International Match Report World Cup

အိုချိုအာ ပလေးခံလိုက်ရတဲ့ လီဗန်ဒေါ့ဗ်စကီးကြောင့် မက္ကဆီကိုနဲ့ တစ်မှတ်စီခွဲယူခဲ့ရတဲ့ ပိုလန်

ပိုလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရှချက်စ်နီ၊ ခံစစ်မှာ ဂလစ်ခ်၊ ကီဗီယာ၊ ဘီရီရှင်စကီးနဲ့ မတ်တီ ကတ်ရှ်တို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ခရာဟိုဗီယက်ခ်၊ ဇီလင်စကီး၊ ရှီမန်စကီး၊ ကာမင်စကီးနဲ့ ဇာလက်ဗ်စကီးတို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ လီဗန်ဒေါ့ဗ်စကီး တစ်ဦးတည်းကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

မက္ကဆီကိုတို့ကတော့ ဂိုးသမား အိုချိုအာ၊ ခံစစ်မှာ မွန်တက်စ်၊ မိုရီနို၊ ဟယ်ယာဒိုနဲ့ ဆန်ချက်ဇ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ အယ်လ်ဗာရက်ဇ်၊ ဟာရဲရားနဲ့ ရှာဗက်ဇ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဗီဂါ၊ လိုဇာနိုနဲ့ မာတင်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

နှစ်သင်းစလုံးအနေနဲ့ ပညာမပါဘဲ အမြင့်ဘောတွေ၊ ဖြတ်တင်ဘောတွေကို ကစားနေခဲ့သလို ပိုလန်တို့အနေနဲ့ သူတို့ရဲ့ လီဗန်ဒေါ့ဗ်စကီးကိုမှ အားမနာ၊ ဂိုးတွေရဖို့ ၄-၃-၃ ကစားသင့်ချိန်မှာ ၄-၅-၁ နဲ့ ကွင်းလယ်မှာ လူတွေ ပုံနေခဲ့ပြီး အရန်ခုံမှာ မီလစ်ခ်၊ ပီယွန်တက်ခ်တို့လို ကစားသမားတွေ ရှိနေခဲ့တာက ဂိုးသမားဟောင်းနည်းပြ မင့်ချ်နီဗစ်ဇ်အတွက် အတော်လေး ရုပ်ပေါက်တဲ့ လူထုတ်ပုံလည်းဖြစ်ခဲ့တာပါ။

စပိန်စကားပြောတဲ့ မက္ကဆီကိုတို့က ဘောလုံးပိုင်ဆိုင်မှု အများစုကို ထိန်းသိမ်းပြီး စပိန်ဟန်နဲ့ ဘောလုံးကိုင်ကစားသွားခဲ့ချိန်မှာ ပိုလန်တို့ကတော့ ကောင်တာကိုသာ အားပြုနေခဲ့ရသလို ပွဲချိန် ၂၈ မိနစ်မှာ မက္ကဆီကို ဘယ်နောက်ခံလူ ဟယ်ယာဒိုရဲ့ ပြေးထွက်လာတဲ့ လမ်းကြောင်းထဲ အလိုက်သင့် ထည့်ပေးခဲ့တဲ့ တိုက်စစ်ဆင်မှုက ကောင်းခဲ့ပေမယ့် အထိန်းအသိမ်း ညံ့ခဲ့လို့ လက်ထိဘောအဖြစ်ပဲ အဆုံးသတ်သွားခဲ့ပါတယ်။

ပထမပိုင်းမှာ စပိန်လို ဘောလုံးကိုင်နိုင်ပေမယ့် အမြင့်ဘောတွေချည်း ဖြတ်တင်နေတဲ့ မက္ကဆီကိုတို့ကြောင့် ပိုလန်တို့ ခံစစ်ပဲ ကစားပြီး ထိန်းသိမ်းသွားခဲ့တာကြောင့် ဂိုးမရှိသရေဖြစ်နေခဲ့သလို ဒုတိယပိုင်းအစမှာတော့ ဇာလက်ဗ်စကီးအစား ဘီလစ်ခ်ကိုပါ ထပ်ထည့်ခဲ့တာကြောင့် ၄-၅-၁ ကနေ ၃-၆-၁ ပုံစံဖြစ်သွားခဲ့သေးတာပါ။

ပွဲချိန် ၅၄ မိနစ်မှာတော့ မက္ကဆီကိုတို့ ဘောလုံးပျက်ရာကနေ လုယူဖို့ ကြိုးစားတဲ့ လီဗန်ဒေါ့ဗ်စကီးကို ဧရိယာထဲမှာ နောက်ခံလူ မိုရီနိုက အင်္ကျီဆွဲထားခဲ့တာကြောင့် VAR နဲ့ ပင်နယ်တီ သတ်မှတ်ပေးခဲ့ပြီး ဒီအခွင့်အရေးကို ပိုလန်ဆရာကြီးက သူကိုယ်တိုင် ကန်သွင်းခဲ့ရာမှာ ဂိုးသမား အိုချိုအာ ဘယ်ဘက်ကို ဒိုက်ပစ်ပြီထင်ပြီး ညာဘက်ကို ကန်ခဲ့တာကြောင့် လှည့်စားခံခဲ့ရသလို ဂိုးမရဘဲဖြစ်ခဲ့ရပါတယ်။

အသက် ၃၇ နှစ်အရွယ် မက္ကဆီကို ဂိုးသမား အိုချိုအာကတော့ အရန်ခုံထိုင်ရတဲ့ အရေအတွက်တွေပါ ထည့်ပေါင်းရင် သူလည်း ငါးကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး အသက်ထောက်လာပေမယ့် ထိပ်တန်းအဆင့်မှာ ကစားနိုင်သေးကြောင်းကို ပြသခဲ့သလို လီဗန်ဒေါ့ဗ်စကီး လှည့်စားတာ မခံဘဲ ပြန်ပလေးခဲ့ရာမှာ ပိုလန်သားအနေနဲ့ နောက်ဆုံးလွဲချော်ထားတဲ့ နေရာကိုပဲ ကန်မိခဲ့တာပါ။

ဒီနောက်ပိုင်းမှာ မက္ကဆီကိုတို့ဘက်က မာတင်၊ ဟာရဲရားနဲ့ ဗီဂါတို့အစား ရာအူးလ် ဟီမီနက်ဇ်၊ ကားလို့စ် ရိုဒရီးရက်ဇ်နဲ့ အွန်တူနာတို့ကို လူစားလဲသွားခဲ့ပြီး ပိုလန်တို့ဘက်ကတော့ ရှီမန်စကီးနဲ့ ဇီလင်စကီးတို့အစား ဖရန်ကော့ဗ်စကီးနဲ့ မီလစ်ခ်တို့ကို ထည့်သွင်းကစားခဲ့ကြပေမယ့် ဂိုးရဖို့တော့ နှစ်သင်းစလုံး မလုပ်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ လီဗန်ဒေါ့ဗ်စကီးရဲ့ ပင်နယ်တီလွဲမှုကြောင့် ပိုလန်တို့ နိုင်ပွဲကို လွှင့်ပစ်မိခဲ့သလို မက္ကဆီကိုတို့နဲ့ တစ်မှတ်စီသာ ခွဲယူခဲ့ရပြီး အုပ်စု(C)ကို ထင်မှတ်မထားတဲ့ ဆော်ဒီအာရေးဘီးယားတို့က ဦးဆောင်သွားခဲ့ချိန်မှာ တစ်မှတ်စီသာ ရသေးတဲ့ ပြိုင်ဘက်နှစ်သင်းကြောင့် အဖွင့်ပွဲကို ရှုံးနိမ့်ခဲ့တဲ့ အာဂျင်တီးနားတို့အတွက် အားတက်စရာ အခွင့်အရေးဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပိုလန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရွခ်က္စ္နီ၊ ခံစစ္မွာ ဂလစ္ခ္၊ ကီဗီယာ၊ ဘီရီရွင္စကီးနဲ႔ မတ္တီ ကတ္ရွ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ခရာဟိုဗီယက္ခ္၊ ဇီလင္စကီး၊ ရွီမန္စကီး၊ ကာမင္စကီးနဲ႔ ဇာလက္ဗ္စကီးတို႔ကို စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ လီဗန္ေဒါ့ဗ္စကီး တစ္ဦးတည္းကို တင္ကစားလာခဲ့တာျဖစ္ပါတယ္။

မကၠဆီကိုတို႔ကေတာ့ ဂိုးသမား အိုခ်ိဳအာ၊ ခံစစ္မွာ မြန္တက္စ္၊ မိုရီႏို၊ ဟယ္ယာဒိုနဲ႔ ဆန္ခ်က္ဇ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ အယ္လ္ဗာရက္ဇ္၊ ဟာရဲရားနဲ႔ ရွာဗက္ဇ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဗီဂါ၊ လိုဇာႏိုနဲ႔ မာတင္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ႏွစ္သင္းစလုံးအေနနဲ႔ ပညာမပါဘဲ အျမင့္ေဘာေတြ၊ ျဖတ္တင္ေဘာေတြကို ကစားေနခဲ့သလို ပိုလန္တို႔အေနနဲ႔ သူတို႔ရဲ႕ လီဗန္ေဒါ့ဗ္စကီးကိုမွ အားမနာ၊ ဂိုးေတြရဖို႔ ၄-၃-၃ ကစားသင့္ခ်ိန္မွာ ၄-၅-၁ နဲ႔ ကြင္းလယ္မွာ လူေတြ ပုံေနခဲ့ၿပီး အရန္ခုံမွာ မီလစ္ခ္၊ ပီယြန္တက္ခ္တို႔လို ကစားသမားေတြ ရွိေနခဲ့တာက ဂိုးသမားေဟာင္းနည္းျပ မင့္ခ်္နီဗစ္ဇ္အတြက္ အေတာ္ေလး ႐ုပ္ေပါက္တဲ့ လူထုတ္ပုံလည္းျဖစ္ခဲ့တာပါ။

စပိန္စကားေျပာတဲ့ မကၠဆီကိုတို႔က ေဘာလုံးပိုင္ဆိုင္မႈ အမ်ားစုကို ထိန္းသိမ္းၿပီး စပိန္ဟန္နဲ႔ ေဘာလုံးကိုင္ကစားသြားခဲ့ခ်ိန္မွာ ပိုလန္တို႔ကေတာ့ ေကာင္တာကိုသာ အားျပဳေနခဲ့ရသလို ပြဲခ်ိန္ ၂၈ မိနစ္မွာ မကၠဆီကို ဘယ္ေနာက္ခံလူ ဟယ္ယာဒိုရဲ႕ ေျပးထြက္လာတဲ့ လမ္းေၾကာင္းထဲ အလိုက္သင့္ ထည့္ေပးခဲ့တဲ့ တိုက္စစ္ဆင္မႈက ေကာင္းခဲ့ေပမယ့္ အထိန္းအသိမ္း ညံ့ခဲ့လို႔ လက္ထိေဘာအျဖစ္ပဲ အဆုံးသတ္သြားခဲ့ပါတယ္။

ပထမပိုင္းမွာ စပိန္လို ေဘာလုံးကိုင္ႏိုင္ေပမယ့္ အျမင့္ေဘာေတြခ်ည္း ျဖတ္တင္ေနတဲ့ မကၠဆီကိုတို႔ေၾကာင့္ ပိုလန္တို႔ ခံစစ္ပဲ ကစားၿပီး ထိန္းသိမ္းသြားခဲ့တာေၾကာင့္ ဂိုးမရွိသေရျဖစ္ေနခဲ့သလို ဒုတိယပိုင္းအစမွာေတာ့ ဇာလက္ဗ္စကီးအစား ဘီလစ္ခ္ကိုပါ ထပ္ထည့္ခဲ့တာေၾကာင့္ ၄-၅-၁ ကေန ၃-၆-၁ ပုံစံျဖစ္သြားခဲ့ေသးတာပါ။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ မကၠဆီကိုတို႔ ေဘာလုံးပ်က္ရာကေန လုယူဖို႔ ႀကိဳးစားတဲ့ လီဗန္ေဒါ့ဗ္စကီးကို ဧရိယာထဲမွာ ေနာက္ခံလူ မိုရီႏိုက အက်ႌဆြဲထားခဲ့တာေၾကာင့္ VAR နဲ႔ ပင္နယ္တီ သတ္မွတ္ေပးခဲ့ၿပီး ဒီအခြင့္အေရးကို ပိုလန္ဆရာႀကီးက သူကိုယ္တိုင္ ကန္သြင္းခဲ့ရာမွာ ဂိုးသမား အိုခ်ိဳအာ ဘယ္ဘက္ကို ဒိုက္ပစ္ၿပီထင္ၿပီး ညာဘက္ကို ကန္ခဲ့တာေၾကာင့္ လွည့္စားခံခဲ့ရသလို ဂိုးမရဘဲျဖစ္ခဲ့ရပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ မကၠဆီကို ဂိုးသမား အိုခ်ိဳအာကေတာ့ အရန္ခုံထိုင္ရတဲ့ အေရအတြက္ေတြပါ ထည့္ေပါင္းရင္ သူလည္း ငါးႀကိမ္ေျမာက္ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ေ႐ြးခ်ယ္ခံခဲ့ရတာျဖစ္ၿပီး အသက္ေထာက္လာေပမယ့္ ထိပ္တန္းအဆင့္မွာ ကစားႏိုင္ေသးေၾကာင္းကို ျပသခဲ့သလို လီဗန္ေဒါ့ဗ္စကီး လွည့္စားတာ မခံဘဲ ျပန္ပေလးခဲ့ရာမွာ ပိုလန္သားအေနနဲ႔ ေနာက္ဆုံးလြဲေခ်ာ္ထားတဲ့ ေနရာကိုပဲ ကန္မိခဲ့တာပါ။

ဒီေနာက္ပိုင္းမွာ မကၠဆီကိုတို႔ဘက္က မာတင္၊ ဟာရဲရားနဲ႔ ဗီဂါတို႔အစား ရာအူးလ္ ဟီမီနက္ဇ္၊ ကားလို႔စ္ ႐ိုဒရီးရက္ဇ္နဲ႔ အြန္တူနာတို႔ကို လူစားလဲသြားခဲ့ၿပီး ပိုလန္တို႔ဘက္ကေတာ့ ရွီမန္စကီးနဲ႔ ဇီလင္စကီးတို႔အစား ဖရန္ေကာ့ဗ္စကီးနဲ႔ မီလစ္ခ္တို႔ကို ထည့္သြင္းကစားခဲ့ၾကေပမယ့္ ဂိုးရဖို႔ေတာ့ ႏွစ္သင္းစလုံး မလုပ္ႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ လီဗန္ေဒါ့ဗ္စကီးရဲ႕ ပင္နယ္တီလြဲမႈေၾကာင့္ ပိုလန္တို႔ ႏိုင္ပြဲကို လႊင့္ပစ္မိခဲ့သလို မကၠဆီကိုတို႔နဲ႔ တစ္မွတ္စီသာ ခြဲယူခဲ့ရၿပီး အုပ္စု(C)ကို ထင္မွတ္မထားတဲ့ ေဆာ္ဒီအာေရးဘီးယားတို႔က ဦးေဆာင္သြားခဲ့ခ်ိန္မွာ တစ္မွတ္စီသာ ရေသးတဲ့ ၿပိဳင္ဘက္ႏွစ္သင္းေၾကာင့္ အဖြင့္ပြဲကို ရႈံးနိမ့္ခဲ့တဲ့ အာဂ်င္တီးနားတို႔အတြက္ အားတက္စရာ အခြင့္အေရးျဖစ္လာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.