La Liga Match Report

ခြေကျမှုနဲ့ ရှုံးပွဲစတွေ့ပြီး အဆင့်တစ်နေရာကို ဘာစီလိုနာဆီ လွှဲပေးခဲ့ရတဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကူတွာ၊ အလာဘာ၊ မီလီတို၊ ကာဗာဟယ်လ်နဲ့ ဖယ်လွန် မန်ဒီတို့ကို အသုံးပြုလာခဲ့ပြီး ကွင်းလယ်မှာတော့ ချွာမင်နီ၊ မိုဒရစ်ချ်နဲ့ ဗယ်လ်ဗာဒီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဗီနီးရှပ်စ် ဂျူနီယာ၊ ရိုဒရီဂိုနဲ့ အဆန်စီယိုတို့ကို ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင် ရာယို ဗယ်လက်ကာနိုတို့ကတော့ ဂိုးသမား ဒီမီထရီယက်ဗ်စကီး၊ ခံစစ်မှာ ကာတီနာ၊ လူဂျွန်၊ ဖရန် ဂါစီယာနဲ့ ဘယ်လီယူတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ အော်စကာ ဗလန်တင်၊ ကိုမီဆာညာ၊ ပါလာဇွန်၊ အယ်လ်ဗာရို ဂါစီယာနဲ့ ထရယ်ဟိုတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ကာမယ်ယို တစ်ဦးတည်းကို အထောင်ထားလာခဲ့တာပါ။

ပွဲချိန် ၅ မိနစ်မှာပဲ ရာယိုတို့ အဖွင့်ဂိုး သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ အဆင်သင့်ဖြစ်သေးပုံမရတဲ့ ရီးရဲလ်ဘက်ကို ဘယ်ခြမ်းကနေ ထိုးဖောက်လာခဲ့တဲ့ နောက်ခံလူ ဖရန် ဂါစီယာက ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ကွင်းလယ်လူ ကိုမီဆာညာက ဘယ်ခြေနဲ့ ခပ်သာသာပဲ Volley ကန်သွင်းပြီး ဂိုးသမား ကူတွာကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

ဘင်ဇီးမား ဒဏ်ရာကြောင့် မပါဝင်နိုင်သေးချိန်မှာ သူ့ရဲ့ စွမ်းဆောင်မှုနဲ့ အကျိုးပြုမှုကို ရီးရဲလ်တို့ အစားထိုးဖို့ ခက်ခဲနေခဲ့တာကြာပြီဖြစ်ပြီး နည်းပြ အန်ချယ်လော့တီအနေနဲ့ ညာတောင်ပံကစားနေကျ ရိုဒရီဂိုကို အထောင်မှာ ကစားခိုင်းခဲ့ပေမယ့် မထူးချွန်ခဲ့သလို ဒီနေ့မှာ ခံစစ်ပိုင်းကပါ စုဖွဲ့မှု ပျက်သလိုဖြစ်နေတာကြောင့် ဂိုးသမား ကူတွာအနေနဲ့ ရာယိုတို့ရဲ့ ခြိမ်းခြောက်မှုတွေကို တော်တော်လေး ရင်ဆိုင်သွားခဲ့ရတာပါ။

ပွဲချိန် ၃၇ မိနစ်မှာတော့ ရီးရဲလ်တို့ ချေပဂိုး ပြန်လည်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာတောင်ပံကနေ ဧရိယာထဲ ဆွဲဝင်လာစဉ်မှာ ဘောလုံးမထိဘဲ ခြေချိတ်ခံခဲ့ရတဲ့ အဆန်စီယိုကြောင့် ရတဲ့ ပင်နယ်တီကို မိုဒရစ်ချ်က ဂိုးသမားကို လှည့်စားပြီး ဂိုးအလယ်တည့်တည့်ကို ကန်သွင်းနိုင်ခဲ့လို့ တစ်ဂိုးစီ သရေပြန်ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၄၁ မိနစ်မှာတော့ မက်ဒရစ်သားတွေ နောက်ကနေ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အဆန်စီယိုရဲ့ ညာထောင့်ကန်ဘောကနေ ရာယိုခံစစ်က အာရုံများပြီး လူကပ်ပုံဆိုးရွားခဲ့ချိန်မှာ တစ်ယောက်တည်း လွတ်ထွက်နေခဲ့တဲ့ နောက်ခံလူ အီဒါ မီလီတိုက အနီးကပ်ခေါင်းတိုက်သွင်းပြီး နှစ်ဂိုး-တစ်ဂိုးနဲ့ ရှေ့ပြန်ရောက်လာနိုင်ခဲ့တာပါ။

ဒါပေမယ့် ပွဲချိန် ၄၄ မိနစ်မှာတော့ ချေပဂိုး ပြန်ပေးခဲ့ရပြီး ဒီဂိုးကိုတော့ အသင်းကြီးကို ရှိန်မနေဘဲ အိမ်ကွင်းမှာ ဖွင့်တိုက်နေတဲ့ ရာယိုတို့ရဲ့ ဧရိယာထဲမှာ ဆက်တိုက်ထိုးဖောက်မှုတွေကနေ ပါလာဇွန်က ဘယ်ခြမ်းကို ခေါင်းတိုက်ချပေးခဲ့တဲ့ ဘောလုံးကို အယ်လ်ဗာရို ဂါစီယာက ဘယ်ခြေနဲ့ အပြင်းကန်သွင်းခဲ့ရာမှာ ကူတွာ မကာကွယ်နိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ နှစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း အဆင်မပြေတဲ့ အစုအဖွဲ့ကို နည်းပြ အန်ချယ်လော့တီအနေနဲ့ အပြောင်းအလဲလုပ်ဖို့ တွန့်ဆုတ်နေခဲ့သလို အရင်ပွဲတွေက ကွင်းလယ်အားနဲ့ ချောမွေ့တဲ့ တွဲလုံးတွေကို အသုံးပြုပြီး အဆင်ပြေခဲ့ချိန်မှာ ဒီပွဲမှာတော့ ဗယ်လ်ဗာဒီရော ချွာမင်နီပါ ခြေစွမ်းပျောက်ဆုံးနေခဲ့တာကြောင့် ပွဲကို ရာယိုတို့ပဲ စိုးမိုးထားနိုင်ခဲ့တာပါ။

ပွဲချိန် ၆၇ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဘောလုံးရယူခဲ့တဲ့ ရာယိုတောင်ပံသမား အယ်လ်ဗာရို ဂါစီယာကို တားဆီးဖို့ ကြိုးစားတဲ့ ကာဗာဟယ်လ်က ဧရိယာထဲမှာ လက်ထိခဲ့မိတာကြောင့် VAR နဲ့ ပင်နယ်တီပေးခဲ့ပြီး ဒီအခွင့်အရေးကိုတော့ ကွင်းလယ်လူ ထရယ်ဟိုက ကန်သွင်းရာမှာ ကူတွာ ကာကွယ်နိုင်ခဲ့ပေမယ့် ဘောလုံးမထိခင်မှာ ရီးရဲလ်ဘက်က ဧရိယာထဲကို ဝင်ရောက်မှုကြောင့် နောက်တစ်ကြိမ်ပြန်ကန်ခဲ့ရပါတယ်။

တစ်ချိန်လုံး ညာခြမ်းခံစစ်မှာ ညံ့ဖျင်းနေခဲ့ပြီး အဝါထိထားခဲ့တဲ့ လက်ထိဘောရှင် ကာဗာဟယ်လ်ကြောင့်ပဲ ရာယိုတို့ ဒုတိယတစ်ကြိမ် အခွင့်အရေး ရခဲ့ရာမှာတော့ ထရယ်ဟိုကပဲ ပထမကန်တဲ့ ဘယ်ဘက်ကို မကန်ဘဲ ညာဘက်ကို ကန်သွင်းခဲ့ရာမှာ ကူတွာ မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့ပေမယ့် အနည်းငယ် နောက်ကျနေခဲ့လို့ ဂိုးပေးခဲ့ရတာပါ။

ဒီနောက်ပိုင်းမှာတော့ ရီးရဲလ်တို့ဘက်က ချွာမင်နီ၊ မိုဒရစ်ချ်၊ ကာဗာဟယ်လ်နဲ့ မန်ဒီတို့အစား ကာမာဗင်ဂါ၊ မာရီယာနို ဒီယက်ဇ်၊ လူးကပ်စ် ဗက်ဇ်ကေးဇ်နဲ့ နာချိုတို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် တစ်ပွဲလုံးမှ ဂိုးပေါက်နှစ်ကြိမ်သာ တည့်အောင်ကန်နိုင်ခဲ့တဲ့ တိုက်စစ်ကြောင့် ချေပဂိုးရဖို့ အရာမထင်ခဲ့သလို ဒီရာသီ လာလီဂါမှာ ပထမဆုံး ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာ သုံးဂိုး-နှစ်ဂိုးနဲ့ ပြီးဆုံးခဲ့တဲ့ ဒီပွဲရလဒ်ကြောင့် အိမ်ရှင် ရာယို ဗယ်လက်ကာနိုတို့ ၁၃ ပွဲကစား ၂၁ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နိုင်ခဲ့ကြချိန်မှာ နှစ်ပွဲဆက်နိုင်ပွဲပျောက်ပြီး ရှုံးပွဲစတွေ့ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်တို့ကတော့ ဘာစီလိုနာတို့ရဲ့နောက် နှစ်မှတ်အကွာကနေ အဆင့် ၂ နေရာကို ဆင်းပေးလိုက်ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကူတြာ၊ အလာဘာ၊ မီလီတို၊ ကာဗာဟယ္လ္နဲ႔ ဖယ္လြန္ မန္ဒီတို႔ကို အသုံးျပဳလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ခြၽာမင္နီ၊ မိုဒရစ္ခ်္နဲ႔ ဗယ္လ္ဗာဒီတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဗီနီးရွပ္စ္ ဂ်ဴနီယာ၊ ႐ိုဒရီဂိုနဲ႔ အဆန္စီယိုတို႔ကို ပြဲထုတ္ခဲ့တာ ျဖစ္ပါတယ္။

အိမ္ရွင္ ရာယို ဗယ္လက္ကာႏိုတို႔ကေတာ့ ဂိုးသမား ဒီမီထရီယက္ဗ္စကီး၊ ခံစစ္မွာ ကာတီနာ၊ လူဂြၽန္၊ ဖရန္ ဂါစီယာနဲ႔ ဘယ္လီယူတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေအာ္စကာ ဗလန္တင္၊ ကိုမီဆာညာ၊ ပါလာဇြန္၊ အယ္လ္ဗာ႐ို ဂါစီယာနဲ႔ ထရယ္ဟိုတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ကာမယ္ယို တစ္ဦးတည္းကို အေထာင္ထားလာခဲ့တာပါ။

ပြဲခ်ိန္ ၅ မိနစ္မွာပဲ ရာယိုတို႔ အဖြင့္ဂိုး သြင္းယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ အဆင္သင့္ျဖစ္ေသးပုံမရတဲ့ ရီးရဲလ္ဘက္ကို ဘယ္ျခမ္းကေန ထိုးေဖာက္လာခဲ့တဲ့ ေနာက္ခံလူ ဖရန္ ဂါစီယာက ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးကို ကြင္းလယ္လူ ကိုမီဆာညာက ဘယ္ေျခနဲ႔ ခပ္သာသာပဲ Volley ကန္သြင္းၿပီး ဂိုးသမား ကူတြာကို အႏိုင္ယူသြားခဲ့တာျဖစ္ပါတယ္။

ဘင္ဇီးမား ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္ေသးခ်ိန္မွာ သူ႔ရဲ႕ စြမ္းေဆာင္မႈနဲ႔ အက်ိဳးျပဳမႈကို ရီးရဲလ္တို႔ အစားထိုးဖို႔ ခက္ခဲေနခဲ့တာၾကာၿပီျဖစ္ၿပီး နည္းျပ အန္ခ်ယ္ေလာ့တီအေနနဲ႔ ညာေတာင္ပံကစားေနက် ႐ိုဒရီဂိုကို အေထာင္မွာ ကစားခိုင္းခဲ့ေပမယ့္ မထူးခြၽန္ခဲ့သလို ဒီေန႔မွာ ခံစစ္ပိုင္းကပါ စုဖြဲ႕မႈ ပ်က္သလိုျဖစ္ေနတာေၾကာင့္ ဂိုးသမား ကူတြာအေနနဲ႔ ရာယိုတို႔ရဲ႕ ၿခိမ္းေျခာက္မႈေတြကို ေတာ္ေတာ္ေလး ရင္ဆိုင္သြားခဲ့ရတာပါ။

ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ ရီးရဲလ္တို႔ ေခ်ပဂိုး ျပန္လည္ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေတာင္ပံကေန ဧရိယာထဲ ဆြဲဝင္လာစဥ္မွာ ေဘာလုံးမထိဘဲ ေျခခ်ိတ္ခံခဲ့ရတဲ့ အဆန္စီယိုေၾကာင့္ ရတဲ့ ပင္နယ္တီကို မိုဒရစ္ခ်္က ဂိုးသမားကို လွည့္စားၿပီး ဂိုးအလယ္တည့္တည့္ကို ကန္သြင္းႏိုင္ခဲ့လို႔ တစ္ဂိုးစီ သေရျပန္ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ မက္ဒရစ္သားေတြ ေနာက္ကေန ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ အဆန္စီယိုရဲ႕ ညာေထာင့္ကန္ေဘာကေန ရာယိုခံစစ္က အာ႐ုံမ်ားၿပီး လူကပ္ပုံဆိုး႐ြားခဲ့ခ်ိန္မွာ တစ္ေယာက္တည္း လြတ္ထြက္ေနခဲ့တဲ့ ေနာက္ခံလူ အီဒါ မီလီတိုက အနီးကပ္ေခါင္းတိုက္သြင္းၿပီး ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ေရွ႕ျပန္ေရာက္လာႏိုင္ခဲ့တာပါ။

ဒါေပမယ့္ ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ ေခ်ပဂိုး ျပန္ေပးခဲ့ရၿပီး ဒီဂိုးကိုေတာ့ အသင္းႀကီးကို ရွိန္မေနဘဲ အိမ္ကြင္းမွာ ဖြင့္တိုက္ေနတဲ့ ရာယိုတို႔ရဲ႕ ဧရိယာထဲမွာ ဆက္တိုက္ထိုးေဖာက္မႈေတြကေန ပါလာဇြန္က ဘယ္ျခမ္းကို ေခါင္းတိုက္ခ်ေပးခဲ့တဲ့ ေဘာလုံးကို အယ္လ္ဗာ႐ို ဂါစီယာက ဘယ္ေျခနဲ႔ အျပင္းကန္သြင္းခဲ့ရာမွာ ကူတြာ မကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ ႏွစ္ဂိုးစီသေရျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း အဆင္မေျပတဲ့ အစုအဖြဲ႕ကို နည္းျပ အန္ခ်ယ္ေလာ့တီအေနနဲ႔ အေျပာင္းအလဲလုပ္ဖို႔ တြန႔္ဆုတ္ေနခဲ့သလို အရင္ပြဲေတြက ကြင္းလယ္အားနဲ႔ ေခ်ာေမြ႕တဲ့ တြဲလုံးေတြကို အသုံးျပဳၿပီး အဆင္ေျပခဲ့ခ်ိန္မွာ ဒီပြဲမွာေတာ့ ဗယ္လ္ဗာဒီေရာ ခြၽာမင္နီပါ ေျခစြမ္းေပ်ာက္ဆုံးေနခဲ့တာေၾကာင့္ ပြဲကို ရာယိုတို႔ပဲ စိုးမိုးထားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၆၇ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ေဘာလုံးရယူခဲ့တဲ့ ရာယိုေတာင္ပံသမား အယ္လ္ဗာ႐ို ဂါစီယာကို တားဆီးဖို႔ ႀကိဳးစားတဲ့ ကာဗာဟယ္လ္က ဧရိယာထဲမွာ လက္ထိခဲ့မိတာေၾကာင့္ VAR နဲ႔ ပင္နယ္တီေပးခဲ့ၿပီး ဒီအခြင့္အေရးကိုေတာ့ ကြင္းလယ္လူ ထရယ္ဟိုက ကန္သြင္းရာမွာ ကူတြာ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ေဘာလုံးမထိခင္မွာ ရီးရဲလ္ဘက္က ဧရိယာထဲကို ဝင္ေရာက္မႈေၾကာင့္ ေနာက္တစ္ႀကိမ္ျပန္ကန္ခဲ့ရပါတယ္။

တစ္ခ်ိန္လုံး ညာျခမ္းခံစစ္မွာ ညံ့ဖ်င္းေနခဲ့ၿပီး အဝါထိထားခဲ့တဲ့ လက္ထိေဘာရွင္ ကာဗာဟယ္လ္ေၾကာင့္ပဲ ရာယိုတို႔ ဒုတိယတစ္ႀကိမ္ အခြင့္အေရး ရခဲ့ရာမွာေတာ့ ထရယ္ဟိုကပဲ ပထမကန္တဲ့ ဘယ္ဘက္ကို မကန္ဘဲ ညာဘက္ကို ကန္သြင္းခဲ့ရာမွာ ကူတြာ မွန္ကန္ေအာင္ ခန႔္မွန္းႏိုင္ခဲ့ေပမယ့္ အနည္းငယ္ ေနာက္က်ေနခဲ့လို႔ ဂိုးေပးခဲ့ရတာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ရီးရဲလ္တို႔ဘက္က ခြၽာမင္နီ၊ မိုဒရစ္ခ်္၊ ကာဗာဟယ္လ္နဲ႔ မန္ဒီတို႔အစား ကာမာဗင္ဂါ၊ မာရီယာႏို ဒီယက္ဇ္၊ လူးကပ္စ္ ဗက္ဇ္ေကးဇ္နဲ႔ နာခ်ိဳတို႔ကို ထည့္သြင္းၿပီး တိုက္စစ္ျမႇင့္ခဲ့ေပမယ့္ တစ္ပြဲလုံးမွ ဂိုးေပါက္ႏွစ္ႀကိမ္သာ တည့္ေအာင္ကန္ႏိုင္ခဲ့တဲ့ တိုက္စစ္ေၾကာင့္ ေခ်ပဂိုးရဖို႔ အရာမထင္ခဲ့သလို ဒီရာသီ လာလီဂါမွာ ပထမဆုံး ရႈံးပြဲနဲ႔ ႀကဳံေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာ သုံးဂိုး-ႏွစ္ဂိုးနဲ႔ ၿပီးဆုံးခဲ့တဲ့ ဒီပြဲရလဒ္ေၾကာင့္ အိမ္ရွင္ ရာယို ဗယ္လက္ကာႏိုတို႔ ၁၃ ပြဲကစား ၂၁ မွတ္နဲ႔ အဆင့္ ၈ ေနရာမွာ ရပ္တည္ႏိုင္ခဲ့ၾကခ်ိန္မွာ ႏွစ္ပြဲဆက္ႏိုင္ပြဲေပ်ာက္ၿပီး ရႈံးပြဲစေတြ႕ခဲ့တဲ့ ရီးရဲလ္မက္ဒရစ္တို႔ကေတာ့ ဘာစီလိုနာတို႔ရဲ႕ေနာက္ ႏွစ္မွတ္အကြာကေန အဆင့္ ၂ ေနရာကို ဆင္းေပးလိုက္ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.