Match Report UCL&UEL

၁၇ နှစ်သားလေး လူးဝစ္စရဲ့တောက်ပမှုနဲ့ အေးရာအေးကြောင်း ရှုံးထွက်တက်တဲ့ စီးတီး

ဗုဒ္ဓဟူးနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာစီးတီးနဲ့ ဆီဗီလာတို့ ပွဲစဉ်မှာ အိမ်ရှင် စီးတီးက ၃-၁ နဲ့ အနိုင်ရရှိပြီး ရမှတ် ၁၄ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ဆီဗီလာကို ပထမပိုင်းမှာ ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပေမယ့်လည်း ဒုတိယပိုင်းမှာ နီကို လူးဝစ္စ၊ အယ်လ်ဗာရက်ဇ်၊ မာရက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ပြန်လာနိုင်ခဲ့ပြီး အနိုင် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း ၃၁ မိနစ်မှာ အစ္စကိုရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် ရာဖာ မီယာက လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာကြောင့် ဆီဗီလာတို့ ဦးဆောင်ဂိုး ရရှိခဲ့ပြီး ပထမပိုင်းအပြီးမှာ ၁-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းပြန်လည်စတင်ပြီး ၇ မိနစ်အကြာမှာတော့ မန်ချက်စတာစီးတီးရဲ့ သက်တောင့်သက်သာ နိုင်ပွဲ ရရှိစေမယ့် လမ်းကြောင်းကို နီကို လူးဝစ္စက စတင်လမ်းဖောက်ခဲ့တာဖြစ်ပြီး အသက် ၁၇ နှစ်အရွယ် ညာနောက်ခံလူဟာ လွန်ခဲ့တဲ့ ၁၇ နှစ်က ကာရင် ဘန်ဇီးမားတင်ရှိထားတဲ့ ချန်ပီယံလိဂ်ရဲ့အသက်အငယ်ဆုံးဂိုးသွင်းရှင်စံချိန်ကို ရိုက်ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၁၇ နှစ်နဲ့ ၃၄၆ ရက်အရွယ်ရှိပြီဖြစ်တဲ့ လူးဝစ္စဟာ ပြင်သစ်တိုက်စစ်မှူး ၂၀၀၅ ခုနှစ်တုန်းက ရိုဆင်ဘော့အသင်းဘက်ကို လီယွန်အတွက် ဂိုးသွင်းယူပေးခဲ့တုန်းကထက် ၆ ရက် ပိုမိုငယ်ရွယ်နေတာဖြစ်ပါတယ်။

ယူလီယန် အဲဗားရက်ဇ်ကလည်း အာလင်း ဟာလန်း မပါဝင်နိုင်ချိန်မှာ အထင်ကြီးဖွယ် ခြေစွမ်းပြသခဲ့ပြီး ၇၃ မိနစ်မှာ ဒီဘရိုင်းနားရဲ့ပေးပို့မှုကနေတဆင့် ဂိုးသမားနဲ့ တစ်ဦးချင်း ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ယူလီယန် အဲဗားရက်ဇ်အတွက် သွင်းဂိုးတွေက ဒီလောက်နဲ့တင် ရပ်တန့်ခဲ့ခြင်းမရှိဘဲ နောက်ထပ် ၁၀ မိနစ်အကြာမှာ အသင်းဖော် မာရက်ဇ် ဂိုးသွင်းယူနိုင်အောင် ဖန်တီးမှု ပြုလုပ်ပေးခဲ့ပြီး အယ်လ်ဂျီးရီးယားကြယ်ပွင့်က အမှားအယွင်းမရှိ ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ဆီဗီလာကို နောက်ကနေ လိုက်ကစားပြီး အနိုင်ရရှိခဲ့တာကြောင့် ရမှတ် ၁၄ မှတ်နဲ့အတူ အုပ်စုဗိုလ်အဖြစ် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး ဒေါ့မွန်အသင်းကတော့ ရမှတ် ၉ မှတ်နဲ့ အုပ်စုဒုတိယအဖြစ် ရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့ရတာ ဖြစ်ပါတယ်။

ဆီဗီလာအသင်းကတော့ ရမှတ် ၅ မှတ်နဲ့ တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲကို ဆင်းကစားရတော့မှာ ဖြစ်ပြီး ကိုပင်ဟေဂင်အသင်းကတော့ ရမှတ် ၃ မှတ်နဲ့ ဥရောပပြိုင်ပွဲတွေကို နှုတ်ဆက်သွားခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဗုဒၶဟူးေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ မန္ခ်က္စတာစီးတီးနဲ႔ ဆီဗီလာတို႔ ပြဲစဥ္မွာ အိမ္ရွင္ စီးတီးက ၃-၁ နဲ႔ အႏိုင္ရရွိၿပီး ရမွတ္ ၁၄ မွတ္နဲ႔ အုပ္စုဗိုလ္အျဖစ္ ၁၆ သင္း ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ ဆီဗီလာကို ပထမပိုင္းမွာ ဦးေဆာင္ဂိုး ခြင့္ျပဳခဲ့ရေပမယ့္လည္း ဒုတိယပိုင္းမွာ နီကို လူးဝစၥ၊ အယ္လ္ဗာရက္ဇ္၊ မာရက္ဇ္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ျပန္လာႏိုင္ခဲ့ၿပီး အႏိုင္ ရရွိသြားခဲ့တာ ျဖစ္ပါတယ္။ ပထမပိုင္း ၃၁ မိနစ္မွာ အစၥကိုရဲ႕ ဖန္တီးေပးပို႔မႈကေနတဆင့္ ရာဖာ မီယာက လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္သြင္းယူႏိုင္ခဲ့တာေၾကာင့္ ဆီဗီလာတို႔ ဦးေဆာင္ဂိုး ရရွိခဲ့ၿပီး ပထမပိုင္းအၿပီးမွာ ၁-၀ နဲ႔ ဦးေဆာင္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းျပန္လည္စတင္ၿပီး ၇ မိနစ္အၾကာမွာေတာ့ မန္ခ်က္စတာစီးတီးရဲ႕ သက္ေတာင့္သက္သာ ႏိုင္ပြဲ ရရွိေစမယ့္ လမ္းေၾကာင္းကို နီကို လူးဝစၥက စတင္လမ္းေဖာက္ခဲ့တာျဖစ္ၿပီး အသက္ ၁၇ ႏွစ္အ႐ြယ္ ညာေနာက္ခံလူဟာ လြန္ခဲ့တဲ့ ၁၇ ႏွစ္က ကာရင္ ဘန္ဇီးမားတင္ရွိထားတဲ့ ခ်န္ပီယံလိဂ္ရဲ႕အသက္အငယ္ဆုံးဂိုးသြင္းရွင္စံခ်ိန္ကို ႐ိုက္ခ်ိဳးႏိုင္ခဲ့တာျဖစ္ပါတယ္။

အသက္ ၁၇ ႏွစ္နဲ႔ ၃၄၆ ရက္အ႐ြယ္ရွိၿပီျဖစ္တဲ့ လူးဝစၥဟာ ျပင္သစ္တိုက္စစ္မႉး ၂၀၀၅ ခုႏွစ္တုန္းက ႐ိုဆင္ေဘာ့အသင္းဘက္ကို လီယြန္အတြက္ ဂိုးသြင္းယူေပးခဲ့တုန္းကထက္ ၆ ရက္ ပိုမိုငယ္႐ြယ္ေနတာျဖစ္ပါတယ္။

ယူလီယန္ အဲဗားရက္ဇ္ကလည္း အာလင္း ဟာလန္း မပါဝင္ႏိုင္ခ်ိန္မွာ အထင္ႀကီးဖြယ္ ေျခစြမ္းျပသခဲ့ၿပီး ၇၃ မိနစ္မွာ ဒီဘ႐ိုင္းနားရဲ႕ေပးပို႔မႈကေနတဆင့္ ဂိုးသမားနဲ႔ တစ္ဦးခ်င္း ကန္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။ ယူလီယန္ အဲဗားရက္ဇ္အတြက္ သြင္းဂိုးေတြက ဒီေလာက္နဲ႔တင္ ရပ္တန႔္ခဲ့ျခင္းမရွိဘဲ ေနာက္ထပ္ ၁၀ မိနစ္အၾကာမွာ အသင္းေဖာ္ မာရက္ဇ္ ဂိုးသြင္းယူႏိုင္ေအာင္ ဖန္တီးမႈ ျပဳလုပ္ေပးခဲ့ၿပီး အယ္လ္ဂ်ီးရီးယားၾကယ္ပြင့္က အမွားအယြင္းမရွိ ကန္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ဆီဗီလာကို ေနာက္ကေန လိုက္ကစားၿပီး အႏိုင္ရရွိခဲ့တာေၾကာင့္ ရမွတ္ ၁၄ မွတ္နဲ႔အတူ အုပ္စုဗိုလ္အျဖစ္ ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ေဒါ့မြန္အသင္းကေတာ့ ရမွတ္ ၉ မွတ္နဲ႔ အုပ္စုဒုတိယအျဖစ္ ရႈံးထြက္အဆင့္ကို တက္ေရာက္ခဲ့ရတာ ျဖစ္ပါတယ္။

ဆီဗီလာအသင္းကေတာ့ ရမွတ္ ၅ မွတ္နဲ႔ တတိယေနရာမွာသာ ရပ္တည္ႏိုင္ခဲ့တာေၾကာင့္ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကို ဆင္းကစားရေတာ့မွာ ျဖစ္ၿပီး ကိုပင္ေဟဂင္အသင္းကေတာ့ ရမွတ္ ၃ မွတ္နဲ႔ ဥေရာပၿပိဳင္ပြဲေတြကို ႏႈတ္ဆက္သြားခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.