Premier League

အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ အစီအစဉ်ကို ပြောပြခဲ့တဲ့ မာတီနယ်လီ

အာဆင်နယ်ကြယ်ပွင့် မာတီနယ်လီဟာ မန်ချက်စတာယူနိုက်တက်မှာ အစမ်း လေ့ကျင့်ရေးဆင်းခဲ့တဲ့အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပြီး သရဲနီတွေရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပြီးနောက် လမ်းပျောက်သွားခဲ့သလိုမျိုး ခံစားခဲ့ရတယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးဟာ ၂၀၁၅ ခုနှစ်မှာ မန်ချက်စတာကို ခရီးထွက်ခွာခဲ့တာဖြစ်ပြီး နောက်ထပ် ၂ နှစ်အထိ ကာရင်တန်က ယူနိုက်တက်နည်းပြတွေရဲ့ မျက်စိအောက်မှာ လေ့ကျင့်ရေး အစီအစဉ်တွေကို ပါဝင် လုပ်ဆောင်ဖို့ အကြိမ်ပေါင်းများစွာ ခရီးထွက်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကနဦး စိတ်ဝင်စားမှုအပေါ်မှာ နောက်ထပ် တစ်ဆင့်တက်ခဲ့ခြင်းမရှိခဲ့တာကြောင့် မာတီနယ်လီဟာ ဘရာဇီးလ်ပြန်ပြီး အီတူအာနိုအသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာ အာဆင်နယ်ဟာ ဂါဘရီယဲလ် မာတီနယ်လီကို ပေါင် ၆ သန်းတည်းနဲ့ အမ်းမရိတ်စ်ကို ခေါ်ယူခဲ့တာဖြစ်ပြီး ဘရာဇီးလ်ကြယ်ပွင့်ဟာ ဂန်းနားတွေအတွက် ပထမဆုံးပြိုင်ပွဲ ပွဲဦးထွက်ပွဲမှာပဲ ၂ ဂိုးအထိ သွင်းယူပေးခဲ့ပြီးနောက် အာတီတာရဲ့အသင်းမှာ အဓိကကစားသမားတစ်ဦးအဖြစ် ကြီးထွားလာခဲ့တာဖြစ်ပါတယ်။ Player’s Tribune နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မာတီနယ်လီက ယူနိုက်တက်နဲ့ ၎င်းရဲ့ တွေ့ကြုံခဲ့ရတဲ့အကြောင်းတွေကို ပြောကြားခဲ့ပြီး အသက် ၁၃ နှစ်အရွယ်ကတည်းက ပရီးမီးယားလိဂ်အကြိမ် ၂၀ ချန်ပီယံတွေနဲ့ ပူးပေါင်းချင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော် အဲဒီမှာ အစမ်းလေ့ကျင့်ရေးအချို့ ဆင်းခဲ့တဲ့အချိန်တုန်းက မန်ချက်စတာယူနိုက်တက်နဲ့ စီမံကိန်းရှိခဲ့ပါတယ်။ အဲဒါက အလုပ်မဖြစ်ခဲ့ပေမယ့် ကျွန်တော် အဲဒီကို ၄ ခါ၊ ၅ ခါလောက် သွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်က ဘရာဇီးလ်မှာ ကင်းထောက်အချို့ရှိခဲ့ပြီး သူတို့တွေက ကျွန်တော် ကစားနေတာကို မြင်ခဲ့တယ်။ သူတို့တွေက ကျွန်တော့်အဖေနဲ့ တွေ့ပြီး အဲဒါ အလုပ်ဖြစ်ခဲ့ပါတယ်။ ပြီးတော့ အဲဒီအချိန်တုန်းက ကျွန်တော် ပေါ့ဂ်ဘာနဲ့ တွေ့ခဲ့တယ်။ နောက်ထပ်တစ်ကြိမ်က အီဘရာဟီမိုဗစ်နဲ့ တွေ့ခဲ့တယ်။ ကျွန်တော် နည်းနည်းလေး အသက်ပိုကြီးလာတဲ့အချိန်မှာ ကျွန်တော် ထင်တယ်။ အဲဒါက တတိယအကြိမ်သွားခဲ့တာ”

“အဲဒီစီမံကိန်းက ကျွန်တော် အသက် ၁၈ နှစ်ပြည့်တဲ့အချိန်အတွက် ဖြစ်ခဲ့ပြီး သူတို့တွေ တကယ် ခေါ်ယူချင်ခဲ့တယ်ဆိုရင် ကျွန်တော် ပြောင်းရွှေ့မှာပါ။ ကျွန်တော်တို့ အဲဒါကို မြင်တွေ့ခဲ့တယ်။ ဒါပေမယ့် ကျွန်တော် အသက် ၁၇ နှစ်သား အရွယ်မှာ မန်ချက်စတာကို နောက်ဆုံးတစ်ကြိမ် ရောက်ခဲ့တဲ့အချိန်မှာ ကျွန်တော် ဘရာဇီးလ်ကို ပြန်ခဲ့တယ်။ သူတို့တွေက ကျွန်တော့်ကို မလိုချင်ဘူးလို့ ပြောခဲ့ကြတယ်။ အဲဒီတော့ ကျွန်တော် အိမ်ပြန်ပြီးပဲ လေ့ကျင့်နေခဲ့ရတယ်။ အဲဒါက ကျွန်တော့်အတွက် အရမ်း အရေးပါတယ်လို့ ထင်တယ်။ ကျွန်တော် အငြင်းခံခဲ့ရတာတောင်မှပဲပေါ့။ အဲဒါက ဒီမှာ ဘောလုံးက ဘယ်လိုအလုပ်လုပ်လဲဆိုတာကို သိဖို့ အရမ်းအရေးပါခဲ့တယ်”

“ဒီမှာ ဘယ်လိုတွေ ဖြစ်နေလဲဆိုတာ သိသွားတယ်။ အဲဒီတော့ ကျွန်တော် အာဆင်နယ်ကို အပြီးသတ် ပြောင်းရွှေ့လာတဲ့အချိန်မှာ ကျွန်တော် အဲဒါတွေနဲ့ နည်းနည်းပိုပြီး အသားကျနေတယ်လို့ ထင်ပါတယ်။ ကျွန်တော် ဒီမှာ ဘယ်လိုတွေ လုပ်နေကြလဲဆိုတာကို သိထားပြီးသားဖြစ်နေတယ်။ ကျွန်တော် ဒီက ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးလည်း အနည်းငယ် သိနေခဲ့ပြီးသား ဖြစ်နေခဲ့ပါတယ်။ ကျွန်တော် အသက် ၁၃ နှစ်သားကတည်းက မန်ချက်စတာနဲ့ ဒီ စီမံကိန်းရှိခဲ့တာပါ။ ကျွန်တော့် ခေါင်းထဲမှာ အမြဲတမ်းလိုပဲ ‘ငါ မန်ချက်စတာကို အသက် ၁၈ နှစ်ပြည့်တာနဲ့ ဘာပဲဖြစ်ဖြစ် သွားတော့မှာ’ဆိုတဲ့အတွေးကရှိနေတယ်”

“ခင်ဗျား အသက် ၁၇ နှစ်အရွယ် ရောက်တဲ့နှစ်မှာ စိတ်ကူးထားတဲ့အသက်အရွယ်ရောက်တော့မယ့်အချိန်မှာ သူတို့တွေက ‘ဟိတ် ငါတို့ မင်းကို မလိုချင်တော့ဘူး’လို့ ပြောခဲ့ပြီး ကျွန်တော်ကလည်း ‘အဲဒါဆို ကျွန်တော် အခု ဘာလုပ်ရတော့မှာလဲ’လို့ ပြောခဲ့တယ်”လို့ ပြောကြားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ ဆုံးရှုံးမှုဟာ အာဆင်နယ်ရဲ့ အကျိုးအမြတ် ရရှိမှု ဖြစ်ခဲ့ပြီး မာတီနယ်လီဟာ ယခုရာသီမှာ ဂန်းနားတွေအတွက် ၅ ဂိုး သွင်းယူပေးထားခဲ့ပြီးနောက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်နဲ့အတူ ပါဝင်ယှဉ်ပြိုင်သွားဖို့ စောင့်ဆိုင်းနေပြီ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ၾကယ္ပြင့္ မာတီနယ္လီဟာ မန္ခ်က္စတာယူႏိုက္တက္မွာ အစမ္း ေလ့က်င့္ေရးဆင္းခဲ့တဲ့အေၾကာင္းကို ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး သရဲနီေတြရဲ႕ ျငင္းပယ္ျခင္းကို ခံခဲ့ရၿပီးေနာက္ လမ္းေပ်ာက္သြားခဲ့သလိုမ်ိဳး ခံစားခဲ့ရတယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

ဘရာဇီးလ္တိုက္စစ္မႉးဟာ ၂၀၁၅ ခုႏွစ္မွာ မန္ခ်က္စတာကို ခရီးထြက္ခြာခဲ့တာျဖစ္ၿပီး ေနာက္ထပ္ ၂ ႏွစ္အထိ ကာရင္တန္က ယူႏိုက္တက္နည္းျပေတြရဲ႕ မ်က္စိေအာက္မွာ ေလ့က်င့္ေရး အစီအစဥ္ေတြကို ပါဝင္ လုပ္ေဆာင္ဖို႔ အႀကိမ္ေပါင္းမ်ားစြာ ခရီးထြက္ခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ကနဦး စိတ္ဝင္စားမႈအေပၚမွာ ေနာက္ထပ္ တစ္ဆင့္တက္ခဲ့ျခင္းမရွိခဲ့တာေၾကာင့္ မာတီနယ္လီဟာ ဘရာဇီးလ္ျပန္ၿပီး အီတူအာႏိုအသင္းနဲ႔ ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္မွာ အာဆင္နယ္ဟာ ဂါဘရီယဲလ္ မာတီနယ္လီကို ေပါင္ ၆ သန္းတည္းနဲ႔ အမ္းမရိတ္စ္ကို ေခၚယူခဲ့တာျဖစ္ၿပီး ဘရာဇီးလ္ၾကယ္ပြင့္ဟာ ဂန္းနားေတြအတြက္ ပထမဆုံးၿပိဳင္ပြဲ ပြဲဦးထြက္ပြဲမွာပဲ ၂ ဂိုးအထိ သြင္းယူေပးခဲ့ၿပီးေနာက္ အာတီတာရဲ႕အသင္းမွာ အဓိကကစားသမားတစ္ဦးအျဖစ္ ႀကီးထြားလာခဲ့တာျဖစ္ပါတယ္။ Player’s Tribune နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ မာတီနယ္လီက ယူႏိုက္တက္နဲ႔ ၎ရဲ႕ ေတြ႕ႀကဳံခဲ့ရတဲ့အေၾကာင္းေတြကို ေျပာၾကားခဲ့ၿပီး အသက္ ၁၃ ႏွစ္အ႐ြယ္ကတည္းက ပရီးမီးယားလိဂ္အႀကိမ္ ၂၀ ခ်န္ပီယံေတြနဲ႔ ပူးေပါင္းခ်င္ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ အဲဒီမွာ အစမ္းေလ့က်င့္ေရးအခ်ိဳ႕ ဆင္းခဲ့တဲ့အခ်ိန္တုန္းက မန္ခ်က္စတာယူႏိုက္တက္နဲ႔ စီမံကိန္းရွိခဲ့ပါတယ္။ အဲဒါက အလုပ္မျဖစ္ခဲ့ေပမယ့္ ကြၽန္ေတာ္ အဲဒီကို ၄ ခါ၊ ၅ ခါေလာက္ သြားခဲ့ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္က ဘရာဇီးလ္မွာ ကင္းေထာက္အခ်ိဳ႕ရွိခဲ့ၿပီး သူတို႔ေတြက ကြၽန္ေတာ္ ကစားေနတာကို ျမင္ခဲ့တယ္။ သူတို႔ေတြက ကြၽန္ေတာ့္အေဖနဲ႔ ေတြ႕ၿပီး အဲဒါ အလုပ္ျဖစ္ခဲ့ပါတယ္။ ၿပီးေတာ့ အဲဒီအခ်ိန္တုန္းက ကြၽန္ေတာ္ ေပါ့ဂ္ဘာနဲ႔ ေတြ႕ခဲ့တယ္။ ေနာက္ထပ္တစ္ႀကိမ္က အီဘရာဟီမိုဗစ္နဲ႔ ေတြ႕ခဲ့တယ္။ ကြၽန္ေတာ္ နည္းနည္းေလး အသက္ပိုႀကီးလာတဲ့အခ်ိန္မွာ ကြၽန္ေတာ္ ထင္တယ္။ အဲဒါက တတိယအႀကိမ္သြားခဲ့တာ”

“အဲဒီစီမံကိန္းက ကြၽန္ေတာ္ အသက္ ၁၈ ႏွစ္ျပည့္တဲ့အခ်ိန္အတြက္ ျဖစ္ခဲ့ၿပီး သူတို႔ေတြ တကယ္ ေခၚယူခ်င္ခဲ့တယ္ဆိုရင္ ကြၽန္ေတာ္ ေျပာင္းေ႐ႊ႕မွာပါ။ ကြၽန္ေတာ္တို႔ အဲဒါကို ျမင္ေတြ႕ခဲ့တယ္။ ဒါေပမယ့္ ကြၽန္ေတာ္ အသက္ ၁၇ ႏွစ္သား အ႐ြယ္မွာ မန္ခ်က္စတာကို ေနာက္ဆုံးတစ္ႀကိမ္ ေရာက္ခဲ့တဲ့အခ်ိန္မွာ ကြၽန္ေတာ္ ဘရာဇီးလ္ကို ျပန္ခဲ့တယ္။ သူတို႔ေတြက ကြၽန္ေတာ့္ကို မလိုခ်င္ဘူးလို႔ ေျပာခဲ့ၾကတယ္။ အဲဒီေတာ့ ကြၽန္ေတာ္ အိမ္ျပန္ၿပီးပဲ ေလ့က်င့္ေနခဲ့ရတယ္။ အဲဒါက ကြၽန္ေတာ့္အတြက္ အရမ္း အေရးပါတယ္လို႔ ထင္တယ္။ ကြၽန္ေတာ္ အျငင္းခံခဲ့ရတာေတာင္မွပဲေပါ့။ အဲဒါက ဒီမွာ ေဘာလုံးက ဘယ္လိုအလုပ္လုပ္လဲဆိုတာကို သိဖို႔ အရမ္းအေရးပါခဲ့တယ္”

“ဒီမွာ ဘယ္လိုေတြ ျဖစ္ေနလဲဆိုတာ သိသြားတယ္။ အဲဒီေတာ့ ကြၽန္ေတာ္ အာဆင္နယ္ကို အၿပီးသတ္ ေျပာင္းေ႐ႊ႕လာတဲ့အခ်ိန္မွာ ကြၽန္ေတာ္ အဲဒါေတြနဲ႔ နည္းနည္းပိုၿပီး အသားက်ေနတယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္ ဒီမွာ ဘယ္လိုေတြ လုပ္ေနၾကလဲဆိုတာကို သိထားၿပီးသားျဖစ္ေနတယ္။ ကြၽန္ေတာ္ ဒီက ယဥ္ေက်းမႈနဲ႔ပတ္သက္ၿပီးလည္း အနည္းငယ္ သိေနခဲ့ၿပီးသား ျဖစ္ေနခဲ့ပါတယ္။ ကြၽန္ေတာ္ အသက္ ၁၃ ႏွစ္သားကတည္းက မန္ခ်က္စတာနဲ႔ ဒီ စီမံကိန္းရွိခဲ့တာပါ။ ကြၽန္ေတာ့္ ေခါင္းထဲမွာ အၿမဲတမ္းလိုပဲ ‘ငါ မန္ခ်က္စတာကို အသက္ ၁၈ ႏွစ္ျပည့္တာနဲ႔ ဘာပဲျဖစ္ျဖစ္ သြားေတာ့မွာ’ဆိုတဲ့အေတြးကရွိေနတယ္”

“ခင္ဗ်ား အသက္ ၁၇ ႏွစ္အ႐ြယ္ ေရာက္တဲ့ႏွစ္မွာ စိတ္ကူးထားတဲ့အသက္အ႐ြယ္ေရာက္ေတာ့မယ့္အခ်ိန္မွာ သူတို႔ေတြက ‘ဟိတ္ ငါတို႔ မင္းကို မလိုခ်င္ေတာ့ဘူး’လို႔ ေျပာခဲ့ၿပီး ကြၽန္ေတာ္ကလည္း ‘အဲဒါဆို ကြၽန္ေတာ္ အခု ဘာလုပ္ရေတာ့မွာလဲ’လို႔ ေျပာခဲ့တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဆုံးရႈံးမႈဟာ အာဆင္နယ္ရဲ႕ အက်ိဳးအျမတ္ ရရွိမႈ ျဖစ္ခဲ့ၿပီး မာတီနယ္လီဟာ ယခုရာသီမွာ ဂန္းနားေတြအတြက္ ၅ ဂိုး သြင္းယူေပးထားခဲ့ၿပီးေနာက္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဘရာဇီးလ္နဲ႔အတူ ပါဝင္ယွဥ္ၿပိဳင္သြားဖို႔ ေစာင့္ဆိုင္းေနၿပီ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.