Premier League Transfer News

နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု – ၁၀.၉.၂၀၂၀






REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– ဆာလီဘာနဲ့ အာဆင်နယ်တို့ရဲ့ ရာသီသစ် ဓာတ်ပုံရိုက်ကူးမှုမှာ ပြင်သစ်နောက်ခံလူရဲ့ နာရီမေးနေတဲ့ပုံစံကို ပရိသတ်တွေကတော့ သဘောကျနေကြပြီး သူတို့ အမြင်တွေကို အသီးသီး ထုတ်ဖော်ခဲ့ကြသလိုအူဘာမီယန်းကို စာချုပ်သစ်ချုပ်ဖို့ ကြာနေတာကို ပြောတာလို့ တစ်မျိုး၊ Partey Time ပါတေးကို ခေါ်ဖို့ အချိန်လို့ တစ်ဖုံ၊ Happy Aouar အောဝါကို ခေါ်ဖို့လို့ တစ်နည်း ရေးသားခဲ့ကြ။

– အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ များနေတယ်လို့ ခန့်မှန်းနေကြတဲ့ ပြင်သစ် ယူ-၂၁ ကပ္ပတိန် မက်တီယို ဂန်ဒူဇီကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းက ပြန်လည်စိတ်ဝင်စားလာခဲ့ပြီး ဂျာမန်ကွင်းလယ်လူ ဂျူလီယန် ဒရက်ဆလာနဲ့ တိုက်ရိုက်လဲလှယ်ဖို့ ကမ်းလှမ်းထား။

– အာတီတာအနေနဲ့ သူ့ရဲ့ ကိုယ်ပိုင် ရမ်ဆေးကို ဒီနွေရာသီမှာ ရရှိအောင် ခေါ်ယူတည်ဆောက်သွားမယ်လို့ ခန့်မှန်းနေကြပြီး လီယွန်ရဲ့ ကွင်းလယ်ကစားသမား ဟူဆင်းမ် အောဝါဟာ အသင်းမှာ ပျောက်ဆုံးနေခဲ့တဲ့ ပရိသတ်အချစ်တော်ရဲ့ ကွက်လပ်ကို အစားထိုးမယ်လို့ဆို။

– ထရိန်နင်က ပျောက်ဆုံးနေခဲ့တဲ့ ဆိုကရာတစ်အတွက် အပြောင်းအရွှေ့လုပ်ဆောင်နေပြီလို့ ခန့်မှန်းနေကြချိန်မှာ အာဆင်နယ်အနေနဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကိုလည်း ရောင်းချသွားဖို့ တန်ကြေး ပေါင်သန်း ၄၀ သတ်မှတ်လိုက်ပြီလို့ သတင်းထွက်ပေါ်။

– အာဆင်နယ်အသင်းအနေနဲ့ နောက်ဆုံးမှာ တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကို သုံးနှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ပြီး လာမယ့် ရက်ပိုင်းအတွင်းမှာ တရားဝင်ကြေငြာချက် ထုတ်ပြန်လိမ့်မယ်လို့ ESPN ဖော်ပြထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.