Ligue1 Premier League

ကမ္ဘာပေါ်က တန်ဖိုးအရှိဆုံးကစားသမားနေရာကနေ ဖယ်ပေးလိုက်ရတဲ့ အမ်ဘာပေ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ လေ့လာမှုအသစ်အရ ကမ္ဘာပေါ်က တန်ဖိုးအရှိဆုံးကစားသမားမဟုတ်တော့ဘဲ ၎င်းရဲ့နေရာကနေ ဖယ်ပေးခဲ့ရပြီဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့အတူ လိဂန်းဖလား ၄ ကြိမ်၊ ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားတစ်ကြိမ် ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပါတယ်။

အမ်ဘာပေရဲ့ Transfermarkt က လက်ရှိဈေးကွက်ပေါက်ဈေးဟာ ပေါင်သန်း ၁၄၀ တန်ကြေးရှိနေပြီး သိပ်မကြာမီ အချိန်အတွင်း ပြင်သစ်တိုက်စစ်မှူးကို ပဲရစ်ကနေ ခေါ်ယူချင်တယ်ဆိုရင် အဲဒီထက်ပိုမိုတဲ့ပမာဏကုန်ကျဖွယ်ရှိပါတယ်။

အမ်ဘာပေဟာ ယခုရာသီအစကို ရင်သပ်ရှုမောဖွယ် စတင်နိုင်ခဲ့တဲ့ ကစားသမားတစ်ဦးကြောင့် ကမ္ဘာပေါ်က တန်ဖိုးအရှိဆုံးကစားသမားနေရာကနေ လျှောကျခဲ့ရတာဖြစ်ပြီး အဲဒီကစားသမားကတော့ မန်ချက်စတာစီးတီးကြယ်ပွင့် ဟာလန်းပဲ ဖြစ်ပါတယ်။ နော်ဝေတိုက်စစ်မှူး အာလင်း ဟာလန်းဟာ ယခုရာသီမှာပြိုင်ပွဲစုံ ၂၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပြီး စနေနေ့က ဖူလ်ဟမ်နဲ့ပွဲစဉ်မှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီးနောက် အနိုင်ဂိုးကို ပင်နယ်တီကနေတဆင့် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဟာလန်းအတွက် မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပေါင် ၅၃ သန်းသာ ကုန်ကျခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဈေးကွက်ပေါက်ဈေး ပေါင် ၁၄၈ သန်းအထိ တန်ကြေး သတ်မှတ်ခြင်း ခံထားရတာ ဖြစ်ပါတယ်။

အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ ထူးခြားဆန်းကြယ်တဲ့ရာသီအစကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး ဇန်နဝါရီလမှာ အသင်းကို စွန့်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့်လည်း လိဂန်းချန်ပီယံတွေကို ရှုံးပွဲမရှိစံချိန် ဆက်လက်ထိန်းသိမ်းနိုင်အောင် ၁၉ ပွဲမှာ သွင်းဂိုး ၁၈ ဂိုးအထိ သွင်းယူပေးထားခဲ့တာဖြစ်ပါတယ်။

အာလင်း ဟာလန်းဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ်စံချိန်အများအပြားကို ရိုက်ချိုးနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ခရစ္စတီယာနို ရော်နယ်လ်ဒို သွင်းယူနိုင်ခဲ့တဲ့ ဂိုးအရေအတွက်ကို လိုက်မီခဲ့ပြီးဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပဟာ ေလ့လာမႈအသစ္အရ ကမာၻေပၚက တန္ဖိုးအရွိဆုံးကစားသမားမဟုတ္ေတာ့ဘဲ ၎ရဲ႕ေနရာကေန ဖယ္ေပးခဲ့ရၿပီျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ကမာၻေပၚက အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရသူျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းနဲ႔အတူ လိဂန္းဖလား ၄ ႀကိမ္၊ ျပင္သစ္အသင္းနဲ႔ ကမာၻ႔ဖလားတစ္ႀကိမ္ ကိုင္ေျမႇာက္ႏိုင္ခဲ့သူျဖစ္ပါတယ္။

အမ္ဘာေပရဲ႕ Transfermarkt က လက္ရွိေဈးကြက္ေပါက္ေဈးဟာ ေပါင္သန္း ၁၄၀ တန္ေၾကးရွိေနၿပီး သိပ္မၾကာမီ အခ်ိန္အတြင္း ျပင္သစ္တိုက္စစ္မႉးကို ပဲရစ္ကေန ေခၚယူခ်င္တယ္ဆိုရင္ အဲဒီထက္ပိုမိုတဲ့ပမာဏကုန္က်ဖြယ္ရွိပါတယ္။

အမ္ဘာေပဟာ ယခုရာသီအစကို ရင္သပ္ရႈေမာဖြယ္ စတင္ႏိုင္ခဲ့တဲ့ ကစားသမားတစ္ဦးေၾကာင့္ ကမာၻေပၚက တန္ဖိုးအရွိဆုံးကစားသမားေနရာကေန ေလွ်ာက်ခဲ့ရတာျဖစ္ၿပီး အဲဒီကစားသမားကေတာ့ မန္ခ်က္စတာစီးတီးၾကယ္ပြင့္ ဟာလန္းပဲ ျဖစ္ပါတယ္။ ေနာ္ေဝတိုက္စစ္မႉး အာလင္း ဟာလန္းဟာ ယခုရာသီမွာၿပိဳင္ပြဲစုံ ၂၃ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီးျဖစ္ၿပီး စေနေန႔က ဖူလ္ဟမ္နဲ႔ပြဲစဥ္မွာ ဒဏ္ရာကေန ျပန္လည္သက္သာလာခဲ့ၿပီးေနာက္ အႏိုင္ဂိုးကို ပင္နယ္တီကေနတဆင့္ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဟာလန္းအတြက္ မန္ခ်က္စတာစီးတီးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေပါင္ ၅၃ သန္းသာ ကုန္က်ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ေဈးကြက္ေပါက္ေဈး ေပါင္ ၁၄၈ သန္းအထိ တန္ေၾကး သတ္မွတ္ျခင္း ခံထားရတာ ျဖစ္ပါတယ္။

အမ္ဘာေပဟာ ပီအက္စ္ဂ်ီအသင္းနဲ႔အတူ ထူးျခားဆန္းၾကယ္တဲ့ရာသီအစကို ပိုင္ဆိုင္ခဲ့သူျဖစ္ၿပီး ဇန္နဝါရီလမွာ အသင္းကို စြန႔္ခြာဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့ေပမယ့္လည္း လိဂန္းခ်န္ပီယံေတြကို ရႈံးပြဲမရွိစံခ်ိန္ ဆက္လက္ထိန္းသိမ္းႏိုင္ေအာင္ ၁၉ ပြဲမွာ သြင္းဂိုး ၁၈ ဂိုးအထိ သြင္းယူေပးထားခဲ့တာျဖစ္ပါတယ္။

အာလင္း ဟာလန္းဟာ လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္စံခ်ိန္အမ်ားအျပားကို ႐ိုက္ခ်ိဳးႏိုင္မယ့္ လမ္းေၾကာင္းေပၚမွာ ရွိေနသူျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီက ခရစၥတီယာႏို ေရာ္နယ္လ္ဒို သြင္းယူႏိုင္ခဲ့တဲ့ ဂိုးအေရအတြက္ကို လိုက္မီခဲ့ၿပီးျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.