Premier League

အံ့မခန်း လူငယ်ကြယ်ပွင့်ကို ဆုံးရှုံးရနိုင်တယ်လို့ သတိပေးခံခဲ့ရတဲ့ မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ လူငယ်ကြယ်ပွင့် ဖာကွန်ဒို ပယ်လီစထရီကို ဆုံးရှုံးရနိုင်တယ်လို့ သတိပေးခြင်း ခံခဲ့ရပါတယ်။

ပယ်လီစထရီဟာ ၂၀၂၀ ခုနှစ်ကတည်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရှိနေခဲ့သူဖြစ်ပြီး ဥရုဂွေးကလပ် ပီနာရိုးလ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပယ်လီစထရီဟာ မန်ချက်စတာယူနိုက်တက်အတွက် စီနီယအဆင့်မှာ ပြိုင်ပွဲ ပါဝင်ကစားပေးရခြင်းမရှိသေးဘဲ ယူ-၂၃ အသင်းအတွက်သာ ကစားပေးဖို့ ကန့်သတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီကို လာလီဂါအသင်းဖြစ်တဲ့ အလာဗက်စ်ကို အငှားနဲ့ သွားကစားခဲ့သလို အဲဒီမတိုင်ခင် ၆ လ ၂၀၂၀-၂၀၂၁ ရာသီကုန်ပိုင်းမှာလည်း အငှားချခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ပယ်လီစထရီဟာ ယခုရာသီမှာတော့ အိုးထရက်ဖို့ဒ်မှာပဲ ရှိနေခဲ့တာဖြစ်ပီး ဖူလ်ဟမ်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ပွဲမတိုင်ခင် အောက်တိုဘာ ၂ ရက်နေ့က မန်စီးတီးကို ၆-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်နောက်ပိုင်း ပွဲနေ့လူစာရင်းထဲမှာ ထည့်သွင်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဥရုဂွေးလူငယ်ကြယ်ပွင့်ဟာ အရန်ခုံကနေ ဝင်ကစားနိုင်မယ့် အခွင့်အလမ်းမျိုး ပေးအပ်ခြင်း မခံခဲ့ရတာဖြစ်ပြီး အသက် ၂၀ အရွယ် ကစားသမားဟာ ကလပ်အသင်းအဆင့်မှာ အခွင့်အရေးမရခဲ့ပေမယ့် ဥရုဂွေးရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နောက်ဆုံး ၂၆ ဦးလူစာရင်းထဲမှာတော့ ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဖာကွန်ဒို ပယ်လီစထရီဟာ ဒါဝင် နူးညက်ဇ်၊ လူးဝစ္စ ဆွာရက်ဇ်နဲ့ မန်ယူနိုက်တက်အသင်းဖော်ဟောင်း ကာဗာနီတို့နဲ့အတူ ပွဲထွက်ပါဝင်ကစားပေးရဖွယ်ရှိနေတာဖြစ်ပြီး ဥရုဂွေးရဲ့ ကမ္ဘာ့ဖလားပွဲစဉ်မတိုင်ခင် ကစားသမားရဲ့အေးဂျင့် အက်ဒွါဒို လာဆယ်လ်ဗီယာက ကမ္ဘာ့ဖလားက ကောင်းမွန်တဲ့ခြေစွမ်းပြသနိုင်မှုက သိပ်မကြာမီအချိန်အတွင်း ပယ်လီစထရီအနေနဲ့ အိုးထရက်ဖို့ဒ်ကနေ ပြောင်းရွှေ့နိုင်စေလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကောင်းမွန်တဲ့ကမ္ဘာ့ဖလားနဲ့အတူ သူလည်း ကောင်းမွန်တဲ့ကမ္ဘာ့ဖလားရရှိမယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ အဲဒါက သူ့ရဲ့ထွက်ခွာမှုကို ပိုမိုနီးစပ်လာစေမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပယ်လီစထရီဟာ ပွဲကစားချိန် ကင်းမဲ့နေပေမယ့်လည်း လက်ရွေးစင်အသင်းအတွက် အထင်ကြီးဖွယ်ခြေစွမ်းပြသနိုင်ခဲ့သူဖြစ်ပြီး အသက် ၂၀ အရွယ်ကစားသမားဟာ လက်ရွေးစင်အသင်းအတွက် ၇ ပွဲ ပါဝင်ကစားပေးခဲ့ပြီးဖြစ်ပြီးသလို စက်တင်ဘာလက အီရန်နဲ့ ခြေစမ်းပွဲစဉ်မှာလည်း ၄၅ မိနစ်ပါဝင်ကစားပေးခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ လူငယ္ၾကယ္ပြင့္ ဖာကြန္ဒို ပယ္လီစထရီကို ဆုံးရႈံးရႏိုင္တယ္လို႔ သတိေပးျခင္း ခံခဲ့ရပါတယ္။

ပယ္လီစထရီဟာ ၂၀၂၀ ခုႏွစ္ကတည္း မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ရွိေနခဲ့သူျဖစ္ၿပီး ဥ႐ုေဂြးကလပ္ ပီနာ႐ိုးလ္အသင္းကေန ေျပာင္းေ႐ႊ႕လာခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ပယ္လီစထရီဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္ စီနီယအဆင့္မွာ ၿပိဳင္ပြဲ ပါဝင္ကစားေပးရျခင္းမရွိေသးဘဲ ယူ-၂၃ အသင္းအတြက္သာ ကစားေပးဖို႔ ကန႔္သတ္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီကို လာလီဂါအသင္းျဖစ္တဲ့ အလာဗက္စ္ကို အငွားနဲ႔ သြားကစားခဲ့သလို အဲဒီမတိုင္ခင္ ၆ လ ၂၀၂၀-၂၀၂၁ ရာသီကုန္ပိုင္းမွာလည္း အငွားခ်ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။ ပယ္လီစထရီဟာ ယခုရာသီမွာေတာ့ အိုးထရက္ဖို႔ဒ္မွာပဲ ရွိေနခဲ့တာျဖစ္ပီး ဖူလ္ဟမ္ကို ၂-၁ နဲ႔ အႏိုင္ရခဲ့တဲ့ ၿပီးခဲ့တဲ့တနဂၤေႏြေန႔ပြဲမတိုင္ခင္ ေအာက္တိုဘာ ၂ ရက္ေန႔က မန္စီးတီးကို ၆-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္ေနာက္ပိုင္း ပြဲေန႔လူစာရင္းထဲမွာ ထည့္သြင္းျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဥ႐ုေဂြးလူငယ္ၾကယ္ပြင့္ဟာ အရန္ခုံကေန ဝင္ကစားႏိုင္မယ့္ အခြင့္အလမ္းမ်ိဳး ေပးအပ္ျခင္း မခံခဲ့ရတာျဖစ္ၿပီး အသက္ ၂၀ အ႐ြယ္ ကစားသမားဟာ ကလပ္အသင္းအဆင့္မွာ အခြင့္အေရးမရခဲ့ေပမယ့္ ဥ႐ုေဂြးရဲ႕ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ေနာက္ဆုံး ၂၆ ဦးလူစာရင္းထဲမွာေတာ့ ေ႐ြးခ်ယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဖာကြန္ဒို ပယ္လီစထရီဟာ ဒါဝင္ ႏူးညက္ဇ္၊ လူးဝစၥ ဆြာရက္ဇ္နဲ႔ မန္ယူႏိုက္တက္အသင္းေဖာ္ေဟာင္း ကာဗာနီတို႔နဲ႔အတူ ပြဲထြက္ပါဝင္ကစားေပးရဖြယ္ရွိေနတာျဖစ္ၿပီး ဥ႐ုေဂြးရဲ႕ ကမာၻ႔ဖလားပြဲစဥ္မတိုင္ခင္ ကစားသမားရဲ႕ေအးဂ်င့္ အက္ဒြါဒို လာဆယ္လ္ဗီယာက ကမာၻ႔ဖလားက ေကာင္းမြန္တဲ့ေျခစြမ္းျပသႏိုင္မႈက သိပ္မၾကာမီအခ်ိန္အတြင္း ပယ္လီစထရီအေနနဲ႔ အိုးထရက္ဖို႔ဒ္ကေန ေျပာင္းေ႐ႊ႕ႏိုင္ေစလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ေကာင္းမြန္တဲ့ကမာၻ႔ဖလားနဲ႔အတူ သူလည္း ေကာင္းမြန္တဲ့ကမာၻ႔ဖလားရရွိမယ္လို႔ ကြၽန္ေတာ္တို႔ ထင္ပါတယ္။ အဲဒါက သူ႔ရဲ႕ထြက္ခြာမႈကို ပိုမိုနီးစပ္လာေစမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ပယ္လီစထရီဟာ ပြဲကစားခ်ိန္ ကင္းမဲ့ေနေပမယ့္လည္း လက္ေ႐ြးစင္အသင္းအတြက္ အထင္ႀကီးဖြယ္ေျခစြမ္းျပသႏိုင္ခဲ့သူျဖစ္ၿပီး အသက္ ၂၀ အ႐ြယ္ကစားသမားဟာ လက္ေ႐ြးစင္အသင္းအတြက္ ၇ ပြဲ ပါဝင္ကစားေပးခဲ့ၿပီးျဖစ္ၿပီးသလို စက္တင္ဘာလက အီရန္နဲ႔ ေျခစမ္းပြဲစဥ္မွာလည္း ၄၅ မိနစ္ပါဝင္ကစားေပးခြင့္ရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.