Premier League

အောက်တိုဘာအကောင်းဆုံးဆုတွေကို ဟက်ထရစ်သိမ်းတဲ့ နယူးကာဆယ်လ်

နယူးကာဆယ်လ်ယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်ကနေ ပေးအပ်ချီးမြှင့်တဲ့ အောက်တိုဘာလတစ်လတာအတွက် အကောင်းဆုံးဆုတွေကို အားလုံးရယူသွားနိုင်ခဲ့ပြီး နည်းပြဆု၊ ကစားသမားဆုနဲ့ အကောင်းဆုံးဂိုးဆုတွေကို တစ်သင်းတည်း လက်ဝါးကြီးအုပ် သိမ်းပိုက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလအတွင်းမှာ ငှက်ကျားတွေအနေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲ ကစားခဲ့ရာမှာ ၅ ပွဲနိုင် ၁ ပွဲသရေနဲ့ ရှုံးပွဲမရှိ ရလဒ်ထွက်ပေါ်အောင် ကစားနိုင်ခဲ့ကြတာဖြစ်ပြီး ဖူလ်ဟမ်၊ ဘရန့်ဖို့ဒ်၊ အဲဗာတန်၊ တော့တင်ဟမ်ဟော့စပါးနဲ့ အက်စတန်ဗီလာတို့ကို အနိုင်ရရှိခဲ့သလို မန်ချက်စတာယူနိုက်တက် တစ်သင်းတည်းကိုသာ အဝေးကွင်းမှာ သရေကျခဲ့တာပါ။

နယူးကာဆယ်လ်တို့အနေနဲ့ ဒီပွဲ ၆ ပွဲမှာ အမှတ်ပြည့် ၁၈ မှတ်ထဲကနေ ၁၆ မှတ်အထိ သိမ်းပိုက်နိုင်ခဲ့ပြီး အမှတ်ပေးဇယားရဲ့ တတိယနေရာကိုလည်း သိမ်းယူနိုင်ခဲ့တာကြောင့် နည်းပြ အက်ဒီဟောင်းအနေနဲ့ အောက်တိုဘာလရဲ့ အကောင်းဆုံးနည်းပြအဖြစ် အသင်းနှစ်သင်းနဲ့ ၅ ကြိမ်မြောက် ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အက်ဒီဟောင်းအတွက် ပဉ္စမမြောက်ဆုဖြစ်ခဲ့တဲ့ ဒီဆုကြောင့် ထာဝရ အကြိမ်ရေအများဆုံး ရရှိမှုစာရင်းမှာ အဆင့် ၁၁ နေရာကို တက်လှမ်းလာနိုင်ခဲ့ပြီး သူ့အနေနဲ့ ဘုန်းမောက်အသင်းနဲ့ ၂၀၁၇ မတ်လ၊ ၂၀၁၈ ဇန်နဝါရီလ၊ ၂၀၁၈ အောက်တိုဘာလတွေမှာ ရယူထားခဲ့သလို နယူးကာဆယ်လ်အသင်းနဲ့တော့ ၂၀၂၂ ဖေဖော်ဝါရီလမှာ ရယူထားနိုင်ခဲ့တာပါ။

ဆော်ဒီပိုင် တွန်းအာမီတို့ဟာ ဒီ ၆ ပွဲမှာ ၁၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ပေးဂိုး ၄ ဂိုး ရှိခဲ့ရာမှာ သွင်းဂိုးတွေထဲက ၆ ဂိုးကို တောင်ပံကစားသမား မီဂယ်လ် အယ်လ်မီရွန်က သွင်းယူပေးခဲ့ပြီး ဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးနိုင်တာကြောင့် တစ်လတာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး ၂၀၀၇ ခုနှစ်က ဘလက်ဘန်းကစားသမား ရိုကေး ဆန်တာခရုဇ်နောက်မှာ ပါရာဂွေးသားတစ်ဦးရဲ့ ပထမဆုံး ဆုလည်းဖြစ်ခဲ့ပါတယ်။

အယ်လ်မီရွန်အနေနဲ့ အောက်တိုဘာလအတွက် ဒုတိယမြောက်ဆုကိုလည်း ရရှိသွားခဲ့ပြီး ဒီဆုကတော့ ဖူလ်ဟမ်ကို ငါးဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ဂိုးပေါက်ကို မကြည့်ဘဲ ကန်သွင်းယူခဲ့တဲ့ အသင်းအတွက် စတုတ္ထမြောက်ဂိုးနဲ့ ဆွတ်ခူးနိုင်ခဲ့တာဖြစ်သလို ၂၀၂၂ ဧပြီလက ဆုအပြီးမှာ ဒုတိယမြောက် အဖြစ် သိမ်းပိုက်နိုင်ခဲ့တာပါ။

ဒီလအတွက် ဂိုးသမားတွေကို ပေးအပ်လေ့ရှိတဲ့ စွမ်းဆောင်ရည် အကောင်းဆုံးဆုတစ်ခုဖြစ်တဲ့ ကာကွယ်မှုအကောင်းဆုံးဆုကိုတော့ ချဲလ်ဆီးအသင်းရဲ့ အရန်ခုံကနေ ရုန်းထလာခဲ့တဲ့ တစ်ကျော့ပြန်ဂိုးသမား ကီပါ အာရီဇာဘာလာဂါက ရရှိသွားခဲ့ပြီး အက်စ်တန်ဗီလာနဲ့ပွဲက ရမ်ဆေးနဲ့ မက်ဂင်းတို့ရဲ့ ကန်ချက်တွေကို နှစ်ကြိမ်ဆက် ကာကွယ်နိုင်ခဲ့ရာမှာ ရွေးချယ်ခံခဲ့ရတာလည်းဖြစ်ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နယူးကာဆယ္လ္ယူႏိုက္တက္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ေဘာလုံးအဖြဲ႕ခ်ဳပ္ကေန ေပးအပ္ခ်ီးျမႇင့္တဲ့ ေအာက္တိုဘာလတစ္လတာအတြက္ အေကာင္းဆုံးဆုေတြကို အားလုံးရယူသြားႏိုင္ခဲ့ၿပီး နည္းျပဆု၊ ကစားသမားဆုနဲ႔ အေကာင္းဆုံးဂိုးဆုေတြကို တစ္သင္းတည္း လက္ဝါးႀကီးအုပ္ သိမ္းပိုက္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ေအာက္တိုဘာလအတြင္းမွာ ငွက္က်ားေတြအေနနဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္ ၆ ပြဲ ကစားခဲ့ရာမွာ ၅ ပြဲႏိုင္ ၁ ပြဲသေရနဲ႔ ရႈံးပြဲမရွိ ရလဒ္ထြက္ေပၚေအာင္ ကစားႏိုင္ခဲ့ၾကတာျဖစ္ၿပီး ဖူလ္ဟမ္၊ ဘရန႔္ဖို႔ဒ္၊ အဲဗာတန္၊ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ အက္စတန္ဗီလာတို႔ကို အႏိုင္ရရွိခဲ့သလို မန္ခ်က္စတာယူႏိုက္တက္ တစ္သင္းတည္းကိုသာ အေဝးကြင္းမွာ သေရက်ခဲ့တာပါ။

နယူးကာဆယ္လ္တို႔အေနနဲ႔ ဒီပြဲ ၆ ပြဲမွာ အမွတ္ျပည့္ ၁၈ မွတ္ထဲကေန ၁၆ မွတ္အထိ သိမ္းပိုက္ႏိုင္ခဲ့ၿပီး အမွတ္ေပးဇယားရဲ႕ တတိယေနရာကိုလည္း သိမ္းယူႏိုင္ခဲ့တာေၾကာင့္ နည္းျပ အက္ဒီေဟာင္းအေနနဲ႔ ေအာက္တိုဘာလရဲ႕ အေကာင္းဆုံးနည္းျပအျဖစ္ အသင္းႏွစ္သင္းနဲ႔ ၅ ႀကိမ္ေျမာက္ ရယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

အက္ဒီေဟာင္းအတြက္ ပၪၥမေျမာက္ဆုျဖစ္ခဲ့တဲ့ ဒီဆုေၾကာင့္ ထာဝရ အႀကိမ္ေရအမ်ားဆုံး ရရွိမႈစာရင္းမွာ အဆင့္ ၁၁ ေနရာကို တက္လွမ္းလာႏိုင္ခဲ့ၿပီး သူ႔အေနနဲ႔ ဘုန္းေမာက္အသင္းနဲ႔ ၂၀၁၇ မတ္လ၊ ၂၀၁၈ ဇန္နဝါရီလ၊ ၂၀၁၈ ေအာက္တိုဘာလေတြမွာ ရယူထားခဲ့သလို နယူးကာဆယ္လ္အသင္းနဲ႔ေတာ့ ၂၀၂၂ ေဖေဖာ္ဝါရီလမွာ ရယူထားႏိုင္ခဲ့တာပါ။

ေဆာ္ဒီပိုင္ တြန္းအာမီတို႔ဟာ ဒီ ၆ ပြဲမွာ ၁၆ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး ေပးဂိုး ၄ ဂိုး ရွိခဲ့ရာမွာ သြင္းဂိုးေတြထဲက ၆ ဂိုးကို ေတာင္ပံကစားသမား မီဂယ္လ္ အယ္လ္မီ႐ြန္က သြင္းယူေပးခဲ့ၿပီး ဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ေပးႏိုင္တာေၾကာင့္ တစ္လတာအေကာင္းဆုံး ကစားသမားဆုကို ရရွိခဲ့ၿပီး ၂၀၀၇ ခုႏွစ္က ဘလက္ဘန္းကစားသမား ႐ိုေကး ဆန္တာခ႐ုဇ္ေနာက္မွာ ပါရာေဂြးသားတစ္ဦးရဲ႕ ပထမဆုံး ဆုလည္းျဖစ္ခဲ့ပါတယ္။

အယ္လ္မီ႐ြန္အေနနဲ႔ ေအာက္တိုဘာလအတြက္ ဒုတိယေျမာက္ဆုကိုလည္း ရရွိသြားခဲ့ၿပီး ဒီဆုကေတာ့ ဖူလ္ဟမ္ကို ငါးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲမွာ ဂိုးေပါက္ကို မၾကည့္ဘဲ ကန္သြင္းယူခဲ့တဲ့ အသင္းအတြက္ စတုတၳေျမာက္ဂိုးနဲ႔ ဆြတ္ခူးႏိုင္ခဲ့တာျဖစ္သလို ၂၀၂၂ ဧၿပီလက ဆုအၿပီးမွာ ဒုတိယေျမာက္ အျဖစ္ သိမ္းပိုက္ႏိုင္ခဲ့တာပါ။

ဒီလအတြက္ ဂိုးသမားေတြကို ေပးအပ္ေလ့ရွိတဲ့ စြမ္းေဆာင္ရည္ အေကာင္းဆုံးဆုတစ္ခုျဖစ္တဲ့ ကာကြယ္မႈအေကာင္းဆုံးဆုကိုေတာ့ ခ်ဲလ္ဆီးအသင္းရဲ႕ အရန္ခုံကေန ႐ုန္းထလာခဲ့တဲ့ တစ္ေက်ာ့ျပန္ဂိုးသမား ကီပါ အာရီဇာဘာလာဂါက ရရွိသြားခဲ့ၿပီး အက္စ္တန္ဗီလာနဲ႔ပြဲက ရမ္ေဆးနဲ႔ မက္ဂင္းတို႔ရဲ႕ ကန္ခ်က္ေတြကို ႏွစ္ႀကိမ္ဆက္ ကာကြယ္ႏိုင္ခဲ့ရာမွာ ေ႐ြးခ်ယ္ခံခဲ့ရတာလည္းျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.