Premier League

ဂန်းနားတွေကို ညှာမှာမဟုတ်ဘူးဆိုတဲ့ အူဘာမီယန်းကို တုံ့ပြန်လိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြ နည်းပြ အာတီတာဟာ တနင်္ဂနွေနေ့မှာ အာဆင်နယ်နဲ့ယှဉ်ပြိုင်ကစားရမယ့် ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပရိုမိုးရှင်းဗီဒီယိုအတွင်း ဘူဘာမီယန်းရဲ့ သိသိသာသာ တိုက်ခိုက်ခဲ့မှုကို အရေးမကြီးဟန်နဲ့ ပြောဆိုသွားခဲ့ပါတယ်။

အူဘာမီယန်းဟာ ယခုနှစ်အစောပိုင်းမှာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ဂန်းနားတွေကို စွန့်ခွာခဲ့တဲ့အချိန်နောက်ပိုင်း ပထမဆုံးအကြိမ် အာဆင်နယ်နဲ့ ပြန်လည်ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

အူဘာမီယန်းရဲ့ အမ်းမရိတ်စ်မှာ ရှိနေခဲ့တဲ့ နောက်ဆုံးလအနည်းငယ်အတွင်းက အာတီတာရဲ့ ဆက်ဆံရေးဟာ စည်းကမ်းချိုးဖောက်မှုတွေ ဆက်တိုက်လုပ်ဆောင်ပြီးနောက်ပိုင်း အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခြင်းခံခဲ့ရပြီးနောက် ဆိုးရွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ အူဘာမီယန်းရဲ့ စာချုပ်ကို ဖျက်သိမ်းဖို့အတွက် ဖေဖော်ဝါရီလမှာ မီးစိမ်းပြခဲ့တာကြောင့် ဂါဘွန်တိုက်စစ်မှူးဟာ ဘာစီလိုနာကို အလွတ်နဲ့ ပြောင်းရွှေ့ဖို့ လမ်းပွင့်သွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပိန်လာလီဂါကလပ်အသင်းက အူဘာမီယန်းကို ဘဏ္ဍာရေးပြဿနာတွေကြောင့် ပြီးခဲ့တဲ့နွေရာသီမှာ ပြန်ရောင်းထုတ်ခဲ့ပြီး အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးဟာ အာဆင်နယ်ရဲ့ လန်ဒန်မြို့ခံပြိုင်ဘက် ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ စတမ်းဖို့ဒ် ဘရစ်ချ်က ပွဲစဉ်မတိုင်ခင် အူဘာမီယန်းက BT Sport အတွက် ရိုက်ကူးခဲ့တဲ့ ကြော်ငြာထဲမှာ အာဆင်နယ်ပရိသတ်တွေရဲ့ ဒေါသကို စမ်းသပ်တဲ့ စကားလုံးတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“အာဆင်နယ်ရေ ပုဂ္ဂိုလ်ရေးတွေမပါပါဘူး။ ငါ ပြန်လာပြီ။ ငါက အပြာရောင်ပဲ။ ငါ အဆင်သင့်ဖြစ်နေပြီ”လို့ ပြောကြားခဲ့တာဖြစ်ပြီး အူဘာမီယန်းရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရချိန်မှာ အာတီတာက “ကစားသမားတွေ ဒါကို လုပ်မယ်ဆိုတာ ခင်ဗျား မျှော်မှန်းလို့ရပါတယ်။ ကျွန်တော်တို့ ကစားသမားတွေထဲက ဘယ်သူ့ကိုမဆို သူတို့ အခုရှိနေတဲ့နေရာနဲ့ပတ်သက်ပြီး ဘယ်လိုခံစားနေရလဲမေးရင် သူတို့လည်း အတူတူပဲ ပြောပါလိမ့်မယ်”

အာဆင်နယ်နဲ့ပွဲစဉ်မှာ အူဘာမီယန်းက ဘယ်လောက်အထိ အန္တရာယ်ရှိနိုင်လဲလို့ မေးမြန်းခဲ့ရာမှာ အာတီတာက “အရမ်း အန္တရာယ်ရှိပါတယ်။ အူဘာမှာ တစ်ခုရှိတယ်။ အဲဒါက ဘောလုံးကို သူ ဂိုးပိုက်ထဲကို ထည့်ဖို့ဆုံးဖြတ်ထားရင် အဲဒါကို သူ လုံလောက်တဲ့အထိ လုပ်နိုင်တဲ့နေ့မတိုင်အထိ အဲဒါကို လုပ်နေတော့မှာပါ။ ကျွန်တော်တို့ ပထမဆုံး ချဲလ်ဆီးဘာလုပ်မလဲဆိုတာကို ကြည့်ရမှာဖြစ်ပြီး သူတို့ အဲဒါကို မလုပ်နိုင်အောင် အတူတူအစီအစဉ်ဆွဲဖို့ ကြိုးပမ်းသွားရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္နည္းျပ နည္းျပ အာတီတာဟာ တနဂၤေႏြေန႔မွာ အာဆင္နယ္နဲ႔ယွဥ္ၿပိဳင္ကစားရမယ့္ ခ်ဲလ္ဆီးရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္အတြက္ ပ႐ိုမိုးရွင္းဗီဒီယိုအတြင္း ဘူဘာမီယန္းရဲ႕ သိသိသာသာ တိုက္ခိုက္ခဲ့မႈကို အေရးမႀကီးဟန္နဲ႔ ေျပာဆိုသြားခဲ့ပါတယ္။

အူဘာမီယန္းဟာ ယခုႏွစ္အေစာပိုင္းမွာ ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ဖို႔ ဂန္းနားေတြကို စြန႔္ခြာခဲ့တဲ့အခ်ိန္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ အာဆင္နယ္နဲ႔ ျပန္လည္ရင္ဆိုင္သြားရမွာ ျဖစ္ပါတယ္။

အူဘာမီယန္းရဲ႕ အမ္းမရိတ္စ္မွာ ရွိေနခဲ့တဲ့ ေနာက္ဆုံးလအနည္းငယ္အတြင္းက အာတီတာရဲ႕ ဆက္ဆံေရးဟာ စည္းကမ္းခ်ိဳးေဖာက္မႈေတြ ဆက္တိုက္လုပ္ေဆာင္ၿပီးေနာက္ပိုင္း အသင္းေခါင္းေဆာင္ရာထူးကေန ဖယ္ရွားျခင္းခံခဲ့ရၿပီးေနာက္ ဆိုး႐ြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ အူဘာမီယန္းရဲ႕ စာခ်ဳပ္ကို ဖ်က္သိမ္းဖို႔အတြက္ ေဖေဖာ္ဝါရီလမွာ မီးစိမ္းျပခဲ့တာေၾကာင့္ ဂါဘြန္တိုက္စစ္မႉးဟာ ဘာစီလိုနာကို အလြတ္နဲ႔ ေျပာင္းေ႐ႊ႕ဖို႔ လမ္းပြင့္သြားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း စပိန္လာလီဂါကလပ္အသင္းက အူဘာမီယန္းကို ဘ႑ာေရးျပႆနာေတြေၾကာင့္ ၿပီးခဲ့တဲ့ေႏြရာသီမွာ ျပန္ေရာင္းထုတ္ခဲ့ၿပီး အသက္ ၃၃ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ အာဆင္နယ္ရဲ႕ လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

တနဂၤေႏြေန႔ စတမ္းဖို႔ဒ္ ဘရစ္ခ်္က ပြဲစဥ္မတိုင္ခင္ အူဘာမီယန္းက BT Sport အတြက္ ႐ိုက္ကူးခဲ့တဲ့ ေၾကာ္ျငာထဲမွာ အာဆင္နယ္ပရိသတ္ေတြရဲ႕ ေဒါသကို စမ္းသပ္တဲ့ စကားလုံးေတြနဲ႔ တိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။

“အာဆင္နယ္ေရ ပုဂၢိဳလ္ေရးေတြမပါပါဘူး။ ငါ ျပန္လာၿပီ။ ငါက အျပာေရာင္ပဲ။ ငါ အဆင္သင့္ျဖစ္ေနၿပီ”လို႔ ေျပာၾကားခဲ့တာျဖစ္ၿပီး အူဘာမီယန္းရဲ႕ ေၾကညာခ်က္နဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ အာတီတာက “ကစားသမားေတြ ဒါကို လုပ္မယ္ဆိုတာ ခင္ဗ်ား ေမွ်ာ္မွန္းလို႔ရပါတယ္။ ကြၽန္ေတာ္တို႔ ကစားသမားေတြထဲက ဘယ္သူ႔ကိုမဆို သူတို႔ အခုရွိေနတဲ့ေနရာနဲ႔ပတ္သက္ၿပီး ဘယ္လိုခံစားေနရလဲေမးရင္ သူတို႔လည္း အတူတူပဲ ေျပာပါလိမ့္မယ္”

အာဆင္နယ္နဲ႔ပြဲစဥ္မွာ အူဘာမီယန္းက ဘယ္ေလာက္အထိ အႏၲရာယ္ရွိႏိုင္လဲလို႔ ေမးျမန္းခဲ့ရာမွာ အာတီတာက “အရမ္း အႏၲရာယ္ရွိပါတယ္။ အူဘာမွာ တစ္ခုရွိတယ္။ အဲဒါက ေဘာလုံးကို သူ ဂိုးပိုက္ထဲကို ထည့္ဖို႔ဆုံးျဖတ္ထားရင္ အဲဒါကို သူ လုံေလာက္တဲ့အထိ လုပ္ႏိုင္တဲ့ေန႔မတိုင္အထိ အဲဒါကို လုပ္ေနေတာ့မွာပါ။ ကြၽန္ေတာ္တို႔ ပထမဆုံး ခ်ဲလ္ဆီးဘာလုပ္မလဲဆိုတာကို ၾကည့္ရမွာျဖစ္ၿပီး သူတို႔ အဲဒါကို မလုပ္ႏိုင္ေအာင္ အတူတူအစီအစဥ္ဆြဲဖို႔ ႀကိဳးပမ္းသြားရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.