Premier League

ချဲလ်ဆီးကို အနိုင်ရတာ မဆန်းပါဘူးလို့ ပြောလိုက်တဲ့ ဘရိုက်တန်နည်းပြ

ဘရိုက်တန်အသင်းနည်းပြ ရောဘတ်တို ဒီ ဇာဘီက စနေနေ့ ညနေမှာ ဂရေဟမ် ပေါ့တားရဲ့ အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ချဲလ်ဆီးနောက်ခံကစားသမားကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

စင်ရော်တွေဟာ နည်းပြ ဇာဘီလက်အောက် အေးမက်စ်ကွင်းထဲမှာ ပထမဆုံး ပရီးမီးယားလိဂ်နိုင်ပွဲကို ရရှိခဲ့တာဖြစ်ပြီး ဘရိုက်တန်အသင်းဟာ ချဲလ်ဆီးနဲ့ပွဲစဉ်မှာ အရည်အသွေးမြင့်စွမ်းဆောင်ရည်ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

လီအန်ဒရို ထရော့ဆက်က ၅ မိနစ်မှာပဲ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး လော့ဖ်တပ်စ်-ချိခ်နဲ့ ချာလိုဘက်တို့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာကြောင့် ပထမပိုင်းမှာ ၃-၀ နဲ့ အပြတ်အသတ် ဦးဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ပြန်လည်စတင်ပြီးနောက် ခိုင် ဟာဗတ်ဇ်က ချေပဂိုး ပြန်သွင်းယူနိုင်ခဲ့ပေမယ့်လည်း ပါစကယ် ဂရို့စ်က ဘရိုက်တန်အတွက် နောက်ထပ် ဦးဆောင်ဂိုးကို နာကျင်အချိန်ပိုရောက်မှ ထပ်မံသွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ဘရိုက်တန်နည်းပြ ဇာဘီက ချဲလ်ဆီးအသင်းနဲ့ပွဲစဉ်မှာ အသာစီး ရရှိစေခဲ့တဲ့ ၎င်းရဲ့ နည်းဗျူဟာပိုင်း ချဉ်းကပ်မှုကို ဖွင့်ဟ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ မီတိုမာနဲ့ ချာလိုဘက်၊ ဆော်လီ မာ့ချ်နဲ့ ကူကူရယ်လာတို့ တစ်ဦးချင်း တွေ့ဆုံမှုအတွက် ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် ထရော့ဆက်က ထူးခြားဆန်းကြယ်ခဲ့ပါတယ်။ လယ်လာနာလည်း အတူတူပါပဲ။ ကစားသမားတွေအားလုံးက ထူးခြားဆန်းကြယ်ခဲ့ပါတယ်။ ကျွန်တော် ကစားသမားတွေ၊ အသင်း၊ အသင်းနဲ့အတူ အလုပ်လုပ်နေတဲ့ လူတွေအတွက် အရမ်းပျော်ရွှင်မိပါတယ်။ ပြီးတော့ ဟုတ်တာပေါ့။ အရမ်းကောင်းတဲ့ ပရိသတ်တွေပါ။ ဘာလို့လဲဆိုတော့ သူတို့တွေက ကွင်းထဲက အကောင်းဆုံးကစားသမားတွေဖြစ်ခဲ့ကြလို့ပါ။ သူတို့က ကျွန်တော်တို့ကို အများကြီး အကူအညီဖြစ်စေခဲ့ပါတယ်”

“ပထမဆုံး မိနစ် ၂၀-၂၅ မိနစ်လောက်မှာ ကျွန်တော်တို့တွေ အရမ်းကို ထူးခြားဆန်းကြယ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဘောလုံးနဲ့အတူ၊ ဘောလုံးမရှိဘဲ ကစားခဲ့တဲ့ပုံစံက အရမ်းကောင်းခဲ့တယ်။ ကျွန်တော်တို့ ကျွန်တော် နှစ်သက်တဲ့ ပြင်းထန်မှုမျိုးနဲ့အတူ ကစားခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဇာဘီက ချဲလ်ဆီးကို အနိုင်ရရှိခဲ့ပေမယ့်လည်း စိတ်မလှုပ်ရှားဘဲ ဆက်လက် အာရုံစိုက်ထားမယ်လို့ ပြောကြားခဲ့ပြီး ပွဲစဉ်အတွင်း ပေါ့တားရဲ့ နည်းဗျူဟာ အပြောင်းအလဲတွေထဲက တစ်ခုနဲ့ အသားကျအောင် လုပ်နိုင်ခဲ့ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် အရမ်းကြီး အောင်ပွဲခံနေမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လာမယ့် စနေနေ့မှာ နောက်ထပ်တစ်ပွဲရှိလို့ပါ။ ကျွန်တော် အမှားလုပ်မိခဲ့တယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ နည်းဗျူဟာအပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ကျွန်တော် အသားကျအောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ချဲလ်ဆီးကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တာကတော့ အံ့အားသင့်စရာရလဒ်ဖြစ်နေဆဲပါ။ အားလုံးလည်း အဲဒါကို ပျော်ရွှင်နေမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”လို့ ပြောကြားသွားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘ႐ိုက္တန္အသင္းနည္းျပ ေရာဘတ္တို ဒီ ဇာဘီက စေနေန႔ ညေနမွာ ဂေရဟမ္ ေပါ့တားရဲ႕ အသင္းကို အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ခ်ဲလ္ဆီးေနာက္ခံကစားသမားကို ပစ္မွတ္ထားခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

စင္ေရာ္ေတြဟာ နည္းျပ ဇာဘီလက္ေအာက္ ေအးမက္စ္ကြင္းထဲမွာ ပထမဆုံး ပရီးမီးယားလိဂ္ႏိုင္ပြဲကို ရရွိခဲ့တာျဖစ္ၿပီး ဘ႐ိုက္တန္အသင္းဟာ ခ်ဲလ္ဆီးနဲ႔ပြဲစဥ္မွာ အရည္အေသြးျမင့္စြမ္းေဆာင္ရည္ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

လီအန္ဒ႐ို ထေရာ့ဆက္က ၅ မိနစ္မွာပဲ အဖြင့္ဂိုးကို သြင္းယူေပးခဲ့ၿပီး ေလာ့ဖ္တပ္စ္-ခ်ိခ္နဲ႔ ခ်ာလိုဘက္တို႔ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာေၾကာင့္ ပထမပိုင္းမွာ ၃-၀ နဲ႔ အျပတ္အသတ္ ဦးေဆာင္ထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒုတိယပိုင္း ျပန္လည္စတင္ၿပီးေနာက္ ခိုင္ ဟာဗတ္ဇ္က ေခ်ပဂိုး ျပန္သြင္းယူႏိုင္ခဲ့ေပမယ့္လည္း ပါစကယ္ ဂ႐ို႕စ္က ဘ႐ိုက္တန္အတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို နာက်င္အခ်ိန္ပိုေရာက္မွ ထပ္မံသြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ပြဲၿပီးသတင္းစာရွင္းလင္းပြဲမွာ ဘ႐ိုက္တန္နည္းျပ ဇာဘီက ခ်ဲလ္ဆီးအသင္းနဲ႔ပြဲစဥ္မွာ အသာစီး ရရွိေစခဲ့တဲ့ ၎ရဲ႕ နည္းဗ်ဴဟာပိုင္း ခ်ဥ္းကပ္မႈကို ဖြင့္ဟ ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ မီတိုမာနဲ႔ ခ်ာလိုဘက္၊ ေဆာ္လီ မာ့ခ်္နဲ႔ ကူကူရယ္လာတို႔ တစ္ဦးခ်င္း ေတြ႕ဆုံမႈအတြက္ ႀကိဳတင္ျပင္ဆင္ခဲ့ပါတယ္။ ဒါေပမယ့္ ထေရာ့ဆက္က ထူးျခားဆန္းၾကယ္ခဲ့ပါတယ္။ လယ္လာနာလည္း အတူတူပါပဲ။ ကစားသမားေတြအားလုံးက ထူးျခားဆန္းၾကယ္ခဲ့ပါတယ္။ ကြၽန္ေတာ္ ကစားသမားေတြ၊ အသင္း၊ အသင္းနဲ႔အတူ အလုပ္လုပ္ေနတဲ့ လူေတြအတြက္ အရမ္းေပ်ာ္႐ႊင္မိပါတယ္။ ၿပီးေတာ့ ဟုတ္တာေပါ့။ အရမ္းေကာင္းတဲ့ ပရိသတ္ေတြပါ။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြက ကြင္းထဲက အေကာင္းဆုံးကစားသမားေတြျဖစ္ခဲ့ၾကလို႔ပါ။ သူတို႔က ကြၽန္ေတာ္တို႔ကို အမ်ားႀကီး အကူအညီျဖစ္ေစခဲ့ပါတယ္”

“ပထမဆုံး မိနစ္ ၂၀-၂၅ မိနစ္ေလာက္မွာ ကြၽန္ေတာ္တို႔ေတြ အရမ္းကို ထူးျခားဆန္းၾကယ္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ေဘာလုံးနဲ႔အတူ၊ ေဘာလုံးမရွိဘဲ ကစားခဲ့တဲ့ပုံစံက အရမ္းေကာင္းခဲ့တယ္။ ကြၽန္ေတာ္တို႔ ကြၽန္ေတာ္ ႏွစ္သက္တဲ့ ျပင္းထန္မႈမ်ိဳးနဲ႔အတူ ကစားခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ဇာဘီက ခ်ဲလ္ဆီးကို အႏိုင္ရရွိခဲ့ေပမယ့္လည္း စိတ္မလႈပ္ရွားဘဲ ဆက္လက္ အာ႐ုံစိုက္ထားမယ္လို႔ ေျပာၾကားခဲ့ၿပီး ပြဲစဥ္အတြင္း ေပါ့တားရဲ႕ နည္းဗ်ဴဟာ အေျပာင္းအလဲေတြထဲက တစ္ခုနဲ႔ အသားက်ေအာင္ လုပ္ႏိုင္ခဲ့ျခင္းမရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ အရမ္းႀကီး ေအာင္ပြဲခံေနမွာမဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ လာမယ့္ စေနေန႔မွာ ေနာက္ထပ္တစ္ပြဲရွိလို႔ပါ။ ကြၽန္ေတာ္ အမွားလုပ္မိခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြ နည္းဗ်ဴဟာအေျပာင္းအလဲ ျပဳလုပ္ခဲ့ၿပီး ကြၽန္ေတာ္ အသားက်ေအာင္ မလုပ္ႏိုင္ခဲ့ပါဘူး။ ဒါေပမယ့္ ခ်ဲလ္ဆီးကို ၄-၁ နဲ႔ အႏိုင္ရရွိခဲ့တာကေတာ့ အံ့အားသင့္စရာရလဒ္ျဖစ္ေနဆဲပါ။ အားလုံးလည္း အဲဒါကို ေပ်ာ္႐ႊင္ေနမယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္”လို႔ ေျပာၾကားသြားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.