La Liga Serie A Transfer News

ပွဲကစားချိန်မရလို့ ကိုယ့်ကိုကိုယ် စီးရီးအေအသင်းဆီ ကမ်းလှမ်းခဲ့တဲ့ ဒီပိုင်း

ဘာစီလိုနာကြယ်ပွင့် မန်းဖစ် ဒီပိုင်းဟာ နူးကမ့်မှာ ပွဲကစားချိန် မရရှိမှုကြောင့် စီးရီးအေကလပ်အသင်းဖြစ်တဲ့ ရိုးမားကို ကိုယ့်ကိုကိုယ် ကမ်းလှမ်းခဲ့တယ်လို့ Calciomercato ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒီပိုင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ဂျူဗင်တပ်၊ ချဲလ်ဆီးအသင်းတို့ရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရသူဖြစ်ပြီး ဘာစီလိုနာအသင်းကို စွန့်ခွာဖို့ နီးစပ်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ ဇာဗီက ရောဘတ် လီဗန်ဒေါ့ဗ်စကီး၊ ရာဖင်ညာနဲ့ အခြားကစားသမားအများအပြားကို ခေါ်ယူခဲ့ပြီး ဒတ်ချ်ကြယ်ပွင့်တိုက်စစ်မှူးဟာ ပွဲထွက်ခွင့် ပိုမိုဝေးကွာသွားခဲ့တာ ဖြစ်ပါတယ်။

မန်းဖစ် ဒီပိုင်းဟာ ပြီးခဲ့တဲ့စက်တင်ဘာက နိုင်ငံတကာပွဲစဉ်ကာလအတွင်း ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် တစ်လကျော် အနားယူနေခဲ့ရတာဖြစ်ပြီး ဒတ်ချ်ကြယ်ပွင့်ဟာ ယခုရာသီအတွင်း ၃ ပွဲသာ ပါဝင်ကစားပေးခွင့်ရရှိခဲ့ရာမှာ ၁ ဂိုးသွင်းယူထားသူဖြစ်ပါတယ်။

မန်းဖစ် ဒီပိုင်းဟာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၄၁ ပွဲ ကစားပေးထားခဲ့ရာမှာ သွင်းဂိုး ၁၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားသူဖြစ်ပြီး ဟိုဆေး မော်ရင်ညိုနဲ့ ပြန်လည်ပူးပေါင်းနိုင်ဖို့ ရိုးမားအသင်းဆီ ကိုယ့်ကိုကိုယ် ကမ်းလှမ်းခဲ့တယ်လို့ နားလည်ရပါတယ်။

ဒီပိုင်းနဲ့ မော်ရင်ညိုတို့ဟာ မန်ချက်စတာယူနိုက်တက်မှာ အတူတူ အလုပ်လုပ်ခဲ့ဖူးသူတွေဖြစ်ပြီး နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူးရဲ့ စာချုပ်သက်တမ်းဟာ လာမယ့်နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်တာကြောင့် ဘာစီလိုနာက အလွတ်နဲ့ထွက်ခွင့်ပေးမယ့်အစား ဇန်နဝါရီမှာ ရောင်းထုတ်သွားချင်နေတာဖြစ်ပါတယ်။

ဒီပိုင်းက ကိုယ့်ကိုကိုယ် ရိုးမားအသင်းဆီ ကမ်းလှမ်းခဲ့ပေမယ့်လည်း စီးရီးအေထိပ်သီးအသင်းကြီးဟာ တိုက်စစ်ထက် ခံစစ်ပိုင်းကို အင်အားဖြည့်တင်းချင်နေတာဖြစ်တဲ့အတွက် ဒီအပြောင်းအရွှေ့ အမှန်တကယ် ဖြစ်မြောက်လာမလားဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့အပတ်က ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပြီး ယူရိုပါလိဂ်ကို သွားကစားရတော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာၾကယ္ပြင့္ မန္းဖစ္ ဒီပိုင္းဟာ ႏူးကမ့္မွာ ပြဲကစားခ်ိန္ မရရွိမႈေၾကာင့္ စီးရီးေအကလပ္အသင္းျဖစ္တဲ့ ႐ိုးမားကို ကိုယ့္ကိုကိုယ္ ကမ္းလွမ္းခဲ့တယ္လို႔ Calciomercato ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

ဒီပိုင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ဂ်ဴဗင္တပ္၊ ခ်ဲလ္ဆီးအသင္းတို႔ရဲ႕ စိတ္ဝင္စားျခင္းကို ခံခဲ့ရသူျဖစ္ၿပီး ဘာစီလိုနာအသင္းကို စြန႔္ခြာဖို႔ နီးစပ္ခဲ့တဲ့ ကစားသမား ျဖစ္ပါတယ္။ ဇာဗီက ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး၊ ရာဖင္ညာနဲ႔ အျခားကစားသမားအမ်ားအျပားကို ေခၚယူခဲ့ၿပီး ဒတ္ခ်္ၾကယ္ပြင့္တိုက္စစ္မႉးဟာ ပြဲထြက္ခြင့္ ပိုမိုေဝးကြာသြားခဲ့တာ ျဖစ္ပါတယ္။

မန္းဖစ္ ဒီပိုင္းဟာ ၿပီးခဲ့တဲ့စက္တင္ဘာက ႏိုင္ငံတကာပြဲစဥ္ကာလအတြင္း ရရွိခဲ့တဲ့ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ တစ္လေက်ာ္ အနားယူေနခဲ့ရတာျဖစ္ၿပီး ဒတ္ခ်္ၾကယ္ပြင့္ဟာ ယခုရာသီအတြင္း ၃ ပြဲသာ ပါဝင္ကစားေပးခြင့္ရရွိခဲ့ရာမွာ ၁ ဂိုးသြင္းယူထားသူျဖစ္ပါတယ္။

မန္းဖစ္ ဒီပိုင္းဟာ ဘာစီလိုနာအသင္းအတြက္ ၿပိဳင္ပြဲစုံမွာ စုစုေပါင္း ၄၁ ပြဲ ကစားေပးထားခဲ့ရာမွာ သြင္းဂိုး ၁၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ထားသူျဖစ္ၿပီး ဟိုေဆး ေမာ္ရင္ညိဳနဲ႔ ျပန္လည္ပူးေပါင္းႏိုင္ဖို႔ ႐ိုးမားအသင္းဆီ ကိုယ့္ကိုကိုယ္ ကမ္းလွမ္းခဲ့တယ္လို႔ နားလည္ရပါတယ္။

ဒီပိုင္းနဲ႔ ေမာ္ရင္ညိဳတို႔ဟာ မန္ခ်က္စတာယူႏိုက္တက္မွာ အတူတူ အလုပ္လုပ္ခဲ့ဖူးသူေတြျဖစ္ၿပီး နယ္သာလန္လက္ေ႐ြးစင္တိုက္စစ္မႉးရဲ႕ စာခ်ဳပ္သက္တမ္းဟာ လာမယ့္ေႏြရာသီမွာ ကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ ဘာစီလိုနာက အလြတ္နဲ႔ထြက္ခြင့္ေပးမယ့္အစား ဇန္နဝါရီမွာ ေရာင္းထုတ္သြားခ်င္ေနတာျဖစ္ပါတယ္။

ဒီပိုင္းက ကိုယ့္ကိုကိုယ္ ႐ိုးမားအသင္းဆီ ကမ္းလွမ္းခဲ့ေပမယ့္လည္း စီးရီးေအထိပ္သီးအသင္းႀကီးဟာ တိုက္စစ္ထက္ ခံစစ္ပိုင္းကို အင္အားျဖည့္တင္းခ်င္ေနတာျဖစ္တဲ့အတြက္ ဒီအေျပာင္းအေ႐ႊ႕ အမွန္တကယ္ ျဖစ္ေျမာက္လာမလားဆိုတာကို ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့တာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့အပတ္က ဘိုင္ယန္ျမဴးနစ္အသင္းကို အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္ ၅ ပြဲမွာ ၁ ပြဲသာ အႏိုင္ရရွိခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီျဖစ္ၿပီး ယူ႐ိုပါလိဂ္ကို သြားကစားရေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.