Match Report Premier League

အမြင့်ပျံ စင်ရော်တွေကို အတောင်ချိုးခဲ့တဲ့ အူနိုင်းရဲ့ ဗီလာ

ယနေ့ည ၈ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ အက်စတန် ဗီလာတို့ရဲ့ပွဲစဉ်မှာ ဧည့်သည် အူနိုင်း အမ်မရီရဲ့အသင်းက ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမပိုင်း စစချင်းမှာပဲ အိမ်ရှင် ဘရိုက်တန်အသင်းက မက် အယ်လစ္စတာက အက်စတန် ဗီလာဂိုးသမား မာတီနက်ဇ်ရဲ့ အမှားကနေ အခွင့်ကောင်းယူပြီး တစ်ဦးချင်း ကန်သွင်းယူပြီး အဖွင့်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ မိနစ် ၂၀ မှာ လူးဝစ္စ ဒန့်ခ်က ဂျွန် မက်ဂင်းကို ပင်နယ်တီဧရိယာထဲမှာ လျှောထိုးဖျက်ထုတ်ခဲ့ချိန်မှာ ဘောလုံးကို မထိခဲ့တာကြောင့် ကွင်းလယ်ဒိုင်က အက်စတန် ဗီလာကို ပင်နယ်တီ ပြစ်ဒဏ်ဘောသတ်မှတ်ပေးခဲ့ပြီး ဒန်နီ အင့်က ဂိုးပေါက်အလယ်ကို အမှားအယွင်းမရှိ ကန်သွင်းပြီး ချေပဂိုး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၃၃ မိနစ်မှာ အိမ်ရှင်ဘရိုက်တန်က ထောင့်ကန်ဘောကနေ ဦးဆောင်ဂိုး ရရှိလုနီးပါးဖြစ်ခဲ့ပြီး ဂရို့စ်က ထောင့်ကန်ဘောကနေ ဂိုးပေါက်ထဲကို တိုက်ရိုက်ကန်သွင်းခဲ့ပေမယ့်လည်း မာတီနက်ဇ်က ပုတ်ထုတ်ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၉ မိနစ်အကြာမှာ မက် အယ်လစ္စတာက ပင်နယ်တီဧရိယာအစွန်မှာ ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးခဲ့ပြီးနောက် ဒေါက်ဂလပ်စ် လူးဝစ်ဇ်က ဒန်နီ အင့်ဆီကို ပေးပို့ခဲ့ရာမှာ အက်စတန် ဗီလာတိုက်စစ်မှူးက ကန်သွင်းခဲ့ပြီး လမ်းကြောင်း ပြောင်းသွားတဲ့ ဘောလုံးကို ဆန်းချက်ဇ် မကာကွယ်နိုင်ခဲ့ဘဲ ဂိုးခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။

ဘရိုက်တန်အသင်းဟာ ၅၉ မိနစ်မှာ ဝဲလ်ဘက်ခ်နဲ့ အန်စီကိုတို့ရဲ့နေရာမှာ ဗဲ့တ်မန်းနဲ့ အန်ဒက်ဗ်တို့ကို ထည့်သွင်းခဲ့ပြီး ကစားပုံ အနည်းငယ် ကောင်းမွန်လာခဲ့ပေမယ့် အက်စတန် ဗီလာနောက်ခံလူတွေနဲ့ ဂိုးသမားက အကောင်းဆုံးကာကွယ်နိုင်ခဲ့တာကြောင့် ချေပဂိုး ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။ ၈၁ မိနစ်မှာ ထရော့ဆက်က ဘယ်တောင်ပံကနေ အတွင်းကို ချိုးဝင်ပြီး ကန်သွင်းနေကျပုံစံအတိုင်း အားပါပြင်းထန်တဲ့ ကန်ချက်နဲ့ အဆုံးသတ်ခဲ့ပေမယ့်လည်း မာတီနက်ဇ်က ဒိုင်ဗင်ပစ်ပြီး အကောင်းဆုံးပုံစံနဲ့ အမိဖမ်းသွားခဲ့တဲ့အတွက် ဘရိုက်တန်တို့ အခွင့်အရေးကောင်းတစ်ခုကို ဆုံးရှုံးခဲ့ရပြန်တာဖြစ်ပါတယ်။

၈၉ မိနစ်မှာ မက် အယ်လစ္စတာရဲ့ဖြတ်တင်ပေးပို့မှုကို ကိုလ်ဝီလ် ပင်နယ်တီဧရိယာအလယ်မှာ လူကပ်ခံထားရခြင်းမရှိတဲ့ အနေအထားနဲ့ ပိတ်သွင်းယူခဲ့ပေမယ့်လည်း ချဲလ်ဆီးကနေ အငှားနဲ့ လာကစားနေတဲ့ ကစားသမားဟာ ဂိုးပေါက်ကို လုံးလုံး လွဲချော်ခဲ့တာဖြစ်ပြီး ပွဲကစားချိန် မိနစ် ၉၀ ပြည့်သွားချိန်မှာ နာကျင်အချိန်ပို ၈ မိနစ်အထိ သတ်မှတ်ပေးခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း အက်စတန် ဗီလာအသင်းက အဝေးကွင်း အနိုင် ၃ မှတ်အပြည့် ရယူပြီး အိမ်ပြန်ဖို့ ဆုံးဖြတ်ထားတာကြောင့် ခံစစ်ကို တစ်သင်းလုံး ဆင်းပိတ်ကစားခဲ့သလို ကစားသမားတွေကလည်း အဝါကတ် အထိခံပြီး အချိန်ဖြုန်းတီးခဲ့တာကြောင့် ၂-၁ နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

အက်စတန် ဗီလာအသင်းဟာ ဘရိုက်တန် အိမ်ကွင်းမှာ ရရှိခဲ့တဲ့ အဖိုးတန် အဝေးကွင်းအနိုင် ၃ မှတ်ကြောင့် ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၁၂ နေရာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး ဘရိုက်တန်အသင်းကတော့ ရမှတ် ၂၁ မှတ်နဲ့ အဆင့် ၇ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယေန႔ည ၈ နာရီ ၃၀ မိနစ္အခ်ိန္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဘ႐ိုက္တန္နဲ႔ အက္စတန္ ဗီလာတို႔ရဲ႕ပြဲစဥ္မွာ ဧည့္သည္ အူႏိုင္း အမ္မရီရဲ႕အသင္းက ၂-၁ နဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

ပထမပိုင္း စစခ်င္းမွာပဲ အိမ္ရွင္ ဘ႐ိုက္တန္အသင္းက မက္ အယ္လစၥတာက အက္စတန္ ဗီလာဂိုးသမား မာတီနက္ဇ္ရဲ႕ အမွားကေန အခြင့္ေကာင္းယူၿပီး တစ္ဦးခ်င္း ကန္သြင္းယူၿပီး အဖြင့္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ မိနစ္ ၂၀ မွာ လူးဝစၥ ဒန႔္ခ္က ဂြၽန္ မက္ဂင္းကို ပင္နယ္တီဧရိယာထဲမွာ ေလွ်ာထိုးဖ်က္ထုတ္ခဲ့ခ်ိန္မွာ ေဘာလုံးကို မထိခဲ့တာေၾကာင့္ ကြင္းလယ္ဒိုင္က အက္စတန္ ဗီလာကို ပင္နယ္တီ ျပစ္ဒဏ္ေဘာသတ္မွတ္ေပးခဲ့ၿပီး ဒန္နီ အင့္က ဂိုးေပါက္အလယ္ကို အမွားအယြင္းမရွိ ကန္သြင္းၿပီး ေခ်ပဂိုး သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၃၃ မိနစ္မွာ အိမ္ရွင္ဘ႐ိုက္တန္က ေထာင့္ကန္ေဘာကေန ဦးေဆာင္ဂိုး ရရွိလုနီးပါးျဖစ္ခဲ့ၿပီး ဂ႐ို႕စ္က ေထာင့္ကန္ေဘာကေန ဂိုးေပါက္ထဲကို တိုက္႐ိုက္ကန္သြင္းခဲ့ေပမယ့္လည္း မာတီနက္ဇ္က ပုတ္ထုတ္ကာကြယ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္း ျပန္လည္စတင္ၿပီး ၉ မိနစ္အၾကာမွာ မက္ အယ္လစၥတာက ပင္နယ္တီဧရိယာအစြန္မွာ ေဘာလုံးပိုင္ဆိုင္မႈ ဆုံးရႈံးခဲ့ၿပီးေနာက္ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္က ဒန္နီ အင့္ဆီကို ေပးပို႔ခဲ့ရာမွာ အက္စတန္ ဗီလာတိုက္စစ္မႉးက ကန္သြင္းခဲ့ၿပီး လမ္းေၾကာင္း ေျပာင္းသြားတဲ့ ေဘာလုံးကို ဆန္းခ်က္ဇ္ မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးခြင့္ျပဳေပးခဲ့ရတာျဖစ္ပါတယ္။

ဘ႐ိုက္တန္အသင္းဟာ ၅၉ မိနစ္မွာ ဝဲလ္ဘက္ခ္နဲ႔ အန္စီကိုတို႔ရဲ႕ေနရာမွာ ဗဲ့တ္မန္းနဲ႔ အန္ဒက္ဗ္တို႔ကို ထည့္သြင္းခဲ့ၿပီး ကစားပုံ အနည္းငယ္ ေကာင္းမြန္လာခဲ့ေပမယ့္ အက္စတန္ ဗီလာေနာက္ခံလူေတြနဲ႔ ဂိုးသမားက အေကာင္းဆုံးကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ေခ်ပဂိုး ရရွိဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ ၈၁ မိနစ္မွာ ထေရာ့ဆက္က ဘယ္ေတာင္ပံကေန အတြင္းကို ခ်ိဳးဝင္ၿပီး ကန္သြင္းေနက်ပုံစံအတိုင္း အားပါျပင္းထန္တဲ့ ကန္ခ်က္နဲ႔ အဆုံးသတ္ခဲ့ေပမယ့္လည္း မာတီနက္ဇ္က ဒိုင္ဗင္ပစ္ၿပီး အေကာင္းဆုံးပုံစံနဲ႔ အမိဖမ္းသြားခဲ့တဲ့အတြက္ ဘ႐ိုက္တန္တို႔ အခြင့္အေရးေကာင္းတစ္ခုကို ဆုံးရႈံးခဲ့ရျပန္တာျဖစ္ပါတယ္။

၈၉ မိနစ္မွာ မက္ အယ္လစၥတာရဲ႕ျဖတ္တင္ေပးပို႔မႈကို ကိုလ္ဝီလ္ ပင္နယ္တီဧရိယာအလယ္မွာ လူကပ္ခံထားရျခင္းမရွိတဲ့ အေနအထားနဲ႔ ပိတ္သြင္းယူခဲ့ေပမယ့္လည္း ခ်ဲလ္ဆီးကေန အငွားနဲ႔ လာကစားေနတဲ့ ကစားသမားဟာ ဂိုးေပါက္ကို လုံးလုံး လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး ပြဲကစားခ်ိန္ မိနစ္ ၉၀ ျပည့္သြားခ်ိန္မွာ နာက်င္အခ်ိန္ပို ၈ မိနစ္အထိ သတ္မွတ္ေပးျခင္းခံခဲ့ရပါတယ္။

ဒါေပမယ့္လည္း အက္စတန္ ဗီလာအသင္းက အေဝးကြင္း အႏိုင္ ၃ မွတ္အျပည့္ ရယူၿပီး အိမ္ျပန္ဖို႔ ဆုံးျဖတ္ထားတာေၾကာင့္ ခံစစ္ကို တစ္သင္းလုံး ဆင္းပိတ္ကစားခဲ့သလို ကစားသမားေတြကလည္း အဝါကတ္ အထိခံၿပီး အခ်ိန္ျဖဳန္းတီးခဲ့တာေၾကာင့္ ၂-၁ နဲ႔ပဲ ပြဲၿပီးဆုံးသြားခဲ့ပါတယ္။

အက္စတန္ ဗီလာအသင္းဟာ ဘ႐ိုက္တန္ အိမ္ကြင္းမွာ ရရွိခဲ့တဲ့ အဖိုးတန္ အေဝးကြင္းအႏိုင္ ၃ မွတ္ေၾကာင့္ ရမွတ္ ၁၈ မွတ္နဲ႔ အဆင့္ ၁၂ ေနရာကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ၿပီး ဘ႐ိုက္တန္အသင္းကေတာ့ ရမွတ္ ၂၁ မွတ္နဲ႔ အဆင့္ ၇ ေနရာမွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.