Premier League

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကြားနေအဖြစ် အသင်း ၄ သင်းကို အားပေးသွားမယ့် ဟာလန်း

မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းက ဘရာဇီးလ်၊ အာဂျင်တီးနား၊ ပြင်သစ်နဲ့ အင်္ဂလန်တို့က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာလန်းဟာ နော်ဝေအသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲကို မအောင်မြင်ခဲ့တဲ့အတွက် ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ကနေသာ ကြည့်ရှုသွားရမှာ ဖြစ်ပါတယ်။ နော်ဝေတိုက်စစ်မှူးဟာ ယခုရာသီမှာ ဥရောပရဲ့ ထိပ်တန်းတိုက်စစ်မှူးဖြစ်နေခဲ့သူဖြစ်ပြီး မန်ချက်စတာစီးတီးအတွက် ပြိုင်ပွဲစုံ ၁၈ ပွဲမှာ သွင်းဂိုး ၂၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးထားသူ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာလင်း ဟာလန်းလို ကစားသမားမျိုး မပါဝင်နိုင်မှုက စိတ်ပျက်စရာ ကောင်းပေမယ့် မန်ချက်စတာစီးတီး တိုက်စစ်မှူးက ကြားနေအဖြစ်နဲ့ ကြည့်ရှုအားပေးသွားမှာ ဖြစ်ပါတယ်။ ဟာလန်းကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်နိုင်ငံအသင်းတွေက အောင်ပွဲရရှိသွားမယ်လို့ ခံစားရလဲလို့ မေးမြန်းခဲ့ရာမှာ “ရေပန်းအစားဆုံးကတော့ ဘရာဇီးလ်၊ အာဂျင်တီးနား၊ ပြင်သစ်နဲ့ အင်္ဂလန်ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားကို ၅ ကြိမ်အထိ စံချိန်တင် ကိုင်မြှောက်ထားနိုင်ခဲ့တဲ့အသင်းဖြစ်ပေမယ့်လည်း ၂၀၀၂ ခုနှစ်နောက်ပိုင်း ဂုဏ်သိက္ခာအကြီးမားဆုံး နိုင်ငံတကာ ဆုဖလားကြီးနဲ့ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။ ယခုနှစ်မှာတော့ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး နေမာ၊ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ဗင်နီးရှပ်စ် ဂျူနီယာ၊ ရိုဒရီဂိုတို့လို ကစားသမားတွေက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်ရဲ့ တိုက်စစ်ကို ဦးဆောင်သွားကြမှာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ အာဂျင်တီးနားအသင်းကလည်း ကမ္ဘာ့ဖလားကို ၁၉၇၈ နဲ့ ၁၉၈၆ ခုနှစ်တို့မှာ အနိုင်ရရှိခဲ့တာဖြစ်ပြီး ၂၀၁၄ တုန်းက ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဂျာမနီအသင်းက အချိန်ပိုမှာ အသည်းခွဲသွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ဒက်စ်ချမ့်ရဲ့ ပြင်သစ်အသင်းကလည်း ကာတာမှာ ကြောက်မက်ဖွယ် လူစာရင်းနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဘလွန်ဒေါဆုရှင် ကာရင် ဘန်ဇီးမားနဲ့ ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေတို့လို ကစားသမားတွေက တိုက်စစ်မှာ ဦးဆောင်သွားမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြင်သစ်အသင်းဟာ ကွင်းလယ်မှာ ၂၀၁၈ ကမ္ဘာ့ဖလားကိုင်မြှောက်နိုင်ခဲ့တဲ့ ချဲလ်ဆီးကြယ်ပွင့် ကွန်တေနဲ့ ဂျူဗင်တပ်ကြယ်ပွင့် ပေါ့ဂ်ဘာတို့ မပါဝင်ဘဲ ကစားသွားရမှာဖြစ်ပြီး အင်္ဂလန်အသင်းကတော့ ၁၉၆၆ ခုနှစ်နောက်ပိုင်းကတည်းက ကမ္ဘာ့ဖလားအောင်မြင်မှုနဲ့ ဝေးကွာနေခဲ့တဲ့အသင်းဖြစ်ပါတယ်။ ဆောက်ဂိတ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အသင်းကို ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပြီး ခရိုအေးရှားကို ၂-၁ နဲ့ ရှုံးနိမ့်ပြီး ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးတိုက္စစ္မႉး အာလင္း ဟာလန္းက ဘရာဇီးလ္၊ အာဂ်င္တီးနား၊ ျပင္သစ္နဲ႔ အဂၤလန္တို႔က ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးအသင္းေတြအျဖစ္ သတ္မွတ္ခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဟာလန္းဟာ ေနာ္ေဝအသင္းက ကမာၻ႔ဖလားေျခစစ္ပြဲကို မေအာင္ျမင္ခဲ့တဲ့အတြက္ ကာတာမွာ က်င္းပမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲကို အိမ္ကေနသာ ၾကည့္ရႈသြားရမွာ ျဖစ္ပါတယ္။ ေနာ္ေဝတိုက္စစ္မႉးဟာ ယခုရာသီမွာ ဥေရာပရဲ႕ ထိပ္တန္းတိုက္စစ္မႉးျဖစ္ေနခဲ့သူျဖစ္ၿပီး မန္ခ်က္စတာစီးတီးအတြက္ ၿပိဳင္ပြဲစုံ ၁၈ ပြဲမွာ သြင္းဂိုး ၂၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ ျပဳလုပ္ေပးထားသူ ျဖစ္ပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာလင္း ဟာလန္းလို ကစားသမားမ်ိဳး မပါဝင္ႏိုင္မႈက စိတ္ပ်က္စရာ ေကာင္းေပမယ့္ မန္ခ်က္စတာစီးတီး တိုက္စစ္မႉးက ၾကားေနအျဖစ္နဲ႔ ၾကည့္ရႈအားေပးသြားမွာ ျဖစ္ပါတယ္။ ဟာလန္းကို ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဘယ္ႏိုင္ငံအသင္းေတြက ေအာင္ပြဲရရွိသြားမယ္လို႔ ခံစားရလဲလို႔ ေမးျမန္းခဲ့ရာမွာ “ေရပန္းအစားဆုံးကေတာ့ ဘရာဇီးလ္၊ အာဂ်င္တီးနား၊ ျပင္သစ္နဲ႔ အဂၤလန္ျဖစ္ေကာင္း ျဖစ္ႏိုင္တယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဘရာဇီးလ္အသင္းဟာ ကမာၻ႔ဖလားကို ၅ ႀကိမ္အထိ စံခ်ိန္တင္ ကိုင္ေျမႇာက္ထားႏိုင္ခဲ့တဲ့အသင္းျဖစ္ေပမယ့္လည္း ၂၀၀၂ ခုႏွစ္ေနာက္ပိုင္း ဂုဏ္သိကၡာအႀကီးမားဆုံး ႏိုင္ငံတကာ ဆုဖလားႀကီးနဲ႔ ေဝးကြာေနခဲ့တာျဖစ္ပါတယ္။ ယခုႏွစ္မွာေတာ့ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ေနမာ၊ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ ၂ ဦးျဖစ္တဲ့ ဗင္နီးရွပ္စ္ ဂ်ဴနီယာ၊ ႐ိုဒရီဂိုတို႔လို ကစားသမားေတြက ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဘရာဇီးလ္ရဲ႕ တိုက္စစ္ကို ဦးေဆာင္သြားၾကမွာ ျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ အာဂ်င္တီးနားအသင္းကလည္း ကမာၻ႔ဖလားကို ၁၉၇၈ နဲ႔ ၁၉၈၆ ခုႏွစ္တို႔မွာ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ၂၀၁၄ တုန္းက ကမာၻ႔ဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္လည္း ဂ်ာမနီအသင္းက အခ်ိန္ပိုမွာ အသည္းခြဲသြားျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

ဒက္စ္ခ်မ့္ရဲ႕ ျပင္သစ္အသင္းကလည္း ကာတာမွာ ေၾကာက္မက္ဖြယ္ လူစာရင္းနဲ႔ ယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး ဘလြန္ေဒါဆုရွင္ ကာရင္ ဘန္ဇီးမားနဲ႔ ပီအက္စ္ဂ်ီၾကယ္ပြင့္ အမ္ဘာေပတို႔လို ကစားသမားေတြက တိုက္စစ္မွာ ဦးေဆာင္သြားမွာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ျပင္သစ္အသင္းဟာ ကြင္းလယ္မွာ ၂၀၁၈ ကမာၻ႔ဖလားကိုင္ေျမႇာက္ႏိုင္ခဲ့တဲ့ ခ်ဲလ္ဆီးၾကယ္ပြင့္ ကြန္ေတနဲ႔ ဂ်ဴဗင္တပ္ၾကယ္ပြင့္ ေပါ့ဂ္ဘာတို႔ မပါဝင္ဘဲ ကစားသြားရမွာျဖစ္ၿပီး အဂၤလန္အသင္းကေတာ့ ၁၉၆၆ ခုႏွစ္ေနာက္ပိုင္းကတည္းက ကမာၻ႔ဖလားေအာင္ျမင္မႈနဲ႔ ေဝးကြာေနခဲ့တဲ့အသင္းျဖစ္ပါတယ္။ ေဆာက္ဂိတ္ဟာ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက အသင္းကို ဆီမီးဖိုင္နယ္အဆင့္အထိ တက္ေရာက္ႏိုင္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တာျဖစ္ၿပီး ခ႐ိုေအးရွားကို ၂-၁ နဲ႔ ရႈံးနိမ့္ၿပီး ဗိုလ္လုပြဲနဲ႔ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.