Match Report Premier League

ဒုတိယပိုင်းက ကျေနပ်စရာခြေစွမ်းနဲ့ ဖောရက်စ်ကို ကြုံးပြီး ဇယားထိပ်တက်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ တိုမီယာစုတို့ကို ဆက်လက် အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ပါတေး၊ ချာကာနဲ့ ကပ္ပတိန် အော်ဒီဂွါဒ်တို့ ကစားခဲ့ကြသလို တိုက်စစ်မှာတော့ မာတီနယ်လီ၊ ဆာကာနဲ့ ဂျေဆူးစ်တို့ပဲ ပွဲထွက်ခဲ့တာဖြစ်ပါတယ်။

ဧည့်သည် နော့တင်ဟမ် ဖောရက်စ်တို့ကတော့ ဂိုးသမား ဟန်ဒါဆန်၊ ခံစစ်မှာ မက်ကင်နာ၊ စတိဗ် ကွတ်ခ်၊ အော်ရီယေးနဲ့ ရီနန် လိုဒီတို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ ယိတ်စ်၊ ဖရွိုင်လာနဲ့ ကူယာတေးတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာ လင်ဂတ်၊ ဂစ်ဘ်စ်-ဝှိုက်နဲ့ အဝိုနီယီတို့ကို စုဖွဲ့လာခဲ့တာပါ။

ပွဲချိန် ၄ မိနစ်မှာပဲ အာဆင်နယ်တို့ စတင်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဆာကာက အတွင်းကို ဝင်ပြီး ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို မာတီနယ်လီက ညာခြမ်းအထိ ပြေးဝင်လာပြီး ဖောရက်စ်ခံစစ်သမားတစ်ဦးရှေ့ကနေ ခေါင်းတိုက်သွင်းယူသွားခဲ့လို့ ဂိုးသမား ဟန်ဒါဆန် မကာကွယ်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။

ခပ်ကြမ်းကြမ်း ဝင်ထွက်ကစားနေတဲ့ ဖောရက်စ်တို့ရဲ့ ခံစစ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ပညာပြပြီး ဖြတ်ကျော်ရမယ့်အစား လိုက်ခံစားပြီး မျောပါနေတဲ့ အာဆင်နယ်တို့ ပြစ်ဒဏ်ဘောတွေမှာလည်း မပါးနပ်ခဲ့တာကြောင့် ဒိုင်လူကြီးရဲ့ ကာကွယ်မှုကို မရခဲ့ဘဲ အကြိမ်ကြိမ် အဗျင်းခံနေခဲ့ရသလို အာရုံစူးစိုက်မှုလည်း လျော့ကျလာခဲ့တာကို တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာတော့ တစ်ချိန်လုံး အချခံနေရတဲ့ ဆာကာ ဆက်မကစားနိုင်တော့လို့ လူစားလဲခဲ့ရသလို သူ့နေရာကို နယ်လ်ဆန် ဝင်လာခဲ့ပေမယ့် ချိတ်ဆက်မှုတွေ မကောင်းခဲ့ဘဲ ကောင်တာကစားရတာကို ဂုဏ်ငယ်တယ်လို့ ထင်သလား မသိတဲ့ အာဆင်နယ်ကစားသမားတွေအနေနဲ့ တန်ပြန်တိုက်စစ်ဆင်နိုင်တိုင်း ရှေ့ကမှာ လူမရှိခဲ့တာတွေက အံ့ဩစရာလည်းဖြစ်ခဲ့ရတာပါ။

တိုက်စစ်မှာ အော်ဒီဂွါဒ်က ဘောလုံးတွေ အမြန်မထုတ်နိုင်သလို ကစားသမားတွေအနေနဲ့ သွေးအေးအေး မကစားနိုင်ဘဲ တွဲလုံးတွေနဲ့ လိမ်လှည့်ပတ်ပေးနေတာသာ ရှိခဲ့ပြီး ယုံကြည်မှု အားနည်းနေခဲ့ချိန်မှာ ဂျေဆူးစ်ကတော့ ဖြုန်းတီးဆဲဖြစ်သလို ခံစစ်က ဂါဘရီယယ်လ်ကတော့ ရှင်းထုတ်ရမယ့် ဘောလုံးကို အေးအေးဆေးဆေးပေးပြီး လင်ဂတ်ကို ပေးကန်ခဲ့တာကတော့ စိတ်ကုန်စရာဖြစ်ခဲ့ရပြီး ပထမပိုင်းမှာ တစ်ဂိုးနဲ့သာ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ လျင်လျင်မြန်မြန် ကစားလာတဲ့ အာဆင်နယ်တို့ ဒုတိယ ဦးဆောင်ဂိုးကို ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဘယ်ခြမ်းက မာတီနယ်လီ ပြန်ချိုးပေးတာကို ဂျေဆူးစ်က နယ်လ်ဆန်ဆီ ပေးခဲ့ရာမှာ နယ်လ်ဆန်ရဲ့ ကန်သွင်းချက်က ဂိုးသမားတည့်တည့်ကို ရောက်ပြီး ပုတ်ထုတ်ခံခဲ့ရပေမယ့် ပြန်ထွက်လာတာကို သူပဲ ထပ်ပိတ်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ပွဲချိန် ၅၂ မိနစ်မှာတော့ ဂန်းနားတွေပဲ တတိယ ဦးဆောင်ဂိုးကို ထပ်မံရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုလည်း ကောင်တာကနေပဲ မာတီနယ်လီက ဘယ်ခြမ်းကနေ ဖြတ်တင်ပေးတာကို ဂိုးဧရိယာ ညာခြမ်းမှာ ရသွားခဲ့တဲ့ ဂျေဆူးစ်က အော်ဒီဂွါဒ်နဲ့ အပေးအယူလုပ်ပြီး အနိမ့်ဘော ချိုးပေးရာမှာ ဖောရက်စ် နောက်ခံလူတွေကြားကနေ နယ်လ်ဆန်က ပြေးဝင်ပိတ်သွင်းပြီး ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၇ မိနစ်မှာတော့ ဒုတိယပိုင်းရောက်မှ ခြေကျမသွားဘဲ နတ်ရေကန်ထဲ ချလိုက်သလိုဖြစ်နေတဲ့ အာဆင်နယ်တို့ စတုတ္ထအနိုင်ဂိုးကို ထပ်မံ ရယူသွားခဲ့သလို ဒီဂိုးကိုတော့ ပါတေးက ညာခြမ်းကို လှမ်းတင်ပေးခဲ့ပြီး နယ်လ်ဆန်က အတွင်းကို ပြန်ဝင်ပြီး ဧရိယာထိပ်မှာ ခင်းပေးတာကို အချိန်ကိုက် ရောက်ရှိလာတဲ့ ပါတေးက သူစတင်တဲ့ ဘောလုံးကို သူ့ရဲ့ Trade Mark ကန်ချက်နဲ့ ညာဘက်တိုင်အပေါ်ထောင့်ကို ကန်သွင်းနိုင်ခဲ့တာပါ။

ဒီနောက်မှာတော့ အာဆင်နယ်တို့ဘက်က မာတီနယ်လီနဲ့ တိုမီယာစုတို့အစား ဖာဘီယို ဗီယာရာနဲ့ ဆီးဒရစ်တို့ကို လူစားလဲသွားခဲ့ပြီး နယ်လ်ဆန်က ဘယ်ခြမ်းကို ပြောင်းကစားခဲ့သလို ဖောရက်စ်တို့ကတော့ လင်ဂတ်၊ ဂစ်ဘ်စ်-ဝှိုက်၊ အဝိုနီယီနဲ့ ရီနန် လိုဒီတို့အစား ဂျွန်ဆန်၊ ဒင်းနစ်၊ ဝေါရဲလ်နဲ့ နီကို ဝီလီယမ်စ်တို့ကို ပြောင်းလဲသွားခဲ့ပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာတော့ ချာကာအစား နကီးတီးယားကို ထည့်သွင်းသွားခဲ့ပြီး ဗီယာရာက အလယ်ဝင်ကစားခဲ့သလို ဆာလီဘာအစား တီယာနီကို ထည့်သွင်းပြီး ဘန်ဝှိုက်က ဗဟိုခံစစ်နဲ့ စောစောက လူစားလဲထားတဲ့ ဆီးဒရစ်က ညာခြမ်းကို ထွက်ကစားခဲ့ရသလို အာဆင်နယ်တို့ သူတို့လူတွေကို အနားပေးဖို့နဲ့ ပွဲကို ဆက်လက်ထိန်းချုပ်နိုင်ဖို့ ပြင်ဆင်သွားခဲ့တာပါ။

ပွဲချိန် ၇၈ မိနစ်မှာ အာဆင်နယ်တို့ ပဉ္စမမြောက် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဗီယာရာက အတွင်းကို ပြန်ထည့်ပေးတာကို ပါတေးက ဧရိယာထဲ ခင်းပေးခဲ့ရာမှာ ဂျေဆူးစ်က ဘောလုံးကို ထိန်းသိမ်းပြီး အော်ဒီဂွါဒ်ရဲ့ လမ်းကြောင်းထဲ ပြန်ထည့်ပေးခဲ့တာကို ခြေစွမ်းမပြနိုင်လို့ ဝေဖန်ခံနေရတဲ့ အသင်းကပ္ပတိန်က ဖောရက်စ်နောက်ခံလူသုံးယောက်ကြားကနေ ဂိုးဘယ်ဘက်အပေါ်ထောင့်ကို အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အာဆင်နယ်တို့ အခွင့်အရေးတွေကို လွဲချော်နေခဲ့ကြသလို ထောင့်ကန်ဘောကနေ အဝေးတိုင်နားက ပိတ်ရတဲ့ ဂျေဆူးစ် နှေးနေတာကြောင့် ဂိုးမိုးခေါင်မှု ရှေ့ဆက်ခဲ့ရပြီး ဘောလုံးနဲ့ ဘယ်သူဘယ်နားရှိသလဲဆိုတာကို မကြည့်ဘဲ ကန်နေကြတဲ့ နကီးတီးယားနဲ့ တီယာနီတို့ကလည်း ဘယ်ခြမ်းမှာ အဆင်မပြေခဲ့ဘူးလို့ပဲ သုံးသပ်ရမှာပါ။

နော့တင်ဟမ်ဖောရက်စ်တို့နဲ့ အက်ဖ်အေဖလား ရှုံးကြွေးကို ငါးဂိုး-ဂိုးမရှိနဲ့ ဆပ်လိုက်တဲ့ ဒီပွဲရလဒ်ကြောင့် အာဆင်နယ်တို့ ဇယားထိပ်ကို မန်စီးတီးဆီ စနေတစ်ည လွှဲပေးထားရတာကနေ ပြန်လည်ရယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ ပွဲတွေက ခြေကျနေမှုတွေနဲ့ ဂိုးသွင်းနည်းပါးနေမှုတွေကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပြီး ဂန်းနားပရိသတ်တွေ အတွက်တော့ ပျော်စရာညတစ်ညဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ ဘန္ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ တိုမီယာစုတို႔ကို ဆက္လက္ အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ပါေတး၊ ခ်ာကာနဲ႔ ကပၸတိန္ ေအာ္ဒီဂြါဒ္တို႔ ကစားခဲ့ၾကသလို တိုက္စစ္မွာေတာ့ မာတီနယ္လီ၊ ဆာကာနဲ႔ ေဂ်ဆူးစ္တို႔ပဲ ပြဲထြက္ခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ေနာ့တင္ဟမ္ ေဖာရက္စ္တို႔ကေတာ့ ဂိုးသမား ဟန္ဒါဆန္၊ ခံစစ္မွာ မက္ကင္နာ၊ စတိဗ္ ကြတ္ခ္၊ ေအာ္ရီေယးနဲ႔ ရီနန္ လိုဒီတို႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ယိတ္စ္၊ ဖ႐ြိဳင္လာနဲ႔ ကူယာေတးတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာ လင္ဂတ္၊ ဂစ္ဘ္စ္-ဝႈိက္နဲ႔ အဝိုနီယီတို႔ကို စုဖြဲ႕လာခဲ့တာပါ။

ပြဲခ်ိန္ ၄ မိနစ္မွာပဲ အာဆင္နယ္တို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဆာကာက အတြင္းကို ဝင္ၿပီး ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးကို မာတီနယ္လီက ညာျခမ္းအထိ ေျပးဝင္လာၿပီး ေဖာရက္စ္ခံစစ္သမားတစ္ဦးေရွ႕ကေန ေခါင္းတိုက္သြင္းယူသြားခဲ့လို႔ ဂိုးသမား ဟန္ဒါဆန္ မကာကြယ္ႏိုင္ဘဲျဖစ္ခဲ့ရပါတယ္။

ခပ္ၾကမ္းၾကမ္း ဝင္ထြက္ကစားေနတဲ့ ေဖာရက္စ္တို႔ရဲ႕ ခံစစ္ကို တည္တည္ၿငိမ္ၿငိမ္နဲ႔ ပညာျပၿပီး ျဖတ္ေက်ာ္ရမယ့္အစား လိုက္ခံစားၿပီး ေမ်ာပါေနတဲ့ အာဆင္နယ္တို႔ ျပစ္ဒဏ္ေဘာေတြမွာလည္း မပါးနပ္ခဲ့တာေၾကာင့္ ဒိုင္လူႀကီးရဲ႕ ကာကြယ္မႈကို မရခဲ့ဘဲ အႀကိမ္ႀကိမ္ အဗ်င္းခံေနခဲ့ရသလို အာ႐ုံစူးစိုက္မႈလည္း ေလ်ာ့က်လာခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ တစ္ခ်ိန္လုံး အခ်ခံေနရတဲ့ ဆာကာ ဆက္မကစားႏိုင္ေတာ့လို႔ လူစားလဲခဲ့ရသလို သူ႔ေနရာကို နယ္လ္ဆန္ ဝင္လာခဲ့ေပမယ့္ ခ်ိတ္ဆက္မႈေတြ မေကာင္းခဲ့ဘဲ ေကာင္တာကစားရတာကို ဂုဏ္ငယ္တယ္လို႔ ထင္သလား မသိတဲ့ အာဆင္နယ္ကစားသမားေတြအေနနဲ႔ တန္ျပန္တိုက္စစ္ဆင္ႏိုင္တိုင္း ေရွ႕ကမွာ လူမရွိခဲ့တာေတြက အံ့ဩစရာလည္းျဖစ္ခဲ့ရတာပါ။

တိုက္စစ္မွာ ေအာ္ဒီဂြါဒ္က ေဘာလုံးေတြ အျမန္မထုတ္ႏိုင္သလို ကစားသမားေတြအေနနဲ႔ ေသြးေအးေအး မကစားႏိုင္ဘဲ တြဲလုံးေတြနဲ႔ လိမ္လွည့္ပတ္ေပးေနတာသာ ရွိခဲ့ၿပီး ယုံၾကည္မႈ အားနည္းေနခဲ့ခ်ိန္မွာ ေဂ်ဆူးစ္ကေတာ့ ျဖဳန္းတီးဆဲျဖစ္သလို ခံစစ္က ဂါဘရီယယ္လ္ကေတာ့ ရွင္းထုတ္ရမယ့္ ေဘာလုံးကို ေအးေအးေဆးေဆးေပးၿပီး လင္ဂတ္ကို ေပးကန္ခဲ့တာကေတာ့ စိတ္ကုန္စရာျဖစ္ခဲ့ရၿပီး ပထမပိုင္းမွာ တစ္ဂိုးနဲ႔သာ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ လ်င္လ်င္ျမန္ျမန္ ကစားလာတဲ့ အာဆင္နယ္တို႔ ဒုတိယ ဦးေဆာင္ဂိုးကို ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဘယ္ျခမ္းက မာတီနယ္လီ ျပန္ခ်ိဳးေပးတာကို ေဂ်ဆူးစ္က နယ္လ္ဆန္ဆီ ေပးခဲ့ရာမွာ နယ္လ္ဆန္ရဲ႕ ကန္သြင္းခ်က္က ဂိုးသမားတည့္တည့္ကို ေရာက္ၿပီး ပုတ္ထုတ္ခံခဲ့ရေပမယ့္ ျပန္ထြက္လာတာကို သူပဲ ထပ္ပိတ္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ဂန္းနားေတြပဲ တတိယ ဦးေဆာင္ဂိုးကို ထပ္မံရယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုလည္း ေကာင္တာကေနပဲ မာတီနယ္လီက ဘယ္ျခမ္းကေန ျဖတ္တင္ေပးတာကို ဂိုးဧရိယာ ညာျခမ္းမွာ ရသြားခဲ့တဲ့ ေဂ်ဆူးစ္က ေအာ္ဒီဂြါဒ္နဲ႔ အေပးအယူလုပ္ၿပီး အနိမ့္ေဘာ ခ်ိဳးေပးရာမွာ ေဖာရက္စ္ ေနာက္ခံလူေတြၾကားကေန နယ္လ္ဆန္က ေျပးဝင္ပိတ္သြင္းၿပီး ရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ ဒုတိယပိုင္းေရာက္မွ ေျခက်မသြားဘဲ နတ္ေရကန္ထဲ ခ်လိုက္သလိုျဖစ္ေနတဲ့ အာဆင္နယ္တို႔ စတုတၳအႏိုင္ဂိုးကို ထပ္မံ ရယူသြားခဲ့သလို ဒီဂိုးကိုေတာ့ ပါေတးက ညာျခမ္းကို လွမ္းတင္ေပးခဲ့ၿပီး နယ္လ္ဆန္က အတြင္းကို ျပန္ဝင္ၿပီး ဧရိယာထိပ္မွာ ခင္းေပးတာကို အခ်ိန္ကိုက္ ေရာက္ရွိလာတဲ့ ပါေတးက သူစတင္တဲ့ ေဘာလုံးကို သူ႔ရဲ႕ Trade Mark ကန္ခ်က္နဲ႔ ညာဘက္တိုင္အေပၚေထာင့္ကို ကန္သြင္းႏိုင္ခဲ့တာပါ။

ဒီေနာက္မွာေတာ့ အာဆင္နယ္တို႔ဘက္က မာတီနယ္လီနဲ႔ တိုမီယာစုတို႔အစား ဖာဘီယို ဗီယာရာနဲ႔ ဆီးဒရစ္တို႔ကို လူစားလဲသြားခဲ့ၿပီး နယ္လ္ဆန္က ဘယ္ျခမ္းကို ေျပာင္းကစားခဲ့သလို ေဖာရက္စ္တို႔ကေတာ့ လင္ဂတ္၊ ဂစ္ဘ္စ္-ဝႈိက္၊ အဝိုနီယီနဲ႔ ရီနန္ လိုဒီတို႔အစား ဂြၽန္ဆန္၊ ဒင္းနစ္၊ ေဝါရဲလ္နဲ႔ နီကို ဝီလီယမ္စ္တို႔ကို ေျပာင္းလဲသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ ခ်ာကာအစား နကီးတီးယားကို ထည့္သြင္းသြားခဲ့ၿပီး ဗီယာရာက အလယ္ဝင္ကစားခဲ့သလို ဆာလီဘာအစား တီယာနီကို ထည့္သြင္းၿပီး ဘန္ဝႈိက္က ဗဟိုခံစစ္နဲ႔ ေစာေစာက လူစားလဲထားတဲ့ ဆီးဒရစ္က ညာျခမ္းကို ထြက္ကစားခဲ့ရသလို အာဆင္နယ္တို႔ သူတို႔လူေတြကို အနားေပးဖို႔နဲ႔ ပြဲကို ဆက္လက္ထိန္းခ်ဳပ္ႏိုင္ဖို႔ ျပင္ဆင္သြားခဲ့တာပါ။

ပြဲခ်ိန္ ၇၈ မိနစ္မွာ အာဆင္နယ္တို႔ ပၪၥမေျမာက္ အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ဗီယာရာက အတြင္းကို ျပန္ထည့္ေပးတာကို ပါေတးက ဧရိယာထဲ ခင္းေပးခဲ့ရာမွာ ေဂ်ဆူးစ္က ေဘာလုံးကို ထိန္းသိမ္းၿပီး ေအာ္ဒီဂြါဒ္ရဲ႕ လမ္းေၾကာင္းထဲ ျပန္ထည့္ေပးခဲ့တာကို ေျခစြမ္းမျပႏိုင္လို႔ ေဝဖန္ခံေနရတဲ့ အသင္းကပၸတိန္က ေဖာရက္စ္ေနာက္ခံလူသုံးေယာက္ၾကားကေန ဂိုးဘယ္ဘက္အေပၚေထာင့္ကို အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အာဆင္နယ္တို႔ အခြင့္အေရးေတြကို လြဲေခ်ာ္ေနခဲ့ၾကသလို ေထာင့္ကန္ေဘာကေန အေဝးတိုင္နားက ပိတ္ရတဲ့ ေဂ်ဆူးစ္ ေႏွးေနတာေၾကာင့္ ဂိုးမိုးေခါင္မႈ ေရွ႕ဆက္ခဲ့ရၿပီး ေဘာလုံးနဲ႔ ဘယ္သူဘယ္နားရွိသလဲဆိုတာကို မၾကည့္ဘဲ ကန္ေနၾကတဲ့ နကီးတီးယားနဲ႔ တီယာနီတို႔ကလည္း ဘယ္ျခမ္းမွာ အဆင္မေျပခဲ့ဘူးလို႔ပဲ သုံးသပ္ရမွာပါ။

ေနာ့တင္ဟမ္ေဖာရက္စ္တို႔နဲ႔ အက္ဖ္ေအဖလား ရႈံးေႂကြးကို ငါးဂိုး-ဂိုးမရွိနဲ႔ ဆပ္လိုက္တဲ့ ဒီပြဲရလဒ္ေၾကာင့္ အာဆင္နယ္တို႔ ဇယားထိပ္ကို မန္စီးတီးဆီ စေနတစ္ည လႊဲေပးထားရတာကေန ျပန္လည္ရယူႏိုင္ခဲ့သလို ၿပီးခဲ့တဲ့ ပြဲေတြက ေျခက်ေနမႈေတြနဲ႔ ဂိုးသြင္းနည္းပါးေနမႈေတြကို အေကာင္းဆုံး တုံ႔ျပန္ႏိုင္ခဲ့ၿပီး ဂန္းနားပရိသတ္ေတြ အတြက္ေတာ့ ေပ်ာ္စရာညတစ္ညျဖစ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.