Premier League

ယူရိုသန်း ၆၀ သုံးနိုင်ရင် နေမာလေးကို ရပြီလို့ အသိပေးခြင်းခံခဲ့ရတဲ့ မန်ယူနိုက်တက်

အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုဟာ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နေမာလက်သစ်လို့ ချီးကျူးခြင်းခံနေရတဲ့ ဘရာဇီးလ်ဆယ်ကျော်သက်ကြယ်ပွင့် အမ်းဒရစ်ခ် ဖိလစ်ပီကို ခေါ်ယူမယ်ဆိုရင် ယူရိုသန်း ၆၀ ပေးချေဖို့ လိုအပ်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

အသက် ၁၆ နှစ်အရွယ် ဘရာဇီးလ်လူငယ်ကစားသမားလေးဟာ ယခုအပတ်မှာ ပါးမီးရပ်စ်အသင်းရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းရှင်ဖြစ်လာခဲ့သူဖြစ်ပြီး ဘရာဇီးလ် စီးရီးအေမှာ ပထမဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးလောကရဲ့ အလားအလာအရှိဆုံး လူငယ်ကြယ်ပွင့်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ အမ်းဒရစ်ခ်ဟာ မန်ယူနိုက်တက်၊ ချဲလ်ဆီး၊ အာဆင်နယ်တို့အပါအဝင် ဥရောပရဲ့ အကြီးမားဆုံးကလပ်အသင်းတွေဆီကနေ စိတ်ဝင်စားမှုကို ရရှိနေသူဖြစ်ပါတယ်။

ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်တို့ကလည်း ဘရာဇီးလ်ကြယ်ပွင့်ကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပြီး သိပ်မကြာခင် အနာဂတ်ကာလမှာ ချဉ်းကပ်မှုတွေ ပြုလုပ်သွားနိုင်ခြေရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုက ပါးမီးရပ်စ်အသင်းကနေ ဘရာဇီးလ်လူငယ်ကစားသမားကို ခေါ်ယူချင်တယ်ဆိုရင် ယူရိုသန်း ၆၀ လောက် ကုန်ကျလိမ့်မယ်လို့ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးသားပြီး ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေကို သတိပေးလိုက်တာဖြစ်ပါတယ်။

“အသက် ၁၆ နှစ်၊ ၃ လနဲ့ ၄ ရက်။ အမ်းဒရစ်ခ်ဟာ ပါးမီးရပ်စ်အသင်းသမိုင်းမှာ ပထမအသင်းနဲ့အတူ ဂိုးသွင်းယူနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမားဖြစ်လာခဲ့ပါပြီ။ ဥရောပထိပ်တန်းအသင်းကြီးတွေဟာ သူ့ကို ခေါ်ယူဖို့အတွက် တိုက်ပွဲဝင်နေပါတယ်။ သူ့ရဲ့ စာချုပ်ထဲမှာ စာချုပ်လျော်ကြေး ယူရိုသန်း ၆၀ ထည့်သွင်းချုပ်ဆိုထားပါတယ်။ ၂၀၀၆ ခုနှစ် ဇူလိုင်လမှာ မွေးဖွားခဲ့တယ်။ အမ်းဒရစ်ခ်တဲ့။ ဒီနာမည်ကို မှတ်ထားကြပါ”လို့ ရေးသားခဲ့ပါတယ်။ ဘယ်သန်ကစားသမားဖြစ်တဲ့ အမ်းဒရစ်ခ်ဟာ တိုက်စစ်နေရာစုံမှာ ကစားနိုင်တဲ့ ကစားသမားဖြစ်ပြီး ယခုနှစ်အစောပိုင်းတုန်းကမှ ပါးမီးရပ်စ်နဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ်စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

အမ်းဒရစ်ခ်ဟာ ပါးမီးရပ်စ်အသင်းနဲ့အတူ ၂၀၂၅ ခုနှစ်အထိ ရှီနေမှာဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်မွေးနေ့မတိုင်ခင်အထိ အပြောင်းအရွှေ့ပြုလုပ်ဖို့ တရားဝင်မှာမဟုတ်သေးဘဲ ဘရာဇီးလ်လူငယ်ကြယ်ပွင့်ရဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဂုဏ်သတင်းကျော်စောလာမှုက နေမာ ငယ်ငယ်တုန်းကပုံစံကို ပြန်မြင်နေရသလို ခံစားခဲ့ရတာဖြစ်ပါတယ်။

အမ်းဒရစ်ခ်ဟာ အင်စတာဂရမ် လူမှုကွန်ရက်ပေါ်မှာ ပရိသတ်ပေါင်း ၁.၄ သန်းအထိ အံ့အားသင့်ဖွယ် ပိုင်ဆိုင်ထားပြီး လူငယ်ပွဲစဉ် ၁၇၂ ပွဲမှာ သွင်းဂိုး ၁၇၀ အထိ စံချိန်တင် သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၁၆ နှစ်အရွယ် ကစားသမားဟာ ဘရာဇီးလ်ဂန္တဝင် ရိုနယ်လ်ဒိုရဲ့ အရည်အချင်းတွေနဲ့ နှိုင်းယှဉ်ခြင်းခံခဲ့ရသူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုက အလေးစားရဆုံး ကစားသမားဖြစ်တယ်လို့ ယခုနှစ်အစောပိုင်းတုန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။ “ခရစ္စတီယာနို ရော်နယ်လ်ဒို။ ထူးခြားဆန်းကြယ်တဲ့လူတစ်ယောက်ပါ။ သူမတူတဲ့ အံ့ဖွယ်သူရဲကစားသမားပါ။ ကျွန်တော် သူ့ရဲ့ ခြေရာအတိုင်း လိုက်နင်းဖို့ လုပ်သွားရမှာပါ”လို့ အမ်းဒရစ်ခ်က ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အေျပာင္းအေ႐ႊ႕အထူးကြၽမ္းက်င္သူ ဖက္ဘရီဇီယို ႐ိုမာႏိုဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ေနမာလက္သစ္လို႔ ခ်ီးက်ဴးျခင္းခံေနရတဲ့ ဘရာဇီးလ္ဆယ္ေက်ာ္သက္ၾကယ္ပြင့္ အမ္းဒရစ္ခ္ ဖိလစ္ပီကို ေခၚယူမယ္ဆိုရင္ ယူ႐ိုသန္း ၆၀ ေပးေခ်ဖို႔ လိုအပ္မယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

အသက္ ၁၆ ႏွစ္အ႐ြယ္ ဘရာဇီးလ္လူငယ္ကစားသမားေလးဟာ ယခုအပတ္မွာ ပါးမီးရပ္စ္အသင္းရဲ႕ အသက္အငယ္ဆုံး ဂိုးသြင္းရွင္ျဖစ္လာခဲ့သူျဖစ္ၿပီး ဘရာဇီးလ္ စီးရီးေအမွာ ပထမဆုံး သြင္းဂိုးကို သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ေဘာလုံးေလာကရဲ႕ အလားအလာအရွိဆုံး လူငယ္ၾကယ္ပြင့္ေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ျခင္းခံထားရတဲ့ အမ္းဒရစ္ခ္ဟာ မန္ယူႏိုက္တက္၊ ခ်ဲလ္ဆီး၊ အာဆင္နယ္တို႔အပါအဝင္ ဥေရာပရဲ႕ အႀကီးမားဆုံးကလပ္အသင္းေတြဆီကေန စိတ္ဝင္စားမႈကို ရရွိေနသူျဖစ္ပါတယ္။

ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္၊ ပီအက္စ္ဂ်ီ၊ ဘိုင္ယန္ျမဴးနစ္တို႔ကလည္း ဘရာဇီးလ္ၾကယ္ပြင့္ကို အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ သိရၿပီး သိပ္မၾကာခင္ အနာဂတ္ကာလမွာ ခ်ဥ္းကပ္မႈေတြ ျပဳလုပ္သြားႏိုင္ေျခရွိေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အေျပာင္းအေ႐ႊ႕အထူးကြၽမ္းက်င္သူ ဖက္ဘရီဇီယို ႐ိုမာႏိုက ပါးမီးရပ္စ္အသင္းကေန ဘရာဇီးလ္လူငယ္ကစားသမားကို ေခၚယူခ်င္တယ္ဆိုရင္ ယူ႐ိုသန္း ၆၀ ေလာက္ ကုန္က်လိမ့္မယ္လို႔ တြစ္တာလူမႈကြန္ရက္ေပၚမွာ ေရးသားၿပီး ေခၚယူခ်င္ေနတဲ့ ကလပ္အသင္းေတြကို သတိေပးလိုက္တာျဖစ္ပါတယ္။

“အသက္ ၁၆ ႏွစ္၊ ၃ လနဲ႔ ၄ ရက္။ အမ္းဒရစ္ခ္ဟာ ပါးမီးရပ္စ္အသင္းသမိုင္းမွာ ပထမအသင္းနဲ႔အတူ ဂိုးသြင္းယူႏိုင္တဲ့ အသက္အငယ္ဆုံး ကစားသမားျဖစ္လာခဲ့ပါၿပီ။ ဥေရာပထိပ္တန္းအသင္းႀကီးေတြဟာ သူ႔ကို ေခၚယူဖို႔အတြက္ တိုက္ပြဲဝင္ေနပါတယ္။ သူ႔ရဲ႕ စာခ်ဳပ္ထဲမွာ စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ိုသန္း ၆၀ ထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။ ၂၀၀၆ ခုႏွစ္ ဇူလိုင္လမွာ ေမြးဖြားခဲ့တယ္။ အမ္းဒရစ္ခ္တဲ့။ ဒီနာမည္ကို မွတ္ထားၾကပါ”လို႔ ေရးသားခဲ့ပါတယ္။ ဘယ္သန္ကစားသမားျဖစ္တဲ့ အမ္းဒရစ္ခ္ဟာ တိုက္စစ္ေနရာစုံမွာ ကစားႏိုင္တဲ့ ကစားသမားျဖစ္ၿပီး ယခုႏွစ္အေစာပိုင္းတုန္းကမွ ပါးမီးရပ္စ္နဲ႔ ပထမဆုံး ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

အမ္းဒရစ္ခ္ဟာ ပါးမီးရပ္စ္အသင္းနဲ႔အတူ ၂၀၂၅ ခုႏွစ္အထိ ရွီေနမွာျဖစ္ၿပီး အသက္ ၁၈ ႏွစ္ျပည့္ေမြးေန႔မတိုင္ခင္အထိ အေျပာင္းအေ႐ႊ႕ျပဳလုပ္ဖို႔ တရားဝင္မွာမဟုတ္ေသးဘဲ ဘရာဇီးလ္လူငယ္ၾကယ္ပြင့္ရဲ႕ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ဂုဏ္သတင္းေက်ာ္ေစာလာမႈက ေနမာ ငယ္ငယ္တုန္းကပုံစံကို ျပန္ျမင္ေနရသလို ခံစားခဲ့ရတာျဖစ္ပါတယ္။

အမ္းဒရစ္ခ္ဟာ အင္စတာဂရမ္ လူမႈကြန္ရက္ေပၚမွာ ပရိသတ္ေပါင္း ၁.၄ သန္းအထိ အံ့အားသင့္ဖြယ္ ပိုင္ဆိုင္ထားၿပီး လူငယ္ပြဲစဥ္ ၁၇၂ ပြဲမွာ သြင္းဂိုး ၁၇၀ အထိ စံခ်ိန္တင္ သြင္းယူထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အသက္ ၁၆ ႏွစ္အ႐ြယ္ ကစားသမားဟာ ဘရာဇီးလ္ဂႏၲဝင္ ႐ိုနယ္လ္ဒိုရဲ႕ အရည္အခ်င္းေတြနဲ႔ ႏႈိင္းယွဥ္ျခင္းခံခဲ့ရသူျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက အေလးစားရဆုံး ကစားသမားျဖစ္တယ္လို႔ ယခုႏွစ္အေစာပိုင္းတုန္းက ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “ခရစၥတီယာႏို ေရာ္နယ္လ္ဒို။ ထူးျခားဆန္းၾကယ္တဲ့လူတစ္ေယာက္ပါ။ သူမတူတဲ့ အံ့ဖြယ္သူရဲကစားသမားပါ။ ကြၽန္ေတာ္ သူ႔ရဲ႕ ေျခရာအတိုင္း လိုက္နင္းဖို႔ လုပ္သြားရမွာပါ”လို႔ အမ္းဒရစ္ခ္က ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.