Match Report Premier League UCL&UEL

ပွဲဦးထွက်ဂိုးသွင်းရှင်ကြောင့် အုပ်စုဗိုလ်အဖြစ် နောက်တဆင့်တက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ဗုဒ္ဓဟူးနေ့ညနေက ဒီနမို ဇာဂရက်ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ်မှာ ၂-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် အုပ်စု E ရဲ့ အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ စက်တင်ဘာ ၆ ရက်နေ့တုန်းက ဇာဂရက်မှာ ရှုံးနိမ့်ခဲ့တဲ့အတွက် နည်းပြ တူဟယ် ရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပေမယ့်လည်း ပေါ့တားရဲ့ အသင်းကတော့ ဘရိုက်တန်ကို အရှက်ရဖွယ်ရှုံးနိမ့်ပြီးနောက် နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်း ၇ မိနစ်မှာပဲ ဒီနမို ဇာဂရက်က ပထမဆုံး တိုက်စစ်ဆင်မှုကနေတဆင့် ချဲလ်ဆီးနောက်တန်းရဲ့ ပေါ့ဆမှုကြောင့် မိုဟာရာမီရဲ့ ဖြတ်တင်ပေးပို့မှုကို ပတ်ကိုဗစ်က ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းဟာ ချေပဂိုး ပြန်လည်ရရှိဖို့အတွက် အချိန်ကြာကြာ မစောင့်ဆိုင်းခဲ့ရဘဲ ၁၈ မိနစ်မှာ စတားလင်းက ပင်နယ်တီဧရိယာထဲမှာ အူဘာမီယန်းရဲ့ ဖနောင့်နဲ့ ချပေးခဲ့တဲ့ဘောလုံးကို ဂိုးဘယ်ဖက်အောက်ထောင့်ကို နောက်ခံလူတွေ ပိတ်ဆို့ထားတဲ့ကြားက ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၂၉ မိနစ်မှာ စတားလင်းကပဲ ချဲလ်ဆီးအတွက် နောက်ထပ် ဦးဆောင်ဂိုး သွင်းယူနိုင်ဖို့ အကောင်းဆုံးအခွင့်အရေးကို ရရှိခဲ့ပေမယ့်လည်း လွဲချော်ခဲ့တာဖြစ်ပြီး ဟာဗတ်ဇ်ရဲ့ ပေးပို့မှုကို အင်္ဂလန်တောင်ပံကစားသမားက အာရုံစူးစိုက်မှု ကင်းမဲ့မှုကြောင့် ကန်သွင်းခဲ့ရာမှာ ဂိုးဘားတန်းပေါ် ထောင်တက်သွားခဲ့တာဖြစ်ပါတယ်။

မိနစ် ၃၀ မှာ ဂျာမန်တိုက်စစ်မှူး ခိုင် ဟာဗတ်ဇ်ရဲ့ ညာတောင်ပံကနေ ဖြတ်တင်ပေးပို့မှုက လမ်းကြောင်းပြောင်းပြီး ပင်နယ်တီရိယာထိပ်မှာ ရှိနေတဲ့ ဇာကာရီယာရဲ့ လမ်းကြောင်းထဲ ဝင်လာချိန်မှာ ချဲလ်ဆီးအတွက် ပွဲဦးထွက်ပါဝင်ကစားပေးခဲ့တဲ့ ဆွစ်ဇာလန်ကွင်းလယ်လူက ညာခြေနဲ့ အပြင်းကန်သွင်းယူခဲ့တာကြောင့် အိမ်ရှင် ချဲလ်ဆီးတို့ ဦးဆောင်ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအတွက် ဇာကာရီယာရဲ့ သွင်းဂိုးဟာ ချန်ပီယံလိဂ်အုပ်စု E ကနေ အုပ်စုဗိုလ်အဖြစ်နဲ့ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် လုံလောက်ခဲ့ပြီး ဒီနမို ဇာဂရက်ကတော့ အုပ်စု ၆ ပွဲကစားပြီးချိန်မှာ ရမှတ် ၄ မှတ်နဲ့ ဇယားအောက်ဆုံးမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် ဥရောပပြိုင်ပွဲတွေကို လုံးလုံး နှုတ်ဆက်လိုက်ရပြီဖြစ်ပါတယ်။

ဆာ့လ်ဇ်ဘတ်အသင်းကတော့ ရမှတ် ၆ မှတ်နဲ့ အဆင့် ၃ နေရာသာ ရပ်တည်နိုင်ခဲ့တာကြောင့် ယူရိုပါလိဂ်ကို ဆင်းကစားရတော့မှာဖြစ်ပြီး အေစီမီလန်အသင်းကတော့ ရမှတ် ၁၀ မှတ်နဲ့ အုပ်စု ဒုတိယအဖြစ် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းဟာ ဗုဒၶဟူးေန႔ညေနက ဒီနမို ဇာဂရက္ကို အိမ္ကြင္း စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ အုပ္စု E ရဲ႕ အုပ္စုဗိုလ္အျဖစ္ ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ စက္တင္ဘာ ၆ ရက္ေန႔တုန္းက ဇာဂရက္မွာ ရႈံးနိမ့္ခဲ့တဲ့အတြက္ နည္းျပ တူဟယ္ ရာထူးကေန ထုတ္ပယ္ျခင္းခံခဲ့ရတာျဖစ္ေပမယ့္လည္း ေပါ့တားရဲ႕ အသင္းကေတာ့ ဘ႐ိုက္တန္ကို အရွက္ရဖြယ္ရႈံးနိမ့္ၿပီးေနာက္ ႏိုင္ပြဲ ျပန္လည္ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ပထမပိုင္း ၇ မိနစ္မွာပဲ ဒီနမို ဇာဂရက္က ပထမဆုံး တိုက္စစ္ဆင္မႈကေနတဆင့္ ခ်ဲလ္ဆီးေနာက္တန္းရဲ႕ ေပါ့ဆမႈေၾကာင့္ မိုဟာရာမီရဲ႕ ျဖတ္တင္ေပးပို႔မႈကို ပတ္ကိုဗစ္က ေခါင္းတိုက္ၿပီး ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ခ်ဲလ္ဆီးအသင္းဟာ ေခ်ပဂိုး ျပန္လည္ရရွိဖို႔အတြက္ အခ်ိန္ၾကာၾကာ မေစာင့္ဆိုင္းခဲ့ရဘဲ ၁၈ မိနစ္မွာ စတားလင္းက ပင္နယ္တီဧရိယာထဲမွာ အူဘာမီယန္းရဲ႕ ဖေနာင့္နဲ႔ ခ်ေပးခဲ့တဲ့ေဘာလုံးကို ဂိုးဘယ္ဖက္ေအာက္ေထာင့္ကို ေနာက္ခံလူေတြ ပိတ္ဆို႔ထားတဲ့ၾကားက ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၂၉ မိနစ္မွာ စတားလင္းကပဲ ခ်ဲလ္ဆီးအတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုး သြင္းယူႏိုင္ဖို႔ အေကာင္းဆုံးအခြင့္အေရးကို ရရွိခဲ့ေပမယ့္လည္း လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး ဟာဗတ္ဇ္ရဲ႕ ေပးပို႔မႈကို အဂၤလန္ေတာင္ပံကစားသမားက အာ႐ုံစူးစိုက္မႈ ကင္းမဲ့မႈေၾကာင့္ ကန္သြင္းခဲ့ရာမွာ ဂိုးဘားတန္းေပၚ ေထာင္တက္သြားခဲ့တာျဖစ္ပါတယ္။

မိနစ္ ၃၀ မွာ ဂ်ာမန္တိုက္စစ္မႉး ခိုင္ ဟာဗတ္ဇ္ရဲ႕ ညာေတာင္ပံကေန ျဖတ္တင္ေပးပို႔မႈက လမ္းေၾကာင္းေျပာင္းၿပီး ပင္နယ္တီရိယာထိပ္မွာ ရွိေနတဲ့ ဇာကာရီယာရဲ႕ လမ္းေၾကာင္းထဲ ဝင္လာခ်ိန္မွာ ခ်ဲလ္ဆီးအတြက္ ပြဲဦးထြက္ပါဝင္ကစားေပးခဲ့တဲ့ ဆြစ္ဇာလန္ကြင္းလယ္လူက ညာေျခနဲ႔ အျပင္းကန္သြင္းယူခဲ့တာေၾကာင့္ အိမ္ရွင္ ခ်ဲလ္ဆီးတို႔ ဦးေဆာင္ဂိုး ရရွိခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအတြက္ ဇာကာရီယာရဲ႕ သြင္းဂိုးဟာ ခ်န္ပီယံလိဂ္အုပ္စု E ကေန အုပ္စုဗိုလ္အျဖစ္နဲ႔ ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔အတြက္ လုံေလာက္ခဲ့ၿပီး ဒီနမို ဇာဂရက္ကေတာ့ အုပ္စု ၆ ပြဲကစားၿပီးခ်ိန္မွာ ရမွတ္ ၄ မွတ္နဲ႔ ဇယားေအာက္ဆုံးမွာသာ ရပ္တည္ႏိုင္ခဲ့တာေၾကာင့္ ဥေရာပၿပိဳင္ပြဲေတြကို လုံးလုံး ႏႈတ္ဆက္လိုက္ရၿပီျဖစ္ပါတယ္။

ဆာ့လ္ဇ္ဘတ္အသင္းကေတာ့ ရမွတ္ ၆ မွတ္နဲ႔ အဆင့္ ၃ ေနရာသာ ရပ္တည္ႏိုင္ခဲ့တာေၾကာင့္ ယူ႐ိုပါလိဂ္ကို ဆင္းကစားရေတာ့မွာျဖစ္ၿပီး ေအစီမီလန္အသင္းကေတာ့ ရမွတ္ ၁၀ မွတ္နဲ႔ အုပ္စု ဒုတိယအျဖစ္ ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.