Premier League

ဖောရက်စ်နဲ့ပွဲမတိုင်ခင် အသင်းဖော်တွေကို သတိပေးလိုက်တဲ့ အော်ဒီဂွါဒ်

အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်က ယနေ့ညနေ အမ်းမရိတ်စ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားရမယ့် နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်ဟာ ကြီးမားတဲ့ စမ်းသပ်မှုကြီးဖြစ်လာမယ်လို့ မျှော်မှန်းထားပါတယ်။

ပြီးခဲ့တဲ့အပတ်က စီးတီးဂရောင်းမှာ လီဗာပူးလ်ကို ၁-၀ နဲ့ အနိုင်ယူခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်ဟာ အာတီတာရဲ့အသင်းနဲ့ ယနေ့ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာ နောက်ထပ် မမျှော်မှန်းထားတဲ့ နိုင်ပွဲရရှိခဲ့မယ်ဆိုရင် တန်းဆင်းဇုန်ကနေ လွတ်မြောက်နိုင်တော့မှာဖြစ်ပါတယ်။ ဂန်းနားတွေဟာ ယခုရာသီကို အကောင်းဆုံးစတင်ထားနိုင်ခဲ့ကြပြီး ယနေ့ညနေ အမ်းမရိတ်စ်မှာ အနိုင်ရရှိခဲ့မယ်ဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည် သိမ်းပိုက်သွားနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မာတင် အော်ဒီဂွါဒ်နဲ့ အသင်းဖော်တွေဟာ နော်တင်ဟမ်ဖောရက်စ်ကို ပြီးခဲ့တဲ့ရာသီ အက်ဖ်အေဖလား ပြိုင်ပွဲမှာ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် စတိဗ် ကူးပါးရဲ့ ကစားသမားတွေ ဘယ်လိုခြိမ်းခြောက်နိုင်စွမ်းရှိလဲဆိုတာကို သတိပြုမိနေတာဖြစ်ပါတယ်။ “ကျွန်တော်တို့ ပြီးခဲ့တဲ့ရာသီမှာ သူတို့ ကျွန်တော်တို့ကို ဖလားပြိုင်ပွဲကနေ ထွက်ခွာစေခဲ့တဲ့ပွဲမှာ နော်တင်ဟမ်ဖောရက်စ်နဲ့ ရင်ဆိုင်ကစားခဲ့ဖူးပါတယ်။ အဲဒီတော့ ဒီနေ့က တကယ်ကို ကြီးမားတဲ့ စမ်းသပ်မှုကြီး ဖြစ်လာမယ်လို့ မျှော်မှန်းထားလို့ရတယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်”

“ကျွန်တော် သူတို့ရဲ့ ပြီးခဲ့တဲ့အပတ် လီဗာပူးလ်နဲ့ပွဲစဉ်ကို မကြည့်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ အဲဒီတုန်းက လေ့ကျင့်ရေးမှာ ရှိနေခဲ့တာပါ။ ဒါပေမယ့် ဟုတ်ပါတယ်။ သူတို့အတွက် အရမ်းကောင်းတဲ့ရလဒ်ဖြစ်ပြီး ကျွန်တော်တို့ ဒီနေ့အတွက် အဆင်သင့်ဖြစ်နေရမယ်ဆိုတာကို ပြောခဲ့တာပါ။ သူတို့မှာ အရည်အသွေးအများကြီးရှိတဲ့ ကစားသမားတွေရှိတယ်ဆိုတာကို သိပါတယ်။ သူတို့တွေဟာ အက်ဖ်အေဖလားပြိုင်ပွဲမှာ ကျွန်တော်တို့ ကစားခဲ့တဲ့ပွဲပြီးကတည်းက အများကြီး ပြောင်းလဲခဲ့ပါတယ်။ ကစားသမားသစ်ခေါ်ယူမှုတွေ အများကြီး ပြုလုပ်ထားတယ်။ အဲဒီတော့ ဇန်နဝါရီလတုန်းက ရင်ဆိုင်ခဲ့တဲ့ အသင်းနဲ့ အရမ်းကွာခြားတဲ့အသင်းဖြစ်လိမ့်မယ်လို့ ကျွန်တော် မျှော်မှန်းထားပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မာတင် အော်ဒီဂွါဒ်က ဖောရက်စ်ရဲ့ ကြီးမားတဲ့ နွေရာသီကစားသမားသစ် အင်အားဖြည့်တင်းမှုကိုလည်း ချီးကျူးခဲ့ပြီး ပြီးခဲ့တဲ့ဇန်နဝါရီတုန်းက မတွေ့ဆုံခဲ့တဲ့ ကစားသမားအများအပြားကို ယနေ့ညနေမှာ ရင်ဆိုင်သွားရတော့မှာကို သိရှိနေတာဖြစ်ပါတယ်။

“သူတို့တွေမှာ ရှိနေပြီးသား ကစားသမားတွေထဲကို တစ်ဦးချင်းအရည်အသွေးအများကြီးရှိတဲ့ ကစားသမားတွေအများကြီး ထပ်ဖြည့်ခဲ့ပုံပေါ်ပြီး ပရီးမီးယားလိဂ်က ကျန်တဲ့အသင်းတွေအားလုံးလိုပဲ သူတို့က ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်တယ်ဆိုတာကို ပြသခဲ့ပါတယ်။ ကျွန်တော် ပြီးခဲတဲ့ရာသီ ဖောရက်စ်က အက်ဖ်အေဖလား အဝေးကွင်းပွဲတစ်ပွဲလုံး ကစားခဲ့ပြီး သူတို့ အဲဒီနေ့တုန်းက ကစားခဲ့တဲ့ပုံစံကို သဘောကျခဲ့ပါတယ်။ အဲဒီတော့ သူတို့တွေ အဲဒီတုန်းကထက် ပိုပြီးတောင် တိုးတက်လာတယ်ဆိုရင် ဒီနေ့က ခက်ခဲတဲ့ စမ်းသပ်မှုဖြစ်လာတော့မှာ ကျိန်းသေပါတယ်”

“သူတို့တွေက ဒီနေ့ အမ်းမရိတ်စ်ကို လာဖို့ မြင့်မားတဲ့ စိတ်ခွန်းအားရှိနေပြီး ပြီးခဲ့တဲ့အပတ်က ရလဒ်ကြောင့်လည်း ယုံကြည်မှုအပြည့် ရှိနေမှာပါ။ လိဂ်မှာ နိုင်ပွဲတွေ ပြန်လည်ရယူဖို့ကတော့ ကျွန်တော်တို့ လုပ်ရမယ့် တာဝန်ပါ”လို့ ပြောဆိုသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္က ယေန႔ညေန အမ္းမရိတ္စ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ကစားရမယ့္ ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ပြဲစဥ္ဟာ ႀကီးမားတဲ့ စမ္းသပ္မႈႀကီးျဖစ္လာမယ္လို႔ ေမွ်ာ္မွန္းထားပါတယ္။

ၿပီးခဲ့တဲ့အပတ္က စီးတီးဂေရာင္းမွာ လီဗာပူးလ္ကို ၁-၀ နဲ႔ အႏိုင္ယူခဲ့တဲ့ ေနာ္တင္ဟမ္ေဖာရက္စ္ဟာ အာတီတာရဲ႕အသင္းနဲ႔ ယေန႔ယွဥ္ၿပိဳင္ကစားမယ့္ပြဲစဥ္မွာ ေနာက္ထပ္ မေမွ်ာ္မွန္းထားတဲ့ ႏိုင္ပြဲရရွိခဲ့မယ္ဆိုရင္ တန္းဆင္းဇုန္ကေန လြတ္ေျမာက္ႏိုင္ေတာ့မွာျဖစ္ပါတယ္။ ဂန္းနားေတြဟာ ယခုရာသီကို အေကာင္းဆုံးစတင္ထားႏိုင္ခဲ့ၾကၿပီး ယေန႔ညေန အမ္းမရိတ္စ္မွာ အႏိုင္ရရွိခဲ့မယ္ဆိုရင္ အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ျပန္လည္ သိမ္းပိုက္သြားႏိုင္မွာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း မာတင္ ေအာ္ဒီဂြါဒ္နဲ႔ အသင္းေဖာ္ေတြဟာ ေနာ္တင္ဟမ္ေဖာရက္စ္ကို ၿပီးခဲ့တဲ့ရာသီ အက္ဖ္ေအဖလား ၿပိဳင္ပြဲမွာ ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာေၾကာင့္ စတိဗ္ ကူးပါးရဲ႕ ကစားသမားေတြ ဘယ္လိုၿခိမ္းေျခာက္ႏိုင္စြမ္းရွိလဲဆိုတာကို သတိျပဳမိေနတာျဖစ္ပါတယ္။ “ကြၽန္ေတာ္တို႔ ၿပီးခဲ့တဲ့ရာသီမွာ သူတို႔ ကြၽန္ေတာ္တို႔ကို ဖလားၿပိဳင္ပြဲကေန ထြက္ခြာေစခဲ့တဲ့ပြဲမွာ ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ ရင္ဆိုင္ကစားခဲ့ဖူးပါတယ္။ အဲဒီေတာ့ ဒီေန႔က တကယ္ကို ႀကီးမားတဲ့ စမ္းသပ္မႈႀကီး ျဖစ္လာမယ္လို႔ ေမွ်ာ္မွန္းထားလို႔ရတယ္ဆိုတာကို ကြၽန္ေတာ္တို႔ သိပါတယ္”

“ကြၽန္ေတာ္ သူတို႔ရဲ႕ ၿပီးခဲ့တဲ့အပတ္ လီဗာပူးလ္နဲ႔ပြဲစဥ္ကို မၾကည့္ႏိုင္ခဲ့ဘူး။ ကြၽန္ေတာ္တို႔ အဲဒီတုန္းက ေလ့က်င့္ေရးမွာ ရွိေနခဲ့တာပါ။ ဒါေပမယ့္ ဟုတ္ပါတယ္။ သူတို႔အတြက္ အရမ္းေကာင္းတဲ့ရလဒ္ျဖစ္ၿပီး ကြၽန္ေတာ္တို႔ ဒီေန႔အတြက္ အဆင္သင့္ျဖစ္ေနရမယ္ဆိုတာကို ေျပာခဲ့တာပါ။ သူတို႔မွာ အရည္အေသြးအမ်ားႀကီးရွိတဲ့ ကစားသမားေတြရွိတယ္ဆိုတာကို သိပါတယ္။ သူတို႔ေတြဟာ အက္ဖ္ေအဖလားၿပိဳင္ပြဲမွာ ကြၽန္ေတာ္တို႔ ကစားခဲ့တဲ့ပြဲၿပီးကတည္းက အမ်ားႀကီး ေျပာင္းလဲခဲ့ပါတယ္။ ကစားသမားသစ္ေခၚယူမႈေတြ အမ်ားႀကီး ျပဳလုပ္ထားတယ္။ အဲဒီေတာ့ ဇန္နဝါရီလတုန္းက ရင္ဆိုင္ခဲ့တဲ့ အသင္းနဲ႔ အရမ္းကြာျခားတဲ့အသင္းျဖစ္လိမ့္မယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္မွန္းထားပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

မာတင္ ေအာ္ဒီဂြါဒ္က ေဖာရက္စ္ရဲ႕ ႀကီးမားတဲ့ ေႏြရာသီကစားသမားသစ္ အင္အားျဖည့္တင္းမႈကိုလည္း ခ်ီးက်ဴးခဲ့ၿပီး ၿပီးခဲ့တဲ့ဇန္နဝါရီတုန္းက မေတြ႕ဆုံခဲ့တဲ့ ကစားသမားအမ်ားအျပားကို ယေန႔ညေနမွာ ရင္ဆိုင္သြားရေတာ့မွာကို သိရွိေနတာျဖစ္ပါတယ္။

“သူတို႔ေတြမွာ ရွိေနၿပီးသား ကစားသမားေတြထဲကို တစ္ဦးခ်င္းအရည္အေသြးအမ်ားႀကီးရွိတဲ့ ကစားသမားေတြအမ်ားႀကီး ထပ္ျဖည့္ခဲ့ပုံေပၚၿပီး ပရီးမီးယားလိဂ္က က်န္တဲ့အသင္းေတြအားလုံးလိုပဲ သူတို႔က ဘယ္သူ႔ကိုမဆို အႏိုင္ယူႏိုင္တယ္ဆိုတာကို ျပသခဲ့ပါတယ္။ ကြၽန္ေတာ္ ၿပီးခဲတဲ့ရာသီ ေဖာရက္စ္က အက္ဖ္ေအဖလား အေဝးကြင္းပြဲတစ္ပြဲလုံး ကစားခဲ့ၿပီး သူတို႔ အဲဒီေန႔တုန္းက ကစားခဲ့တဲ့ပုံစံကို သေဘာက်ခဲ့ပါတယ္။ အဲဒီေတာ့ သူတို႔ေတြ အဲဒီတုန္းကထက္ ပိုၿပီးေတာင္ တိုးတက္လာတယ္ဆိုရင္ ဒီေန႔က ခက္ခဲတဲ့ စမ္းသပ္မႈျဖစ္လာေတာ့မွာ က်ိန္းေသပါတယ္”

“သူတို႔ေတြက ဒီေန႔ အမ္းမရိတ္စ္ကို လာဖို႔ ျမင့္မားတဲ့ စိတ္ခြန္းအားရွိေနၿပီး ၿပီးခဲ့တဲ့အပတ္က ရလဒ္ေၾကာင့္လည္း ယုံၾကည္မႈအျပည့္ ရွိေနမွာပါ။ လိဂ္မွာ ႏိုင္ပြဲေတြ ျပန္လည္ရယူဖို႔ကေတာ့ ကြၽန္ေတာ္တို႔ လုပ္ရမယ့္ တာဝန္ပါ”လို႔ ေျပာဆိုသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.