Premier League

ချဲလ်ဆီးကြယ်ပွင့် ၂ ဦးကို ပေါ့တား ဘယ်လိုသုံးနေလဲမသိဘူးလို့ ဝေဖန်လိုက်တဲ့ အီယန် ရိုက်

အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က ဂရေဟမ် ပေါ့တားကို ချဲလ်ဆီးရဲ့ သမားရိုးကျ နောက်ခံတောင်ပံကစားသမားတွေကို ပွဲထွက်လူစာရင်းထဲမှာ ပြန်လည်အသုံးပြုဖို့ တောင်းဆိုလိုက်ပြီး ဘရိုက်တန်ကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ စနေနေ့ညနေပွဲက လူစာရင်းကြောင်း အလွန်စိတ်ရှုပ်ထွေးခဲ့မိတယ်လို့ ပြောကြားခဲ့ပါတယ်။

အနောက်လန်ဒန်သားတွေဟာ ပထမပိုင်း ၅ မိနစ်မှာပဲ လီအန်ဒရို ထရော့ဆက်ရဲ့ ဦးဆောင်ဂိုးကြောင့် နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပြီး လော့ဖ်တပ်စ်-ချိခ်နဲ့ ချာလိုဘက်တို့ရဲ့ ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိခဲ့တဲ့ဂိုးတွေကြောင့် အိမ်ရှင်ဘရိုက်တန်က ပထမပိုင်းအပြီးမှာ ၃-၀ နဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ခိုင် ဟာဗတ်ဇ်က ဒုတိယပိုင်းပြန်လည်စတင်ပြီး သိပ်မကြာခင်မှာပဲ ချေပဂိုး တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း ဘရိုက်တန်ရဲ့ ခေါင်းမာတဲ့ ခံစစ်ကြောင့် ပေါ့တားရဲ့ အသင်းက ရုန်းကန်ခဲ့ရပြီး နာကျင်အချိန်ပိုမှာ ပါစကယ် ဂရို့စ်က နောက်ထပ် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပေါ့တားက ဆာ့လ်ဇ်ဘတ်နဲ့ပွဲမှာ အလုပ်ဖြစ်ခဲ့တဲ့ ခရစ်ရှန် ပူလီရှစ်နဲ့ စတားလင်းတို့ကို နောက်ခံတောင်ပံကစားသမားအဖြစ်နဲ့ ဆက်လက်အသုံးပြုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပေမယ့် အာဆင်နယ်ဂန္တဝင်က ဘရိုက်တန်နဲ့ပွဲမှာ အဲဒီလို အသုံးပြုခဲ့တာက ကြီးမားတဲ့ ပြဿနာဖြစ်ခဲ့ပြီး ချဲလ်ဆီးနည်းပြအနေနဲ့ လူစာရင်းရွေးချယ်မှုကို ပြန်လည်စဉ်းစားသင့်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်း ဘာတွေ မှားယွင်းသွားခဲ့လဲလို့ မေးမြန်းခဲ့ရာမှာ အီယန် ရိုက်က “အင်း။ နောက်ခံတောင်ပံတွေပေါ့။ ကျွန်တော်တို့ သူတို့တွေ ဒီရာသီမှာ နောက်ခံတောင်ပံတွေ အမျိုးမျိုးသုံးနေခဲ့တာကို မြင်တွေ့ခဲ့ရပြီး ခင်ဗျား သူတို့ရဲ့ အရန်ခုံတန်းကို ကြည့်လိုက်ရင် သူတို့မှာ ဆီဇာနဲ့ ချေးဝဲလ်တို့ရှိတယ်”

“ဒါပေမယ့် သူတို့တွေ ပူလီရှစ်၊ စတားလင်းတို့နဲ့ ပွဲထွက်ခဲ့ပြီး အဲဒါက အရမ်းကို စိတ်ရှုပ်ထွေးစရာလို့ ကျွန်တော် မြင်မိခဲ့တယ်။ ခင်ဗျား သူတို့ ဘာလုပ်နေလဲဆိုတာကို စောင့်ကြည့်တဲ့အခါမှာ သူတို့ တိုက်စစ်ဆင်ခံရချိန်မှာ နေရာယူထားတဲ့ပုံကို ခင်ဗျား မြင်တဲ့အခါမှာ သူတို့တွေက ချာလိုဘက်၊ ကူကူရယ်လာ၊ ဆေးလ်ဗားတို့ကို တကယ် အကူအညီမပေးနိုင်ခဲ့ပါဘူး။ ဘာတွေ ဖြစ်ပျက်သွားခဲလဲဆိုတော့ နောက်ခံကစားသမား ၃ ဦးက ဟိုတစ်ယောက် ဒီတယောက် ပြန့်ကြဲနေခဲ့ပါတယ်။ ချာလိုဘက်က အရမ်းရှေ့တက်လွန်းတယ်။ တကယ်ကို ကာဗာပေးနိုင်တဲ့သူမျိုးမရှိဘူး။ ဘာလို့လဲဆိုတော့ ပူလီရှစ်က နောက်ပြန်ဆင်းပြီး ကူညီမှာ မဟုတ်လို့ပါ။ ဒါမှမဟုတ် စတားလင်းကလည်း ပြန်ဆင်းလာပြီး ကူညီမှာမဟုတ်လို့ပါ။ ပြီးတော့ ဘရိုက်တန်ကလည်း တချိန်လုံး ချဲလ်ဆီးခံစစ်ရဲ့နောက်ကို ပြေးဝင်နေခဲ့တယ်”

“ဘရိုက်တန်လုပ်ခဲ့တာအရာအားလုံးက ဆေးလ်ဗား ဘယ်လောက် ရှေ့တက်လဲဆိုတာကို ထရော့ဆက်က ချောင်းနေပြီး ဗဟိုခံစစ်ဘယ်ခြမ်းက ကူကူရယ်လာကလည်း ခံစစ်စည်းကို ကျော်လာတယ်။ ပြီးတော့ ခင်ဗျား အဲဒီနောက်မှာ နေရာလွတ်တွေ အများကြီးရှိနေတယ်ဆိုတာကို ခင်ဗျား သိနေပြီလေ။ အချိန်တော်တော်များများမှာ လော့ဖ်တပ်စ်-ချိခ်က အခြေအနေကို ကယ်တင်နိုင်ဖို့ ဗဟိုခံစစ်ကို ကာဗာလုပ်ပေးဖို့ ကြိုးပမ်းခဲ့တဲ့သူဖြစ်ခဲ့ပါတယ်။ ဘရိုက်တန်က အလယ်အတိုင်း ထိုးဖောက်လာပြီး တောင်ပံကနေ အလုပ်လုပ်ခဲ့တယ်။ ချာလိုဘက်က ရောက်လာပြီး အရမ်းကို လွယ်လွယ်ကူကူနဲ့ အနိုင်ယူခံခဲ့ရတယ်။ ပြီးတော့ ဖောင်းဆိုတာနဲ့ အကြိမ်တိုင်းပဲ ဘောလုံးက ဝင်သွာတယ်။ ဒီဟာက သူတို့အတွက် ပြဿနာပဲ။ ကျွန်တော် ပြောသလိုပဲ သူတို့မှာ အဲဒီနေရာမှာ ကစားနိုင်ပြီး ပိုပြီး အကာအကွယ်ပေးနိုင်တဲ့ နောက်ခံတောင်ပံကစားသမားတွေ အရန်ခုံပေါ်ရှိတယ်”

“ခင်ဗျားက ဒီပွဲမှာ ပူလီရှစ်ကို မြင်တယ်။ အဲဒီမှာ သူက သူကပ်ထားတဲ့သူနဲ့အတူ ရှိနေတယ်။ သူ့လူက အခု သူ့ကို ကျော်ထွက်သွားပြီ။ ဒါပေမယ့် ပူလီရှစ်က ဆက်မလိုက်တော့ဘဲ နေခဲ့ပြီး သူတို့တွေ အဲဒီအတွက် အပြစ်ပေးခံရသင့်ပါတယ်။ ဗဟိုခံစစ်လူတွေက ဒီနေ့မှာ ဆိုးရွားတဲ့နေ့တစ်နေ့ဖြစ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ နေရာစုံကို လိုက်ကစားနေရပြီး ဆိုးရွားတဲ့ ပွဲကို ပိုင်ဆိုင်ခဲ့ပါတယ်။ ပူလီရှစ်နဲ့ စတားလင်းကို နောက်ခံတောင်ပံအဖြစ် အသုံးပြုတဲ့ နည်းဗျူဟာကို စွန့်ပစ်သင့်လားဆိုရင် စွန့်ပစ်သင့်ပါတယ်။ ကျွန်တော်ကတော့ အဲဒီလို ပွဲမထုတ်စေချင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:








REF: INTERNET SOURCES
SPORTS A2Z.