Premier League

အံ့အားသင့်ဖွယ် ရာသီအဆုံးကို ဟောကိန်းထုတ်လိုက်တဲ့ စူပါကွန်ပျူတာ

Bettingexpert ရဲ့ စူပါကွန်ပျူတာဟာ ယခုရာသီကုန်မှာ အာဆင်နယ်အသင်းက မန်ချက်စတာစီးတီးကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ဖလားကို ရရှိသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပြီး ချဲလ်ဆီးကတော့ အဆင့် ၈ နေရာမှာသာ ရာသီပြီးဆုံးလိမ့်မယ်လို့ သိရပါတယ်။

ယခုရာသီကို အကြိမ်ပေါင်း ၁ သိန်း အလိုအလျောက်တွက်ချက်ခဲ့ပြီးနောက် စူပါကွန်ပျူတာက စီးတီးနဲ့ ဂန်းနားတို့ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရာသီပြီးဆုံးနိုင်တဲ့ အခွင့်အရေး ၄၈.၄ ရာခိုင်နှုန်းအိ ရှိတယ်ဆိုတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖြစ်နိုင်ခြေအရှိဆုံး အခင်းအကျင်းကတော့ အာတီတာရဲ့အသင်းက ဂွါဒီယိုလာရဲ့အသင်းကို ဂိုးကွာခြားချက်နဲ့ အသာစီး ရယူပြီး ဆယ်စုနှစ် ၂ ခုနီးပါးကြာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ကိုင်မြှောက်သွားနိုင်လိမ့်မယ်လို့ စူပါကွန်ပျူတာက ခန့်မှန်းခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ ပွဲ ကစားခဲ့ပြီးနောက် ရမှတ် ၃၇ မှတ်နဲ့အတူ ဒုတိယနေရာက မန်ချက်စတာစီးတီးထက် ၅ မှတ်အသာနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ စနေနေ့ညက ဝုလ်ဗ်စ်အသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ရာသီပြီးဆုံးနိုင်ခြေ ၂၂ ရာခိုင်နှုန်းကနေ ၄၈.၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းကတော့ အဲဒီနေ့ညနေမှာပဲ ဘရန့်တ်ဖို့ဒ်ကို အိမ်ကွင်းမှာ ၂-၁ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ချဲလ်ဆီးအသင်းကလည်း အထင်ကြီးဖွယ်မကောင်းတဲ့ အဆင့် ၈ နေရာမှာသာ ရာသီပြီးဆုံးလိမ့်မယ်လို့ မျှော်မှန်းခြင်းခံခဲ့ရပြီး အလိုအလျောက်တွက်ချက်မှုအရ အနောက်လန်ဒန် ကလပ်အသင်းဟာ နည်းပြ ဂရေဟမ် ပေါ့တားရဲ့အသင်းဟောင်း ဘရိုက်တန်ရဲ့နောက်မှာ ရာသီပြီးဆုံးမှာဖြစ်တယ်လို့ သိရပါတယ်။

ဂရေဟမ် ပေါ့တားဟာ ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် ဖိအားတွေ ဝင်ခဲ့ပေမယ့်လည်း အသင်းပိုင်ရှင် တော့ဒ် ဘိုလီက နည်းပြအသစ်ကို အချိန်ပေးသွားချင်တဲ့ ဆန္ဒရှိနေတာကြောင့် ယခုရာသီ ထိပ်ဆုံး ၄ နေရာမဝင်ရင်တောင် နောက်ထပ်ရာသီအထိတော့ ရာထူးဆက်လက်မြဲနေဖွယ်ရှိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

Bettingexpert ရဲ႕ စူပါကြန္ပ်ဴတာဟာ ယခုရာသီကုန္မွာ အာဆင္နယ္အသင္းက မန္ခ်က္စတာစီးတီးကို ေက်ာ္ျဖတ္ၿပီး ပရီးမီးယားလိဂ္ဖလားကို ရရွိသြားလိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့ၿပီး ခ်ဲလ္ဆီးကေတာ့ အဆင့္ ၈ ေနရာမွာသာ ရာသီၿပီးဆုံးလိမ့္မယ္လို႔ သိရပါတယ္။

ယခုရာသီကို အႀကိမ္ေပါင္း ၁ သိန္း အလိုအေလ်ာက္တြက္ခ်က္ခဲ့ၿပီးေနာက္ စူပါကြန္ပ်ဴတာက စီးတီးနဲ႔ ဂန္းနားတို႔ဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား ထိပ္ဆုံးေနရာမွာ ရာသီၿပီးဆုံးႏိုင္တဲ့ အခြင့္အေရး ၄၈.၄ ရာခိုင္ႏႈန္းအိ ရွိတယ္ဆိုတာကို ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ျဖစ္ႏိုင္ေျခအရွိဆုံး အခင္းအက်င္းကေတာ့ အာတီတာရဲ႕အသင္းက ဂြါဒီယိုလာရဲ႕အသင္းကို ဂိုးကြာျခားခ်က္နဲ႔ အသာစီး ရယူၿပီး ဆယ္စုႏွစ္ ၂ ခုနီးပါးၾကာ ေဝးကြာေနတဲ့ အမွတ္ေပးဖလားကို ကိုင္ေျမႇာက္သြားႏိုင္လိမ့္မယ္လို႔ စူပါကြန္ပ်ဴတာက ခန႔္မွန္းခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ လက္ရွိမွာ ပရီးမီးယားလိဂ္ပြဲစဥ္ ၁၄ ပြဲ ကစားခဲ့ၿပီးေနာက္ ရမွတ္ ၃၇ မွတ္နဲ႔အတူ ဒုတိယေနရာက မန္ခ်က္စတာစီးတီးထက္ ၅ မွတ္အသာနဲ႔ အမွတ္ေပးဇယား ထိပ္ဆုံးေနရာမွာ ဦးေဆာင္ေနတာ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ စေနေန႔ညက ဝုလ္ဗ္စ္အသင္းကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၁ ေနရာမွာ ရာသီၿပီးဆုံးႏိုင္ေျခ ၂၂ ရာခိုင္ႏႈန္းကေန ၄၈.၄ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာခဲ့တာျဖစ္ၿပီး ဂြါဒီယိုလာရဲ႕အသင္းကေတာ့ အဲဒီေန႔ညေနမွာပဲ ဘရန႔္တ္ဖို႔ဒ္ကို အိမ္ကြင္းမွာ ၂-၁ နဲ႔ အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ ခ်ဲလ္ဆီးအသင္းကလည္း အထင္ႀကီးဖြယ္မေကာင္းတဲ့ အဆင့္ ၈ ေနရာမွာသာ ရာသီၿပီးဆုံးလိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္းခံခဲ့ရၿပီး အလိုအေလ်ာက္တြက္ခ်က္မႈအရ အေနာက္လန္ဒန္ ကလပ္အသင္းဟာ နည္းျပ ဂေရဟမ္ ေပါ့တားရဲ႕အသင္းေဟာင္း ဘ႐ိုက္တန္ရဲ႕ေနာက္မွာ ရာသီၿပီးဆုံးမွာျဖစ္တယ္လို႔ သိရပါတယ္။

ဂေရဟမ္ ေပါ့တားဟာ ပရီးမီးယားလိဂ္မွာ ၃ ပြဲဆက္တိုက္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဖိအားေတြ ဝင္ခဲ့ေပမယ့္လည္း အသင္းပိုင္ရွင္ ေတာ့ဒ္ ဘိုလီက နည္းျပအသစ္ကို အခ်ိန္ေပးသြားခ်င္တဲ့ ဆႏၵရွိေနတာေၾကာင့္ ယခုရာသီ ထိပ္ဆုံး ၄ ေနရာမဝင္ရင္ေတာင္ ေနာက္ထပ္ရာသီအထိေတာ့ ရာထူးဆက္လက္ၿမဲေနဖြယ္ရွိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.