Bundesliga

မာနေးရဲ့သတင်းကြားလို့ ဝမ်းနည်းမျက်ရည်လည်ခဲ့ရတဲ့ လီဗာပူးလ်ပရိသတ်များ

ဆာဒီယို မာနေးဟာ အန်းဖီးကို စွန့်ခွာပြီး ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် လအနည်းငယ်သာ ရှိနေသေးပေမယ့်လည်း လီဗာပူးလ်ကို လွမ်းဆွတ်နေတယ်လို့ သိရပါတယ်။

မာနေးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘွန်ဒက်စ်လီဂါချန်ပီယံတွေနဲ့ ပူးပေါင်းပြီးနောက်ပိုင်း လီဗာပူးလ်အသင်းကို လွမ်းဆွတ်နေတယ်လို့ သူငယ်ချင်းတွေကို တိတ်တိတ်လေး ဝန်ခံ ပြောကြားခဲ့တာဖြစ်ပါတယ်။

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဆီနီဂေါကြယ်ပွင့်ဟာ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အခြား ဆုဖလား အောင်မြင်မှုတွေ များစွာရရှိခဲ့တဲ့ ၆ နှစ်တာကာလကို အဆုံးသတ်ခဲ့သူဖြစ်ပြီး မာဆေးဆိုဒ်အသင်းအတွက် ဂိုးပေါင်း ၁၂၀ အထိ အထင်ကြီးဖွယ် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မာနေးဟာ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေဖို့အတွက် အသင်းကို စွန့်ခွာခဲ့ပေမယ့်လည်း နောင်တရနေပုံပေါ်ပြီး Football Insider ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟာ အသင်းဟောင်းနဲ့ ပရီးမီးယားလိဂ်ကို လွမ်းဆွတ်နေတယ်လို့ သိရပါတယ်။

မာနေးဟာ ဘိုင်ယန်မြူးနစ်ကစားသမားဘဝကို အထင်ကြီးဖွယ် စတင်ထားနိုင်ခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံမှာ ၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့်လည်း လီဗာပူးလ်ဂန္တဝင် ဟာမန်းက ဆီနီဂေါကြယ်ပွင့်ဟာ ဘိုင်ယန်မြူးနစ်မှာ တသားတည်းဖြစ်မနေခဲ့ဘဲ မပျော်မရွှင်ဖြစ်နေပုံရတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“သူက အသင်းနဲ့ တသားတည်းဖြစ်မသွားခဲ့ပါဘူး။ ကျွန်တော် သူ လီဗာပူးလ်မှာတုန်းက အလယ်မှာ သူ ကစားနေခဲ့တာကို မြင်ခဲ့တယ်။ အဲဒါက သူ့ရဲ့ နေရာမဟုတ်ပါဘူး။ အခု သူ ဘိုင်ယန်မြူးနစ်မှာလည်း အဲဒီနေရာမှာ ကစားနေတယ်။ သူက သူ တောင်ပံကနေ ချိုးဝင်တဲ့အချိန်မှာ သူ့ရဲ့ အကောင်းဆုံးပုံစံမှာ ရှိနေတဲ့သူပါ။ ကျွန်တော့်အတွက်တော့ သူ ပျော်ရွှင်နေတဲ့ပုံမပေါ်ပါဘူး။ ဆာနေး၊ မူဆီအားလား ဒါမှမဟုတ် ခံစစ်က လူးကပ်စ် ဟာနန်ဒက်ဇ်တို့လိုမျိုး တခြားကစားသမားတွေက ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနေကြတယ်။ ဘယ်သူကမှ အခုအချိန်မှာ မာနေးအကြောင်း မပြောကြပါဘူး”

“သူ့ကြည့်ရတာ အထီးကျန်ဆန်နေပုံပေါ်ပြီး ပွဲစဉ်အတွင်းမှာ တစိတ်တပိုင်းအဖြစ် ပါဝင်ဖို့ ခက်ခဲနေပါတယ်။ ဘိုင်ယန်မြူးနစ်အနေနဲ့ အဲဒါကို ဘယ်လိုဖြေရှင်းမလဲဆိုတာ သိအောင် လုပ်ရမှာပါ။ ကျွန်တော့်အမြင်မှာတော့ ကျိန်းသေပေါက်ကစားရမယ့် ကစားသမား ၂ ဦးရှိပြီး အဲဒီကစားသမားတွေက ဆာနေးနဲ့ မူဆီအားလားတို့ပါ။ ဒီကစားသမား ၂ ဦးက အခုအချိန်မှာ အကောင်းဆုံးကစားသမား ၂ ဦးပါ။ မာနေးက ဘိုင်ယန်မြူးနစ်ရဲ့ပွဲစဉ်တွေမှာ သေးငယ်တဲ့အခန်းကဏ္ဍကနေ ဆက်ကစားရမယ်ဆိုရင် အရန်ခုံကို ပို့ခံရလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ခင်ဗျား မာနေးကို ဘေးဖယ်ထားနိုင်တာပေါ့။ သူက အဲဒီမှာ ပိုကောင်းလာပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဆာဒီယို မာေနးဟာ အန္းဖီးကို စြန႔္ခြာၿပီး ဘိုင္ယန္ျမဴးနစ္အသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့ၿပီးေနာက္ လအနည္းငယ္သာ ရွိေနေသးေပမယ့္လည္း လီဗာပူးလ္ကို လြမ္းဆြတ္ေနတယ္လို႔ သိရပါတယ္။

မာေနးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဘြန္ဒက္စ္လီဂါခ်န္ပီယံေတြနဲ႔ ပူးေပါင္းၿပီးေနာက္ပိုင္း လီဗာပူးလ္အသင္းကို လြမ္းဆြတ္ေနတယ္လို႔ သူငယ္ခ်င္းေတြကို တိတ္တိတ္ေလး ဝန္ခံ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အသက္ ၃၀ အ႐ြယ္ရွိၿပီျဖစ္တဲ့ ဆီနီေဂါၾကယ္ပြင့္ဟာ လီဗာပူးလ္အသင္းနဲ႔ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္နဲ႔ အျခား ဆုဖလား ေအာင္ျမင္မႈေတြ မ်ားစြာရရွိခဲ့တဲ့ ၆ ႏွစ္တာကာလကို အဆုံးသတ္ခဲ့သူျဖစ္ၿပီး မာေဆးဆိုဒ္အသင္းအတြက္ ဂိုးေပါင္း ၁၂၀ အထိ အထင္ႀကီးဖြယ္ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မာေနးဟာ စိန္ေခၚမႈအသစ္ေတြကို ရွာေဖြဖို႔အတြက္ အသင္းကို စြန႔္ခြာခဲ့ေပမယ့္လည္း ေနာင္တရေနပုံေပၚၿပီး Football Insider ရဲ႕ ေဖာ္ျပခ်က္အရ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးဟာ အသင္းေဟာင္းနဲ႔ ပရီးမီးယားလိဂ္ကို လြမ္းဆြတ္ေနတယ္လို႔ သိရပါတယ္။

မာေနးဟာ ဘိုင္ယန္ျမဴးနစ္ကစားသမားဘဝကို အထင္ႀကီးဖြယ္ စတင္ထားႏိုင္ခဲ့သူျဖစ္ၿပီး ၿပိဳင္ပြဲစုံမွာ ၁၁ ဂိုးအထိ သြင္းယူႏိုင္ခဲ့ေပမယ့္လည္း လီဗာပူးလ္ဂႏၲဝင္ ဟာမန္းက ဆီနီေဂါၾကယ္ပြင့္ဟာ ဘိုင္ယန္ျမဴးနစ္မွာ တသားတည္းျဖစ္မေနခဲ့ဘဲ မေပ်ာ္မ႐ႊင္ျဖစ္ေနပုံရတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“သူက အသင္းနဲ႔ တသားတည္းျဖစ္မသြားခဲ့ပါဘူး။ ကြၽန္ေတာ္ သူ လီဗာပူးလ္မွာတုန္းက အလယ္မွာ သူ ကစားေနခဲ့တာကို ျမင္ခဲ့တယ္။ အဲဒါက သူ႔ရဲ႕ ေနရာမဟုတ္ပါဘူး။ အခု သူ ဘိုင္ယန္ျမဴးနစ္မွာလည္း အဲဒီေနရာမွာ ကစားေနတယ္။ သူက သူ ေတာင္ပံကေန ခ်ိဳးဝင္တဲ့အခ်ိန္မွာ သူ႔ရဲ႕ အေကာင္းဆုံးပုံစံမွာ ရွိေနတဲ့သူပါ။ ကြၽန္ေတာ့္အတြက္ေတာ့ သူ ေပ်ာ္႐ႊင္ေနတဲ့ပုံမေပၚပါဘူး။ ဆာေနး၊ မူဆီအားလား ဒါမွမဟုတ္ ခံစစ္က လူးကပ္စ္ ဟာနန္ဒက္ဇ္တို႔လိုမ်ိဳး တျခားကစားသမားေတြက ထူးခြၽန္တဲ့ စြမ္းေဆာင္ရည္ေတြ ျပသေနၾကတယ္။ ဘယ္သူကမွ အခုအခ်ိန္မွာ မာေနးအေၾကာင္း မေျပာၾကပါဘူး”

“သူ႔ၾကည့္ရတာ အထီးက်န္ဆန္ေနပုံေပၚၿပီး ပြဲစဥ္အတြင္းမွာ တစိတ္တပိုင္းအျဖစ္ ပါဝင္ဖို႔ ခက္ခဲေနပါတယ္။ ဘိုင္ယန္ျမဴးနစ္အေနနဲ႔ အဲဒါကို ဘယ္လိုေျဖရွင္းမလဲဆိုတာ သိေအာင္ လုပ္ရမွာပါ။ ကြၽန္ေတာ့္အျမင္မွာေတာ့ က်ိန္းေသေပါက္ကစားရမယ့္ ကစားသမား ၂ ဦးရွိၿပီး အဲဒီကစားသမားေတြက ဆာေနးနဲ႔ မူဆီအားလားတို႔ပါ။ ဒီကစားသမား ၂ ဦးက အခုအခ်ိန္မွာ အေကာင္းဆုံးကစားသမား ၂ ဦးပါ။ မာေနးက ဘိုင္ယန္ျမဴးနစ္ရဲ႕ပြဲစဥ္ေတြမွာ ေသးငယ္တဲ့အခန္းက႑ကေန ဆက္ကစားရမယ္ဆိုရင္ အရန္ခုံကို ပို႔ခံရလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ခင္ဗ်ား မာေနးကို ေဘးဖယ္ထားႏိုင္တာေပါ့။ သူက အဲဒီမွာ ပိုေကာင္းလာပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.