Ligue1 Premier League

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ကို ဇန်နဝါရီလမှာ ပေါင်းစည်းပေးဖို့ စိတ်ဝင်စားနေတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းပိုင်ရှင်တွေဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ကို ပဲရစ်မှာ အတူတူ တွဲကစားနိုင်ဖို့ လုပ်ဆောင်သွားချင်နေတယ်လို့ Sky Deutschland သတင်းထောက် ဖလိုရီယန် ပလက်တန်ဘာ့ဂ်က ပြောကြားခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပီးယာ့စ် မော်ဂန်နဲ့ အငြင်းပွားဖွယ် အင်တာဗျူး ဖြေဆိုခဲ့တဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်ပေါ်မှာ ပျံ့နံှ့ခဲ့ပြီးနောက် ဘောလုံးလောကတစ်ခုလုံး ပြောစရာဖြစ်ခဲ့တာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်က မန်ချက်စတာယူနိုက်တက်ရဲ့ သစ္စာဖောက်ခြင်းကို ခံခဲ့ရတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင်ဟာ နည်းပြ အဲရစ် တန်ဟက်ကိုလည်း လေးစားမှု ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့လည်း ဝန်ခံခဲ့ပြီး အသင်းဖော်ဟောင်း ဝိန်း ရူနီအပါအဝင် အသင်းပိုင်ရှင် ဂလေဇာမိသားစုကလည်း အသင်းကို တကယ် ဂရုစိုက်တဲ့သူတွေမဟုတ်ဘူးလို့ ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အရေးယူခြင်းမရှိသေးပေမယ့်လည်း သိပ်မကြာခင်အချိန်အတွင်း ပေါ်တူဂီတိုက်စစ်မှူးရဲ့ ပြောဆိုမှုအားလုံးကို သုံးသပ်ပြီး တုံ့ပြန်ဖို့ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ယနေ့မှာ အသင်းရဲ့တရားဝင် ဝက်ဘ်ဆိုက်ကနေတဆင့် ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရော်နယ်လ်ဒိုကို အသင်းကနေ ထုတ်ပယ်ဖို့ ရွေးချယ်သွားနိုင်တယ်လို့ ပြောဆိုမှုတွေ ရှိနေတာဖြစ်ပြီး အဲဒီလိုသာ ဖြစ်ခဲ့ရင် ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးအနေနဲ့ ဘယ်အသင်းကို ပြောင်းရွှေ့သွားနိုင်လဲဆိုတဲ့ ပြောဆိုမှုတွေလည်း တစ်ဆက်တည်း ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဂျာနယ်လစ် ပလက်တန်ဘာ့ဂ်က ခရစ္စတီယာနို ရော်နယ်လ်ဒိုအတွက် ပီအက်စ်ဂျီအသင်းက ရွေးချယ်စရာ ဖြစ်နိုင်ခြေရှိတဲ့အသင်းအဖြစ် ရှိနေတယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး ဂျာမန်သတင်းထောက်ရဲ့ ပြောကြားချက်အရ လိဂန်းချန်ပီယံတွေဟာ ဇန်နဝါရီလမှာ မန်ယူနိုက်တက်ဂန္တဝင် တိုက်စစ်မှူးကို ခေါ်ယူပြီး အဓိကပြိုင်ဘက်ဟောင်း မက်ဆီနဲ့အတူ ပေါင်းစည်းပေးချင်နေတယ်လို့ သိရပါတယ်။

“ပီအက်စ်ဂျီအသင်းပိုင်ရှင်တွေက ဆောင်းရာသီမှာ အပြောင်းအရွှေ့လုပ်ဖို့ စိတ်ဝင်စားနေတုန်းပါ။ ကမ်းပို့စ်ကတော့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ အကြောင်းအရင်းတွေက လူစာရင်းပိုပြီး သေးငယ်ပြီး ငယ်ရွယ်လာသင့်တာ၊ ချဲလ်ဆီးနဲ့ အထူးသဖြင့် တော့ဒ် ဘိုလီတို့က ခေါ်ယူလိုတဲ့ဆန္ဒမရှိ ဖြစ်မနေတာ၊ စပို့တင်း လစ္စဘွန်းကို ပြန်ဖို့ကလည်း မန်ယူနိုက်တက်အသင်းထဲမှာ ဖြစ်နိုင်ဆဲပါ”လို့ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းအကြံပေး လူးဝစ္စ ကမ်းပို့စ်က အသင်းလူစာရင်းကို အရွယ်အစားပိုမို သေးငယ်အောင် လျှော့ချပြီး ပိုမိုငယ်ရွယ်တဲ့ ကစားသမားတွေနဲ့ တည်ဆောက်သွားချင်နေတာကြောင့် ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းကို ခေါ်ယူမယ့် အကြံအစည်ကို သဘောမကျဖြစ်နေတာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ် ဘိုလီဟာ ပလက်တန်ဘာ့ဂ်ရဲ့ ရေးသားချက်သာ မှန်ကန်မယ်ဆိုရင် ရော်နယ်လ်ဒိုကို ခေါ်ယူနိုင်တဲ့ အလားအလာရှိနေဆဲဖြစ်ပြီး စပို့တင်း လစ္စဘွန်းပြန်ဖို့ကလည်း ပေါ်တူဂီကြယ်ပွင့်အတွက် ရွေးချယ်စရာအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းပိုင္ရွင္ေတြဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ကို ပဲရစ္မွာ အတူတူ တြဲကစားႏိုင္ဖို႔ လုပ္ေဆာင္သြားခ်င္ေနတယ္လို႔ Sky Deutschland သတင္းေထာက္ ဖလိုရီယန္ ပလက္တန္ဘာ့ဂ္က ေျပာၾကားခဲ့ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ပီးယာ့စ္ ေမာ္ဂန္နဲ႔ အျငင္းပြားဖြယ္ အင္တာဗ်ဴး ေျဖဆိုခဲ့တဲ့ ႐ုပ္သံဖိုင္ လူမႈကြန္ရက္ေပၚမွာ ပ်ံ႕နံွ႔ခဲ့ၿပီးေနာက္ ေဘာလုံးေလာကတစ္ခုလုံး ေျပာစရာျဖစ္ခဲ့တာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္က မန္ခ်က္စတာယူႏိုက္တက္ရဲ႕ သစၥာေဖာက္ျခင္းကို ခံခဲ့ရတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဘလြန္ေဒါ ၅ ဆုရွင္ဟာ နည္းျပ အဲရစ္ တန္ဟက္ကိုလည္း ေလးစားမႈ ဘယ္တုန္းကမွ မရွိခဲ့ဘူးလို႔လည္း ဝန္ခံခဲ့ၿပီး အသင္းေဖာ္ေဟာင္း ဝိန္း ႐ူနီအပါအဝင္ အသင္းပိုင္ရွင္ ဂေလဇာမိသားစုကလည္း အသင္းကို တကယ္ ဂ႐ုစိုက္တဲ့သူေတြမဟုတ္ဘူးလို႔ ျပစ္တင္ေဝဖန္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို အေရးယူျခင္းမရွိေသးေပမယ့္လည္း သိပ္မၾကာခင္အခ်ိန္အတြင္း ေပၚတူဂီတိုက္စစ္မႉးရဲ႕ ေျပာဆိုမႈအားလုံးကို သုံးသပ္ၿပီး တုံ႔ျပန္ဖို႔ ဆုံးျဖတ္သြားမွာျဖစ္တယ္လို႔ ယေန႔မွာ အသင္းရဲ႕တရားဝင္ ဝက္ဘ္ဆိုက္ကေနတဆင့္ ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ေရာ္နယ္လ္ဒိုကို အသင္းကေန ထုတ္ပယ္ဖို႔ ေ႐ြးခ်ယ္သြားႏိုင္တယ္လို႔ ေျပာဆိုမႈေတြ ရွိေနတာျဖစ္ၿပီး အဲဒီလိုသာ ျဖစ္ခဲ့ရင္ ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးအေနနဲ႔ ဘယ္အသင္းကို ေျပာင္းေ႐ႊ႕သြားႏိုင္လဲဆိုတဲ့ ေျပာဆိုမႈေတြလည္း တစ္ဆက္တည္း ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

ဂ်ာနယ္လစ္ ပလက္တန္ဘာ့ဂ္က ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအတြက္ ပီအက္စ္ဂ်ီအသင္းက ေ႐ြးခ်ယ္စရာ ျဖစ္ႏိုင္ေျခရွိတဲ့အသင္းအျဖစ္ ရွိေနတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ၿပီး ဂ်ာမန္သတင္းေထာက္ရဲ႕ ေျပာၾကားခ်က္အရ လိဂန္းခ်န္ပီယံေတြဟာ ဇန္နဝါရီလမွာ မန္ယူႏိုက္တက္ဂႏၲဝင္ တိုက္စစ္မႉးကို ေခၚယူၿပီး အဓိကၿပိဳင္ဘက္ေဟာင္း မက္ဆီနဲ႔အတူ ေပါင္းစည္းေပးခ်င္ေနတယ္လို႔ သိရပါတယ္။

“ပီအက္စ္ဂ်ီအသင္းပိုင္ရွင္ေတြက ေဆာင္းရာသီမွာ အေျပာင္းအေ႐ႊ႕လုပ္ဖို႔ စိတ္ဝင္စားေနတုန္းပါ။ ကမ္းပို႔စ္ကေတာ့ စိုးရိမ္မႈေတြ ရွိေနတယ္လို႔ ဆိုပါတယ္။ အေၾကာင္းအရင္းေတြက လူစာရင္းပိုၿပီး ေသးငယ္ၿပီး ငယ္႐ြယ္လာသင့္တာ၊ ခ်ဲလ္ဆီးနဲ႔ အထူးသျဖင့္ ေတာ့ဒ္ ဘိုလီတို႔က ေခၚယူလိုတဲ့ဆႏၵမရွိ ျဖစ္မေနတာ၊ စပို႔တင္း လစၥဘြန္းကို ျပန္ဖို႔ကလည္း မန္ယူႏိုက္တက္အသင္းထဲမွာ ျဖစ္ႏိုင္ဆဲပါ”လို႔ တြစ္တာလူမႈကြန္ရက္ေပၚမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းအႀကံေပး လူးဝစၥ ကမ္းပို႔စ္က အသင္းလူစာရင္းကို အ႐ြယ္အစားပိုမို ေသးငယ္ေအာင္ ေလွ်ာ့ခ်ၿပီး ပိုမိုငယ္႐ြယ္တဲ့ ကစားသမားေတြနဲ႔ တည္ေဆာက္သြားခ်င္ေနတာေၾကာင့္ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ေဟာင္းကို ေခၚယူမယ့္ အႀကံအစည္ကို သေဘာမက်ျဖစ္ေနတာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေတာ့ဒ္ ဘိုလီဟာ ပလက္တန္ဘာ့ဂ္ရဲ႕ ေရးသားခ်က္သာ မွန္ကန္မယ္ဆိုရင္ ေရာ္နယ္လ္ဒိုကို ေခၚယူႏိုင္တဲ့ အလားအလာရွိေနဆဲျဖစ္ၿပီး စပို႔တင္း လစၥဘြန္းျပန္ဖို႔ကလည္း ေပၚတူဂီၾကယ္ပြင့္အတြက္ ေ႐ြးခ်ယ္စရာအျဖစ္ ရွိေနဆဲ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.