Premier League

မန်ယူကြယ်ပွင့် ၂ ဦးကြောင့်သာမဟုတ်ရင် အနိုင်ရခဲ့မှာလို့ ပြောခဲ့တဲ့ အန်တိုနီယို

မီရှေး အန်တိုနီယိုက မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ပွဲစဉ်ကနေ အနည်းဆုံးတော့ သရေ ၁ မှတ်လောက် ရဖို့ ထိုက်တန်ခဲ့တယ်လို့ ခံစားနေရပေမယ့်လည်း အကောင်းဆုံးပုံစံ ပြသနေခဲ့တဲ့ ဟာရီ မက်ဂွိုင်းယားနဲ့ ဒဟေးယားတို့ကို ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ မန်ချက်စတာယူနိုက်တက်အတွက် သွင်းဂိုး ၁၀၀ မြောက် ဂိုးက အိုးထရက်ဖို့ဒ်မှာ တန်ဟက်ရဲ့အသင်းကို အနိုင် ၃ မှတ်ရရှိစေခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်းအသင်းဟာ နည်းပြ ဒေးဗစ် မွိုက်စ် လက်အောက်မှာ ယခုရာသီရဲ့ ၇ ပွဲမြောက် ရှုံးပွဲကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ တနင်္ဂနွေနေ့ပွဲစဉ်ရဲ့ ပွဲကစားချိန်အများစုမှာ ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့တာဖြစ်ပေမယ့်လည်း ဝက်စ်ဟမ်းအသင်းက ဒုတိယပိုင်း ပွဲကစားချိန်နှောင်းပိုင်းအချိန်တွေမှာ ဖိအားအများအပြား ပေးခဲ့တာကို ခုခံခဲ့ရတာဖြစ်ပါတယ်။

ဒဟေးယားက အန်တိုနီယို၊ ဒီကလန် ရိုက်စ်၊ ဇူးမားတို့ရဲ့ ဂိုးသွင်းယူဖို့ ကြိုးပမ်းမှုကို အထင်ကြီးဖွယ် ကာကွယ်မှုတွေနဲ့အတူ ငြင်းပယ်ခဲ့ချိန်မှာ နောက်ခံကစားသမား မက်ဂွိုင်းယား၊ မာတီနက်ဇ်၊ ဒါလော့တ်နဲ့ ရှောတို့ကလည်း နောက်ကျ ချေပဂိုး မပေးရအောင် စွမ်းစွမ်းတမံ ကာကွယ်ခဲ့ကြတာဖြစ်ပါတယ်။ ဝက်စ်ဟမ်းကြယ်ပွင့် အန်တိုနီယိုဟာ အထူးသဖြင့် ဒဟေးယားရဲ့ လက်စွမ်းနဲ့ ဗာရွမ်း ဒဏ်ရာရရှိနေမှုကြောင့် ပွဲထွက်လူစာရင်းထဲကို ပြန်လည်ပါဝင်ကစားခွင့်ရရှိခဲ့တဲ့ ဟာရီ မက်ဂွိုင်းယားတို့ကို အထင်ကြီးခဲ့မိတာ ဖြစ်ပါတယ်။

အင်္ဂလန်နောက်ခံကစားသမားဟာ ယခုရာသီအစောပိုင်းမှာ ပွဲထွက်လူစာရင်းထဲက တစ်နေရာကို ဆုံးရှုံးခဲ့ပေမယ့်လည်း ဗာရွမ်းရဲ့ ဒဏ်ရာရရှိမှုကြောင့် လာမယ့် အပတ်တွေမှာ ပုံမှန်ပွဲထွက်ခွင့် ပိုမို ရရှိလာတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။

“ကျွန်တော်တို့အတွက် အရမ်းစိတ်ပျက်စရာကောင်းခဲ့တဲ့ပွဲပါ။ ကျွန်တော်တို့ ဒီပွဲကနေ တစ်စုံတရာတော့ ထိုက်တန်ခဲ့တယ်လို့ ကျိန်းသေပေါက် ထင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် ဒါက ဘောလုံးပါ။ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီးရခဲ့ပေမယ့် ဒေးဗစ် ဒဟေးယားက ကြောက်မက်ဖွယ် လက်စွမ်းပြနေပြီး မက်ဂွိုင်းယားကလည်း ဂိုးစည်းပေါ်မှာ သူ့ရဲ့ခန္ဓာကိုယ်ကို ပိတ်ဆို့ထားခဲ့တယ်”

“ဗာရွမ်း ဒဏ်ရာ ရရှိခဲ့လို့ မက်ဂွိုင်းယား ပြန်လာနိုင်ခဲ့ပြီး သူ တကယ်ကို ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အတွက်တော့ ဂိုးပေါက်ရှာမတွေ့နိုင်ခဲ့တဲ့ နေ့တွေထဲက တစ်နေ့ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီပွဲစဉ်ကနေ အပေါင်းလက္ခဏာဆောင်တဲ့အရာတွေကို ရယူနိုင်ပေမယ့် ကျွန်တော်တို့ လုံးဝကို စိတ်ပျက်မိပါတယ်။ ဘာလို့လဲဆိုတော့ ဒီပွဲစဉ်ကနေ တစ်ခုခုရခဲ့သင့်တာကြောင့်ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မီေရွး အန္တိုနီယိုက မန္ခ်က္စတာယူႏိုက္တက္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္ကေန အနည္းဆုံးေတာ့ သေရ ၁ မွတ္ေလာက္ ရဖို႔ ထိုက္တန္ခဲ့တယ္လို႔ ခံစားေနရေပမယ့္လည္း အေကာင္းဆုံးပုံစံ ျပသေနခဲ့တဲ့ ဟာရီ မက္ဂြိဳင္းယားနဲ႔ ဒေဟးယားတို႔ကို ခ်ီးက်ဴး ေျပာဆိုသြားခဲ့ပါတယ္။

မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ႕ မန္ခ်က္စတာယူႏိုက္တက္အတြက္ သြင္းဂိုး ၁၀၀ ေျမာက္ ဂိုးက အိုးထရက္ဖို႔ဒ္မွာ တန္ဟက္ရဲ႕အသင္းကို အႏိုင္ ၃ မွတ္ရရွိေစခဲ့တာျဖစ္ၿပီး ဝက္စ္ဟမ္းအသင္းဟာ နည္းျပ ေဒးဗစ္ မြိဳက္စ္ လက္ေအာက္မွာ ယခုရာသီရဲ႕ ၇ ပြဲေျမာက္ ရႈံးပြဲကို ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ တနဂၤေႏြေန႔ပြဲစဥ္ရဲ႕ ပြဲကစားခ်ိန္အမ်ားစုမွာ ပိုမိုေကာင္းမြန္တဲ့အသင္းျဖစ္ခဲ့တာျဖစ္ေပမယ့္လည္း ဝက္စ္ဟမ္းအသင္းက ဒုတိယပိုင္း ပြဲကစားခ်ိန္ေႏွာင္းပိုင္းအခ်ိန္ေတြမွာ ဖိအားအမ်ားအျပား ေပးခဲ့တာကို ခုခံခဲ့ရတာျဖစ္ပါတယ္။

ဒေဟးယားက အန္တိုနီယို၊ ဒီကလန္ ႐ိုက္စ္၊ ဇူးမားတို႔ရဲ႕ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းမႈကို အထင္ႀကီးဖြယ္ ကာကြယ္မႈေတြနဲ႔အတူ ျငင္းပယ္ခဲ့ခ်ိန္မွာ ေနာက္ခံကစားသမား မက္ဂြိဳင္းယား၊ မာတီနက္ဇ္၊ ဒါေလာ့တ္နဲ႔ ေရွာတို႔ကလည္း ေနာက္က် ေခ်ပဂိုး မေပးရေအာင္ စြမ္းစြမ္းတမံ ကာကြယ္ခဲ့ၾကတာျဖစ္ပါတယ္။ ဝက္စ္ဟမ္းၾကယ္ပြင့္ အန္တိုနီယိုဟာ အထူးသျဖင့္ ဒေဟးယားရဲ႕ လက္စြမ္းနဲ႔ ဗာ႐ြမ္း ဒဏ္ရာရရွိေနမႈေၾကာင့္ ပြဲထြက္လူစာရင္းထဲကို ျပန္လည္ပါဝင္ကစားခြင့္ရရွိခဲ့တဲ့ ဟာရီ မက္ဂြိဳင္းယားတို႔ကို အထင္ႀကီးခဲ့မိတာ ျဖစ္ပါတယ္။

အဂၤလန္ေနာက္ခံကစားသမားဟာ ယခုရာသီအေစာပိုင္းမွာ ပြဲထြက္လူစာရင္းထဲက တစ္ေနရာကို ဆုံးရႈံးခဲ့ေပမယ့္လည္း ဗာ႐ြမ္းရဲ႕ ဒဏ္ရာရရွိမႈေၾကာင့္ လာမယ့္ အပတ္ေတြမွာ ပုံမွန္ပြဲထြက္ခြင့္ ပိုမို ရရွိလာေတာ့မယ္ဆိုတဲ့ အဓိပၸာယ္ပဲ ျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔အတြက္ အရမ္းစိတ္ပ်က္စရာေကာင္းခဲ့တဲ့ပြဲပါ။ ကြၽန္ေတာ္တို႔ ဒီပြဲကေန တစ္စုံတရာေတာ့ ထိုက္တန္ခဲ့တယ္လို႔ က်ိန္းေသေပါက္ ထင္ျမင္ခဲ့ပါတယ္။ ဒါေပမယ့္ ဒါက ေဘာလုံးပါ။ ကြၽန္ေတာ္တို႔ အခြင့္အေရးေတြ အမ်ားႀကီးရခဲ့ေပမယ့္ ေဒးဗစ္ ဒေဟးယားက ေၾကာက္မက္ဖြယ္ လက္စြမ္းျပေနၿပီး မက္ဂြိဳင္းယားကလည္း ဂိုးစည္းေပၚမွာ သူ႔ရဲ႕ခႏၶာကိုယ္ကို ပိတ္ဆို႔ထားခဲ့တယ္”

“ဗာ႐ြမ္း ဒဏ္ရာ ရရွိခဲ့လို႔ မက္ဂြိဳင္းယား ျပန္လာႏိုင္ခဲ့ၿပီး သူ တကယ္ကို ေကာင္းေကာင္း ကစားႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔အတြက္ေတာ့ ဂိုးေပါက္ရွာမေတြ႕ႏိုင္ခဲ့တဲ့ ေန႔ေတြထဲက တစ္ေန႔ျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ဒီပြဲစဥ္ကေန အေပါင္းလကၡဏာေဆာင္တဲ့အရာေတြကို ရယူႏိုင္ေပမယ့္ ကြၽန္ေတာ္တို႔ လုံးဝကို စိတ္ပ်က္မိပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီပြဲစဥ္ကေန တစ္ခုခုရခဲ့သင့္တာေၾကာင့္ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.