Premier League

အန်းဖီးရှုံးပွဲမရှိစံချိန်ကျိုးခဲ့တဲ့ပွဲက ခံစစ်ကို ပြစ်တင်ခဲ့တဲ့ ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ဟာ စနေနေ့ညနေက အန်းဖီးမှာ လိဒ်စ်ယူနိုက်တက်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က လီဗာပူးလ်ရဲ့ ခံစစ်ကို ပြစ်တင်ဝေဖန်ခဲ့ပေမယ့်လည်း ၎င်းရဲ့အသင်းဟာ ဒဏ်ရာပြဿနာတွေရဲ့ ဒုက္ခပေးခြင်းကိုခံနေရပြီး ပြန်လည်ကောင်းမွန်လာမယ်လို့ ထောက်ခံပြောဆိုခဲ့ပါတယ်။

ဂျိုး ဂိုးမက်ဇ်ရဲ့ နမော်နမဲ့နိုင်တဲ့ နောက်ပြန်ပေးပို့မှုက အယ်လစ်ဆန်ကို အငိုက်မိစေခဲ့ပြီး ရိုဒရီဂိုကို အကာအကွယ်မရှိတဲ့ ဂိုးပေါက်ထဲကို တစ်ချက်ထိ ပိတ်သွင်းခဲ့ပြီးနောက် အန်းဖီးမှာ ပထမပိုင်း ၄ မိနစ်မှာပဲ လိဒ်စ်တို့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိုဟာမက် ဆာလားက လီဗာပူးလ်အသင်းအတွက် ချေပဂိုးကို လျင်လျင်မြန်မြန်ပဲ ပြန်လည်သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ အိမ်ရှင်တို့ ကစားပုံတိုးတက်လာခဲ့ပေမယ့်လည်း လိဒ်စ်ဂိုးသမား မက်စ်လီယာက ကြောက်မက်ဖွယ် ကာကွယ်မှုတွေ ဆက်တိုက် ပြုလုပ်ပြခဲ့တာဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက်အသင်းအတွက် အနိုင် ၃ မှတ် ရရှိစေမယ့် သွင်းဂိုးကို ၈၉ မိနစ်မှာ လူငယ်ကြယ်ပွင့် ဆမ်းမားဗီးလ်က သွင်းယူပေးသွားခဲ့တာ ဖြစ်ပြီး ဒီရလဒ်ကြောင့် လီဗာပူးလ်ရဲ့ အန်းဖီးမှာ ကာလရှည် ရှုံးပွဲမရှိစံချိန်ရပ်တန့်ခဲ့ရတာ ဖြစ်သလို ပြီးခဲ့တဲ့အပတ် နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲအပြီး တန်းဆင်းဇုန်ကအသင်းတွေကို ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ လီဗာပူးလ်အသင်းဟာ ထိပ်ဆုံး ၄ နေရာထက် တန်းဆင်းဇုန်နဲ့ ပိုမို နီးကပ်လာနေပြီဖြစ်ပြီး ကလော့ပ်က လီဗာပူးလ်ဟာ ပွဲစဉ်အတွင်း ၎င်းတို့ရဲ့ ပုံမှန် ယုံကြည်ချက်နဲ့ ထိန်းချုပ်မှုကို ရှာဖွေနေရဆဲလို့ ပြောကြားခဲ့ပေမယ့် လက်ရှိအခြေအနေကို ပြောင်းလဲနိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။

“လုံးဝကို ဆုတ်ယုတ်မှုတစ်ခုပါပဲ။ ကျွန်တော်တို့ တကယ်ကောင်းမွန်တဲ့အစကိုပိုင်ဆိုင်ခဲ့တယ်လို့ ထင်ခဲ့မိပြီး ပြီးတော့ ကျွန်တော်တို့ ကြောင်တောင်တောင်နိုင်တဲ့ဂိုးကို ခွင့်ပြုခဲ့ရတယ်။ ကျွန်တော်တို့ ချေပဂိုး သွင်းယူခဲ့ပေမယ့်လည်း အကြောင်းအရင်းအချို့အတွက် ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် လုံခြုံစိတ်ချရတဲ့အခြေအနေ ပြန်မရခဲ့ဘူး။ ကျွန်တော်တို့ ပွဲကို ထိန်းချုပ်ဖို့ ခက်ခဲပြီး ဘောလုံးတွေ အများကြီး ပေးပစ်ခဲ့ပါတယ်။ ကောင်လေးတွေ ကြိုးစားခဲ့ပြီး ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ဘောလုံးပိုင်ဆိုင်မှု ရှိခဲ့ပြီး အခွင့်အရေးကြီးကြီးမားမားတွေ ရှိခဲ့ပေမယ့် အဆုံးမှာတော့ ၁-၁ ဖြစ်နေင် ခင်ဗျား ဒီလိုမျိုး ဒုတိယဂိုးမျိုး ဖြစ်လာနိုင်တဲ့အခြေအနေကို ကာကွယ်ရမှာပါ။ ပြီးတော့မှ ခင်ဗျား အရာအားလုံးကို ဖွင့်ထုတ်ခဲ့ရမှာပါ”

“အဆုံးမှာတော့ ပင်နယ်တီဧရိယာထဲမှာ ၂ ယောက် ၁ ယောက်ဖြစ်ခဲ့ပြီး သူတို့တွေ အခြေအနေကို အဆုံးသတ်နိုင်ခဲ့တယ်။ ပြဿနာက ကျွန်တော်တို့ အခုအချိန်မှာ ဒီလိုပွဲမျိုးကို မထိန်းချုပ်နိုင်တာဖြစ်ပြီး အဲဒါက ပြဿနာဆိုတာ သိသာပါတယ်။ အသင်းစွမ်းဆော်ငရည်က အမြဲတမ်း တစ်ဦးချင်းစွမ်းဆောင်တွေနဲ့ တည်ဆောက်ထားတာပါ။ တစ်ဦးက တခြားသူတွေကို ဦးဆောင်တယ်”

“ခင်ဗျား ဒီပွဲကို သေချာကြည့်ခဲ့ရင် ခင်ဗျား ကျွန်တော်တို့ ဒုတိယဂိုးအတွက် လုပ်ခဲ့သလိုမျိုး ခင်ဗျား ခုခံလို့မရနိုင်ပါဘူး။ အဲဒါကြောင့်ပဲ ကျွန်တော်တို့ ရှုံးခဲ့တာပါ။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ ၁ မှတ်လောက်တော့ ရခဲ့မှာဖြစ်ပြီး ကျွန်တော်တို့ အဲဒီကနေ သွားလို့ရမှာပါ။ အခုတော့ ကျွန်တော်တို့ ဘာမှမရခဲ့ဘဲ အဲဒါက လုံးဝ ကွဲပြားခြားနားနေသလို ခံစားရပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ အရည်အသွေးတွေကို ကွင်းထဲ ယူဆောင်ပြီး အဲဒါနဲ့ ရင်ဆိုင်တိုက်ခိုက်ရမယ်”

“ကျွန်တော်တို့မှာ ပထမဆုံးနေ့ကတည်းက ပြဿနာတွေ ရှိခဲ့ပြီး ဒဏ်ရာပြဿနာတွေပါ။ ကစားသမားတွေဟာ ပထမဆုံးနေ့ကနေ ဒဏ်ရာတွေနဲ့ စကစားခဲ့ရပါတယ်။ အဲဒါက ကျွန်တော်တို့ ဖြစ်နေတဲ့အခြေအနေဖြစ်ပြီး အဲဒါက ကျွန်တော်တို့ ကိုယ့်ဘာသာပဲ အကူအညီပေးရမယ်ဆိုတဲ့ အဓိပ္ပာယ်ပ။ အဲဒါကလည်း ကျွန်တော်တို့ လုပ်မယ့်အရာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ဟာ စေနေန႔ညေနက အန္းဖီးမွာ လိဒ္စ္ယူႏိုက္တက္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္က လီဗာပူးလ္ရဲ႕ ခံစစ္ကို ျပစ္တင္ေဝဖန္ခဲ့ေပမယ့္လည္း ၎ရဲ႕အသင္းဟာ ဒဏ္ရာျပႆနာေတြရဲ႕ ဒုကၡေပးျခင္းကိုခံေနရၿပီး ျပန္လည္ေကာင္းမြန္လာမယ္လို႔ ေထာက္ခံေျပာဆိုခဲ့ပါတယ္။

ဂ်ိဳး ဂိုးမက္ဇ္ရဲ႕ နေမာ္နမဲ့ႏိုင္တဲ့ ေနာက္ျပန္ေပးပို႔မႈက အယ္လစ္ဆန္ကို အငိုက္မိေစခဲ့ၿပီး ႐ိုဒရီဂိုကို အကာအကြယ္မရွိတဲ့ ဂိုးေပါက္ထဲကို တစ္ခ်က္ထိ ပိတ္သြင္းခဲ့ၿပီးေနာက္ အန္းဖီးမွာ ပထမပိုင္း ၄ မိနစ္မွာပဲ လိဒ္စ္တို႔ ဦးေဆာင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း မိုဟာမက္ ဆာလားက လီဗာပူးလ္အသင္းအတြက္ ေခ်ပဂိုးကို လ်င္လ်င္ျမန္ျမန္ပဲ ျပန္လည္သြင္းယူေပးသြားခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာ အိမ္ရွင္တို႔ ကစားပုံတိုးတက္လာခဲ့ေပမယ့္လည္း လိဒ္စ္ဂိုးသမား မက္စ္လီယာက ေၾကာက္မက္ဖြယ္ ကာကြယ္မႈေတြ ဆက္တိုက္ ျပဳလုပ္ျပခဲ့တာျဖစ္ပါတယ္။

လိဒ္စ္ယူႏိုက္တက္အသင္းအတြက္ အႏိုင္ ၃ မွတ္ ရရွိေစမယ့္ သြင္းဂိုးကို ၈၉ မိနစ္မွာ လူငယ္ၾကယ္ပြင့္ ဆမ္းမားဗီးလ္က သြင္းယူေပးသြားခဲ့တာ ျဖစ္ၿပီး ဒီရလဒ္ေၾကာင့္ လီဗာပူးလ္ရဲ႕ အန္းဖီးမွာ ကာလရွည္ ရႈံးပြဲမရွိစံခ်ိန္ရပ္တန႔္ခဲ့ရတာ ျဖစ္သလို ၿပီးခဲ့တဲ့အပတ္ ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ပြဲအၿပီး တန္းဆင္းဇုန္ကအသင္းေတြကို ၂ ပြဲဆက္တိုက္ ရႈံးနိမ့္ခဲ့တာလည္း ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ လီဗာပူးလ္အသင္းဟာ ထိပ္ဆုံး ၄ ေနရာထက္ တန္းဆင္းဇုန္နဲ႔ ပိုမို နီးကပ္လာေနၿပီျဖစ္ၿပီး ကေလာ့ပ္က လီဗာပူးလ္ဟာ ပြဲစဥ္အတြင္း ၎တို႔ရဲ႕ ပုံမွန္ ယုံၾကည္ခ်က္နဲ႔ ထိန္းခ်ဳပ္မႈကို ရွာေဖြေနရဆဲလို႔ ေျပာၾကားခဲ့ေပမယ့္ လက္ရွိအေျခအေနကို ေျပာင္းလဲႏိုင္ဖို႔ ဆက္လက္တိုက္ပြဲဝင္သြားမယ္လို႔ ကတိေပးခဲ့ပါတယ္။

“လုံးဝကို ဆုတ္ယုတ္မႈတစ္ခုပါပဲ။ ကြၽန္ေတာ္တို႔ တကယ္ေကာင္းမြန္တဲ့အစကိုပိုင္ဆိုင္ခဲ့တယ္လို႔ ထင္ခဲ့မိၿပီး ၿပီးေတာ့ ကြၽန္ေတာ္တို႔ ေၾကာင္ေတာင္ေတာင္ႏိုင္တဲ့ဂိုးကို ခြင့္ျပဳခဲ့ရတယ္။ ကြၽန္ေတာ္တို႔ ေခ်ပဂိုး သြင္းယူခဲ့ေပမယ့္လည္း အေၾကာင္းအရင္းအခ်ိဳ႕အတြက္ ဘယ္လိုအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ လုံၿခဳံစိတ္ခ်ရတဲ့အေျခအေန ျပန္မရခဲ့ဘူး။ ကြၽန္ေတာ္တို႔ ပြဲကို ထိန္းခ်ဳပ္ဖို႔ ခက္ခဲၿပီး ေဘာလုံးေတြ အမ်ားႀကီး ေပးပစ္ခဲ့ပါတယ္။ ေကာင္ေလးေတြ ႀကိဳးစားခဲ့ၿပီး ကြၽန္ေတာ္တို႔မွာ ေကာင္းမြန္တဲ့ ေဘာလုံးပိုင္ဆိုင္မႈ ရွိခဲ့ၿပီး အခြင့္အေရးႀကီးႀကီးမားမားေတြ ရွိခဲ့ေပမယ့္ အဆုံးမွာေတာ့ ၁-၁ ျဖစ္ေနင္ ခင္ဗ်ား ဒီလိုမ်ိဳး ဒုတိယဂိုးမ်ိဳး ျဖစ္လာႏိုင္တဲ့အေျခအေနကို ကာကြယ္ရမွာပါ။ ၿပီးေတာ့မွ ခင္ဗ်ား အရာအားလုံးကို ဖြင့္ထုတ္ခဲ့ရမွာပါ”

“အဆုံးမွာေတာ့ ပင္နယ္တီဧရိယာထဲမွာ ၂ ေယာက္ ၁ ေယာက္ျဖစ္ခဲ့ၿပီး သူတို႔ေတြ အေျခအေနကို အဆုံးသတ္ႏိုင္ခဲ့တယ္။ ျပႆနာက ကြၽန္ေတာ္တို႔ အခုအခ်ိန္မွာ ဒီလိုပြဲမ်ိဳးကို မထိန္းခ်ဳပ္ႏိုင္တာျဖစ္ၿပီး အဲဒါက ျပႆနာဆိုတာ သိသာပါတယ္။ အသင္းစြမ္းေဆာ္ငရည္က အၿမဲတမ္း တစ္ဦးခ်င္းစြမ္းေဆာင္ေတြနဲ႔ တည္ေဆာက္ထားတာပါ။ တစ္ဦးက တျခားသူေတြကို ဦးေဆာင္တယ္”

“ခင္ဗ်ား ဒီပြဲကို ေသခ်ာၾကည့္ခဲ့ရင္ ခင္ဗ်ား ကြၽန္ေတာ္တို႔ ဒုတိယဂိုးအတြက္ လုပ္ခဲ့သလိုမ်ိဳး ခင္ဗ်ား ခုခံလို႔မရႏိုင္ပါဘူး။ အဲဒါေၾကာင့္ပဲ ကြၽန္ေတာ္တို႔ ရႈံးခဲ့တာပါ။ အဲဒီလိုမဟုတ္ဘူးဆိုရင္ေတာ့ ၁ မွတ္ေလာက္ေတာ့ ရခဲ့မွာျဖစ္ၿပီး ကြၽန္ေတာ္တို႔ အဲဒီကေန သြားလို႔ရမွာပါ။ အခုေတာ့ ကြၽန္ေတာ္တို႔ ဘာမွမရခဲ့ဘဲ အဲဒါက လုံးဝ ကြဲျပားျခားနားေနသလို ခံစားရပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ကြၽန္ေတာ္တို႔ အရည္အေသြးေတြကို ကြင္းထဲ ယူေဆာင္ၿပီး အဲဒါနဲ႔ ရင္ဆိုင္တိုက္ခိုက္ရမယ္”

“ကြၽန္ေတာ္တို႔မွာ ပထမဆုံးေန႔ကတည္းက ျပႆနာေတြ ရွိခဲ့ၿပီး ဒဏ္ရာျပႆနာေတြပါ။ ကစားသမားေတြဟာ ပထမဆုံးေန႔ကေန ဒဏ္ရာေတြနဲ႔ စကစားခဲ့ရပါတယ္။ အဲဒါက ကြၽန္ေတာ္တို႔ ျဖစ္ေနတဲ့အေျခအေနျဖစ္ၿပီး အဲဒါက ကြၽန္ေတာ္တို႔ ကိုယ့္ဘာသာပဲ အကူအညီေပးရမယ္ဆိုတဲ့ အဓိပၸာယ္ပ။ အဲဒါကလည္း ကြၽန္ေတာ္တို႔ လုပ္မယ့္အရာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.