Premier League

ဆာကာကို ဒိုင်က မကာကွယ်ရင် အသင်းက ကာကွယ်ရမယ်လို့ ပြောလိုက်တဲ့ အာတီတာ

အာဆင်နယ်အသင်းရဲ့ နည်းပြ မီခယ်လ် အာတီတာက သူတို့ရဲ့ ကြယ်ပွင့်တောင်ပံကစားသမား ဘူကာယို ဆာကာကို ပြိုင်ဘက်ကစားသမား တချို့က ပစ်မှတ်ထားပြီး ပွဲတွင်းမှာ ခပ်ကြမ်းကြမ်း တိုက်ခိုက်ကစားလာတဲ့အပေါ် ဒိုင်လူကြီးတွေက ကာကွယ်မပေးဘူးဆိုရင် အသင်းသားချင်း စည်းလုံးမှု ရှိရှိနဲ့ ကာကွယ်ပေးဖို့ သိတတ်ရမှာဖြစ်ကြောင်း ဝုလ်ဗ်စ်နဲ့ ပွဲအကြိုမှာ ပြောကြားလိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ် အင်္ဂလန်တောင်ပံသမားဟာ အာဆင်နယ်တို့ရဲ့ အဓိက တိုက်စစ်လမ်းကြောင်းတွေကို ပုံဖော်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ ညာတောင်ပံကနေ သွင်းဂိုးနဲ့ ဖန်တီးမှုတွေကို ပြုလုပ်လေ့ရှိသလို တိုက်ရိုက်တိုက်စစ်ဆင်တဲ့ ဘယ်တောင်ပံက ဂါဘရီယယ်လ် မာတီနယ်လီနဲ့ မတူဘဲ ဖန်တီးမှုပိုင်းမှာ တာဝန်ပိုများသူလည်းဖြစ်နေခဲ့တာပါ။

မာတီနယ်လီလောက် မမြန်သလို ခန္ဓာကိုယ် တည်ဆောက်ပုံ မကျစ်လျစ်တဲ့ သူ့ကို ပြိုင်ဘက်ခံစစ်သမားတွေက မကြာခဏဆိုသလို ပြစ်ဒဏ်တွေ ကျူးလွန်နေခဲ့ပြီး ဆာကာအနေနဲ့ ဒိုင်လူကြီးတွေရဲ့ ကာကွယ်ပေးမှုကို ရရှိဖို့လည်း လုံလောက်အောင် မပါးနပ်တဲ့အခါ ဒိုက်ဗင်ထိုးတယ်လို့ စွပ်စွဲခံလိုခံရ၊ ဖောင်းမပေးလို့ တုံ့ပြန်မိလို့ အဝါထိလိုထိနဲ့ဖြစ်နေခဲ့ရပါတယ်။

ဒီအခြေအနေမှာ နည်းပြ အာတီတာကတော့ ပစ်မှတ်ထားခံရတဲ့ အခါမျိုးမှာ အသင်းဖော်ကစားသမားတွေအနေနဲ့ ဆာကာကို ကူညီပေးတာမျိုး၊ မလိုအပ်ဘဲ ဘောလုံးကိုင်ခိုင်းထားတာမျိုး မလုပ်ဘဲ ထိထိရောက်ရောက် တိုက်စစ်ဆင်နိုင်မယ်ဆိုမှ ဘောလုံးပေးတာမျိုးလုပ်ပြီး ထိခိုက်ဒဏ်ရာမရအောင် စောင့်ရှောက်ပေးရလိမ့်မယ်လို့ ဆိုလိုက်တာပါ။

“ကစားသမားတစ်ယောက်က ပိုကောင်းလာတာနဲ့ သူ့ကို တားဆီးဖို့ ပိုပြီး ပြင်းပြင်းထန်ထန် လုပ်လာကြမှာပဲ။ ဒါကို ဒိုင်လူကြီးတွေ ကာကွယ်ဖို့ တာဝန်ရှိသလို အသင်းသားတွေကလည်း ပိုပြီး ဉာဏ်ကောင်းတဲ့ ပုံစံနဲ့ ကူညီရလိမ့်မယ်။ သူနဲ့ ချိတ်ဆက်ကစားဖို့ တိုင်မင်မှန်ရမယ်၊ ဆုံးဖြတ်ချက်မှန်မှန်နဲ့ ထိရောက်တဲ့ ဘောလုံးမျိုးတွေ၊ အပိုင်အခွင့်အရေးမျိုးတွေ ဖန်တီးပေးနိုင်ရလိမ့်မယ်”လို့ အာတီတာက ထောက်ပြသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းမှာတော့ ဆာကာရဲ့ ပြစ်ဒဏ်ကျူးလွန်ခံရမှုတွေကို ကြည့်လိုက်မိရင် တစ်ဖက်ကစားသမားကို ဝိုင်းဝန်းရင်ဆိုင်ပေးဖို့ ပျက်ကွက်နေတဲ့ မျက်နှာငယ်လေးနဲ့ အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ကို အားလုံးက ပြေးမြင်ကြမှာဖြစ်ပြီး အရာအားလုံးကို လက်ပတ်မရှိတဲ့ ခေါင်းဆောင် ဂရာနစ် ချာကာက ကိုင်တွယ်နေလို့ မဖြစ်တဲ့အခါ နော်ဝေသားရဲ့ တိုက်ပွဲဝင်စိတ်ကိုလည်း တိုးတက်စေဖို့ လိုနေတာပါ။

တကယ်တမ်းမှာတော့ အော်ဒီဂွါဒ်ဟာ ဆာကာနဲ့ အနီးဆုံးနေရာက တွဲဖက်ကစားနေသူလည်းဖြစ်ပြီး တစ်ခုခု ပြဿနာဖြစ်တာနဲ့ အနားသွားပြီး ရင်ဆိုင်ရမယ့်အစား ဒိုင်နဲ့ ဝေးဝေးကို ရှောင်ပြေးနေတာတွေကလည်း မဖြစ်သင့်တဲ့ ပုံစံဖြစ်ပြီး နည်းပြ အာတီတာအနေနဲ့ အသင်းသားတွေကို ကာကွယ်ဖို့ ပြောပြီဆိုရင်တော့ ဒီကစားသမားရဲ့ တာဝန်ယူ တာဝန်ခံမှုပိုင်းကိုလည်း ပြုပြင်ပေးရဖို့ ရှိနေကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းရဲ႕ နည္းျပ မီခယ္လ္ အာတီတာက သူတို႔ရဲ႕ ၾကယ္ပြင့္ေတာင္ပံကစားသမား ဘူကာယို ဆာကာကို ၿပိဳင္ဘက္ကစားသမား တခ်ိဳ႕က ပစ္မွတ္ထားၿပီး ပြဲတြင္းမွာ ခပ္ၾကမ္းၾကမ္း တိုက္ခိုက္ကစားလာတဲ့အေပၚ ဒိုင္လူႀကီးေတြက ကာကြယ္မေပးဘူးဆိုရင္ အသင္းသားခ်င္း စည္းလုံးမႈ ရွိရွိနဲ႔ ကာကြယ္ေပးဖို႔ သိတတ္ရမွာျဖစ္ေၾကာင္း ဝုလ္ဗ္စ္နဲ႔ ပြဲအႀကိဳမွာ ေျပာၾကားလိုက္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ အဂၤလန္ေတာင္ပံသမားဟာ အာဆင္နယ္တို႔ရဲ႕ အဓိက တိုက္စစ္လမ္းေၾကာင္းေတြကို ပုံေဖာ္သူတစ္ဦးျဖစ္ၿပီး သူ႔ရဲ႕ ညာေတာင္ပံကေန သြင္းဂိုးနဲ႔ ဖန္တီးမႈေတြကို ျပဳလုပ္ေလ့ရွိသလို တိုက္႐ိုက္တိုက္စစ္ဆင္တဲ့ ဘယ္ေတာင္ပံက ဂါဘရီယယ္လ္ မာတီနယ္လီနဲ႔ မတူဘဲ ဖန္တီးမႈပိုင္းမွာ တာဝန္ပိုမ်ားသူလည္းျဖစ္ေနခဲ့တာပါ။

မာတီနယ္လီေလာက္ မျမန္သလို ခႏၶာကိုယ္ တည္ေဆာက္ပုံ မက်စ္လ်စ္တဲ့ သူ႔ကို ၿပိဳင္ဘက္ခံစစ္သမားေတြက မၾကာခဏဆိုသလို ျပစ္ဒဏ္ေတြ က်ဴးလြန္ေနခဲ့ၿပီး ဆာကာအေနနဲ႔ ဒိုင္လူႀကီးေတြရဲ႕ ကာကြယ္ေပးမႈကို ရရွိဖို႔လည္း လုံေလာက္ေအာင္ မပါးနပ္တဲ့အခါ ဒိုက္ဗင္ထိုးတယ္လို႔ စြပ္စြဲခံလိုခံရ၊ ေဖာင္းမေပးလို႔ တုံ႔ျပန္မိလို႔ အဝါထိလိုထိနဲ႔ျဖစ္ေနခဲ့ရပါတယ္။

ဒီအေျခအေနမွာ နည္းျပ အာတီတာကေတာ့ ပစ္မွတ္ထားခံရတဲ့ အခါမ်ိဳးမွာ အသင္းေဖာ္ကစားသမားေတြအေနနဲ႔ ဆာကာကို ကူညီေပးတာမ်ိဳး၊ မလိုအပ္ဘဲ ေဘာလုံးကိုင္ခိုင္းထားတာမ်ိဳး မလုပ္ဘဲ ထိထိေရာက္ေရာက္ တိုက္စစ္ဆင္ႏိုင္မယ္ဆိုမွ ေဘာလုံးေပးတာမ်ိဳးလုပ္ၿပီး ထိခိုက္ဒဏ္ရာမရေအာင္ ေစာင့္ေရွာက္ေပးရလိမ့္မယ္လို႔ ဆိုလိုက္တာပါ။

“ကစားသမားတစ္ေယာက္က ပိုေကာင္းလာတာနဲ႔ သူ႔ကို တားဆီးဖို႔ ပိုၿပီး ျပင္းျပင္းထန္ထန္ လုပ္လာၾကမွာပဲ။ ဒါကို ဒိုင္လူႀကီးေတြ ကာကြယ္ဖို႔ တာဝန္ရွိသလို အသင္းသားေတြကလည္း ပိုၿပီး ဉာဏ္ေကာင္းတဲ့ ပုံစံနဲ႔ ကူညီရလိမ့္မယ္။ သူနဲ႔ ခ်ိတ္ဆက္ကစားဖို႔ တိုင္မင္မွန္ရမယ္၊ ဆုံးျဖတ္ခ်က္မွန္မွန္နဲ႔ ထိေရာက္တဲ့ ေဘာလုံးမ်ိဳးေတြ၊ အပိုင္အခြင့္အေရးမ်ိဳးေတြ ဖန္တီးေပးႏိုင္ရလိမ့္မယ္”လို႔ အာတီတာက ေထာက္ျပသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းမွာေတာ့ ဆာကာရဲ႕ ျပစ္ဒဏ္က်ဴးလြန္ခံရမႈေတြကို ၾကည့္လိုက္မိရင္ တစ္ဖက္ကစားသမားကို ဝိုင္းဝန္းရင္ဆိုင္ေပးဖို႔ ပ်က္ကြက္ေနတဲ့ မ်က္ႏွာငယ္ေလးနဲ႔ အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္ကို အားလုံးက ေျပးျမင္ၾကမွာျဖစ္ၿပီး အရာအားလုံးကို လက္ပတ္မရွိတဲ့ ေခါင္းေဆာင္ ဂရာနစ္ ခ်ာကာက ကိုင္တြယ္ေနလို႔ မျဖစ္တဲ့အခါ ေနာ္ေဝသားရဲ႕ တိုက္ပြဲဝင္စိတ္ကိုလည္း တိုးတက္ေစဖို႔ လိုေနတာပါ။

တကယ္တမ္းမွာေတာ့ ေအာ္ဒီဂြါဒ္ဟာ ဆာကာနဲ႔ အနီးဆုံးေနရာက တြဲဖက္ကစားေနသူလည္းျဖစ္ၿပီး တစ္ခုခု ျပႆနာျဖစ္တာနဲ႔ အနားသြားၿပီး ရင္ဆိုင္ရမယ့္အစား ဒိုင္နဲ႔ ေဝးေဝးကို ေရွာင္ေျပးေနတာေတြကလည္း မျဖစ္သင့္တဲ့ ပုံစံျဖစ္ၿပီး နည္းျပ အာတီတာအေနနဲ႔ အသင္းသားေတြကို ကာကြယ္ဖို႔ ေျပာၿပီဆိုရင္ေတာ့ ဒီကစားသမားရဲ႕ တာဝန္ယူ တာဝန္ခံမႈပိုင္းကိုလည္း ျပဳျပင္ေပးရဖို႔ ရွိေနေၾကာင္းလည္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.