Premier League Transfer News

အာဆင်နယ်ကို ပြောင်းချင်ပေမယ့် ရှက်ခ်တာရဲ့ ဈေးကြောင့် စိတ်ပျက်နေတဲ့ မူဒရစ်ခ်

အာဆင်နယ်အသင်းရဲ့ တောင်ပံတိုက်စစ်ကို အားဖြည့်ဖို့အတွက် ဦးစားပေး ပစ်မှတ်ဖြစ်နေတဲ့ မိုင်ခေလို မူဒရစ်ခ်အနေနဲ့ သူ့ရဲ့ ယူကရိန်း ပရီးမီးယားလိဂ်ကလပ် ရှက်ခ်တာဒိုးနက်စ်ခ်ဘက်က သတ်မှတ်လိုက်တဲ့ မကြားဝံ့ မနာသာ ပြောင်းရွှေ့ကြေးကို အကြီးအကျယ် စိတ်ပျက်နေပြီး ဒီအတွက် ထုတ်ဖော်ဝန်ခံမှုတွေ ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် တောင်ပံသမားအတွက် ရှက်ခ်တာဘက်က ယူရိုသန်း ၁၀၀ (ပေါင် ၈၇.၅ သန်း)လို့ ဈေးတင်လိုက်တာဖြစ်ပြီး သူတို့ရဲ့ အားကစားဒါရိုက်တာနဲ့ ခရိုအေးရှားလက်ရွေးစင်နောက်ခံလူဟောင်း ဒါရီယို ဆာနာက အသင်းနဲ့ ပိုင်ရှင်ဖြစ်သူတွေဘက်က သတ်မှတ်ဈေးကို မနေ့က ကြေညာခဲ့တာပါ။

ဆာနာက အက်သလက်တစ်နဲ့ တွေ့ဆုံရာမှာ “မူဒရစ်ခ်ကို လိုချင်တဲ့သူတွေအနေနဲ့ ဈေးနှုန်းအကြီးကြီးကို ပေးဖို့ လိုအပ်ပါလိမ့်မယ်။ အဲ့ဒီလိုမှ မဟုတ်ရင် အသင်းဥက္ကဌ ရီနတ် အက်ခ်မီတော့ဗ်က ရောင်းချမှာ မဟုတ်ပါဘူး။ လူတွေအနေနဲ့လည်း မူဒရစ်ခ်နဲ့ သူ့အရည်အသွေးကို လေးစားရမှာဖြစ်ပြီး ဒီပုံစံက သူ့ရဲ့ ဈေးကွက်ပေါက်ဈေးပါ… ကျွန်တော်တို့က အတင်းသတ်မှတ်တာ မဟုတ်ပါဘူး”လို့ အံ့အားသင့်ဖွယ်ရာ ပြောကြားသွားခဲ့ပါတယ်။

“အန်တိုနီတို့ ဂရီးလစ်ရှ်တို့တောင် ယူရိုသန်း ၁၀၀ အထက်မှာ ပေးနေရတာပဲလေ။ မူဒရစ်ခ်ရဲ့ အရည်အသွေးက သူတို့ထက် မနိမ့်ဘူးဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ။ ပြီးခဲ့တဲ့ တစ်နှစ်တုန်းကတောင် ဆန်ချိုကို ဘယ်လောက်ပေးခဲ့ရသလဲ… ကျွန်တော်တို့ကို လေးစားစေချင်တာပါ။ ဒီလိုကစားသမားဆို ဒီလို ဈေးမျိုးရတယ်ဆိုတာ သိနေကြတာပဲ မဟုတ်လား”လို့ ဆာနာက ဈေးတောင်းကြမ်းရင် ကြမ်းတယ်လို့ ဝန်မခံဘဲ ကြမ်းပိုးကို လိပ်ဖြစ်အောင် လှည့်ပတ်အကွက်ဆင်သွားခဲ့တာပါ။

ဆာနာရဲ့ ဒီလို အချိုးမပြေလှတဲ့ စကားမျိုးအတွက် စပို့စ်အရီနာက မူဒရစ်ခ်ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ “ဟုတ်တယ်… ကျွန်တော်လည်း ဒီအင်တာဗျူးကို ကြည့်ပြီးပြီ။ ကျွန်တော့်ဈေးကို ပြောလိုက်တာကို ခုလိုကြားရတော့ လူက အံ့အားသင့်ရုံတင် မဟုတ်ဘူး… ထိတ်လန့်ပြီး စိတ်ပါပျက်သွားတာ”လို့ အစချီပြီး တုံ့ပြန်ခဲ့ပါတယ်။

“ရှက်ခ်တာနဲ့ နှစ်ရှည်စာချုပ်ရှိနေတာဆိုတော့ ကျွန်တော့်အနေနဲ့ သူတို့ကို အကောင်းဆုံးရလဒ်တွေအတွက် ကူညီပေးနေတာပါပဲ။ ဒီလိုမျိုး ကစားပေးလို့ အသင်းအတွက်ရော ကျွန်တော့်အတွက်ပါ အကျိုးရှိပြီး ဥရောပတစ်ခွင်က စိတ်ဝင်စားမှုတွေ ရရှိလာပါတယ်။ ပြီးခဲ့တဲ့ နွေတုန်းက အေးဂျင့်ရဲ့ ပြောစကားအရ တချို့အသင်းတွေက ကမ်းလှမ်းခဲ့တယ်လို့ သိခဲ့ရပေမယ့် ရှက်ခ်တာဘက်က မရောင်းခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ”

“ယူကရိန်းဘောလုံးအဆင့်အတန်းကို လေးစားပေမယ့် ဥရောပထိပ်တန်းလိဂ်တွေမှာ ကစားဖို့ကတော့ ဘောလုံးသမားတိုင်းရဲ့ အိပ်မက်ပါပဲ။ ကျွန်တော်လည်း သူတို့ထဲကနေ ထူးနေတဲ့သူ မဟုတ်ပါဘူး။ ဒါပေမယ့်ဗျာ… ယူကရိန်းလိဂ်က ကစားသမားကို ဘယ်သူက ယူရိုသန်း ၁၀၀ ပေးဝယ်မလဲဗျာ… နည်းနည်းတော့ သဘောပေါက်မှပေါ့။ မဖြစ်နိုင်တာက ရာနှုန်းပြည့် အသေအချာပဲလေ”

“သူတို့ကတော့ ဒီလိုပေးချေကြမယ့် အချိန် ရောက်လာမယ် ပြောတာပဲ။ ဒါပေမယ့် ကျွန်တော့်အမြင်တော့ တော်တော်နဲ့ ဖြစ်လာမှာ မဟုတ်ဘူး။ လုံးဝ ဖြစ်မလာနိုင်ဘူးဆိုတဲ့ဘက်နဲ့တောင် ပိုနီးစပ်သေးတယ်။ ဒါရိုက်တာရဲ့ အင်တာဗျူးက ကျွန်တော့်ကို ဆိုးဆိုးရွားရွား စိတ်ပျက်သွားစေတာပဲဖြစ်ပြီး ယူရိုသန်း ၁၀၀ ဆိုရင် ကျွန်တော့်အိပ်မက်ကို သတ်လိုက်တာနဲ့ ဘာထူးသလဲဗျာ”လို့ မူဒရစ်ခ်က စိတ်ပျက်လက်ပျက် ပြောသွားခဲ့တာပါ။

“အိပ်မက်က မပျက်စီးသေးဘူးဆိုရင်တော့ တော်တော်ကြီး ထိခိုက်သွားခဲ့ရပြီပဲ။ ဒါပေမယ့် ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်အနေနဲ့ သူတို့ကို ခက်ခဲတဲ့ ပွဲတွေ စောင့်နေတဲ့ ယူကရိန်းချန်ပီယံဆုကို ရအောင် ကြိုးစားပေးရဦးမှာပေါ့လေ။ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်ရမှာပေါ့ဗျာ”လို့ မူဒရစ်ခ်က သူ့အသင်းကို အစာမကြေတဲ့ ပုံစံနဲ့ ဖွင့်ဟသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းရဲ႕ ေတာင္ပံတိုက္စစ္ကို အားျဖည့္ဖို႔အတြက္ ဦးစားေပး ပစ္မွတ္ျဖစ္ေနတဲ့ မိုင္ေခလို မူဒရစ္ခ္အေနနဲ႔ သူ႔ရဲ႕ ယူကရိန္း ပရီးမီးယားလိဂ္ကလပ္ ရွက္ခ္တာဒိုးနက္စ္ခ္ဘက္က သတ္မွတ္လိုက္တဲ့ မၾကားဝံ့ မနာသာ ေျပာင္းေ႐ႊ႕ေၾကးကို အႀကီးအက်ယ္ စိတ္ပ်က္ေနၿပီး ဒီအတြက္ ထုတ္ေဖာ္ဝန္ခံမႈေတြ ျပဳလုပ္လာခဲ့တာျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ ေတာင္ပံသမားအတြက္ ရွက္ခ္တာဘက္က ယူ႐ိုသန္း ၁၀၀ (ေပါင္ ၈၇.၅ သန္း)လို႔ ေဈးတင္လိုက္တာျဖစ္ၿပီး သူတို႔ရဲ႕ အားကစားဒါ႐ိုက္တာနဲ႔ ခ႐ိုေအးရွားလက္ေ႐ြးစင္ေနာက္ခံလူေဟာင္း ဒါရီယို ဆာနာက အသင္းနဲ႔ ပိုင္ရွင္ျဖစ္သူေတြဘက္က သတ္မွတ္ေဈးကို မေန႔က ေၾကညာခဲ့တာပါ။

ဆာနာက အက္သလက္တစ္နဲ႔ ေတြ႕ဆုံရာမွာ “မူဒရစ္ခ္ကို လိုခ်င္တဲ့သူေတြအေနနဲ႔ ေဈးႏႈန္းအႀကီးႀကီးကို ေပးဖို႔ လိုအပ္ပါလိမ့္မယ္။ အဲ့ဒီလိုမွ မဟုတ္ရင္ အသင္းဥကၠဌ ရီနတ္ အက္ခ္မီေတာ့ဗ္က ေရာင္းခ်မွာ မဟုတ္ပါဘူး။ လူေတြအေနနဲ႔လည္း မူဒရစ္ခ္နဲ႔ သူ႔အရည္အေသြးကို ေလးစားရမွာျဖစ္ၿပီး ဒီပုံစံက သူ႔ရဲ႕ ေဈးကြက္ေပါက္ေဈးပါ… ကြၽန္ေတာ္တို႔က အတင္းသတ္မွတ္တာ မဟုတ္ပါဘူး”လို႔ အံ့အားသင့္ဖြယ္ရာ ေျပာၾကားသြားခဲ့ပါတယ္။

“အန္တိုနီတို႔ ဂရီးလစ္ရွ္တို႔ေတာင္ ယူ႐ိုသန္း ၁၀၀ အထက္မွာ ေပးေနရတာပဲေလ။ မူဒရစ္ခ္ရဲ႕ အရည္အေသြးက သူတို႔ထက္ မနိမ့္ဘူးဆိုေတာ့ စဥ္းစားၾကည့္ေပါ့ဗ်ာ။ ၿပီးခဲ့တဲ့ တစ္ႏွစ္တုန္းကေတာင္ ဆန္ခ်ိဳကို ဘယ္ေလာက္ေပးခဲ့ရသလဲ… ကြၽန္ေတာ္တို႔ကို ေလးစားေစခ်င္တာပါ။ ဒီလိုကစားသမားဆို ဒီလို ေဈးမ်ိဳးရတယ္ဆိုတာ သိေနၾကတာပဲ မဟုတ္လား”လို႔ ဆာနာက ေဈးေတာင္းၾကမ္းရင္ ၾကမ္းတယ္လို႔ ဝန္မခံဘဲ ၾကမ္းပိုးကို လိပ္ျဖစ္ေအာင္ လွည့္ပတ္အကြက္ဆင္သြားခဲ့တာပါ။

ဆာနာရဲ႕ ဒီလို အခ်ိဳးမေျပလွတဲ့ စကားမ်ိဳးအတြက္ စပို႔စ္အရီနာက မူဒရစ္ခ္ကို ဆက္သြယ္ေမးျမန္းခဲ့ရာမွာေတာ့ “ဟုတ္တယ္… ကြၽန္ေတာ္လည္း ဒီအင္တာဗ်ဴးကို ၾကည့္ၿပီးၿပီ။ ကြၽန္ေတာ့္ေဈးကို ေျပာလိုက္တာကို ခုလိုၾကားရေတာ့ လူက အံ့အားသင့္႐ုံတင္ မဟုတ္ဘူး… ထိတ္လန႔္ၿပီး စိတ္ပါပ်က္သြားတာ”လို႔ အစခ်ီၿပီး တုံ႔ျပန္ခဲ့ပါတယ္။

“ရွက္ခ္တာနဲ႔ ႏွစ္ရွည္စာခ်ဳပ္ရွိေနတာဆိုေတာ့ ကြၽန္ေတာ့္အေနနဲ႔ သူတို႔ကို အေကာင္းဆုံးရလဒ္ေတြအတြက္ ကူညီေပးေနတာပါပဲ။ ဒီလိုမ်ိဳး ကစားေပးလို႔ အသင္းအတြက္ေရာ ကြၽန္ေတာ့္အတြက္ပါ အက်ိဳးရွိၿပီး ဥေရာပတစ္ခြင္က စိတ္ဝင္စားမႈေတြ ရရွိလာပါတယ္။ ၿပီးခဲ့တဲ့ ေႏြတုန္းက ေအးဂ်င့္ရဲ႕ ေျပာစကားအရ တခ်ိဳ႕အသင္းေတြက ကမ္းလွမ္းခဲ့တယ္လို႔ သိခဲ့ရေပမယ့္ ရွက္ခ္တာဘက္က မေရာင္းခဲ့တာ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ပါ”

“ယူကရိန္းေဘာလုံးအဆင့္အတန္းကို ေလးစားေပမယ့္ ဥေရာပထိပ္တန္းလိဂ္ေတြမွာ ကစားဖို႔ကေတာ့ ေဘာလုံးသမားတိုင္းရဲ႕ အိပ္မက္ပါပဲ။ ကြၽန္ေတာ္လည္း သူတို႔ထဲကေန ထူးေနတဲ့သူ မဟုတ္ပါဘူး။ ဒါေပမယ့္ဗ်ာ… ယူကရိန္းလိဂ္က ကစားသမားကို ဘယ္သူက ယူ႐ိုသန္း ၁၀၀ ေပးဝယ္မလဲဗ်ာ… နည္းနည္းေတာ့ သေဘာေပါက္မွေပါ့။ မျဖစ္ႏိုင္တာက ရာႏႈန္းျပည့္ အေသအခ်ာပဲေလ”

“သူတို႔ကေတာ့ ဒီလိုေပးေခ်ၾကမယ့္ အခ်ိန္ ေရာက္လာမယ္ ေျပာတာပဲ။ ဒါေပမယ့္ ကြၽန္ေတာ့္အျမင္ေတာ့ ေတာ္ေတာ္နဲ႔ ျဖစ္လာမွာ မဟုတ္ဘူး။ လုံးဝ ျဖစ္မလာႏိုင္ဘူးဆိုတဲ့ဘက္နဲ႔ေတာင္ ပိုနီးစပ္ေသးတယ္။ ဒါ႐ိုက္တာရဲ႕ အင္တာဗ်ဴးက ကြၽန္ေတာ့္ကို ဆိုးဆိုး႐ြား႐ြား စိတ္ပ်က္သြားေစတာပဲျဖစ္ၿပီး ယူ႐ိုသန္း ၁၀၀ ဆိုရင္ ကြၽန္ေတာ့္အိပ္မက္ကို သတ္လိုက္တာနဲ႔ ဘာထူးသလဲဗ်ာ”လို႔ မူဒရစ္ခ္က စိတ္ပ်က္လက္ပ်က္ ေျပာသြားခဲ့တာပါ။

“အိပ္မက္က မပ်က္စီးေသးဘူးဆိုရင္ေတာ့ ေတာ္ေတာ္ႀကီး ထိခိုက္သြားခဲ့ရၿပီပဲ။ ဒါေပမယ့္ ပေရာ္ဖက္ရွင္နယ္ ကစားသမားတစ္ေယာက္အေနနဲ႔ သူတို႔ကို ခက္ခဲတဲ့ ပြဲေတြ ေစာင့္ေနတဲ့ ယူကရိန္းခ်န္ပီယံဆုကို ရေအာင္ ႀကိဳးစားေပးရဦးမွာေပါ့ေလ။ ကိုယ့္အလုပ္ကိုယ္ အေကာင္းဆုံးလုပ္ရမွာေပါ့ဗ်ာ”လို႔ မူဒရစ္ခ္က သူ႔အသင္းကို အစာမေၾကတဲ့ ပုံစံနဲ႔ ဖြင့္ဟသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.