Premier League

Siu အောင်ပွဲခံဟန်ကို အောင်ပွဲခံဟန်အသစ်နဲ့ အစားထိုးခဲ့တဲ့ ရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှးူ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ရှယ်ရစ်ဖ် တီရာစပေါ်နဲ့ပွဲမှာ ၎င်းရဲ့ ကျော်ကြားတဲ့ ‘Siu’အောင်ပွဲခံဟန်နေရာမှာ အောင်ပွဲခံဟန်အသစ်နဲ့ အစားထိုးခဲ့ပုံပေါ်ပြီး ပရိသတ်တွေက သဘောကျနှစ်သက်ခဲ့ပါတယ်။

ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးဟာ တော့တင်ဟမ်ဟော့စပါးနဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားပေးဖို့ ငြင်းပယ်ခဲ့တဲ့အတွက် ပထမအသင်း လူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် ကြာသပတေးနေ့ညပွဲစဉ်မှာ ပွဲထွက်လူစာရင်းထဲ ပြန်လည်ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်တိုက်စစ်ကို ဦးဆောင်ခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ပွဲစဉ် ပြီးဆုံးခါနီး ၉ မိနစ်အလိုမှာ ဂိုးသွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ အသင်းရဲ့ တတိယမြောက် ဦးဆောင်ဂိုးကို အနီးကပ် ပိတ်သွင်းမှုနဲ့အတူ သွင်းယူပေးသွားခဲ့တာဖြစ်ပြီး အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ အောင်ပွဲခံချိန်မှာတော့ ၎င်းရဲ့ အမှတ်အသားဖြစ်တဲ့ ‘Siu’အောင်ပွဲခံဟန်ကို စွန့်ပယ်ခဲ့ပြီး အဲဗာတန်အသင်းနဲ့ပွဲစဉ်တုန်းက လုပ်ခဲ့တဲ့အောင်ပွဲခံဟန်အတိုင်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ပွဲကြည့်စင်ဘက်ကို လက်ညှိုးထိုးခဲ့ပြီးနောက် ဦးခေါင်းကို နောက်ကို လှန်၊ မျက်လုံးကို မှိတ်၊ လက်နှစ်ဖက်ကို ရင်ဘက်ပေါ် ယှက်တင်ပြီး မတ်တပ်ရပ်နေခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ အောင်ပွဲခံဟန်ကို ပရိသတ်တွေက သဘောကျနှစ်သက်ခဲ့ပြီး အဲဒါက နောက်ထပ် အထင်ကရ အောင်ပွဲခံဟန်ဖြစ်တယ်လို့ ထင်မြင်ခဲ့ကြတာ ဖြစ်ပါတယ်။ “ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဒုတိယမြောက် အကောင်းဆုံးအောင်ပွဲခံဟန်ကို တီထွင်ခဲ့တာဖြစ်နိုင်တယ်။ Siuu ကနေ ‘အတွင်းစိတ် အေးချမ်းမှု’။ အဲဒီအောင်ပွဲခံဟန်ကို ကြိုက်လိုက်တာ”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး “ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ဒီ အောင်ပွဲခံဟန်က တကယ်ကို အကြမ်းကြီး”လို့ နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

ပေါ်တူဂီကြယ်ပွင့်ရဲ့ အောင်ပွဲခံဟန်ဟာ အသင်းလူစာရင်းနဲ့အတူ ခရီးထွက်ခွာချိန်မှာ အိပ်စက်တဲ့ ပုံစံအတိုင်း ဟာသလုပ်ထားတာဖြစ်ပြီး ကျန်တဲ့ အသင်းဖော်တွေအားလုံးက သတိမပြုမိခဲ့ဘဲ အဲဒါကြောင့် ဂွတ်ဒီဆင်ပါ့ခ်မှာ အန်တိုနီက အောင်ပွဲခံရာမှာ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းတရားဝင် ဝက်ဘ်ဆိုက်က “ရော်နယ်လ်ဒိုရဲ့ အောင်ပွဲခံဟန်က သူ့ရဲ့ အသင်းဖော်တွေနဲ့ ဟာသလုပ်ထားတာဖြစ်ပြီး အဲရစ် တန်ဟက်ရဲ့လူစာရင်းထဲ ကစားသမားတွေကြားထဲမှာ ခိုင်မာတဲ့ သံယောဇဉ်ကို မီးမောင်းထိုးပြနေတာဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ အခု ထုတ်ဖော်ပြောဆိုနိုင်ပါတယ်”လို့ ရှင်းပြခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မွးူ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ရွယ္ရစ္ဖ္ တီရာစေပၚနဲ႔ပြဲမွာ ၎ရဲ႕ ေက်ာ္ၾကားတဲ့ ‘Siu’ေအာင္ပြဲခံဟန္ေနရာမွာ ေအာင္ပြဲခံဟန္အသစ္နဲ႔ အစားထိုးခဲ့ပုံေပၚၿပီး ပရိသတ္ေတြက သေဘာက်ႏွစ္သက္ခဲ့ပါတယ္။

ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးဟာ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ပြဲစဥ္မွာ လူစားဝင္ကစားသမားအျဖစ္ ပါဝင္ကစားေပးဖို႔ ျငင္းပယ္ခဲ့တဲ့အတြက္ ပထမအသင္း လူစာရင္းကေန ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ ၾကာသပေတးေန႔ညပြဲစဥ္မွာ ပြဲထြက္လူစာရင္းထဲ ျပန္လည္ပါဝင္ခြင့္ရရွိခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္ကို ဦးေဆာင္ခဲ့ၿပီး အိုးထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ပြဲစဥ္ ၿပီးဆုံးခါနီး ၉ မိနစ္အလိုမွာ ဂိုးသြင္းယူေပးသြားခဲ့တာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ အသင္းရဲ႕ တတိယေျမာက္ ဦးေဆာင္ဂိုးကို အနီးကပ္ ပိတ္သြင္းမႈနဲ႔အတူ သြင္းယူေပးသြားခဲ့တာျဖစ္ၿပီး အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ေအာင္ပြဲခံခ်ိန္မွာေတာ့ ၎ရဲ႕ အမွတ္အသားျဖစ္တဲ့ ‘Siu’ေအာင္ပြဲခံဟန္ကို စြန႔္ပယ္ခဲ့ၿပီး အဲဗာတန္အသင္းနဲ႔ပြဲစဥ္တုန္းက လုပ္ခဲ့တဲ့ေအာင္ပြဲခံဟန္အတိုင္း ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ပြဲၾကည့္စင္ဘက္ကို လက္ညႇိဳးထိုးခဲ့ၿပီးေနာက္ ဦးေခါင္းကို ေနာက္ကို လွန္၊ မ်က္လုံးကို မွိတ္၊ လက္ႏွစ္ဖက္ကို ရင္ဘက္ေပၚ ယွက္တင္ၿပီး မတ္တပ္ရပ္ေနခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုရဲ႕ ေအာင္ပြဲခံဟန္ကို ပရိသတ္ေတြက သေဘာက်ႏွစ္သက္ခဲ့ၿပီး အဲဒါက ေနာက္ထပ္ အထင္ကရ ေအာင္ပြဲခံဟန္ျဖစ္တယ္လို႔ ထင္ျမင္ခဲ့ၾကတာ ျဖစ္ပါတယ္။ “ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက ဒုတိယေျမာက္ အေကာင္းဆုံးေအာင္ပြဲခံဟန္ကို တီထြင္ခဲ့တာျဖစ္ႏိုင္တယ္။ Siuu ကေန ‘အတြင္းစိတ္ ေအးခ်မ္းမႈ’။ အဲဒီေအာင္ပြဲခံဟန္ကို ႀကိဳက္လိုက္တာ”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ၿပီး “ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ဒီ ေအာင္ပြဲခံဟန္က တကယ္ကို အၾကမ္းႀကီး”လို႔ ေနာက္ထပ္ တြစ္တာအသုံးျပဳသူတစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

ေပၚတူဂီၾကယ္ပြင့္ရဲ႕ ေအာင္ပြဲခံဟန္ဟာ အသင္းလူစာရင္းနဲ႔အတူ ခရီးထြက္ခြာခ်ိန္မွာ အိပ္စက္တဲ့ ပုံစံအတိုင္း ဟာသလုပ္ထားတာျဖစ္ၿပီး က်န္တဲ့ အသင္းေဖာ္ေတြအားလုံးက သတိမျပဳမိခဲ့ဘဲ အဲဒါေၾကာင့္ ဂြတ္ဒီဆင္ပါ့ခ္မွာ အန္တိုနီက ေအာင္ပြဲခံရာမွာ ပူးေပါင္းခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းတရားဝင္ ဝက္ဘ္ဆိုက္က “ေရာ္နယ္လ္ဒိုရဲ႕ ေအာင္ပြဲခံဟန္က သူ႔ရဲ႕ အသင္းေဖာ္ေတြနဲ႔ ဟာသလုပ္ထားတာျဖစ္ၿပီး အဲရစ္ တန္ဟက္ရဲ႕လူစာရင္းထဲ ကစားသမားေတြၾကားထဲမွာ ခိုင္မာတဲ့ သံေယာဇဥ္ကို မီးေမာင္းထိုးျပေနတာျဖစ္တယ္ဆိုတာကို ကြၽန္ေတာ္တို႔ အခု ထုတ္ေဖာ္ေျပာဆိုႏိုင္ပါတယ္”လို႔ ရွင္းျပခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.