Analysis Match Preview Premier League

ခရစ္စ ဆပ်တန်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ အတွက် ခန့်မှန်းချက်များ

မန်ချက်စတာစီးတီး-ဘရန့်ဖို့ဒ်
စပါးစ်နည်းပြ ကွန်တီကတော့ သူ့ရဲ့ ဟာရီကိန်းကို အင်္ဂလန်အတွက် အနားပေးထားမယ်လို့ ပြောပေမယ့် မန်စီးတီးနည်းပြ ဂွါဒီယိုလာအတွက် သူ့လိုမျိုးတော့ အသင်းမှာ အနားမရှိ သုံးတဲ့ ကစားသမားမျိုး မရှိတာကြောင့် ဒီနေ့ပွဲကို ပုံမှန် လှည့်ပတ်ထားတဲ့ လူစာရင်းမျိုးနဲ့ပဲ ပွဲထုတ်လာဖို့ ရှိမှာပါ။ ဖူလ်ဟမ်ကို တစ်ယောက်လျော့နဲ့ ကစားရပြီး နောက်ဆုံးမှ အနိုင်ရအောင် လုပ်ခဲ့တဲ့ ကန်ဆယ်လို မပါနိုင်ပေမယ့် ဘရန့်ဖို့ဒ်ကလည်း မန်စီးတီးကိုတော့ သိပ်ပြီး ဒုက္ခပေးနိုင်ဖို့ မရှိပါဘူး။ အိမ်ရှင်တွေ ဂိုးပြတ်အနိုင်ရဦးမှာပါ။ (မန်စီးတီး 4-0 ဘရန့်ဖို့ဒ်)

ဘုန်းမောက်-အဲဗာတန်
ပြီးခဲ့တဲ့ ကာရာဘောင်းဖလားမှာ နှစ်သင်းစလုံး အရန်လူတွေနဲ့ ကစားတုန်းက အိမ်ကွင်းမှာ ဘုန်းမောက်ပဲ အနိုင်ရခဲ့ပါတယ်။ အဲဗာတန်နည်းပြ လမ်းပတ်အနေနဲ့ အပြောင်းအလဲလုပ်ခဲ့ပေမယ့် ဆေးမမီခဲ့ဘဲ သူ့အသင်းကို သူကိုယ်တိုင် နားမလည်သေးတဲ့ ပုံစံမျိုးပဲ ပြသနေခဲ့သလို အိမ်ကွင်းမှာတော့ ဘုန်းမောက်တို့ကပဲ ပိုကောင်းနိုင်မှာပါ။ ပရီးမီးယားလိဂ်ရဲ့ ဇယားအောက်ပိုင်းကို ရောက်နေတဲ့ နှစ်သင်းစလုံး အမှတ်လိုနေလို့ ရုန်းကန်ကြမှာဖြစ်တာကြောင့် တစ်မှတ်စီပဲ ခွဲယူသွားကြမယ်လို့ ထင်ပါတယ်။ (ဘုန်းမောက် 1-1 အဲဗာတန်)

လီဗာပူးလ်-ဆောက်သမ်တန်
နည်းပြသစ် နာသန် ဂျုံးစ်ရဲ့ ပထမဆုံးပွဲက အန်းဖီးလ်မှာ ဖြစ်နေတာကတော့ ခါးသီးတယ်လို့ ဆိုရမှာပါပဲ။ နှစ်ရက်လောက်နဲ့တော့ စိန့်တွေကို သူဘာများ ပြောင်းလဲဖို့ တတ်နိုင်မှာတဲ့လဲလို့ပဲ မေးရပါလိမ့်မယ်။ လီဗာပူးလ်တို့ကတော့ ခြေမမှန်ဘဲ ကောင်းလိုက်ဆိုးလိုက်ဖြစ်နေပေမယ့် အိမ်ကွင်းမှာ အမှတ်လွှင့်ပစ်မယ့် အလုပ်မျိုးကိုတော့ ရှောင်ရှားသွားဖို့ ရှိနေပါတယ်။ ကလော့ပ်အနေနဲ့ ကမ္ဘာ့ဖလားမတိုင်ခင် ပွဲတွေ ရပ်နားချိန်မှာ အနိုင်နဲ့ ပိတ်သိမ်းဖို့ကို အလွန့်အလွန် အလိုရှိနေမှာကြောင့် အိမ်ရှင်တွေနဲ့ပဲ ရှိရမှာပါ။ (လီဗာပူးလ် 3-0 စိန့်)

နော့တင်ဟမ်ဖောရက်စ်-ခရစ္စတယ်လ်ပဲလေ့စ်
ပွဲတွေ နားချိန်မှာ ဇယားအောက်ဆုံးမှာ နေရမယ့်အဖြစ်ကိုတော့ မခံချင်စိတ်နဲ့ ဖောရက်စ်တို့ ရုန်းကန်လာနိုင်ပြီး အိမ်ကွင်းမှာ စပါးစ်ကို အနိုင် ရထားခဲ့တာက ဒီနေ့ပွဲအတွက် တွန်းအားဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ ပရီးမီးယားလိဂ်ပုံစံ ယုံချင်စရာမကောင်းသလို နည်းပြ ကူးပါးအနေနဲ့ အသင်းကို လုံလောက်တဲ့ စိတ်ဓာတ်မြှင့်တင်မှုမျိုး လုပ်ထားနိုင်ပါ့မလားလို့ သံသယတော့ ရှိချင်စရာပါ။ ပဲလေ့စ်တို့ကတော့ အဝေးကွင်းမှာ ကောင်တာနဲ့ပဲ လုပ်စားနေတတ်သလို ဝက်စ်ဟမ်းကို တီးထားခဲ့တာက ဒီပွဲမှာ ဗီယာရာဘက်ကနေ အနိုင်အတွက် မျှော်လင့်နိုင်ပါတယ်။ တောအုပ်ထဲမှာ ဝင့်ကြွားတဲ့ နန်းတော်ကို မြင်ရနိုင်မလားလို့ စိတ်ကူးယဉ်စရာပါ။ (ဖောရက်စ် 1-2 ပဲလေ့စ်)

တော့တင်ဟမ်ဟော့စပါး-လိဒ်စ်ယူနိုက်တက်
ကွန်တီကတော့ သူ့ကစားသမားတွေ ပင်ပန်းနေတယ်လို့ ဆိုခဲ့ပေမယ့် ဒီပွဲမှ မနိုင်ရင် အဆင့် ၄ ကို စိတ်မချရတော့ချိန်မှာ အောက်က မန်ယူ၊ ဘရိုက်တန်၊ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ကလည်း တဖြည်းဖြည်း နီးကပ်လာနေတာကြောင့် သူ့လူတွေကို ကမ္ဘာ့ဖလား မသွားခင် ညှစ်ရုန်းခိုင်းရတော့မှာ ဖြစ်ပါတယ်။ လီဗာပူးလ်ကို ကောင်တာတွေကနေ အလဲထိုးနိုင်ခဲ့တဲ့ လိဒ်စ်နဲ့ နည်းပြ ဂျက်ဆီ မာ့ရှ်ကတော့ ခံစစ်ကို အာရုံစိုက်တဲ့ စပါးစ်တို့ကို အဝေးကွင်းမှာ နိုင်ပွဲဆက်ဖို့တော့ ယုံကြည်စရာ မကောင်းသေးတာကြောင့် ရစ်ချာလစ်ဆန်နဲ့ ကူလူရှက်ဗ်စကီးကို ပြန်ပါလာမယ့် စပါးစ်ကိုပဲ ရွေးချယ်ထားရမှာပါ။ (စပါးစ် 3-1 လိဒ်စ်)

ဝက်စ်ဟမ်းယူနိုက်တက်-လက်စတာစီးတီး
လက်စတာတို့ကတော့ ပုံစံကောင်း ပြန်ရနေပြီလို့ ဆိုရမှာဖြစ်ပြီး ဝက်စ်ဟမ်းတို့ကတော့ စိတ်ပျက်စရာပြန်ဖြစ်နေခဲ့တာပါ။ ဘရန်ဒန် ရော့ဂျားစ် အနေနဲ့ သူ့လူတွေကို လက်ပွန်းတတီး လှည့်ပတ်သုံးစွဲနိုင်သလို ဗျူဟာအမျိုးမျိုး ချမှတ်နိုင်ချိန်မှာ ဒေးဗစ် မွိုက်စ်ကတော့ လူဟောင်းတွေကြား ဝင်လာတဲ့ လူသစ်တွေနဲ့ ပုံကျအောင် လုပ်ဆောင်နိုင်ခြင်း မရှိသေးပါဘူး။ ဝက်စ်ဟမ်းကွင်းဖြစ်နေပေမယ့် ပဲလေ့စ်ကို ရှုံးထားတဲ့ ပုံစံက အထင်ကြီးစရာ မရှိတာကြောင့် ဇယားအောက်ပိုင်းတွေ့ဆုံမှုက သရေဆိုရင်လည်း မရိုင်းနိုင်တာဖြစ်ပါတယ်။ (ဝက်စ်ဟမ်း 1-1 လက်စတာ)

နယူးကာဆယ်လ်ယူနိုက်တက်-ချဲလ်ဆီး
အသင်းကြီးအဖြစ် ဗိုလ်ဝင်ခံနိုင်ဖို့ဆိုရင် ချဲလ်ဆီးတို့ အားနည်းနေချိန်မှာ နယူးကာဆယ်လ်တို့ နှိပ်ထားနိုင်မှ ရပါမယ်။ ဒီရာသီမှာတော့ ငှက်ကျားတွေက နောက်ထပ်အာဆင်နယ်တစ်သင်းဖြစ်နေပြီး သူတို့ရဲ့ အင်အားရှိတဲ့ ကစားဟန်က အသင်းကြီးတိုင်းကို ဒုက္ခပေးဖို့ အဆင်သင့်ဖြစ်နေသလို အဆင့် ၃ ကို ရောက်လာတာနဲ့ ထိုက်တန်တယ်လို့ပဲ ဆိုရမှာပါ။ ချဲလ်ဆီးတို့ကတော့ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရသလို နည်းပြကလည်း ပြတ်သားတဲ့ ကစားကွက်နဲ့ လူထုတ်ပုံကို မရွေးချယ်နိုင်သေးတာကြောင့် အိမ်ရှင်တေွ ငါးပွဲဆက်တိုက် အနိုင်ရမယ်ဆိုလည်း မထူးဆန်းဘူး ထင်ပါတယ်။ (နယူးကာဆယ်လ် 1-0 ချဲလ်ဆီး)

ဝုလ်ဗာဟမ့်ပ်တန်-အာဆင်နယ်
အသင်းကို စတိဗ် ဒေးဗစ် ကိုင်တွယ်နေချိန်မှာ ကစားပုံတက်လာတဲ့ ဝုလ်ဗ်စ်တို့ကို နည်းပြသစ် ဂျူလင် လိုပက်တီဂီက ပိုကောင်းအောင် လုပ်ပေးနိုင်မယ်ဆိုရင် အာဆင်နယ်တို့အတွက် အခက်တွေ့စရာဖြစ်မှာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ကာရာဘောင်းဖလားက ထွက်ခဲ့ရတာကို ပရိသတ်တွေကို နှစ်သိမ့်ဖို့ ပေါက်ကွဲလာမယ့် ဂန်းနားတွေအနေနဲ့ ချဲလ်ဆီးကို အဝေးကွင်းမှာ ထိန်းချုပ်သွားသလိုမျိုးပဲ လုပ်ဆောင်လာနိုင်ပြီး နည်းပြ အာတီတာအနေနဲ့ ပွဲစဉ်တွေ မရပ်နားခင်မှာ အနိုင်ရလဒ်နဲ့ ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ဖို့ စိတ်ဓာတ်မြှင့်ပေးထားမှာလည်းဖြစ်ပါတယ်။ တည်ငြိမ်နေတဲ့ အာဆင်နယ်တို့ အတွက် မိုလီနူးက မခက်ခဲနိုင်ပါဘူး။ (ဝုလ်ဗ်စ် 0-2 အာဆင်နယ်)

ဘရိုက်တန်-အက်စ်တန်ဗီလာ
နည်းနည်းလောက် အမှတ်ရလာတဲ့ ရောဘတ်တို ဒီဇာဘီအနေနဲ့ ပရီးမီးယားလိဂ် တစ်ကျော့ပြန် အူနိုင်း အမ်မရီကို အိမ်ကွင်းမှာ အနိုင်ယူဖို့ ထင်လောက်တော့ မလွယ်ကူနိုင်ပါဘူး။ မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်းမှာ အနိုင်ယူခဲ့တဲ့ ဗီလာရဲ့ ပုံစံက မဆိုးပေမယ့် ခြေစွမ်းကြောင်နေတဲ့ ကစားသမားတချို့ ရှိနေတာနဲ့ အဝေးကွင်းကစားပုံ ညံ့တတ်တာတွေကို အာဆင်နယ်နည်းပြဟောင်းအနေနဲ့ ပြုပြင်နိုင်မလား စောင့်ကြည့်ရမှာပါ။ ဇယားထိပ်ပိုင်းကို တက်ပြီး ဥရောပပွဲကစားဖို့ လမ်းစရှိနေတဲ့ အိမ်ရှင်တွေအတွက် ဒီနေ့ပွဲက မဖြစ်မနေ အနိုင်ယူသင့်တယ်လို့ ထင်ပါတယ်။ (ဘရိုက်တန် 2-1 ဗီလာ)

ဖူလ်ဟမ်-မန်ချက်စတာယူနိုက်တက်
မန်ချက်စတာနှစ်သင်းနဲ့ ဆက်တိုက်ကစားရတဲ့ ဖူလ်ဟမ်တို့ရဲ့ ပွဲစဉ်တွေကတော့ ကျပ်လွန်းတယ်လို့ ဆိုရမှာပါ။ မန်စီးတီးကို ဖိအားပေးနိုင်ခဲ့ပြီး အနိုင်မရခဲ့တဲ့ အဝေးကွင်းရှုံးပွဲက ဒီနေ့ပွဲကို အိမ်ကွင်းမှာ ပေါက်ကွဲဖို့ တွန်းအားဖြစ်လာမယ်ဆိုရင် သရဲနီတွေအတွက် ခက်ခဲပါလိမ့်မယ်။ တန်ဟတ်အနေနဲ့ အဝေးကွင်းမှာ ဘာတွေ အူကြောင်ကြောင် လုပ်လာဦးမလဲဆိုတာက စိတ်ဝင်စားစရာဖြစ်ပြီး သူ့အနေနဲ့ တစ်ခုခု အမှားမလုပ်ဖို့ မျှော်လင့်ရမှာဖြစ်သလို လမ်းပေါ်မှာ အမှတ်ဆုံးရှုံးမှုများတဲ့ ပုံစံကလည်း ဒီနေ့ပွဲမှာ ဖူလ်ဟမ်ဘက်က ရှိချင်စရာဖြစ်လို့ လန်ဒန်သားတွေ နိုင်သွားဖို့ များနေပါတယ်။ (ဖူလ်ဟမ် 2-1 မန်ယူ)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီး-ဘရန႔္ဖို႔ဒ္
စပါးစ္နည္းျပ ကြန္တီကေတာ့ သူ႔ရဲ႕ ဟာရီကိန္းကို အဂၤလန္အတြက္ အနားေပးထားမယ္လို႔ ေျပာေပမယ့္ မန္စီးတီးနည္းျပ ဂြါဒီယိုလာအတြက္ သူ႔လိုမ်ိဳးေတာ့ အသင္းမွာ အနားမရွိ သုံးတဲ့ ကစားသမားမ်ိဳး မရွိတာေၾကာင့္ ဒီေန႔ပြဲကို ပုံမွန္ လွည့္ပတ္ထားတဲ့ လူစာရင္းမ်ိဳးနဲ႔ပဲ ပြဲထုတ္လာဖို႔ ရွိမွာပါ။ ဖူလ္ဟမ္ကို တစ္ေယာက္ေလ်ာ့နဲ႔ ကစားရၿပီး ေနာက္ဆုံးမွ အႏိုင္ရေအာင္ လုပ္ခဲ့တဲ့ ကန္ဆယ္လို မပါႏိုင္ေပမယ့္ ဘရန႔္ဖို႔ဒ္ကလည္း မန္စီးတီးကိုေတာ့ သိပ္ၿပီး ဒုကၡေပးႏိုင္ဖို႔ မရွိပါဘူး။ အိမ္ရွင္ေတြ ဂိုးျပတ္အႏိုင္ရဦးမွာပါ။ (မန္စီးတီး 4-0 ဘရန႔္ဖို႔ဒ္)

ဘုန္းေမာက္-အဲဗာတန္
ၿပီးခဲ့တဲ့ ကာရာေဘာင္းဖလားမွာ ႏွစ္သင္းစလုံး အရန္လူေတြနဲ႔ ကစားတုန္းက အိမ္ကြင္းမွာ ဘုန္းေမာက္ပဲ အႏိုင္ရခဲ့ပါတယ္။ အဲဗာတန္နည္းျပ လမ္းပတ္အေနနဲ႔ အေျပာင္းအလဲလုပ္ခဲ့ေပမယ့္ ေဆးမမီခဲ့ဘဲ သူ႔အသင္းကို သူကိုယ္တိုင္ နားမလည္ေသးတဲ့ ပုံစံမ်ိဳးပဲ ျပသေနခဲ့သလို အိမ္ကြင္းမွာေတာ့ ဘုန္းေမာက္တို႔ကပဲ ပိုေကာင္းႏိုင္မွာပါ။ ပရီးမီးယားလိဂ္ရဲ႕ ဇယားေအာက္ပိုင္းကို ေရာက္ေနတဲ့ ႏွစ္သင္းစလုံး အမွတ္လိုေနလို႔ ႐ုန္းကန္ၾကမွာျဖစ္တာေၾကာင့္ တစ္မွတ္စီပဲ ခြဲယူသြားၾကမယ္လို႔ ထင္ပါတယ္။ (ဘုန္းေမာက္ 1-1 အဲဗာတန္)

လီဗာပူးလ္-ေဆာက္သမ္တန္
နည္းျပသစ္ နာသန္ ဂ်ဳံးစ္ရဲ႕ ပထမဆုံးပြဲက အန္းဖီးလ္မွာ ျဖစ္ေနတာကေတာ့ ခါးသီးတယ္လို႔ ဆိုရမွာပါပဲ။ ႏွစ္ရက္ေလာက္နဲ႔ေတာ့ စိန႔္ေတြကို သူဘာမ်ား ေျပာင္းလဲဖို႔ တတ္ႏိုင္မွာတဲ့လဲလို႔ပဲ ေမးရပါလိမ့္မယ္။ လီဗာပူးလ္တို႔ကေတာ့ ေျခမမွန္ဘဲ ေကာင္းလိုက္ဆိုးလိုက္ျဖစ္ေနေပမယ့္ အိမ္ကြင္းမွာ အမွတ္လႊင့္ပစ္မယ့္ အလုပ္မ်ိဳးကိုေတာ့ ေရွာင္ရွားသြားဖို႔ ရွိေနပါတယ္။ ကေလာ့ပ္အေနနဲ႔ ကမာၻ႔ဖလားမတိုင္ခင္ ပြဲေတြ ရပ္နားခ်ိန္မွာ အႏိုင္နဲ႔ ပိတ္သိမ္းဖို႔ကို အလြန႔္အလြန္ အလိုရွိေနမွာေၾကာင့္ အိမ္ရွင္ေတြနဲ႔ပဲ ရွိရမွာပါ။ (လီဗာပူးလ္ 3-0 စိန႔္)

ေနာ့တင္ဟမ္ေဖာရက္စ္-ခရစၥတယ္လ္ပဲေလ့စ္
ပြဲေတြ နားခ်ိန္မွာ ဇယားေအာက္ဆုံးမွာ ေနရမယ့္အျဖစ္ကိုေတာ့ မခံခ်င္စိတ္နဲ႔ ေဖာရက္စ္တို႔ ႐ုန္းကန္လာႏိုင္ၿပီး အိမ္ကြင္းမွာ စပါးစ္ကို အႏိုင္ ရထားခဲ့တာက ဒီေန႔ပြဲအတြက္ တြန္းအားျဖစ္လာပါလိမ့္မယ္။ ဒါေပမယ့္ သူတို႔ရဲ႕ ပရီးမီးယားလိဂ္ပုံစံ ယုံခ်င္စရာမေကာင္းသလို နည္းျပ ကူးပါးအေနနဲ႔ အသင္းကို လုံေလာက္တဲ့ စိတ္ဓာတ္ျမႇင့္တင္မႈမ်ိဳး လုပ္ထားႏိုင္ပါ့မလားလို႔ သံသယေတာ့ ရွိခ်င္စရာပါ။ ပဲေလ့စ္တို႔ကေတာ့ အေဝးကြင္းမွာ ေကာင္တာနဲ႔ပဲ လုပ္စားေနတတ္သလို ဝက္စ္ဟမ္းကို တီးထားခဲ့တာက ဒီပြဲမွာ ဗီယာရာဘက္ကေန အႏိုင္အတြက္ ေမွ်ာ္လင့္ႏိုင္ပါတယ္။ ေတာအုပ္ထဲမွာ ဝင့္ႂကြားတဲ့ နန္းေတာ္ကို ျမင္ရႏိုင္မလားလို႔ စိတ္ကူးယဥ္စရာပါ။ (ေဖာရက္စ္ 1-2 ပဲေလ့စ္)

ေတာ့တင္ဟမ္ေဟာ့စပါး-လိဒ္စ္ယူႏိုက္တက္
ကြန္တီကေတာ့ သူ႔ကစားသမားေတြ ပင္ပန္းေနတယ္လို႔ ဆိုခဲ့ေပမယ့္ ဒီပြဲမွ မႏိုင္ရင္ အဆင့္ ၄ ကို စိတ္မခ်ရေတာ့ခ်ိန္မွာ ေအာက္က မန္ယူ၊ ဘ႐ိုက္တန္၊ ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တို႔ကလည္း တျဖည္းျဖည္း နီးကပ္လာေနတာေၾကာင့္ သူ႔လူေတြကို ကမာၻ႔ဖလား မသြားခင္ ညႇစ္႐ုန္းခိုင္းရေတာ့မွာ ျဖစ္ပါတယ္။ လီဗာပူးလ္ကို ေကာင္တာေတြကေန အလဲထိုးႏိုင္ခဲ့တဲ့ လိဒ္စ္နဲ႔ နည္းျပ ဂ်က္ဆီ မာ့ရွ္ကေတာ့ ခံစစ္ကို အာ႐ုံစိုက္တဲ့ စပါးစ္တို႔ကို အေဝးကြင္းမွာ ႏိုင္ပြဲဆက္ဖို႔ေတာ့ ယုံၾကည္စရာ မေကာင္းေသးတာေၾကာင့္ ရစ္ခ်ာလစ္ဆန္နဲ႔ ကူလူရွက္ဗ္စကီးကို ျပန္ပါလာမယ့္ စပါးစ္ကိုပဲ ေ႐ြးခ်ယ္ထားရမွာပါ။ (စပါးစ္ 3-1 လိဒ္စ္)

ဝက္စ္ဟမ္းယူႏိုက္တက္-လက္စတာစီးတီး
လက္စတာတို႔ကေတာ့ ပုံစံေကာင္း ျပန္ရေနၿပီလို႔ ဆိုရမွာျဖစ္ၿပီး ဝက္စ္ဟမ္းတို႔ကေတာ့ စိတ္ပ်က္စရာျပန္ျဖစ္ေနခဲ့တာပါ။ ဘရန္ဒန္ ေရာ့ဂ်ားစ္ အေနနဲ႔ သူ႔လူေတြကို လက္ပြန္းတတီး လွည့္ပတ္သုံးစြဲႏိုင္သလို ဗ်ဴဟာအမ်ိဳးမ်ိဳး ခ်မွတ္ႏိုင္ခ်ိန္မွာ ေဒးဗစ္ မြိဳက္စ္ကေတာ့ လူေဟာင္းေတြၾကား ဝင္လာတဲ့ လူသစ္ေတြနဲ႔ ပုံက်ေအာင္ လုပ္ေဆာင္ႏိုင္ျခင္း မရွိေသးပါဘူး။ ဝက္စ္ဟမ္းကြင္းျဖစ္ေနေပမယ့္ ပဲေလ့စ္ကို ရႈံးထားတဲ့ ပုံစံက အထင္ႀကီးစရာ မရွိတာေၾကာင့္ ဇယားေအာက္ပိုင္းေတြ႕ဆုံမႈက သေရဆိုရင္လည္း မ႐ိုင္းႏိုင္တာျဖစ္ပါတယ္။ (ဝက္စ္ဟမ္း 1-1 လက္စတာ)

နယူးကာဆယ္လ္ယူႏိုက္တက္-ခ်ဲလ္ဆီး
အသင္းႀကီးအျဖစ္ ဗိုလ္ဝင္ခံႏိုင္ဖို႔ဆိုရင္ ခ်ဲလ္ဆီးတို႔ အားနည္းေနခ်ိန္မွာ နယူးကာဆယ္လ္တို႔ ႏွိပ္ထားႏိုင္မွ ရပါမယ္။ ဒီရာသီမွာေတာ့ ငွက္က်ားေတြက ေနာက္ထပ္အာဆင္နယ္တစ္သင္းျဖစ္ေနၿပီး သူတို႔ရဲ႕ အင္အားရွိတဲ့ ကစားဟန္က အသင္းႀကီးတိုင္းကို ဒုကၡေပးဖို႔ အဆင္သင့္ျဖစ္ေနသလို အဆင့္ ၃ ကို ေရာက္လာတာနဲ႔ ထိုက္တန္တယ္လို႔ပဲ ဆိုရမွာပါ။ ခ်ဲလ္ဆီးတို႔ကေတာ့ ဒဏ္ရာေတြနဲ႔ ႐ုန္းကန္ေနရသလို နည္းျပကလည္း ျပတ္သားတဲ့ ကစားကြက္နဲ႔ လူထုတ္ပုံကို မေ႐ြးခ်ယ္ႏိုင္ေသးတာေၾကာင့္ အိမ္ရွင္ေတြ ငါးပြဲဆက္တိုက္ အႏိုင္ရမယ္ဆိုလည္း မထူးဆန္းဘူး ထင္ပါတယ္။ (နယူးကာဆယ္လ္ 1-0 ခ်ဲလ္ဆီး)

ဝုလ္ဗာဟမ့္ပ္တန္-အာဆင္နယ္
အသင္းကို စတိဗ္ ေဒးဗစ္ ကိုင္တြယ္ေနခ်ိန္မွာ ကစားပုံတက္လာတဲ့ ဝုလ္ဗ္စ္တို႔ကို နည္းျပသစ္ ဂ်ဴလင္ လိုပက္တီဂီက ပိုေကာင္းေအာင္ လုပ္ေပးႏိုင္မယ္ဆိုရင္ အာဆင္နယ္တို႔အတြက္ အခက္ေတြ႕စရာျဖစ္မွာပါ။ ဒါေပမယ့္ ၿပီးခဲ့တဲ့ ကာရာေဘာင္းဖလားက ထြက္ခဲ့ရတာကို ပရိသတ္ေတြကို ႏွစ္သိမ့္ဖို႔ ေပါက္ကြဲလာမယ့္ ဂန္းနားေတြအေနနဲ႔ ခ်ဲလ္ဆီးကို အေဝးကြင္းမွာ ထိန္းခ်ဳပ္သြားသလိုမ်ိဳးပဲ လုပ္ေဆာင္လာႏိုင္ၿပီး နည္းျပ အာတီတာအေနနဲ႔ ပြဲစဥ္ေတြ မရပ္နားခင္မွာ အႏိုင္ရလဒ္နဲ႔ ထိပ္ဆုံးမွာ ဆက္လက္ရပ္တည္ႏိုင္ဖို႔ စိတ္ဓာတ္ျမႇင့္ေပးထားမွာလည္းျဖစ္ပါတယ္။ တည္ၿငိမ္ေနတဲ့ အာဆင္နယ္တို႔ အတြက္ မိုလီႏူးက မခက္ခဲႏိုင္ပါဘူး။ (ဝုလ္ဗ္စ္ 0-2 အာဆင္နယ္)

ဘ႐ိုက္တန္-အက္စ္တန္ဗီလာ
နည္းနည္းေလာက္ အမွတ္ရလာတဲ့ ေရာဘတ္တို ဒီဇာဘီအေနနဲ႔ ပရီးမီးယားလိဂ္ တစ္ေက်ာ့ျပန္ အူႏိုင္း အမ္မရီကို အိမ္ကြင္းမွာ အႏိုင္ယူဖို႔ ထင္ေလာက္ေတာ့ မလြယ္ကူႏိုင္ပါဘူး။ မန္ခ်က္စတာယူႏိုက္တက္ကို အိမ္ကြင္းမွာ အႏိုင္ယူခဲ့တဲ့ ဗီလာရဲ႕ ပုံစံက မဆိုးေပမယ့္ ေျခစြမ္းေၾကာင္ေနတဲ့ ကစားသမားတခ်ိဳ႕ ရွိေနတာနဲ႔ အေဝးကြင္းကစားပုံ ညံ့တတ္တာေတြကို အာဆင္နယ္နည္းျပေဟာင္းအေနနဲ႔ ျပဳျပင္ႏိုင္မလား ေစာင့္ၾကည့္ရမွာပါ။ ဇယားထိပ္ပိုင္းကို တက္ၿပီး ဥေရာပပြဲကစားဖို႔ လမ္းစရွိေနတဲ့ အိမ္ရွင္ေတြအတြက္ ဒီေန႔ပြဲက မျဖစ္မေန အႏိုင္ယူသင့္တယ္လို႔ ထင္ပါတယ္။ (ဘ႐ိုက္တန္ 2-1 ဗီလာ)

ဖူလ္ဟမ္-မန္ခ်က္စတာယူႏိုက္တက္
မန္ခ်က္စတာႏွစ္သင္းနဲ႔ ဆက္တိုက္ကစားရတဲ့ ဖူလ္ဟမ္တို႔ရဲ႕ ပြဲစဥ္ေတြကေတာ့ က်ပ္လြန္းတယ္လို႔ ဆိုရမွာပါ။ မန္စီးတီးကို ဖိအားေပးႏိုင္ခဲ့ၿပီး အႏိုင္မရခဲ့တဲ့ အေဝးကြင္းရႈံးပြဲက ဒီေန႔ပြဲကို အိမ္ကြင္းမွာ ေပါက္ကြဲဖို႔ တြန္းအားျဖစ္လာမယ္ဆိုရင္ သရဲနီေတြအတြက္ ခက္ခဲပါလိမ့္မယ္။ တန္ဟတ္အေနနဲ႔ အေဝးကြင္းမွာ ဘာေတြ အူေၾကာင္ေၾကာင္ လုပ္လာဦးမလဲဆိုတာက စိတ္ဝင္စားစရာျဖစ္ၿပီး သူ႔အေနနဲ႔ တစ္ခုခု အမွားမလုပ္ဖို႔ ေမွ်ာ္လင့္ရမွာျဖစ္သလို လမ္းေပၚမွာ အမွတ္ဆုံးရႈံးမႈမ်ားတဲ့ ပုံစံကလည္း ဒီေန႔ပြဲမွာ ဖူလ္ဟမ္ဘက္က ရွိခ်င္စရာျဖစ္လို႔ လန္ဒန္သားေတြ ႏိုင္သြားဖို႔ မ်ားေနပါတယ္။ (ဖူလ္ဟမ္ 2-1 မန္ယူ)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.