ချဲလ်ဆီးဂန္တဝင်ကစားသမားဟောင်း အီဒင် ဟာဖက်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဇာတ်လမ်းကို တစ်ခန်းရပ်ပြီး ပရီးမီးယားလိဂ်ကို အံ့အားသင့်ဖွယ် ပြန်လာတော့မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဟာဇက်ဟာ ၂၀၁၉ ခုနှစ်မှာ ချဲလ်ဆီးကို စွန့်ခွာပြီး ရီးရဲလ်မက်ဒရစ်ကို ပေါင်သန်း ၁၀၀ ကျော်တန်ကြေးရှိတဲ့ သဘောတူညီမှုနဲ့ ပြောင်းရွှေ့ခဲ့ပေမယ့်လည်း စပိန်မှာ ရှိနေခဲ့တဲ့ အချိန်တွေဟာ လုံးဝကို အိပ်မက်ဆိုးဖြစ်နေခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယမ်တောင်ပံကစားသမားဟာ ဒဏ်ရာနဲ့ ကြံ့ခိုင်မှု ပြဿနာတွေရဲ့ရိုက်ခတ်ခြင်းကို ခံခဲ့ရပြီး ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပါဝင်ကစားပေးခွင့်ရရှိခဲ့တဲ့ အချိန်မှာလည်း ကိုယ့်အရိပ်ကိုယ်ပြန်မိုးခြင်း ခံခဲ့ရတာဖြစ်ပါတယ်။
ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်အတွက် လက်ရှိအချိန်အထိ ၇၂ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၈ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပီး ချဲလ်ဆီးအသင်းအတွက် ၃၅၂ ပွဲ ပါဝင်ကစားပေးခဲ့ချိန်မှာ ရရှိခဲ့တဲ့ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း ၂၀၂ ဂိုးနဲ့ နှိုင်းယှဉ်ရင် တော်တော်လေး နည်းပါးတဲ့ပမာဏဖြစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ ရာသီမတိုင်ခင်မှာ ဟာဇက်က အကောင်းဆုံးပုံစံ ပြန်လည်ပြသသွားမယ်လို့ ကတိပေးခဲ့ပြီး နည်းပြ အန်ဆလော့တီက ၎င်းကို သက်သေပြဖို့ အခွင့်အရေး ပေးချင်လာအောင် ကြံ့ခိုင်မှုရရှိအောင် ထိန်းသိမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အဲဒါကလည်း အလုပ်မဖြစ်ခဲ့တာဖြစ်ပြီး အန်ဆလော့တီဟာ ဗင်နီးရှပ်စ် ဂျူနီယာနဲ့ ရိုဒရီဂိုတို့အပါအဝင် လူငယ်မျိုးဆက်သစ်တောင်ပံကစားသမားတွေကို ပိုမို အသုံးပြုခဲ့တာကြောင့် အသက် ၃၁ နှစ်အရွယ် တောင်ပံကစားသမားဟာ ပြိုင်ပွဲစုံမှာ ၂ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
ရလဒ်အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပွဲမကစာခိုင်းရဘဲ ကြီးမားတဲ့ လစာပမာဏ ပေးချေနေရတဲ့ အီဒင် ဟာဇက်ကို တတ်နိုင်သမျှ စောစော ရောင်းထုတ်ပြီး ဆုံးရှုံးနစ်နာမှုတွေကို ဖြတ်တောက်သွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ El Nacional ရဲ့ သတင်းအရ သိရပါတယ်။
ဥရောပလက်ရှိချန်ပီယံတွေဟာ ဟာဇက်အတွက် အပြီးသတ်နဲ့ အငှားကမ်းလှမ်းမှုတွေကို လက်ခံနားထောင်သွားချင်နေပြီး အငှားစာချုပ်နဲ့ဆိုရင် ပေါင် ၁၇ သန်းဝန်းကျင်နဲ့ အပြီးသတ် ဝယ်ယူခွင့်ပါ တစ်ခါတည်း ထည့်သွင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာတုန်းက ပရီးမီးယားလိဂ်နဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ယူဆခြင်းခံခဲ့ရတဲ့ ဟာဇက်အတွက် ကုန်ကျခဲ့တဲ့အထဲက ရသလောက် ပြန်ယူသွားချင်နေပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်ရဲ့ ဂုဏ်သတင်းကြောင့် နယူးကာဆယ်လ်နဲ့ အက်စတန် ဗီလာတို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
နယူးကာဆယ်လ်ဟာ ဟာဇက်ရဲ့ ကြီးမားတဲ့ လစာပမာဏကို ပေးချေနိုင်တဲ့ ငွေကြေးအင်အားမျိုး ရှိတဲ့အသင်းဖြစ်ပြီး ငှက်ကျားတွေရဲ့အသင်းပိုင်ရှင်ဟာ ဥရောပဝင်ခွင့်ရဖို့ မျှော်မှန်းချက် ထားရှိနေတာကြောင့် နည်းပြသစ် အူနိုင်း အမ်မရီအတွက် ကစားသမားသစ်အများအပြား ခေါ်ယူပေးသွားချင်နေတယ်လို့ သိရပါတယ်။
ဟာဇက်ရဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၄ ခုနှစ်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ချဲလ်ဆီးအသင်းပရိသတ်တွေကလည်း အသင်းရဲ့ ဂန္တဝင်ကစားသမားကို အပြီးသတ်မဟုတ်ရင်တောင် အငှားနဲ့ ပြန်လည်ခေါ်ယူပြီး အရင်တုန်းက ကမ္ဘာ့ထိပ်တန်းအဆင့် ခြေစွမ်းမျိုး ပြန်လည်အသက်သွင်းနိုင်မလားဆိုတာကို စမ်းသပ်စေချင်နေကြတာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ခ်ဲလ္ဆီးဂႏၲဝင္ကစားသမားေဟာင္း အီဒင္ ဟာဖက္ဟာ ရီးရဲလ္မက္ဒရစ္နဲ႔ ဇာတ္လမ္းကို တစ္ခန္းရပ္ၿပီး ပရီးမီးယားလိဂ္ကို အံ့အားသင့္ဖြယ္ ျပန္လာေတာ့မယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။
ဟာဇက္ဟာ ၂၀၁၉ ခုႏွစ္မွာ ခ်ဲလ္ဆီးကို စြန႔္ခြာၿပီး ရီးရဲလ္မက္ဒရစ္ကို ေပါင္သန္း ၁၀၀ ေက်ာ္တန္ေၾကးရွိတဲ့ သေဘာတူညီမႈနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္လည္း စပိန္မွာ ရွိေနခဲ့တဲ့ အခ်ိန္ေတြဟာ လုံးဝကို အိပ္မက္ဆိုးျဖစ္ေနခဲ့တာျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယမ္ေတာင္ပံကစားသမားဟာ ဒဏ္ရာနဲ႔ ႀကံ့ခိုင္မႈ ျပႆနာေတြရဲ႕႐ိုက္ခတ္ျခင္းကို ခံခဲ့ရၿပီး ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ပါဝင္ကစားေပးခြင့္ရရွိခဲ့တဲ့ အခ်ိန္မွာလည္း ကိုယ့္အရိပ္ကိုယ္ျပန္မိုးျခင္း ခံခဲ့ရတာျဖစ္ပါတယ္။
ဟာဇက္ဟာ ရီးရဲလ္မက္ဒရစ္အတြက္ လက္ရွိအခ်ိန္အထိ ၇၂ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၈ ဂိုးသာ သြင္းယူထားႏိုင္ခဲ့တာျဖစ္ပီး ခ်ဲလ္ဆီးအသင္းအတြက္ ၃၅၂ ပြဲ ပါဝင္ကစားေပးခဲ့ခ်ိန္မွာ ရရွိခဲ့တဲ့ သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈ စုစုေပါင္း ၂၀၂ ဂိုးနဲ႔ ႏႈိင္းယွဥ္ရင္ ေတာ္ေတာ္ေလး နည္းပါးတဲ့ပမာဏျဖစ္ခဲ့တာျဖစ္ပါတယ္။ လက္ရွိ ရာသီမတိုင္ခင္မွာ ဟာဇက္က အေကာင္းဆုံးပုံစံ ျပန္လည္ျပသသြားမယ္လို႔ ကတိေပးခဲ့ၿပီး နည္းျပ အန္ဆေလာ့တီက ၎ကို သက္ေသျပဖို႔ အခြင့္အေရး ေပးခ်င္လာေအာင္ ႀကံ့ခိုင္မႈရရွိေအာင္ ထိန္းသိမ္းထားႏိုင္ခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္လည္း အဲဒါကလည္း အလုပ္မျဖစ္ခဲ့တာျဖစ္ၿပီး အန္ဆေလာ့တီဟာ ဗင္နီးရွပ္စ္ ဂ်ဴနီယာနဲ႔ ႐ိုဒရီဂိုတို႔အပါအဝင္ လူငယ္မ်ိဳးဆက္သစ္ေတာင္ပံကစားသမားေတြကို ပိုမို အသုံးျပဳခဲ့တာေၾကာင့္ အသက္ ၃၁ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ ၿပိဳင္ပြဲစုံမွာ ၂ ပြဲသာ ပြဲထြက္ပါဝင္ကစားခြင့္ရရွိခဲ့တာျဖစ္ပါတယ္။
ရလဒ္အေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းဟာ ပြဲမကစာခိုင္းရဘဲ ႀကီးမားတဲ့ လစာပမာဏ ေပးေခ်ေနရတဲ့ အီဒင္ ဟာဇက္ကို တတ္ႏိုင္သမွ် ေစာေစာ ေရာင္းထုတ္ၿပီး ဆုံးရႈံးနစ္နာမႈေတြကို ျဖတ္ေတာက္သြားဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ El Nacional ရဲ႕ သတင္းအရ သိရပါတယ္။
ဥေရာပလက္ရွိခ်န္ပီယံေတြဟာ ဟာဇက္အတြက္ အၿပီးသတ္နဲ႔ အငွားကမ္းလွမ္းမႈေတြကို လက္ခံနားေထာင္သြားခ်င္ေနၿပီး အငွားစာခ်ဳပ္နဲ႔ဆိုရင္ ေပါင္ ၁၇ သန္းဝန္းက်င္နဲ႔ အၿပီးသတ္ ဝယ္ယူခြင့္ပါ တစ္ခါတည္း ထည့္သြင္းသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။
ရီးရဲလ္မက္ဒရစ္ဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာတုန္းက ပရီးမီးယားလိဂ္နဲ႔ ကမာၻေပၚမွာ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ ယူဆျခင္းခံခဲ့ရတဲ့ ဟာဇက္အတြက္ ကုန္က်ခဲ့တဲ့အထဲက ရသေလာက္ ျပန္ယူသြားခ်င္ေနၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ရဲ႕ ဂုဏ္သတင္းေၾကာင့္ နယူးကာဆယ္လ္နဲ႔ အက္စတန္ ဗီလာတို႔က စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။
နယူးကာဆယ္လ္ဟာ ဟာဇက္ရဲ႕ ႀကီးမားတဲ့ လစာပမာဏကို ေပးေခ်ႏိုင္တဲ့ ေငြေၾကးအင္အားမ်ိဳး ရွိတဲ့အသင္းျဖစ္ၿပီး ငွက္က်ားေတြရဲ႕အသင္းပိုင္ရွင္ဟာ ဥေရာပဝင္ခြင့္ရဖို႔ ေမွ်ာ္မွန္းခ်က္ ထားရွိေနတာေၾကာင့္ နည္းျပသစ္ အူႏိုင္း အမ္မရီအတြက္ ကစားသမားသစ္အမ်ားအျပား ေခၚယူေပးသြားခ်င္ေနတယ္လို႔ သိရပါတယ္။
ဟာဇက္ရဲ႕ ရီးရဲလ္မက္ဒရစ္နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၄ ခုႏွစ္မွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းပရိသတ္ေတြကလည္း အသင္းရဲ႕ ဂႏၲဝင္ကစားသမားကို အၿပီးသတ္မဟုတ္ရင္ေတာင္ အငွားနဲ႔ ျပန္လည္ေခၚယူၿပီး အရင္တုန္းက ကမာၻ႔ထိပ္တန္းအဆင့္ ေျခစြမ္းမ်ိဳး ျပန္လည္အသက္သြင္းႏိုင္မလားဆိုတာကို စမ္းသပ္ေစခ်င္ေနၾကတာျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.