Premier League

ဇီဒန်းရဲ့ကမ္ဘာကျော်အကွက်သုံးပြီး အနီကတ်ယူခဲ့မိလို့ တောင်းပန်ခဲ့တဲ့ ကော်စတာ

ဒီယေဂို ကော်စတာဟာ စနေနေ့က ဘရန့်တ်ဖို့ဒ်နဲ့ ဝုလ်ဗ်စ်တို့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ အနီကတ်ပြသခံခဲ့ရပြီးနောက် အသင်းဖော်တွေကို တောင်းပန်စကား ပြောကြားခဲ့ပါတယ်။

ဘန် မီးက ဒုတိယပိုင်းမှာ ဘရန့်တ်ဖို့ဒ်အသင်းကို ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပေမယ့် ရူဘင် နက်ဗက်စ်က နောက်ထပ် ၂ မိနစ်အကြာမှာပဲ ဝုလ်ဗ်စ်အသင်းအတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ကော်စတာက ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိခဲ့တာ ၆ ပွဲအထိ ရှိခဲ့ပြီဖြစ်ပေမယ့်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိသေးတာဖြစ်ပြီး ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဟာ လက်ရှိမှာ ပွဲပယ်ပြစ်ဒဏ် ကျခံရတော့မှာ ဖြစ်ပါတယ်။

ဘရန့်တ်ဖို့ဒ်အသင်းနဲ့ ပွဲပြီးဆုံးခါနီးမှာ ကော်စတာဟာ ဘောလုံး မကိုင်ထားတဲ့ ဘန် မီးကို ခေါင်းနဲ့ တိုက်ခဲ့တာကြောင့် ပြင်းထန်တဲ့အပြုအမူအတွက် အနီကတ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရတာ ဖြစ်ပြီး လက်ရှိမှာတော့ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ၃ ပွဲပယ်ပြစ်ဒဏ်ကျခံရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီယေဂို ကော်စတာအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အဲဗာတန်အိမ်ကွင်းကို သွားရောက်ကစားရမယ့်ပွဲစဉ်မတိုင်ခင်အထိ ဝုလ်ဗ်စ်အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

“ကျွန်တော် အဲဒီဖြစ်စဉ်ကို တကယ် မကြည့်ရသေးပါဘူး။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ဆွေးနွေးခဲ့ပြီး ဒီယေဂိုက တောင်းပန်ခဲ့ပါတယ်။ တစ်စုံတရာတော့ ဖြစ်ပျက်ခဲ့တယ်။ ကျွန်တော်တို့ လာမယ့်အပတ်မှာ ဘာတွေ လုပ်မလဲဆိုတာကို သိရဖို့ ဒီအပတ်မှာ အဲဒါကို ကြည့်သွားရမှာပါ။ သူက ကမ္ဘာ့ဖလားမတိုင်ခင် ၃ ပွဲ လွဲချော်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါက တခြားကစားသမားတွေကို အခွင့်အရေးပေးပါလိမ့်မယ်။ သူတို့တွေက စောင့်ဆိုင်းနေခဲ့တာဖြစ်ပြီး ဝင်ကစားဖို့ အဆင်သင့်ဖြစ်နေပါတယ်”

“အဲဒီတော့ ဘာတွေဖြစ်လာမလဲ ကြည့်ကြတာပေါ့။ သူက မယုံနိုင်စရာကောင်းတဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိသူဖြစ်ပြီး စွန့်စွန့်စားစား ကစားတတ်တဲ့ ကစားသမားမျိုးပါ။ အဲဒီတော့ ခင်ဗျား ဒါမျိုးနဲ့ ကြုံတွေ့ရမှာပါ။ အဲဒါက သူတို့တွေ သူတို့ဆီကနေ အကောင်းဆုံးပုံစံရရှိအောင် လုပ်တဲ့ပုံစံပါ”

“ဒီတစ်ကြိမ်မှာတော့ တစ်စုံတရာ ဖြစ်ပွားခဲ့တာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူက သူ ဖြစ်ခဲ့တဲ့ ကစားသမားပုံစံမျိုး ဖြစ်လာဖို့ ကစားသွားရမှာဖြစ်ပြီး အဲဒီတော့ တစ်ခါတလေ သူ မှားယွင်းသွားနိုင်တယ်ဆိုတာကို ခင်ဗျား လက်ခံရမှာပါ”လို့ ယာယီနည်းပြ စတိဗ် ဒေးဗစ်က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီေယဂို ေကာ္စတာဟာ စေနေန႔က ဘရန႔္တ္ဖို႔ဒ္နဲ႔ ဝုလ္ဗ္စ္တို႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္မွာ အနီကတ္ျပသခံခဲ့ရၿပီးေနာက္ အသင္းေဖာ္ေတြကို ေတာင္းပန္စကား ေျပာၾကားခဲ့ပါတယ္။

ဘန္ မီးက ဒုတိယပိုင္းမွာ ဘရန႔္တ္ဖို႔ဒ္အသင္းကို ဦးေဆာင္ဂိုး သြင္းယူေပးခဲ့တာျဖစ္ေပမယ့္ ႐ူဘင္ နက္ဗက္စ္က ေနာက္ထပ္ ၂ မိနစ္အၾကာမွာပဲ ဝုလ္ဗ္စ္အသင္းအတြက္ ေခ်ပဂိုးကို ျပန္လည္သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ ေကာ္စတာက ပရီးမီးယားလိဂ္ကို ျပန္လည္ေရာက္ရွိခဲ့တာ ၆ ပြဲအထိ ရွိခဲ့ၿပီျဖစ္ေပမယ့္လည္း ဂိုးသြင္းယူႏိုင္ျခင္းမရွိေသးတာျဖစ္ၿပီး ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္းဟာ လက္ရွိမွာ ပြဲပယ္ျပစ္ဒဏ္ က်ခံရေတာ့မွာ ျဖစ္ပါတယ္။

ဘရန႔္တ္ဖို႔ဒ္အသင္းနဲ႔ ပြဲၿပီးဆုံးခါနီးမွာ ေကာ္စတာဟာ ေဘာလုံး မကိုင္ထားတဲ့ ဘန္ မီးကို ေခါင္းနဲ႔ တိုက္ခဲ့တာေၾကာင့္ ျပင္းထန္တဲ့အျပဳအမူအတြက္ အနီကတ္ျပ ထုတ္ပယ္ျခင္း ခံခဲ့ရတာ ျဖစ္ၿပီး လက္ရွိမွာေတာ့ အသက္ ၃၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၃ ပြဲပယ္ျပစ္ဒဏ္က်ခံရေတာ့မွာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီေယဂို ေကာ္စတာအေနနဲ႔ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး အဲဗာတန္အိမ္ကြင္းကို သြားေရာက္ကစားရမယ့္ပြဲစဥ္မတိုင္ခင္အထိ ဝုလ္ဗ္စ္အသင္းရဲ႕ ပြဲစဥ္ေတြကို လြဲေခ်ာ္ေတာ့မွာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ အဲဒီျဖစ္စဥ္ကို တကယ္ မၾကည့္ရေသးပါဘူး။ ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔ ေဆြးေႏြးခဲ့ၿပီး ဒီေယဂိုက ေတာင္းပန္ခဲ့ပါတယ္။ တစ္စုံတရာေတာ့ ျဖစ္ပ်က္ခဲ့တယ္။ ကြၽန္ေတာ္တို႔ လာမယ့္အပတ္မွာ ဘာေတြ လုပ္မလဲဆိုတာကို သိရဖို႔ ဒီအပတ္မွာ အဲဒါကို ၾကည့္သြားရမွာပါ။ သူက ကမာၻ႔ဖလားမတိုင္ခင္ ၃ ပြဲ လြဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒါက တျခားကစားသမားေတြကို အခြင့္အေရးေပးပါလိမ့္မယ္။ သူတို႔ေတြက ေစာင့္ဆိုင္းေနခဲ့တာျဖစ္ၿပီး ဝင္ကစားဖို႔ အဆင္သင့္ျဖစ္ေနပါတယ္”

“အဲဒီေတာ့ ဘာေတြျဖစ္လာမလဲ ၾကည့္ၾကတာေပါ့။ သူက မယုံႏိုင္စရာေကာင္းတဲ့ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိသူျဖစ္ၿပီး စြန႔္စြန႔္စားစား ကစားတတ္တဲ့ ကစားသမားမ်ိဳးပါ။ အဲဒီေတာ့ ခင္ဗ်ား ဒါမ်ိဳးနဲ႔ ႀကဳံေတြ႕ရမွာပါ။ အဲဒါက သူတို႔ေတြ သူတို႔ဆီကေန အေကာင္းဆုံးပုံစံရရွိေအာင္ လုပ္တဲ့ပုံစံပါ”

“ဒီတစ္ႀကိမ္မွာေတာ့ တစ္စုံတရာ ျဖစ္ပြားခဲ့တာျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ သူက သူ ျဖစ္ခဲ့တဲ့ ကစားသမားပုံစံမ်ိဳး ျဖစ္လာဖို႔ ကစားသြားရမွာျဖစ္ၿပီး အဲဒီေတာ့ တစ္ခါတေလ သူ မွားယြင္းသြားႏိုင္တယ္ဆိုတာကို ခင္ဗ်ား လက္ခံရမွာပါ”လို႔ ယာယီနည္းျပ စတိဗ္ ေဒးဗစ္က ပြဲအၿပီးမွာ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.