Premier League

နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု ၁၀.၉.၂၀၂၀






REF: INTERNET SOURCES
SPORTS A2Z

UNICODE

– ဆာဂျီယို ရက်ဂီလွန်အတွက် ရီးရဲလ်မက်ဒရစ်ဘက်က ပြန်လည်ဝယ်ယူခွင့်နဲ့ ရောင်းချဖို့ကို လက်မခံဘဲ မန်ချက်စတာယူနိုက်တက် ဘက်က ပေါင် ၃၁.၈ သန်း(ယူရို ၃၅ သန်း)နဲ့ ထပ်မံကမ်းလှမ်းထားခဲ့ပြီး သဘောတူညီမှု ရယူနိုင်ဖို့ နီးစပ်နေ။

– မန်ချက်စတာယူနိုက်တက်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုတွေ ရယူထားနိုင်ခဲ့တဲ့ ဂျေဒန် ဆန်ချိုအနေနဲ့ ဒေါ့မွန်ကို အသင်းပြောင်းဖို့နဲ့ သတ်မှတ်ဈေးလျှော့ချပေးဖို့ တောင်းဆိုထားပြီး လောလောဆယ်မှာတော့ ပေါင်သန်း ၉၀ နဲ့ ယူနိုက်တက်ဘက်က စတင်ကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေ ဖော်ပြ။

– ရီးရဲလ်မက်ဒရစ်အနေနဲ့ ယူနိုက်တက်နဲ့ ချိတ်ဆက်စုံစမ်းမှုတချို့ရှိနေတဲ့ တောင်ပံကစားသမား ဂါရက် ဘေးလ်ရဲ့ ဈေးနှုန်းကို ပေါင် ၂၂ သန်း သတ်မှတ်လိုက်ပြီး မွန်ဒို ဒီပေါ့တီဗိုရဲ့ ဖော်ပြချက်အရတော့ လက်ကျန် နှစ်နှစ်စာချုပ်ရဲ့ လုပ်ခလစာတစ်ဝက်ဖြစ်တဲ့ ပေါင်သုံးသိန်းကို ကျခံပေးသွားမယ်လို့ဆို။

– မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းနဲ့ သဘောတူညီမှု ရရှိဖို့ ခက်ခဲနေတဲ့ နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီအတွက် ကြားဝင်ကမ်းလှမ်းဖို့ ယူနိုက်တက် စီစဉ်နေပြီး ယူရို ၇၅ သန်း (ပေါင် ၆၈ သန်း) ကျသင့်နိုင်တယ်လို့ ဖာဘရီဇီယို ရိုမာနို သုံးသပ်။

– မန်ချက်စတာယူနိုက်တက် တာဝန်ရှိသူတွေအနေနဲ့ အသင်းကို နောက်တစ်ဆင့်မြင့်တဲ့ အနေအထားကို ရောက်ရှိစေချင်တယ်ဆိုရင် နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားကို ထောက်ခံပေးပြီး လိုအပ်တဲ့ ခေါ်ယူမှုတွေနဲ့ ပံ့ပိုးပေးသွားဖို့လိုတယ်လို့ အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီ နဗီးလ် တောင်းဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z