Premier League Transfer News

နေမာကို တွေ့ရှိခဲ့တဲ့ ကင်းထောက်က ထောက်ခံခဲ့တဲ့ တိုက်စစ်ကစားသမားကို ခေါ်မယ့် အာတီတာ

အာဆင်နယ်အသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အော်လန်ဒို စီးတီးတိုက်စစ်မှူး ဖာကွန်ဒို တောရက်စ်ကို ခေါ်ယူဖို့ လုပ်ဆောင်သွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

အာတီတာဟာ ပြီးခဲ့တဲ့နွေရာသီမှာ တိုက်စစ်ဧရိယာကို အင်အားတောင့်တင်းအောင် လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး ဂျေဆူးစ်နဲ့ မာကင်ညို့စ်တို့ကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ မာကင်ညို့စ်ဟာ ဘယ်သန် ညာတောင်ပံတိုက်စစ်ကစားသမားဖြစ်ပြီး တောင်ပံ ၂ ဖက်စလုံးမှာ ကစားနိုင်တဲ့ ကစားသမားဖြစ်ပေမယ့် အာဆင်နယ်က ဆာကာနဲ့ မာတီနယ်လီတို့ကို ယှဉ်ပြိုင်နိုင်မယ့် နောက်ထပ် တောင်ပံကစားသးမားတစ်ဦး ထပ်မံ ခေါ်ယူချင်နေသေးတာဖြစ်ပါတယ်။

မာတီနယ်လီနဲ့ ဆာကာတို့ ၂ ဦးဟာ ယခုရာသီမှာ အလွန်ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်နေတာဖြစ်ပြီး အာဆင်နယ်အသင်းကို ၁၂ ပွဲကစားပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် ကူညီပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်အသင်းရဲ့ ၁၂ ပွဲစလုံးမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့တာကြောင့် ပွဲပမ်းလာနေပြီဖြစ်ပြီး ဆာကာကလည်း နော်တင်ဟမ် ဖောရက်စ်နဲ့ပွဲမှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် လူစားလဲလှယ်ခြင်းခံခဲ့ရတဲ့အတွက် အာတီတာအတွက် နောက်ထပ်တောင်ပံကစားသမား ခေါ်ယူဖို့ မဖြစ်မနေ လိုအပ်လာတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လူစာရင်းကို အလှည့်ကျပွဲထုတ်နိုင်ဖို့အတွက် နောက်ထပ် တောင်ပံကစားသမားတစ်ဦး ခေါ်ယူဖို့ လိုအပ်နေတာဖြစ်ပြီး အာတီတာအနေနဲ့ လိုချင်တဲ့ကစားသမားကို ရှာတွေ့ခဲ့ပြီးတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ London Evening Standard ရဲ့ ဖော်ပြချက်အရ ဂန်းနားတွေဟာ ဥရုဂွေးတောင်ပံကြယ်ပွင့် ဖာကွန်ဒို တောရက်စ်ကို ခေါ်ယူဖို့အတွက် အော်လန်ဒိုစီးတီးနဲ့ ပြောဆိုဆွေးနွေးမှု ပြုလုပ်သွားဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

မေဂျာလိဂ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတွေမှာ ဥရောပအသင်းကြီးတွေဆီ ကြယ်ပွင့်ကစားသမားတွေကို ရောင်းထုတ်ခဲ့တာဖြစ်ပြီး မီဂဲလ် အယ်လ်မီရွန်၊ အယ်လ်ဖွန်ဆို ဒေးဗီးစ်တို့အပြင် လက်ရှိ လိဒ်စ်ယူနိုက်တက်နဲ့ ကစားသမားဘဝ စတင်နေခဲ့တဲ့ ဘရန်ဒန် အာရွန်ဆင်လည်း အပါအဝင်ဖြစ်ပါတယ်။

တောရက်စ်ဟာ မေဂျာလိဂ်ထွက် နောက်ထပ် ကြယ်ပွင့်ကစားသမားတစ်ဦး ဖြစ်လာဖွယ်ရှိပြီး ကင်းထောက် တိုနီ လီမာက ကစားသမားရဲ့အရည်အသွေးနဲ့ အလားအလာကို ဂန်းနားတို့ကို အချက်ပေးခဲ့ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ လီမာဟာ လက်ရှိ ပီအက်စ်ဂျီကြယ်ပွင့် နေမာအပါအဝင် ပြီးခဲ့တဲ့နှစ်တွေမှာ တောင်အမေရိကက ကြယ်ပွင့်ကစားသမားအများအပြားကို အတည်ပြုပေးရာမှာ ပါဝင်ပတ်သက်ခဲ့သူဖြစ်ပြီး အလာဗက်စ်နဲ့ လမ်းခွဲပြီးနောက် ၂၀၂၁ ခုနှစ်မှာ အာဆင်နယ်နဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

လီမာဟာ အင်တာမီလန်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့မှာလည်း အချိန်ကုန်ဆုံးခဲ့ဖူးပြီး စီးရီးအေကလပ်အသင်းကို ဗက်စ်ကို ဒဂါးမားကနေ အသက် ၁၆ နှစ်သား ဘရာဇီးလ်ကြယ်ပွင့် ကော်တင်ညိုကို ခေါ်ယူနိုင်ဖို့ ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ဒီလို အဆက်အသွယ်တွေက ၎င်းတို့ကို ဖာကွန်ဒို တောရက်စ်ရဲ့ အပြောင်းအရွှေ့မှာ အကူအညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေမှာဖြစ်ပြီး အာတီတာရဲ့အသင်းဟာ အနည်းဆုံး ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ်တို့မှာ ဆုဖလားအတွက် ယှဉ်ပြိုင်သွားရမှာဖြစ်တာကြောင့် လူအင်အားတောင့်တင်းဖို့ လိုအပ်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းဟာ လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ေအာ္လန္ဒို စီးတီးတိုက္စစ္မႉး ဖာကြန္ဒို ေတာရက္စ္ကို ေခၚယူဖို႔ လုပ္ေဆာင္သြားေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။

အာတီတာဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ တိုက္စစ္ဧရိယာကို အင္အားေတာင့္တင္းေအာင္ လုပ္ေဆာင္ဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ၿပီး ေဂ်ဆူးစ္နဲ႔ မာကင္ညိဳ႕စ္တို႔ကို ေခၚယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ မာကင္ညိဳ႕စ္ဟာ ဘယ္သန္ ညာေတာင္ပံတိုက္စစ္ကစားသမားျဖစ္ၿပီး ေတာင္ပံ ၂ ဖက္စလုံးမွာ ကစားႏိုင္တဲ့ ကစားသမားျဖစ္ေပမယ့္ အာဆင္နယ္က ဆာကာနဲ႔ မာတီနယ္လီတို႔ကို ယွဥ္ၿပိဳင္ႏိုင္မယ့္ ေနာက္ထပ္ ေတာင္ပံကစားသးမားတစ္ဦး ထပ္မံ ေခၚယူခ်င္ေနေသးတာျဖစ္ပါတယ္။

မာတီနယ္လီနဲ႔ ဆာကာတို႔ ၂ ဦးဟာ ယခုရာသီမွာ အလြန္ေကာင္းမြန္တဲ့ရာသီကို ပိုင္ဆိုင္ေနတာျဖစ္ၿပီး အာဆင္နယ္အသင္းကို ၁၂ ပြဲကစားၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ႏိုင္ေအာင္ ကူညီေပးထားတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာဆင္နယ္အသင္းရဲ႕ ၁၂ ပြဲစလုံးမွာ ပြဲထြက္ပါဝင္ကစားေပးခဲ့တာေၾကာင့္ ပြဲပမ္းလာေနၿပီျဖစ္ၿပီး ဆာကာကလည္း ေနာ္တင္ဟမ္ ေဖာရက္စ္နဲ႔ပြဲမွာ ဒဏ္ရာရရွိသြားခဲ့တာေၾကာင့္ လူစားလဲလွယ္ျခင္းခံခဲ့ရတဲ့အတြက္ အာတီတာအတြက္ ေနာက္ထပ္ေတာင္ပံကစားသမား ေခၚယူဖို႔ မျဖစ္မေန လိုအပ္လာတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ လူစာရင္းကို အလွည့္က်ပြဲထုတ္ႏိုင္ဖို႔အတြက္ ေနာက္ထပ္ ေတာင္ပံကစားသမားတစ္ဦး ေခၚယူဖို႔ လိုအပ္ေနတာျဖစ္ၿပီး အာတီတာအေနနဲ႔ လိုခ်င္တဲ့ကစားသမားကို ရွာေတြ႕ခဲ့ၿပီးတာျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ London Evening Standard ရဲ႕ ေဖာ္ျပခ်က္အရ ဂန္းနားေတြဟာ ဥ႐ုေဂြးေတာင္ပံၾကယ္ပြင့္ ဖာကြန္ဒို ေတာရက္စ္ကို ေခၚယူဖို႔အတြက္ ေအာ္လန္ဒိုစီးတီးနဲ႔ ေျပာဆိုေဆြးေႏြးမႈ ျပဳလုပ္သြားဖို႔ စီစဥ္ေနၿပီလို႔ သိရပါတယ္။

ေမဂ်ာလိဂ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီေတြမွာ ဥေရာပအသင္းႀကီးေတြဆီ ၾကယ္ပြင့္ကစားသမားေတြကို ေရာင္းထုတ္ခဲ့တာျဖစ္ၿပီး မီဂဲလ္ အယ္လ္မီ႐ြန္၊ အယ္လ္ဖြန္ဆို ေဒးဗီးစ္တို႔အျပင္ လက္ရွိ လိဒ္စ္ယူႏိုက္တက္နဲ႔ ကစားသမားဘဝ စတင္ေနခဲ့တဲ့ ဘရန္ဒန္ အာ႐ြန္ဆင္လည္း အပါအဝင္ျဖစ္ပါတယ္။

ေတာရက္စ္ဟာ ေမဂ်ာလိဂ္ထြက္ ေနာက္ထပ္ ၾကယ္ပြင့္ကစားသမားတစ္ဦး ျဖစ္လာဖြယ္ရွိၿပီး ကင္းေထာက္ တိုနီ လီမာက ကစားသမားရဲ႕အရည္အေသြးနဲ႔ အလားအလာကို ဂန္းနားတို႔ကို အခ်က္ေပးခဲ့ရာမွာ အဓိကအခန္းက႑ကေန ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။ လီမာဟာ လက္ရွိ ပီအက္စ္ဂ်ီၾကယ္ပြင့္ ေနမာအပါအဝင္ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ေတာင္အေမရိကက ၾကယ္ပြင့္ကစားသမားအမ်ားအျပားကို အတည္ျပဳေပးရာမွာ ပါဝင္ပတ္သက္ခဲ့သူျဖစ္ၿပီး အလာဗက္စ္နဲ႔ လမ္းခြဲၿပီးေနာက္ ၂၀၂၁ ခုႏွစ္မွာ အာဆင္နယ္နဲ႔ ပူးေပါင္းခဲ့တာျဖစ္ပါတယ္။

လီမာဟာ အင္တာမီလန္နဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔မွာလည္း အခ်ိန္ကုန္ဆုံးခဲ့ဖူးၿပီး စီးရီးေအကလပ္အသင္းကို ဗက္စ္ကို ဒဂါးမားကေန အသက္ ၁၆ ႏွစ္သား ဘရာဇီးလ္ၾကယ္ပြင့္ ေကာ္တင္ညိဳကို ေခၚယူႏိုင္ဖို႔ ကူညီေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အသင္းက ဒီလို အဆက္အသြယ္ေတြက ၎တို႔ကို ဖာကြန္ဒို ေတာရက္စ္ရဲ႕ အေျပာင္းအေ႐ႊ႕မွာ အကူအညီေပးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး အာတီတာရဲ႕အသင္းဟာ အနည္းဆုံး ယူ႐ိုပါလိဂ္နဲ႔ ပရီးမီးယားလိဂ္တို႔မွာ ဆုဖလားအတြက္ ယွဥ္ၿပိဳင္သြားရမွာျဖစ္တာေၾကာင့္ လူအင္အားေတာင့္တင္းဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.