La Liga Premier League Transfer News

မန်ယူနဲ့ချဲလ်ဆီးထက် လီဗာပူးလ်ပြောင်းဖို့ အပြောခံခဲ့ရတဲ့ ဘာဆာကြယ်ပွင့်

ဘာစီလိုနာကွင်းလယ်ကြယ်ပွင့် ဖရန်ကီ ဒီ ယုံးဟာ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတို့ဆီကနေ စိတ်ဝင်စားမှုအခိုင်အမာ ရရှိခဲ့ပေမယ့်လည်း လီဗာပူးလ်ကို ပြောင်းရွှေ့ဖို့ ပြောကြားခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ဟာ လာမယ့် ဇန်နဝါရီလမှာ ဒီ ယုံးကို ခေါ်ယူဖို့အတွက် ဆက်သွယ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကလည်း ပြီးခဲ့တဲ့နွေရာသီမှာ သဘောတူညီမှု ရရှိပြီးနောက် ကစားသမားက ပြောင်းရွှေ့ဖို့ ငြင်းပယ်ခဲ့ပေမယ့်လည်း ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေသေးတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိမှာတော့ ဥရောပထိပ်တန်းအသင်းကြီးတွေ အများအပြားက ခေါ်ယူချင်နေတဲ့ ဒေါ့မွန်ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်ကိုပဲ အဓိက ဦးစားပေးခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

ဒီ ယုံးဟာ တနင်္လာနေ့မှာ ဆီနီဂါနဲ့ ယှဉ်ပြိုင်ကစားရမယ့် နယ်သာလန် လက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အတွက် လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေသူဖြစ်ပြီး ကြာသပတေးနေ့မှာ အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

“လူတွေအများကြီး ရောက်လာခဲ့ပြီး ပုဂ္ဂိုလ်ရေး စကားစမြည်ပြောဖို့ အချိန်မရှိခဲ့ပါဘူး။ လူတစ်ယောက်က ကျွန်တော့်ကို လီဗာပူးလ်ကို ပြောင်းဖို့ ပြောခဲ့တယ်။ ကျွန်တော်တို့ ဒီလိုလုပ်နေတာတွေကို နှစ်သက်မိပေမယ့် အခုအချိန်မှာ ဆီနီဂေါနဲ့ကစားဖို့ အာရုံစိုက်နေပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ကွင်းလယ်ကစားသမားတစ်ဦး အပြီးသတ်ခေါ်ယူနိုင်ခြင်းမရှိခဲ့တာကြောင့် ဂျူဗင်တပ်ကွင်းလယ်လူ အာသာ မယ်လိုကို အငှားနဲ့ ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။

လီဗာပူးလ်ကွင်းလယ်မှာ ဒဏ်ရာနဲ့ ခြေစွမ်းပိုင်း ဆိုးရွားနေမှုက ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပြီး ဂျော်ဒန် ဟန်ဒါဆန်၊ သီယေဂို၊ မီလ်နာတို့အားလုံးကလည်း အသက် ၃၀ ကျော်နေပြီဖြစ်တာကြောင့် ကွင်းလယ်ရဲ့ ပျမ်းမျှအသက်ကို လျှော့ချဖို့ မဖြစ်မနေ လိုအပ်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာကြင္းလယ္ၾကယ္ပြင့္ ဖရန္ကီ ဒီ ယုံးဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးအသင္းတို႔ဆီကေန စိတ္ဝင္စားမႈအခိုင္အမာ ရရွိခဲ့ေပမယ့္လည္း လီဗာပူးလ္ကို ေျပာင္းေ႐ႊ႕ဖို႔ ေျပာၾကားျခင္းခံခဲ့ရတယ္လို႔ သိရပါတယ္။

လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးတို႔ဟာ လာမယ့္ ဇန္နဝါရီလမွာ ဒီ ယုံးကို ေခၚယူဖို႔အတြက္ ဆက္သြယ္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ကလည္း ၿပီးခဲ့တဲ့ေႏြရာသီမွာ သေဘာတူညီမႈ ရရွိၿပီးေနာက္ ကစားသမားက ေျပာင္းေ႐ႊ႕ဖို႔ ျငင္းပယ္ခဲ့ေပမယ့္လည္း ေခၚယူႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနေသးတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ လက္ရွိမွာေတာ့ ဥေရာပထိပ္တန္းအသင္းႀကီးေတြ အမ်ားအျပားက ေခၚယူခ်င္ေနတဲ့ ေဒါ့မြန္ၾကယ္ပြင့္ ဂ်ဳဒ္ ဘယ္လင္ဟမ္ကိုပဲ အဓိက ဦးစားေပးေခၚယူသြားဖို႔ ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။

ဒီ ယုံးဟာ တနလၤာေန႔မွာ ဆီနီဂါနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ နယ္သာလန္ လက္ေ႐ြးစင္အသင္းရဲ႕ ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္အတြက္ လက္ေ႐ြးစင္အသင္းနဲ႔ ပူးေပါင္းေနသူျဖစ္ၿပီး ၾကာသပေတးေန႔မွာ အသက္ ၂၅ ႏွစ္အ႐ြယ္ ကစားသမားဟာ ေလ့က်င့္ေရးအစီအစဥ္မွာ ပါဝင္ခဲ့တာျဖစ္ပါတယ္။

“လူေတြအမ်ားႀကီး ေရာက္လာခဲ့ၿပီး ပုဂၢိဳလ္ေရး စကားစျမည္ေျပာဖို႔ အခ်ိန္မရွိခဲ့ပါဘူး။ လူတစ္ေယာက္က ကြၽန္ေတာ့္ကို လီဗာပူးလ္ကို ေျပာင္းဖို႔ ေျပာခဲ့တယ္။ ကြၽန္ေတာ္တို႔ ဒီလိုလုပ္ေနတာေတြကို ႏွစ္သက္မိေပမယ့္ အခုအခ်ိန္မွာ ဆီနီေဂါနဲ႔ကစားဖို႔ အာ႐ုံစိုက္ေနပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ကြင္းလယ္ကစားသမားတစ္ဦး အၿပီးသတ္ေခၚယူႏိုင္ျခင္းမရွိခဲ့တာေၾကာင့္ ဂ်ဴဗင္တပ္ကြင္းလယ္လူ အာသာ မယ္လိုကို အငွားနဲ႔ ေခၚယူခဲ့ရတာ ျဖစ္ပါတယ္။

လီဗာပူးလ္ကြင္းလယ္မွာ ဒဏ္ရာနဲ႔ ေျခစြမ္းပိုင္း ဆိုး႐ြားေနမႈက ျပင္းျပင္းထန္ထန္ ေဝဖန္ခံေနရၿပီး ေဂ်ာ္ဒန္ ဟန္ဒါဆန္၊ သီေယဂို၊ မီလ္နာတို႔အားလုံးကလည္း အသက္ ၃၀ ေက်ာ္ေနၿပီျဖစ္တာေၾကာင့္ ကြင္းလယ္ရဲ႕ ပ်မ္းမွ်အသက္ကို ေလွ်ာ့ခ်ဖို႔ မျဖစ္မေန လိုအပ္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.