Premier League

သူ့ကို ဘယ်သူမှ မသိတာ ဖြစ်နိုင်တယ်လို့ နှိမ့်နှိမ့်ချချ တုံ့ပြန်လိုက်တဲ့ မာတီနယ်လီ

အာဆင်နယ်အသင်းရဲ့ တောင်ပံတိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီက သူ့ရဲ့ ဘရာဇီးလ်လက်ရွေးစင်အသင်းမှာ နည်းပြ တိုက်တီရဲ့ ရွေးချယ်ခံရမှုအတွက် တိုက်ခိုက်လာမှုအပေါ် ဘယ်လိုမှ သဘောမထားကြောင်းနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး နိုင်ငံအတွက် ကူညီသွားမယ့်အကြောင်းကို ESPN Brasil ကတစ်ဆင့် တုံ့ပြန်ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဘယ်သူမှ ကောင်းကောင်းမသိတဲ့ ဘရာဇီးလ်ဂျာနယ်လစ် နီတိုဆိုသူက မာတီနယ်လီကို ရွေးချယ်တာဟာ ဘယ်လောက်ကောင်းနေလို့လဲလို့ မေးခွန်းထုတ်ခဲ့တာဖြစ်ပြီး သူ့ကို ဒီနိုင်ငံမှာ ဘယ်သူမှ မသိကြောင်းနဲ့ ကိုပါလစ်ဘရာတေးဒိုးစ်ချန်ပီယံ ဂါဘီဂိုးလ်ကို လေးစားပြီး ရွေးချယ်သင့်တယ်လို့ ဆိုခဲ့တဲ့ သတင်းတက်အလာမှာ ပရိသတ်တွေကြား အငြင်းပွားမှုတွေ စတင်ခဲ့တာပါ။

မာတီနယ်လီနဲ့ နိုင်ငံတကာ ဘောလုံးပရိသတ် အများစုကတော့ ပြိုင်ပွဲရဲ့ အဆင့်အတန်းကို မေ့နေတာလားလို့ နီတိုဆိုတဲ့သူကို တုံ့ပြန်ခဲ့ကြပြီး ဥရောပမှာ ပွဲမတိုးလို့ သွင်းဂိုးနှစ်ဂိုးတည်းနဲ့ ပြန်ပြေးခဲ့ရတဲ့ ဂါဘီဂိုးလ်ခေါ် ဂါဘရီယယ်လ် ဘာဘိုဆာရဲ့ အကြောင်းကိုပါ အောက်ဖဲလှန်ခဲ့ကြသလို တချို့ကတော့ ဘရာဇီးလ်ပြည်တွင်းကနေ ဘယ်သူမှ ရွေးချယ်ဖို့ မတန်ဘူးလို့ပါ သိမ်းကျုံးရိုက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မာတီနယ်လီကတော့ ဘရာဇီးလ်အခြေစိုက် ESPN အားကစားသတင်းဌာနရဲ့ မေးမြန်းမှုမှာ ဒါက ဘာမှ မဆန်းဘဲ ဖြစ်တတ်တဲ့ သဘောပါပဲလို့ အေးအေးဆေးဆေး တုံ့ပြန်လိုက်တာဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ ကြယ်ပွင့်အနေနဲ့ ဒီတိုက်ခိုက်မှုလောက်ကို အာရုံထားမနေကြောင်းကို ပညာသားပါပါနဲ့ တုံ့ပြန်သွားခဲ့တာပါ။

“ဒါက ပုံမှန်ပါပဲ။ ဘရာဇီးလ်က လူတိုင်း ကျွန်တော့်ကို မသိနိုင်သလို တခြားကစားသမားတွေအနေနဲ့လည်း ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်သင့်သူတွေ ရှိခဲ့တာပေါ့ဗျာ။ ကျွန်တော်ကတော့ အေးအေးဆေးဆေးနဲ့ ကိုယ့်အလုပ်ကိုယ် လုပ်သွားမှာပါပဲ။ ဘာလုပ်ရမလဲဆိုတာ သိသလို ဘာတွေ လုပ်နိုင်သလဲဆိုတာလည်း သိပါတယ်။ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက်လည်း တတ်စွမ်းသမျှ ကူညီပေးသွားမယ်ဆိုတာကိုလည်း စိတ်ချထားကြပါ။ ဒါက ကျွန်တော့်အတွက် အတွေ့အကြုံကောင်းတွေ ဖြစ်လာပါလိမ့်မယ်”လို့ပဲ ဆိုသွားခဲ့ပါတယ်။

ပရိသတ်တွေကြားမှာတော့ ပွဲဆူနေစဉ်မှာ မာတီနယ်လီရဲ့ သွေးအေးတဲ့ တုံ့ပြန်မှုက ချီးကျူးစရာဖြစ်ခဲ့သလို ဝေဖန်မှုတွေကို အာရုံမထားဘဲ နှိမ့်နှိမ့်ချချနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်သွားမှာဖြစ်ကြောင်းဆိုခဲ့တဲ့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကျောနံပါတ် ၂၄ ပိုင်ရှင်အတွက် အာဆင်နယ်ဖန်တွေဘက်ကလည်း ယုံကြည်စိတ်ချနိုင်မှာဖြစ်ပါတယ်။

ဘယ်ချောင်ထဲက ထွက်လာမှန်း မသိဘဲ မာတီနယ်လီနဲ့ ရန်တိုက်ပေးခဲ့တဲ့ နီတိုဆိုတဲ့သူရဲ့ ဂါဘီဂိုးလ်ကတော့ ဥရောပမှာ ဂျင်းကောင်လို့ သတ်မှတ်ခံခဲ့ရသူဖြစ်ပြီး ဘရာဇီးလ်မြေ ဝါးလုံးခေါင်းထဲမှာ လသာအပြီးမှာ အင်တာမီလန်နဲ့ ဘင်ဖီကာတို့အတွက် နှစ်သင်းပေါင်း ၁၅ ပွဲသာ ကစားအပြီးမှာ တစ်ဂိုးစီသာ ရယူနိုင်ခဲ့အပြီး မိခင်မြေကို ရုပ်ပျက်ဆင်းပျက် ပြန်ပြေးခဲ့ရသူလည်းဖြစ်ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းရဲ႕ ေတာင္ပံတိုက္စစ္မႉး ဂါဘရီယယ္လ္ မာတီနယ္လီက သူ႔ရဲ႕ ဘရာဇီးလ္လက္ေ႐ြးစင္အသင္းမွာ နည္းျပ တိုက္တီရဲ႕ ေ႐ြးခ်ယ္ခံရမႈအတြက္ တိုက္ခိုက္လာမႈအေပၚ ဘယ္လိုမွ သေဘာမထားေၾကာင္းနဲ႔ ကိုယ့္အလုပ္ကိုယ္လုပ္ၿပီး ႏိုင္ငံအတြက္ ကူညီသြားမယ့္အေၾကာင္းကို ESPN Brasil ကတစ္ဆင့္ တုံ႔ျပန္ေျပာၾကားလိုက္ပါတယ္။

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ဘယ္သူမွ ေကာင္းေကာင္းမသိတဲ့ ဘရာဇီးလ္ဂ်ာနယ္လစ္ နီတိုဆိုသူက မာတီနယ္လီကို ေ႐ြးခ်ယ္တာဟာ ဘယ္ေလာက္ေကာင္းေနလို႔လဲလို႔ ေမးခြန္းထုတ္ခဲ့တာျဖစ္ၿပီး သူ႔ကို ဒီႏိုင္ငံမွာ ဘယ္သူမွ မသိေၾကာင္းနဲ႔ ကိုပါလစ္ဘရာေတးဒိုးစ္ခ်န္ပီယံ ဂါဘီဂိုးလ္ကို ေလးစားၿပီး ေ႐ြးခ်ယ္သင့္တယ္လို႔ ဆိုခဲ့တဲ့ သတင္းတက္အလာမွာ ပရိသတ္ေတြၾကား အျငင္းပြားမႈေတြ စတင္ခဲ့တာပါ။

မာတီနယ္လီနဲ႔ ႏိုင္ငံတကာ ေဘာလုံးပရိသတ္ အမ်ားစုကေတာ့ ၿပိဳင္ပြဲရဲ႕ အဆင့္အတန္းကို ေမ့ေနတာလားလို႔ နီတိုဆိုတဲ့သူကို တုံ႔ျပန္ခဲ့ၾကၿပီး ဥေရာပမွာ ပြဲမတိုးလို႔ သြင္းဂိုးႏွစ္ဂိုးတည္းနဲ႔ ျပန္ေျပးခဲ့ရတဲ့ ဂါဘီဂိုးလ္ေခၚ ဂါဘရီယယ္လ္ ဘာဘိုဆာရဲ႕ အေၾကာင္းကိုပါ ေအာက္ဖဲလွန္ခဲ့ၾကသလို တခ်ိဳ႕ကေတာ့ ဘရာဇီးလ္ျပည္တြင္းကေန ဘယ္သူမွ ေ႐ြးခ်ယ္ဖို႔ မတန္ဘူးလို႔ပါ သိမ္းက်ဳံး႐ိုက္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ မာတီနယ္လီကေတာ့ ဘရာဇီးလ္အေျခစိုက္ ESPN အားကစားသတင္းဌာနရဲ႕ ေမးျမန္းမႈမွာ ဒါက ဘာမွ မဆန္းဘဲ ျဖစ္တတ္တဲ့ သေဘာပါပဲလို႔ ေအးေအးေဆးေဆး တုံ႔ျပန္လိုက္တာျဖစ္ၿပီး အာဆင္နယ္အသင္းရဲ႕ ၾကယ္ပြင့္အေနနဲ႔ ဒီတိုက္ခိုက္မႈေလာက္ကို အာ႐ုံထားမေနေၾကာင္းကို ပညာသားပါပါနဲ႔ တုံ႔ျပန္သြားခဲ့တာပါ။

“ဒါက ပုံမွန္ပါပဲ။ ဘရာဇီးလ္က လူတိုင္း ကြၽန္ေတာ့္ကို မသိႏိုင္သလို တျခားကစားသမားေတြအေနနဲ႔လည္း ကမာၻ႔ဖလားလူစာရင္းမွာ ပါဝင္သင့္သူေတြ ရွိခဲ့တာေပါ့ဗ်ာ။ ကြၽန္ေတာ္ကေတာ့ ေအးေအးေဆးေဆးနဲ႔ ကိုယ့္အလုပ္ကိုယ္ လုပ္သြားမွာပါပဲ။ ဘာလုပ္ရမလဲဆိုတာ သိသလို ဘာေတြ လုပ္ႏိုင္သလဲဆိုတာလည္း သိပါတယ္။ ဘရာဇီးလ္လက္ေ႐ြးစင္အသင္းအတြက္လည္း တတ္စြမ္းသမွ် ကူညီေပးသြားမယ္ဆိုတာကိုလည္း စိတ္ခ်ထားၾကပါ။ ဒါက ကြၽန္ေတာ့္အတြက္ အေတြ႕အႀကဳံေကာင္းေတြ ျဖစ္လာပါလိမ့္မယ္”လို႔ပဲ ဆိုသြားခဲ့ပါတယ္။

ပရိသတ္ေတြၾကားမွာေတာ့ ပြဲဆူေနစဥ္မွာ မာတီနယ္လီရဲ႕ ေသြးေအးတဲ့ တုံ႔ျပန္မႈက ခ်ီးက်ဴးစရာျဖစ္ခဲ့သလို ေဝဖန္မႈေတြကို အာ႐ုံမထားဘဲ ႏွိမ့္ႏွိမ့္ခ်ခ်နဲ႔ ကိုယ့္အလုပ္ကိုယ္လုပ္သြားမွာျဖစ္ေၾကာင္းဆိုခဲ့တဲ့ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲဝင္ ေက်ာနံပါတ္ ၂၄ ပိုင္ရွင္အတြက္ အာဆင္နယ္ဖန္ေတြဘက္ကလည္း ယုံၾကည္စိတ္ခ်ႏိုင္မွာျဖစ္ပါတယ္။

ဘယ္ေခ်ာင္ထဲက ထြက္လာမွန္း မသိဘဲ မာတီနယ္လီနဲ႔ ရန္တိုက္ေပးခဲ့တဲ့ နီတိုဆိုတဲ့သူရဲ႕ ဂါဘီဂိုးလ္ကေတာ့ ဥေရာပမွာ ဂ်င္းေကာင္လို႔ သတ္မွတ္ခံခဲ့ရသူျဖစ္ၿပီး ဘရာဇီးလ္ေျမ ဝါးလုံးေခါင္းထဲမွာ လသာအၿပီးမွာ အင္တာမီလန္နဲ႔ ဘင္ဖီကာတို႔အတြက္ ႏွစ္သင္းေပါင္း ၁၅ ပြဲသာ ကစားအၿပီးမွာ တစ္ဂိုးစီသာ ရယူႏိုင္ခဲ့အၿပီး မိခင္ေျမကို ႐ုပ္ပ်က္ဆင္းပ်က္ ျပန္ေျပးခဲ့ရသူလည္းျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.