Premier League
ဟာဇက် နဲ့ ဝီလီယန် အလွန် ချဲလ်ဆီးအသင်းရဲ့ကျောနံပါတ် ၁၀ ပိုင်ရှင် ပူလီဆစ်ချ်
UNICODE: လန်ဒန်မြို့ခံအသင်း အာဆင်နယ်ကို ဝီလီယန် ပြောင်းရွှေ့ပြီးနောက်မှာတော့ ချဲလ်ဆီးအသင်းအနေနဲ့ လစ်ဟင်းနေတဲ့ ကျောနံပါတ် ၁၀ ကို ခရစ်စတီယန် ပူလီဆစ်ချ်ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ၃၄ ပွဲမှာ ၁၁ ဂိုး နဲ့ ဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ထားတာဖြစ်လို့ ပူလီဆစ်ချ်အနေနဲ့ ပွဲထွက်ရာသီမှာကတည်းက မျက်နှာပန်း လှခဲ့တာလည်းဖြစ်ပါတယ်။
အမေရိကန်လက်ရွေးစင်ကစားသမားအနေနဲ့ ပွဲဦးထွက်ရာသီမှာပင် ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့်လည်း ချဲလ်ဆီးအသင်းရဲ့ နာမည်ကြီးကစားသမားအများအပြား ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ကို ပေးအပ်ခဲ့တာဖြစ်တယ်လို့ သတင်းများကဖော်ပြခဲ့ပါတယ်။ ၇ နှစ်ကြာ ချဲလ်ဆီးအသင်းမှာ ကစားပြီးတဲ့နောက်မှာတော့ ဝီလီယန်အနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီအစပိုင်းမှာ ဘရာဇီးလက်ရွေးစင်ကစားသမားဟာ ရီးယဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တဲ့ အီဒင် ဟာဇက်ဆီမှ ကျောနံပါတ် ၁၀ကို ဆက်ခံခဲ့တာပါ။ ဝီလီယန်ရဲ့ အာဆင်နယ် အပြောင်းအရွှေ့အပြီးမှာတော့ ဂျိုး ကိုးလ်၊ ဟွမ် မာတာနဲ့ မာ့ခ် ဟုချ်တို့ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်ကို ဝတ်ဆင်ဖို့ ပူလီဆစ်ချ်ရဲ့ အလှည့် ကျရောက်လာတာပဲ ဖြစ်ပါတယ်။
ဂျာမနီကနေပြောင်းရွှေ့လာပြီး နေရာသစ်မှာ ခြေစွမ်းတွေပြသပြီးနောက်မှာတော့ ဖရန့် လမ်းပတ်ရဲ့လက်အောက်မှာ ဟာဇက်ရဲ့နေရာကို ဆက်ခံမဲ့လူအနေနဲ့ အများက ပူလီဆစ်ချ်ကို မြင်နေကြတာပါ။ ပူလီဆစ်ချ်ဟာ ခံစစ်ပိုင်းကို မကြာခဏ ခြိမ်းခြောက်နိုင်ပြီး ၂၀၂၀-၂၁ ရာသီတွင်လည်း အရင်လိုပုံစံနဲ့ ဆက်လက်ကစားသွားမယ်လို့ မျှော်လင့်ရပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်ရပြီး အဆင့်လေးနေရာမှာ အဆုံးသတ်ခဲ့တဲ့ ချယ်ဆီးတို့ဟာ ပရီးမီးယားလိဂ်ရာသီသစ်အစမှာ ဘရိုက်တန်ကို အဝေးကွင်းမှာ တွေ့ဆုံရမှာဖြစ်ပါတယ်။ ကပ္ပတိန်အမေရိကအနေနဲ့ အာဆင်နယ်အသင်းနဲ့ ကန်ခဲ့တဲ့ FA ဖလား ဖိုင်နယ်မှာ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာက သက်သာလာအပြီးမှာတော့ ဘရိုက်တန်တို့နဲ့ တွေ့ဆုံမယ့်ပွဲမှာ ပါဝင်လာနိုင်တယ်လို့လည်း သိရှိရပါတယ်။
REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: လန်ဒန်မြို့ခံအသင်း အာဆင်နယ်ကို ဝီလီယန် ပြောင်းရွှေ့ပြီးနောက်မှာတော့ ချဲလ်ဆီးအသင်းအနေနဲ့ လစ်ဟင်းနေတဲ့ ကျောနံပါတ် ၁၀ ကို ခရစ်စတီယန် ပူလီဆစ်ခ်ျကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ၃၄ ပွဲမှာ ၁၁ ဂိုးနဲ့ ဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ထားတာဖြစ်လို့ ပူလီဆစ်ခ်ျအနေနဲ့ ပွဲထွက်ရာသီမှာကတည်းက မျက်နှာပန်း လှခဲ့တာလည်းဖြစ်ပါတယ်။
ဂျာမနီကနေပြောင်းရွှေ့လာပြီး နေရာသစ်မှာ ခြေစွမ်းတွေပြသပြီးနောက်မှာတော့ ဖရန့် လမ်းပတ်ရဲ့လက်အောက်မှာ ဟာဇက်ရဲ့နေရာကို ဆက်ခံမဲ့လူအနေနဲ့ အများက ပူလီဆစ်ခ်ျကို မြင်နေကြတာပါ။ ပူလီဆစ်ခ်ျဟာ ခံစစ်ပိုင်းကို မကြာခဏ ခြိမ်းခြောက်နိုင်ပြီး ၂၀၂၀-၂၁ ရာသီတွင်လည်း အရင်လိုပုံစံနဲ့ ဆက်လက်ကစားသွားမယ်လို့ မျှော်လင့်ရပါတယ်။
REF: DAILY MAIL
SPORTS A2Z.