစားသြားခဲ့ၿပီး ဒမ္ဘီလီနဲ႔ ခြၽာမင္နီတို႔အစား ကိုမြန္နဲ႔ ဖိုဖာနာတို႔ ဝင္ကစားခဲ့ၾကသလို သီယာရီ အြန္နရီရဲ႕ လက္ေ႐ြးစင္အသင္းအတြက္ ထာဝရဂိုးသြင္းအမ်ားဆုံး ၅၁ ဂိုး စံခ်ိန္ကို လိုက္မီသြားတဲ့ ဂ်ီ႐ူးနဲ႔ ေနာက္ခံလူ ပါဗတ္တို႔ကိုေတာ့ ပြဲခ်ိန္ ၈၈ မိနစ္မွာ သူရမ္၊ ကြန္ဒီတို႔နဲ႔လဲၿပီး အနားေပးသြားခဲ့ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ျပင္သစ္တို႔ ေလးဂိုး-တစ္ဂိုးနဲ႔ ဩစေတးလ်ကို အႏိုင္ရရွိခဲ့ၿပီး အုပ္စု(D)ကို ထိပ္ဆုံးက ဦးေဆာင္သြားခဲ့သလို သေရက်ခဲ့တဲ့ ဒိန္းမတ္နဲ႔ တူနီးရွားတို႔ေၾကာင့္ သူတို႔ရဲ႕ ေနာက္တစ္ဆင့္တက္ဖို႔ အခြင့္အလမ္းက ပိုေကာင္းသြားခဲ့ၿပီး ကာတာက ကမာၻ႔ဖလား တတိယေန႔မွာ ခ်န္ပီယံ ေျခစြမ္းနဲ႔ အင္အားျပႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.