Ligue1 Premier League

အာဆင်နယ်ကို စွန့်ခွာခဲ့တဲ့အပေါ်မှာ ဖွင့်ဟလိုက်တဲ့ ဂွမ်ဒူဇီ

အာဆင်နယ်ကွင်းလယ်ကြယ်ပွင့်ဟောင်း မက်တီအို ဂွမ်ဒူဇီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အတွက် ပါဝင်ကစားပေးရနိုင်ခြေရှိနေချိန်မှာ ဂန်းနားတွေကို စွန့်ခွာခဲ့မှုအပေါ် ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

ဂွမ်ဒူဇီဟာ ၂၀၂၀ ဇွန်လနောက်ပိုင်းကတည်းက အာတီတာရဲ့အသင်းအတွက် ပွဲမကစားရတော့ဘဲ နွေရာသီမှာ အမ်းမရိတ်စ်ကို အပြီးသတ် စွန့်ခွာခဲ့တာဖြစ်ပြီး ၂၀၂၀-၂၀၂၁ ရာသီမှာ ဟာသာ ဘာလင်ကို အငှားချခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့ရာသီမှာ မာဆေးလ်ကို ယာယီအစီအစဉ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ မာဆေးလ်အသင်းဟာ ပြီးတဲ့နောက်မှာတော့ ဂွမ်ဒူဇီရဲ့ အငှားစာချုပ်ထဲက အပြီးသတ် ခေါ်ယူခွင့်ကို မတ်လမှာ အသက်သွင်းပြီး အာဆင်နယ်အသင်းကနေ အပြီးသတ်ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ အာဆင်နယ်ကို အလားအလာတွေ အများအပြားနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ လိုရွန်ကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ ဂွမ်ဒူဇီဟာ အာဆင်နယ်ကွင်းလယ်မှာ အနာဂတ်ကြယ်ပွင့်ဖြစ်လာနိုင်တဲ့ကစားသမားလို့ သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပြီး အူနိုင်း အမ်မရီရဲ့ ပထမဆုံး ကစားသမား ခေါ်ယူမှုတွေထဲက တစ်ဦးလည်း ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဂွမ်ဒူဇီဟာ အမ်းမရိတ်စ်က ပထမဆုံးရာသီမှာ ၃၃ ပွဲ ပါဝင်ကစားပေးခွင့် ရရှိခဲ့ပြီး ဒုတိယရာသီကတော့ ပိုလို့တောင် စိန်ခေါ်မှုတွေ ရှိလာခဲ့ပေမယ့်လည်း ၂၀၂၀ ဇွန်လက ဘရိုက်တန်ကစားသမား မူပေးနဲ့ ခိုက်ရန်ဖြစ်ပွားမှုမှာ ပါဝင်ပတ်သက်ခဲ့ရာမှာ ပြိုင်ဘက်ရဲ့ လည်ပင်းကို ညှစ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဂွမ်ဒူဇီဟာ ဘရိုက်တန်ကစားသမားတွေရဲ့ လစာနည်းပါးမှုကို နှိမ့်ချတဲ့ မှတ်ချက်အများအပြား ပြုလုပ်ခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပြီး အာတီတာဟာ ပြင်သစ်ကွင်းလယ်ကစားသမားကို နောက်ပွဲကစပြီး လူစာရင်းကနေ ချန်လှပ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လမှာ မာဆေးလ်ကို အပြီးသတ် ပြောင်းရွှေ့ခဲ့ပြီးနောက် ဂွမ်ဒူဇီက လိဂန်းကလပ်အသင်းကို ပြောင်းရွှေ့မှုက နှစ်ပေါင်းများစွာအတွင်း အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အင်္ဂါနေ့မှာ သြစတြေးလျနဲ့ ရင်ဆိုင်သွားရမယ့် ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မတိုင်မီ စကားပြောဆိုရာမှာ ဂွမ်ဒူဇီက အာဆင်နယ်ကနေ ထွက်ခွာခဲ့ရမှုနောက်ကွယ်က အခြေအနေတွေကို ပြန်ပြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

“အာဆင်နယ်ကို စွန့်ခွာရတာ ခက်ခဲခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သီယာရီ အွန်နရီ၊ ဗီယာရာနဲ့ အဲဒီမှာ ကစားခဲ့တဲ့ အခြား ကစားသမားတွေအများအပြားအတိုင်းပဲ ကျွန်တော် အဲဒီအသင်းနဲ့ ထူးခြားတဲ့ဆက်နွယ်မှု ရှိခဲ့လို့ပါ”

“ကျွန်တော် ဘယ်တုန်းကမှ မလိမ်ညာခဲ့ဘူး။ အသင်းအတွက်နဲ့ ပရိသတ်တွေအတွက် ကျွန်တော့်ရဲ့ အကောင်းဆုံးကို ပေးဖို့ အမြဲတမ်း ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် လိုချင်တဲ့ပွဲကစားချိန် မရတော့ပါဘူး။ ခင်ဗျားက ငယ်ရွယ်သေးတဲ့အချိန်မှာ ခင်ဗျား ပွဲများများ ကစားဖို့ လိုအပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဂွမ်ဒူဇီဟာ အာဆင်နယ်အသင်းကနေ အပြီးသတ် ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း မာဆေးလ်အသင်းအတွက် ယခုရာသီ လိဂန်း ၁၆ ပွဲမှာ ၁၂ ပွဲ ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး လိဂန်းအသင်းကြီးရဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၆ ပွဲမှာ ၅ ပွဲ ပွဲထွက်ပါဝင်ကစားပေးခွင့် ရရှိထားတာဖြစ်ပါတယ်။

မာဆေးလ်အသင်းနည်းပြ ဆမ်ပါအိုလီက ဂွမ်ဒူဇီကို ဇန်နဝါရီလတုန်းက မွေးရာပါ ခေါင်းဆောင်တစ်ဦးလို့ ခေါ်ဝေါ်ခဲ့ပြီး အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်နဲ့အတူ နိုင်ငံတကာအဆင့်မှာ ၎င်းရဲ့ ဂုဏ်သတင်းကို မြှင့်တင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ေဟာင္း မက္တီအို ဂြမ္ဒူဇီဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ျပင္သစ္အတြက္ ပါဝင္ကစားေပးရႏိုင္ေျခရွိေနခ်ိန္မွာ ဂန္းနားေတြကို စြန႔္ခြာခဲ့မႈအေပၚ ဖြင့္ဟ ေျပာဆိုလိုက္ပါတယ္။

ဂြမ္ဒူဇီဟာ ၂၀၂၀ ဇြန္လေနာက္ပိုင္းကတည္းက အာတီတာရဲ႕အသင္းအတြက္ ပြဲမကစားရေတာ့ဘဲ ေႏြရာသီမွာ အမ္းမရိတ္စ္ကို အၿပီးသတ္ စြန႔္ခြာခဲ့တာျဖစ္ၿပီး ၂၀၂၀-၂၀၂၁ ရာသီမွာ ဟာသာ ဘာလင္ကို အငွားခ်ခံခဲ့ရၿပီးေနာက္ ၿပီးခဲ့တဲ့ရာသီမွာ မာေဆးလ္ကို ယာယီအစီအစဥ္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။ မာေဆးလ္အသင္းဟာ ၿပီးတဲ့ေနာက္မွာေတာ့ ဂြမ္ဒူဇီရဲ႕ အငွားစာခ်ဳပ္ထဲက အၿပီးသတ္ ေခၚယူခြင့္ကို မတ္လမွာ အသက္သြင္းၿပီး အာဆင္နယ္အသင္းကေန အၿပီးသတ္ေခၚယူသြားခဲ့တာျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ အာဆင္နယ္ကို အလားအလာေတြ အမ်ားအျပားနဲ႔ ေရာက္ရွိလာခဲ့သူျဖစ္ၿပီး ၂၀၁၈ ခုႏွစ္မွာ လို႐ြန္ကေန ေျပာင္းေ႐ႊ႕လာခဲ့တာ ျဖစ္ပါတယ္။ အဲဒီအခ်ိန္တုန္းက အသက္ ၁၉ ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ ဂြမ္ဒူဇီဟာ အာဆင္နယ္ကြင္းလယ္မွာ အနာဂတ္ၾကယ္ပြင့္ျဖစ္လာႏိုင္တဲ့ကစားသမားလို႔ သတ္မွတ္ျခင္းခံခဲ့ရတာျဖစ္ၿပီး အူႏိုင္း အမ္မရီရဲ႕ ပထမဆုံး ကစားသမား ေခၚယူမႈေတြထဲက တစ္ဦးလည္း ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

ဂြမ္ဒူဇီဟာ အမ္းမရိတ္စ္က ပထမဆုံးရာသီမွာ ၃၃ ပြဲ ပါဝင္ကစားေပးခြင့္ ရရွိခဲ့ၿပီး ဒုတိယရာသီကေတာ့ ပိုလို႔ေတာင္ စိန္ေခၚမႈေတြ ရွိလာခဲ့ေပမယ့္လည္း ၂၀၂၀ ဇြန္လက ဘ႐ိုက္တန္ကစားသမား မူေပးနဲ႔ ခိုက္ရန္ျဖစ္ပြားမႈမွာ ပါဝင္ပတ္သက္ခဲ့ရာမွာ ၿပိဳင္ဘက္ရဲ႕ လည္ပင္းကို ညႇစ္ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ဂြမ္ဒူဇီဟာ ဘ႐ိုက္တန္ကစားသမားေတြရဲ႕ လစာနည္းပါးမႈကို ႏွိမ့္ခ်တဲ့ မွတ္ခ်က္အမ်ားအျပား ျပဳလုပ္ခဲ့တယ္လို႔ Daily Mail က ေဖာ္ျပခဲ့ၿပီး အာတီတာဟာ ျပင္သစ္ကြင္းလယ္ကစားသမားကို ေနာက္ပြဲကစၿပီး လူစာရင္းကေန ခ်န္လွပ္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့မတ္လမွာ မာေဆးလ္ကို အၿပီးသတ္ ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ ဂြမ္ဒူဇီက လိဂန္းကလပ္အသင္းကို ေျပာင္းေ႐ႊ႕မႈက ႏွစ္ေပါင္းမ်ားစြာအတြင္း အေကာင္းဆုံးေ႐ြးခ်ယ္မႈျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အဂၤါေန႔မွာ ၾသစေၾတးလ်နဲ႔ ရင္ဆိုင္သြားရမယ့္ ျပင္သစ္အသင္းရဲ႕ ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္မတိုင္မီ စကားေျပာဆိုရာမွာ ဂြမ္ဒူဇီက အာဆင္နယ္ကေန ထြက္ခြာခဲ့ရမႈေနာက္ကြယ္က အေျခအေနေတြကို ျပန္ေျပာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အာဆင္နယ္ကို စြန႔္ခြာရတာ ခက္ခဲခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ သီယာရီ အြန္နရီ၊ ဗီယာရာနဲ႔ အဲဒီမွာ ကစားခဲ့တဲ့ အျခား ကစားသမားေတြအမ်ားအျပားအတိုင္းပဲ ကြၽန္ေတာ္ အဲဒီအသင္းနဲ႔ ထူးျခားတဲ့ဆက္ႏြယ္မႈ ရွိခဲ့လို႔ပါ”

“ကြၽန္ေတာ္ ဘယ္တုန္းကမွ မလိမ္ညာခဲ့ဘူး။ အသင္းအတြက္နဲ႔ ပရိသတ္ေတြအတြက္ ကြၽန္ေတာ့္ရဲ႕ အေကာင္းဆုံးကို ေပးဖို႔ အၿမဲတမ္း ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ လိုခ်င္တဲ့ပြဲကစားခ်ိန္ မရေတာ့ပါဘူး။ ခင္ဗ်ားက ငယ္႐ြယ္ေသးတဲ့အခ်ိန္မွာ ခင္ဗ်ား ပြဲမ်ားမ်ား ကစားဖို႔ လိုအပ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဂြမ္ဒူဇီဟာ အာဆင္နယ္အသင္းကေန အၿပီးသတ္ ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ပိုင္း မာေဆးလ္အသင္းအတြက္ ယခုရာသီ လိဂန္း ၁၆ ပြဲမွာ ၁၂ ပြဲ ပြဲထြက္ပါဝင္ကစားေပးခဲ့ၿပီး လိဂန္းအသင္းႀကီးရဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္ ၆ ပြဲမွာ ၅ ပြဲ ပြဲထြက္ပါဝင္ကစားေပးခြင့္ ရရွိထားတာျဖစ္ပါတယ္။

မာေဆးလ္အသင္းနည္းျပ ဆမ္ပါအိုလီက ဂြမ္ဒူဇီကို ဇန္နဝါရီလတုန္းက ေမြးရာပါ ေခါင္းေဆာင္တစ္ဦးလို႔ ေခၚေဝၚခဲ့ၿပီး အသက္ ၂၃ ႏွစ္အ႐ြယ္ကစားသမားဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ျပင္သစ္နဲ႔အတူ ႏိုင္ငံတကာအဆင့္မွာ ၎ရဲ႕ ဂုဏ္သတင္းကို ျမႇင့္တင္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.