Premier League

ဖောင်းထုထားတဲ့ နဗီးကို ပြတ်ပြတ်သားသားပဲ အဖက်မလုပ်ခဲ့တဲ့ ရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဝက်စ်ဟမ်းကို အနိုင်ရရှိခဲ့တဲ့ တနင်္ဂနွေနေ့ညနေ ပွဲစဉ်မတိုင်ခင် ဂယ်ရီ နဗီးကို လုံးဝကို လစ်လျူရှုခဲ့တဲ့ ရှုထောင့်သစ်က ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ ဝက်စ်ဟမ်းအသင်းကို ၁-၀ နဲ့ ခက်ခက်ခဲခဲ တိုက်ပွဲဝင်ပြီးနောက် အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ မားကပ်စ် ရက်ရှ်ဖို့ဒ်က မန်ချက်စတာယူနိုက်တက်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူး ရော်နယ်လ်ဒိုကလည်း ကြာသပတေးနေ့က ရှယ်ရစ်ဖ်နဲ့ပွဲအပြီး ၂ ပွဲဆက်တိုက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင်ဟာ ယခုလအစောပိုင်းမှာ စပါးစ်နဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားပေးဖို့ ငြင်းဆန်ခဲ့ပြီးနောက် ပထမအသင်းလူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရတာကြောင့် ချဲလ်ဆီးနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်ကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ သရဲနီ ဂန္တဝင် ဂယ်ရီ နဗီးက မန်ချက်စတာယူနိုက်တက်အနေနဲ့ ရော်နယ်လ်ဒိုနဲ့ ဆက်ဆံရေးကို အစောဆုံးအဖြစ် ဇန်နဝါရီလမှာ အဆုံးသတ်ဖို့ အချိန်ကျပြီလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ဂယ်ရီ နဗီးရဲ့ မှတ်ချက်စကားကို တော်တော်လေး မပျော်မရွှင်ဖြစ်နေခဲ့တာ ရှင်းလင်းခဲ့ပြီး ဝက်စ်ဟမ်းကို အနိုင်ရရှိခဲ့တဲ့ ပွဲမတိုင်ခင် လူတွေအားလုံးရှေ့မှာ နှုတ်ဆက်ဖို့ ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကစားသမားတွေဟာ အိုးထရက်ဖို့ဒ်ကွင်းထဲကို ပွဲမကန်ခင် သွေးပူလေ့ကျင့်ရေးလုပ်ဖို့ ဝင်လာကြချိန်မှာ ဥမင်လျှောက်လမ်းအပြင်ဘက်မှာ စင်ချပြီး တင်ဆက်နေတဲ့ Sky Sports ဘောလုံးဝေဖန်သူတွေနားကနေ ဖြတ်သန်းသွားခဲ့ရတာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ အသင်းဖော်ဟောင်းဖြစ်တဲ့ လူးဝစ္စ ဆာဟာကို ပွေ့ဖက်နှုတ်ဆက်ခဲ့ပြီး ဂျေမီ ရက်နက်ကိုလည်း လက်ဆွဲနှုတ်ဆက်ခဲ့ပေမယ့်လည်း ဂယ်ရီ နဗီးကို ဖုတ်လေတဲ့ ငါးပိ ရှိတယ်လို့တောင် မထင်တဲ့ပုံစံနဲ့ လစ်လျူရှုသွားခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုအနေနဲ့ ယခုရာသီမှာ Sky Sports ဘောလုံးဝေဖန်သူကို တိုက်ရိုက်ရုပ်သံထုတ်လွှင့်နေချိန်အတွင်း ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့မှုက ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ခဲ့ဘဲ သြဂုတ်လတုန်းက ပေါ်တူဂီကြယ်ပွင့်ကို ဝေဖန်ခဲ့တဲ့ ဂျေမီ ကာရေဂါလည်း ယူနိုက်တက်က လီဗာပူးလ်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမတိုင်ခင် လစ်လျူရှုခြင်းခံခဲ့ရသေးတာ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ယခုနောက်ဆုံး နှုတ်ဆက်ဖို့ ငြင်းပယ်မှုဟာ လူမှုကွန်ရက်ပေါ်မှာ အမြင်တွေ ကွဲပြားစေခဲ့ပြီး အချို့ကတော့ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးကို ထောက်ခံခဲ့ပေမယ့်လည်း အခြားလူတွေကတော့ ကလေးဆန်တဲ့ အပြုအမူဖြစ်တယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။

“ဂယ်ရီ နဗီးက ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားကို နှိမ့်ချပြောဆိုခဲ့တယ်။ တော်တော်လေး လေးစားမှုကင်းမဲ့တာပဲ။ အထူးသဖြင့် အသင်းအတွက် သွေးသံတရဲရဲဖြစ်လည်း ကစားပေးခဲ့တဲ့သူကိုပေါ့။ ဖာဂီကတော့ ရော်နယ်လ်ဒိုရဲ့ တန်ဖိုးကို သိတယ်”လို့ ပရိသတ်တစ်ဦးက တွစ်တာမှာ ရေးသားခဲ့ပြီး “ဂယ်ရီ နဗီးကတော့ သူ လက်ဆွဲနှုတ်ဆက်ခံရမယ်ထင်ပြီး လက်တောင် ကြိုပြင်ထားတာ ရယ်ရတယ်”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ဝက္စ္ဟမ္းကို အႏိုင္ရရွိခဲ့တဲ့ တနဂၤေႏြေန႔ညေန ပြဲစဥ္မတိုင္ခင္ ဂယ္ရီ နဗီးကို လုံးဝကို လစ္လ်ဴရႈခဲ့တဲ့ ရႈေထာင့္သစ္က ႐ိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္ ထြက္ေပၚလာခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ အိုးထရက္ဖို႔ဒ္မွာ ဝက္စ္ဟမ္းအသင္းကို ၁-၀ နဲ႔ ခက္ခက္ခဲခဲ တိုက္ပြဲဝင္ၿပီးေနာက္ အႏိုင္ရရွိခဲ့ၿပီး ပရီးမီးယားလိဂ္ အမွတ္ေပးဇယား အဆင့္ ၅ ေနရာကို ျပန္လည္ တက္လွမ္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။ မားကပ္စ္ ရက္ရွ္ဖို႔ဒ္က မန္ခ်က္စတာယူႏိုက္တက္ရဲ႕ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ၿပီး ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉး ေရာ္နယ္လ္ဒိုကလည္း ၾကာသပေတးေန႔က ရွယ္ရစ္ဖ္နဲ႔ပြဲအၿပီး ၂ ပြဲဆက္တိုက္ ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ဘလြန္ေဒါ ၅ ဆုရွင္ဟာ ယခုလအေစာပိုင္းမွာ စပါးစ္နဲ႔ပြဲစဥ္မွာ လူစားဝင္ကစားသမားအျဖစ္ ပါဝင္ကစားေပးဖို႔ ျငင္းဆန္ခဲ့ၿပီးေနာက္ ပထမအသင္းလူစာရင္းကေန ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ ခ်ဲလ္ဆီးနဲ႔ သေရက်ခဲ့တဲ့ ပြဲစဥ္ကို လြဲေခ်ာ္ခဲ့တာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းနဲ႔ သေရက်ခဲ့တဲ့ ပြဲစဥ္အၿပီးမွာ သရဲနီ ဂႏၲဝင္ ဂယ္ရီ နဗီးက မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ေရာ္နယ္လ္ဒိုနဲ႔ ဆက္ဆံေရးကို အေစာဆုံးအျဖစ္ ဇန္နဝါရီလမွာ အဆုံးသတ္ဖို႔ အခ်ိန္က်ၿပီလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ဂယ္ရီ နဗီးရဲ႕ မွတ္ခ်က္စကားကို ေတာ္ေတာ္ေလး မေပ်ာ္မ႐ႊင္ျဖစ္ေနခဲ့တာ ရွင္းလင္းခဲ့ၿပီး ဝက္စ္ဟမ္းကို အႏိုင္ရရွိခဲ့တဲ့ ပြဲမတိုင္ခင္ လူေတြအားလုံးေရွ႕မွာ ႏႈတ္ဆက္ဖို႔ ျပတ္ျပတ္သားသား ျငင္းပယ္ခဲ့တာ ျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြဟာ အိုးထရက္ဖို႔ဒ္ကြင္းထဲကို ပြဲမကန္ခင္ ေသြးပူေလ့က်င့္ေရးလုပ္ဖို႔ ဝင္လာၾကခ်ိန္မွာ ဥမင္ေလွ်ာက္လမ္းအျပင္ဘက္မွာ စင္ခ်ၿပီး တင္ဆက္ေနတဲ့ Sky Sports ေဘာလုံးေဝဖန္သူေတြနားကေန ျဖတ္သန္းသြားခဲ့ရတာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ အသင္းေဖာ္ေဟာင္းျဖစ္တဲ့ လူးဝစၥ ဆာဟာကို ေပြ႕ဖက္ႏႈတ္ဆက္ခဲ့ၿပီး ေဂ်မီ ရက္နက္ကိုလည္း လက္ဆြဲႏႈတ္ဆက္ခဲ့ေပမယ့္လည္း ဂယ္ရီ နဗီးကို ဖုတ္ေလတဲ့ ငါးပိ ရွိတယ္လို႔ေတာင္ မထင္တဲ့ပုံစံနဲ႔ လစ္လ်ဴရႈသြားခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုအေနနဲ႔ ယခုရာသီမွာ Sky Sports ေဘာလုံးေဝဖန္သူကို တိုက္႐ိုက္႐ုပ္သံထုတ္လႊင့္ေနခ်ိန္အတြင္း ျပတ္ျပတ္သားသား ျငင္းပယ္ခဲ့မႈက ဒါ ပထမဆုံးအႀကိမ္ေတာ့ မဟုတ္ခဲ့ဘဲ ၾသဂုတ္လတုန္းက ေပၚတူဂီၾကယ္ပြင့္ကို ေဝဖန္ခဲ့တဲ့ ေဂ်မီ ကာေရဂါလည္း ယူႏိုက္တက္က လီဗာပူးလ္ကို ၂-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမတိုင္ခင္ လစ္လ်ဴရႈျခင္းခံခဲ့ရေသးတာ ျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ယခုေနာက္ဆုံး ႏႈတ္ဆက္ဖို႔ ျငင္းပယ္မႈဟာ လူမႈကြန္ရက္ေပၚမွာ အျမင္ေတြ ကြဲျပားေစခဲ့ၿပီး အခ်ိဳ႕ကေတာ့ အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ေထာက္ခံခဲ့ေပမယ့္လည္း အျခားလူေတြကေတာ့ ကေလးဆန္တဲ့ အျပဳအမူျဖစ္တယ္လို႔ သတ္မွတ္ခဲ့ၾကပါတယ္။

“ဂယ္ရီ နဗီးက ကမာၻေပၚက အေကာင္းဆုံးကစားသမားကို ႏွိမ့္ခ်ေျပာဆိုခဲ့တယ္။ ေတာ္ေတာ္ေလး ေလးစားမႈကင္းမဲ့တာပဲ။ အထူးသျဖင့္ အသင္းအတြက္ ေသြးသံတရဲရဲျဖစ္လည္း ကစားေပးခဲ့တဲ့သူကိုေပါ့။ ဖာဂီကေတာ့ ေရာ္နယ္လ္ဒိုရဲ႕ တန္ဖိုးကို သိတယ္”လို႔ ပရိသတ္တစ္ဦးက တြစ္တာမွာ ေရးသားခဲ့ၿပီး “ဂယ္ရီ နဗီးကေတာ့ သူ လက္ဆြဲႏႈတ္ဆက္ခံရမယ္ထင္ၿပီး လက္ေတာင္ ႀကိဳျပင္ထားတာ ရယ္ရတယ္”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.