Analysis Match Preview Premier League

ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ အတွက် ပေါလ်မာဆန်ရဲ့ ခန့်မှန်းချက်များ

လက်စတာစီးတီး-မန်ချက်စတာစီးတီး
မန်စီးတီးတို့အတွက် အဝေးကွင်းမှာ ခက်ခဲနိုင်တဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပြီး တန်းဆင်းဇုန်ကနေ ရုန်းနေတဲ့ လက်စတာတို့အနေနဲ့ ဝုလ်ဗ်စ်တို့ကို ပြီးခဲ့တဲ့ ပွဲက အဝေးကွင်းမှာ အနိုင်ယူပြခဲ့တာက အထင်ကြီးစရာလည်းဖြစ်ခဲ့ပါတယ်။ မန်စီးတီးတို့ကတော့ ခြေစွမ်းကျဆင်းနေပြီး နိုင်ပွဲရပေမယ့် ရုန်းကန်နေရသလို အထူးသဖြင့် ခံစစ်ပိုင်းမှာ ဟာကွက်တွေ များနေခဲ့တာကြောင့် ထိုးနှက်ခံရဖို့ လွယ်ကူနေပြီး လက်စတာတို့အနေနဲ့ သူတို့ရဲ့ မြန်နှုန်းမြင့် ကောင်တာတွေကို အသုံးချသွားနိုင်တာကြောင့် ကင်းပါဝါမှာ သရေကျသွားရင် မဆန်းဘူးလို့ပဲ ဆိုရပါလိမ့်မယ်။ (လက်စတာ 2-2 မန်စီးတီး)

နယူးကာဆယ်လ်ယူနိုက်တက်-အက်စ်တန်ဗီလာ
ဗီလာကစားသမားတွေအနေနဲ့ ဂုဏ်သိက္ခာအတွက် ကြိုးစားနေကြပြီး အမ်မရီကို ခန့်အပ်လိုက်ချိန်မှာတော့ အလုပ်လုပ်ခွင့် ပါမစ်ကြောင့် ဒီနေ့ပွဲကို တိုက်ရိုက် မကိုင်တွယ်နိုင်သေးပေမယ့် အပြောင်းအလဲတချို့ကိုတော့ မြင်ရနိုင်ပါတယ်။ နယူးကာဆယ်လ်တို့ကတော့ အားလုံး အထင်ကြီးအောင် ကစားပြနေပြီး မန်ယူ၊ စပါးစ်တို့နဲ့ ပွဲတွေမှာ လေးစားစရာဖြစ်ခဲ့သလို ဒီရာသီမှာ ထူးချွန်အသင်းတစ်သင်းလို့ အမှတ်ပေးရမှာပါ။ အယ်လ်မီရွန်တို့အဖွဲ့ ခြေစွမ်းပြနိုင်တဲ့ ငှက်ကျားတွေပဲ နိုင်ပွဲဆက်သွားပါလိမ့်ဦးမယ်။ (နယူးကာဆယ်လ် 3-1 ဗီလာ)

ဘုန်းမောက်-တော့တင်ဟမ်ဟော့စပါး
စပါးစ်တို့ကတော့ ချန်ပီယံလိဂ်မှာ တော်တော်လေး စိတ်ပျက်စရာပွဲနဲ့ ကြုံခဲ့ရတာပါ။ ကူလူရှက်ဗ်စကီးနဲ့ ရစ်ချာလစ်ဆန်တို့ ဒဏ်ရာရသွားပြီး လူစားမရှိလို့ ၃-၄-၃ ကို စွန့်ပယ်ပြီး ပြောင်းကစားခဲ့ရတဲ့ ကွန်တီရဲ့ ၃-၅-၂ ကစားကွက်ကို ကောင်းကောင်းထောက်ပံ့ပေးနိုင်မယ့် အစွန်လူတွေ မရှိတာက သူတို့ကို ရုန်းကန်ရစေပြီး ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်ကိုလည်း ပိုပြီး အထီးကျန်စေပါတယ်။ ရီးစ် ဂျိမ်းစ်၊ ချေးလ်ဝဲလ်၊ ကူကူရဲလားတို့လို ကစားသမားတွေ မရှိဘဲ ၃-၅-၂ ကို အတုံးလိုက်အတစ်လိုက် ကစားနေတာက ထိပ်ဆုံးလေးသင်းနဲ့ ထိုက်တန်တဲ့ အခြေအနေမှာ ရှိမနေပေမယ့် ရထားတဲ့ အဆင့်သုံးကနေ မပြုတ်အောင် စပါးစ်တို့ ကြိုးစားမှာဖြစ်ပြီး ဘုန်းမောက်ကွင်းမှာ အနိုင်ရသွားဦးမှာပါ။ (ဘုန်းမောက် 0-2 စပါးစ်)

ဘရိုက်တန်-ချဲလ်ဆီး
ချန်ပီယံလိဂ်မှာ ဂဏန်းငြိမ်သွားတဲ့ ချဲလ်ဆီးတို့အနေနဲ့ နည်းပြ ဂရေဟမ် ပေါ့တာရဲ့ အသင်းဟောင်းကို ရလဒ်ကောင်းဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ ဘရိုက်တန်တို့ကတော့ မန်စီးတီးနဲ့ပွဲမှာ ကောင်းရှုံးကြီးဖြစ်ခဲ့သလို ဖောရက်စ်ကိုတော့ ဂိုးမသွင်းနိုင်ဘဲ သရေကျခဲ့တာက သူတို့ရဲ့ ယုံကြည်လို့ မရနိုင်တဲ့ ခြေစွမ်းကို သံသယဝင်စရာဖြစ်ပြီး ချဲလ်ဆီးတို့ကတော့ လိုအပ်ချိန်မှာ ညှစ်ထုတ်နိုင်စွမ်းနဲ့ ဂိုးတွေ ရရှိနေတာပါ။ ပေါ့တာအနေနဲ့ အသင်းဟောင်းအကြောင်း သိထားတဲ့ အချက်တွေ ရှိနိုင်ပြီး ဘရိုက်တန်ကွင်းမှာ ဧည့်သည်တွေ သုံးမှတ်ရသွားပါလိမ့်မယ်။ (ဘရိုက်တန် 1-2 ချဲလ်ဆီး)

ခရစ္စတယ်လ်ပဲလေ့စ်-ဆောက်သမ်တန်
ပဲလေ့စ်တို့အနေနဲ့ အဝေးကွင်းတွေမှာ ရလဒ်ဆိုးတာကလွဲရင် အိမ်ကွင်းမှာတော့ ပုံစံကောင်းကို ပြသထားနိုင်ပါတယ်။ အသင်းမှာ ဇာဟာ၊ အီဇီ၊ အိုလီဆေးတို့လို ဘောလုံးကျွမ်းကျင်မှု မြင့်မားတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားတာက သူတို့ ကစားဟန်ကို ကြည့်ချင်စရာဖြစ်ပြီး အိမ်ကွင်းမှာတော့ ရလဒ်ဆိုးတွေကို ဖာထေးဖို့ ကြိုးစားလာမှာပါ။ ဆောက်သမ်တန်ကတော့ အာဆင်နယ်ကို အိမ်ကွင်းမှာ သရေယူနိုင်ခဲ့ပေမယ့် ကစားပုံကတော့ အကောင်းကြီး မဟုတ်သေးတာကြောင့် စနေနေ့မှာ ပဲလေ့စ်တို့ပဲ အနိုင်ရပါလိမ့်မယ်။ (ပဲလေ့စ် 2-0 စိန့်)

ဘရန့်ဖို့ဒ်-ဝုလ်ဗာဟမ့်ပ်တန်
ဝုလ်ဗ်စ်တို့ကတော့ ဘယ်လိုနိုင်အောင်ကစားရသလဲဆိုတာနဲ့ အမှတ် ဘယ်လိုယူရသလဲဆိုတာတောင် သိသေးရဲ့လားလို့ မေးရလိုဖြစ်နေပါပြီ။ ဂိုးမသွင်းတတ်သလို ဂိုးမပေးရအောင်လည်း တောင့်မခံနိုင်တာကြောင့် ရှုံးပွဲတွေပဲ တစ်ပွဲပြီးတစ်ပွဲ တိုးလာနေတာပါ။ ဘရန့်ဖို့ဒ်တို့ကတော့ ပြီးခဲ့တဲ့ပွဲမှာ ကံမကောင်းခဲ့ဘူးလို့ ဆိုရမှာဖြစ်ပြီး သူတို့အနေနဲ့ အဝေးကွင်းတွေမှာ ခြေစွမ်းကို တည်ငြိမ်အောင် ထိန်းမထားနိုင်သေးတာလည်းဖြစ်ပါတယ်။ အိမ်ကွင်းမှာ ချဲလ်ဆီးနဲ့ပွဲကလို ပုံစံမျိုး ကစားလာနိုင်ခဲ့မယ်ဆိုရင်တော့ ပျားတွေအတွက် သုံးမှတ်ရဖို့ ရှိနေပြီး ဝံပုလွေတွေကို တန်းဆင်းအောင် အရောက်ပို့ပေးနိုင်ဖို့ ရှိနေပါတယ်။ (ဘရန့်ဖို့ဒ် 2-0 ဝုလ်ဗ်စ်)

ဖူလ်ဟမ်-အဲဗာတန်
တန်းတက် ဖူလ်ဟမ်တို့ကတော့ ဒီရာသီမှာ ခြေစွမ်းတည်ငြိမ်တဲ့ အသင်းတွေထဲမှာပါပြီး ချန်ပီယံရှစ်က လာတယ်ဆိုတာကိုတောင် မေ့အောင် စွမ်းဆောင်ထားနိုင်ပါတယ်။ မီထရိုဗစ်ချ်ကတော့ အကောင်းဆုံးပုံစံကို ပြသနေပြီး အတွေ့အကြုံနဲ့ ခြေစွမ်း ကိုက်ညီနေခဲ့သလို လိုအပ်တဲ့ ဂိုးတွေကိုလည်း သွင်းယူပေးနေတာပါ။ အဲဗာတန်တို့ကတော့ တဖြည်းဖြည်းနဲ့ အနိုင်ယူရခက်တဲ့ အရင်က ကျားကုတ်ကျားခဲပုံစံကို ပြန်လည်ပြနေနိုင်ပြီလို့ ယုံကြည်ရပြီး ခန့်မှန်းဖို့ ခက်ခဲတဲ့ ပွဲမှာ သရေကျသွားဖို့ပဲ များနေပါတယ်။ (ဖူလ်ဟမ် 1-1 အဲဗာတန်)

လီဗာပူးလ်-လိဒ်စ်ယူနိုက်တက်
မန်စီးတီးကို စွမ်းစွမ်းတမံ အနိုင်ယူပြီး ဖောရက်စ်နဲ့ပွဲကို ဂိုးမသွင်းနိုင်ဘဲ ရှုံးခဲ့တယ်ဆိုတာက သူတို့ပုံစံကို သံသယဝင်စရာဖြစ်ပေမယ့် နောက်ဆုံး အိုင်းယက်စ်နဲ့ပွဲကို အနိုင်ယူပြထားနိုင်တာကတော့ ပြန်ယုံလို့ ရဦးမယ်လို့ ထင်စရာပါပဲ။ ပရီးမီးယားလိဂ်က ရလဒ်တွေအတွက်တော့ ယာဂန် ကလော့ပ် အနေနဲ့ ကိုယ့်ဆံပင်ကိုယ်ဆောင့်ဆွဲပြီး ဒေါသထွက်နေလောက်ပြီဖြစ်ပြီး ကြားရက်မှာ ရထားတဲ့ ပုံစံကောင်းကို စနေနေ့အထိ ယူလာနိုင်ဖို့ လုပ်ပါလိမ့်မယ်။ လိဒ်စ်တို့ကတော့ ဒီထက်ပို ကြိုးစားဖို့ လိုအပ်နေပြီး အားရစရာ မရှိသေးဘဲ ရုန်းကန်နေရချိန်မှာ ဒါဝင် နူးညက်ဇ်နဲ့ ဆာလားတို့ ပုံစံကောင်းရခဲ့ရင်တော့ လီဗာပူးလ်တို့ပဲ အလွယ်တကူ အနိုင်ရသွားမှာပါ။ (လီဗာပူးလ် 3-0 လိဒ်စ်)

အာဆင်နယ်-နော့တင်ဟမ်ဖောရက်စ်
အာတီတာအနေနဲ့ ဒီနေ့ပွဲမှာရော ခံစစ်ကို စိတ်ချရအောင် ဗဟိုနောက်ခံလူနှစ်ဦးဘေးက ဘန်ဝှိုက်နဲ့ တိုမီယာစုတို့ကို ခံစစ်အစွန်မှာ ထားပြီး ကစားလာဦးမလား မသိပါဘူး။ ချာကာကတော့ နိုင်ငံအသင်းမှာ ကစားတဲ့အတိုင်း တိုက်စစ်ကို လွတ်လွတ်လပ်လပ် ကစားခွင့်ရနေတာက သူတို့ကို လက်နက်ကောင်းတစ်ခု တိုးစေပါတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာ သရေကျပြီး ပီအက်စ်ဗီကို ရှုံးခဲ့တာတွေအတွက် ဒီပွဲမှာတော့ အာဆင်နယ်တို့ ပေါက်ကွဲဖို့ ဖြစ်လာနိုင်ပြီး ပရိသတ်တွေကိုလည်း နှစ်သိမ့်ပေးရဖို့ ရှိနေပါတယ်။ ဖောရက်စ်တို့ကတော့ လူဆယ်ယောက်လုံး ခံစစ်မှာ ပိတ်ကစားဖို့ ရှိနေပြီး အိမ်ရှင်တွေ တစ်ဖက်သတ် တိုက်စစ်ဆင်ဖို့ လုပ်ရမယ့်ပွဲမှာ တိုက်စစ်က ဂိုးပေါက်ပြန်တွေ့ပြီး နိုင်ပွဲရမယ် ထင်ပါတယ်။ (အာဆင်နယ် 3-0 ဖောရက်စ်)

မန်ချက်စတာယူနိုက်တက်-ဝက်စ်ဟမ်းယူနိုက်တက်
မန်ယူတို့ကတော့ နည်းပြသစ်နဲ့ အသားကျသွားပြီလို့ ဆိုရမှာဖြစ်ပြီး နိုင်သင့်နိုင်ထိုက်တဲ့ပွဲတွေကို အနိုင်ယူနိုင်စွမ်း ရှိနေပြီဖြစ်ပါတယ်။ တန်ဟတ်နဲ့ ရော်နယ်လ်ဒိုတို့ မတည့်တာကတော့ ဖြေရှင်းဖို့ လိုတဲ့ ပြဿနာတစ်ရပ်ဖြစ်ပြီး အသင်းမှာ တင်းမာမှုတွေနဲ့တော့ ရလဒ်ကောင်းတွေကို ရယူဖို့ ခက်ခဲနိုင်ပါတယ်။ ဝက်စ်ဟမ်းတို့ကတော့ ကွင်းမရွေးဘဲ ကစားပုံကောင်းပြတတ်သလို ဟုတ်မလိုလိုနဲ့လည်း ရှုံးပြတတ်တဲ့ အသင်းဖြစ်ပြီး လက်ရှိပုံစံနဲ့တော့ အိုးလ်ထရက်ဖို့ဒ်မှာ တစ်ခုခု လုပ်ပြနိုင်မယ်လို့တော့ မထင်မိပါဘူး။ ယူနိုက်တက်တို့ ကစားပုံကောင်းနေချိန်မှာ ဒီနေ့ပွဲအတွက် ရလဒ်လည်း ကောင်းပါလိမ့်ဦးမယ်။ (မန်ယူ 2-1 ဝက်စ်ဟမ်း)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လက္စတာစီးတီး-မန္ခ်က္စတာစီးတီး
မန္စီးတီးတို႔အတြက္ အေဝးကြင္းမွာ ခက္ခဲႏိုင္တဲ့ ပြဲစဥ္တစ္ပြဲျဖစ္ၿပီး တန္းဆင္းဇုန္ကေန ႐ုန္းေနတဲ့ လက္စတာတို႔အေနနဲ႔ ဝုလ္ဗ္စ္တို႔ကို ၿပီးခဲ့တဲ့ ပြဲက အေဝးကြင္းမွာ အႏိုင္ယူျပခဲ့တာက အထင္ႀကီးစရာလည္းျဖစ္ခဲ့ပါတယ္။ မန္စီးတီးတို႔ကေတာ့ ေျခစြမ္းက်ဆင္းေနၿပီး ႏိုင္ပြဲရေပမယ့္ ႐ုန္းကန္ေနရသလို အထူးသျဖင့္ ခံစစ္ပိုင္းမွာ ဟာကြက္ေတြ မ်ားေနခဲ့တာေၾကာင့္ ထိုးႏွက္ခံရဖို႔ လြယ္ကူေနၿပီး လက္စတာတို႔အေနနဲ႔ သူတို႔ရဲ႕ ျမန္ႏႈန္းျမင့္ ေကာင္တာေတြကို အသုံးခ်သြားႏိုင္တာေၾကာင့္ ကင္းပါဝါမွာ သေရက်သြားရင္ မဆန္းဘူးလို႔ပဲ ဆိုရပါလိမ့္မယ္။ (လက္စတာ 2-2 မန္စီးတီး)

နယူးကာဆယ္လ္ယူႏိုက္တက္-အက္စ္တန္ဗီလာ
ဗီလာကစားသမားေတြအေနနဲ႔ ဂုဏ္သိကၡာအတြက္ ႀကိဳးစားေနၾကၿပီး အမ္မရီကို ခန႔္အပ္လိုက္ခ်ိန္မွာေတာ့ အလုပ္လုပ္ခြင့္ ပါမစ္ေၾကာင့္ ဒီေန႔ပြဲကို တိုက္႐ိုက္ မကိုင္တြယ္ႏိုင္ေသးေပမယ့္ အေျပာင္းအလဲတခ်ိဳ႕ကိုေတာ့ ျမင္ရႏိုင္ပါတယ္။ နယူးကာဆယ္လ္တို႔ကေတာ့ အားလုံး အထင္ႀကီးေအာင္ ကစားျပေနၿပီး မန္ယူ၊ စပါးစ္တို႔နဲ႔ ပြဲေတြမွာ ေလးစားစရာျဖစ္ခဲ့သလို ဒီရာသီမွာ ထူးခြၽန္အသင္းတစ္သင္းလို႔ အမွတ္ေပးရမွာပါ။ အယ္လ္မီ႐ြန္တို႔အဖြဲ႕ ေျခစြမ္းျပႏိုင္တဲ့ ငွက္က်ားေတြပဲ ႏိုင္ပြဲဆက္သြားပါလိမ့္ဦးမယ္။ (နယူးကာဆယ္လ္ 3-1 ဗီလာ)

ဘုန္းေမာက္-ေတာ့တင္ဟမ္ေဟာ့စပါး
စပါးစ္တို႔ကေတာ့ ခ်န္ပီယံလိဂ္မွာ ေတာ္ေတာ္ေလး စိတ္ပ်က္စရာပြဲနဲ႔ ႀကဳံခဲ့ရတာပါ။ ကူလူရွက္ဗ္စကီးနဲ႔ ရစ္ခ်ာလစ္ဆန္တို႔ ဒဏ္ရာရသြားၿပီး လူစားမရွိလို႔ ၃-၄-၃ ကို စြန႔္ပယ္ၿပီး ေျပာင္းကစားခဲ့ရတဲ့ ကြန္တီရဲ႕ ၃-၅-၂ ကစားကြက္ကို ေကာင္းေကာင္းေထာက္ပံ့ေပးႏိုင္မယ့္ အစြန္လူေတြ မရွိတာက သူတို႔ကို ႐ုန္းကန္ရေစၿပီး ဟာရီကိန္းနဲ႔ ဆြန္ေဟာင္မင္ကိုလည္း ပိုၿပီး အထီးက်န္ေစပါတယ္။ ရီးစ္ ဂ်ိမ္းစ္၊ ေခ်းလ္ဝဲလ္၊ ကူကူရဲလားတို႔လို ကစားသမားေတြ မရွိဘဲ ၃-၅-၂ ကို အတုံးလိုက္အတစ္လိုက္ ကစားေနတာက ထိပ္ဆုံးေလးသင္းနဲ႔ ထိုက္တန္တဲ့ အေျခအေနမွာ ရွိမေနေပမယ့္ ရထားတဲ့ အဆင့္သုံးကေန မျပဳတ္ေအာင္ စပါးစ္တို႔ ႀကိဳးစားမွာျဖစ္ၿပီး ဘုန္းေမာက္ကြင္းမွာ အႏိုင္ရသြားဦးမွာပါ။ (ဘုန္းေမာက္ 0-2 စပါးစ္)

ဘ႐ိုက္တန္-ခ်ဲလ္ဆီး
ခ်န္ပီယံလိဂ္မွာ ဂဏန္းၿငိမ္သြားတဲ့ ခ်ဲလ္ဆီးတို႔အေနနဲ႔ နည္းျပ ဂေရဟမ္ ေပါ့တာရဲ႕ အသင္းေဟာင္းကို ရလဒ္ေကာင္းဖို႔ ႀကိဳးစားရမွာျဖစ္ပါတယ္။ ဘ႐ိုက္တန္တို႔ကေတာ့ မန္စီးတီးနဲ႔ပြဲမွာ ေကာင္းရႈံးႀကီးျဖစ္ခဲ့သလို ေဖာရက္စ္ကိုေတာ့ ဂိုးမသြင္းႏိုင္ဘဲ သေရက်ခဲ့တာက သူတို႔ရဲ႕ ယုံၾကည္လို႔ မရႏိုင္တဲ့ ေျခစြမ္းကို သံသယဝင္စရာျဖစ္ၿပီး ခ်ဲလ္ဆီးတို႔ကေတာ့ လိုအပ္ခ်ိန္မွာ ညႇစ္ထုတ္ႏိုင္စြမ္းနဲ႔ ဂိုးေတြ ရရွိေနတာပါ။ ေပါ့တာအေနနဲ႔ အသင္းေဟာင္းအေၾကာင္း သိထားတဲ့ အခ်က္ေတြ ရွိႏိုင္ၿပီး ဘ႐ိုက္တန္ကြင္းမွာ ဧည့္သည္ေတြ သုံးမွတ္ရသြားပါလိမ့္မယ္။ (ဘ႐ိုက္တန္ 1-2 ခ်ဲလ္ဆီး)

ခရစၥတယ္လ္ပဲေလ့စ္-ေဆာက္သမ္တန္
ပဲေလ့စ္တို႔အေနနဲ႔ အေဝးကြင္းေတြမွာ ရလဒ္ဆိုးတာကလြဲရင္ အိမ္ကြင္းမွာေတာ့ ပုံစံေကာင္းကို ျပသထားႏိုင္ပါတယ္။ အသင္းမွာ ဇာဟာ၊ အီဇီ၊ အိုလီေဆးတို႔လို ေဘာလုံးကြၽမ္းက်င္မႈ ျမင့္မားတဲ့ ကစားသမားေတြကို ပိုင္ဆိုင္ထားတာက သူတို႔ ကစားဟန္ကို ၾကည့္ခ်င္စရာျဖစ္ၿပီး အိမ္ကြင္းမွာေတာ့ ရလဒ္ဆိုးေတြကို ဖာေထးဖို႔ ႀကိဳးစားလာမွာပါ။ ေဆာက္သမ္တန္ကေတာ့ အာဆင္နယ္ကို အိမ္ကြင္းမွာ သေရယူႏိုင္ခဲ့ေပမယ့္ ကစားပုံကေတာ့ အေကာင္းႀကီး မဟုတ္ေသးတာေၾကာင့္ စေနေန႔မွာ ပဲေလ့စ္တို႔ပဲ အႏိုင္ရပါလိမ့္မယ္။ (ပဲေလ့စ္ 2-0 စိန႔္)

ဘရန႔္ဖို႔ဒ္-ဝုလ္ဗာဟမ့္ပ္တန္
ဝုလ္ဗ္စ္တို႔ကေတာ့ ဘယ္လိုႏိုင္ေအာင္ကစားရသလဲဆိုတာနဲ႔ အမွတ္ ဘယ္လိုယူရသလဲဆိုတာေတာင္ သိေသးရဲ႕လားလို႔ ေမးရလိုျဖစ္ေနပါၿပီ။ ဂိုးမသြင္းတတ္သလို ဂိုးမေပးရေအာင္လည္း ေတာင့္မခံႏိုင္တာေၾကာင့္ ရႈံးပြဲေတြပဲ တစ္ပြဲၿပီးတစ္ပြဲ တိုးလာေနတာပါ။ ဘရန႔္ဖို႔ဒ္တို႔ကေတာ့ ၿပီးခဲ့တဲ့ပြဲမွာ ကံမေကာင္းခဲ့ဘူးလို႔ ဆိုရမွာျဖစ္ၿပီး သူတို႔အေနနဲ႔ အေဝးကြင္းေတြမွာ ေျခစြမ္းကို တည္ၿငိမ္ေအာင္ ထိန္းမထားႏိုင္ေသးတာလည္းျဖစ္ပါတယ္။ အိမ္ကြင္းမွာ ခ်ဲလ္ဆီးနဲ႔ပြဲကလို ပုံစံမ်ိဳး ကစားလာႏိုင္ခဲ့မယ္ဆိုရင္ေတာ့ ပ်ားေတြအတြက္ သုံးမွတ္ရဖို႔ ရွိေနၿပီး ဝံပုေလြေတြကို တန္းဆင္းေအာင္ အေရာက္ပို႔ေပးႏိုင္ဖို႔ ရွိေနပါတယ္။ (ဘရန႔္ဖို႔ဒ္ 2-0 ဝုလ္ဗ္စ္)

ဖူလ္ဟမ္-အဲဗာတန္
တန္းတက္ ဖူလ္ဟမ္တို႔ကေတာ့ ဒီရာသီမွာ ေျခစြမ္းတည္ၿငိမ္တဲ့ အသင္းေတြထဲမွာပါၿပီး ခ်န္ပီယံရွစ္က လာတယ္ဆိုတာကိုေတာင္ ေမ့ေအာင္ စြမ္းေဆာင္ထားႏိုင္ပါတယ္။ မီထ႐ိုဗစ္ခ်္ကေတာ့ အေကာင္းဆုံးပုံစံကို ျပသေနၿပီး အေတြ႕အႀကဳံနဲ႔ ေျခစြမ္း ကိုက္ညီေနခဲ့သလို လိုအပ္တဲ့ ဂိုးေတြကိုလည္း သြင္းယူေပးေနတာပါ။ အဲဗာတန္တို႔ကေတာ့ တျဖည္းျဖည္းနဲ႔ အႏိုင္ယူရခက္တဲ့ အရင္က က်ားကုတ္က်ားခဲပုံစံကို ျပန္လည္ျပေနႏိုင္ၿပီလို႔ ယုံၾကည္ရၿပီး ခန႔္မွန္းဖို႔ ခက္ခဲတဲ့ ပြဲမွာ သေရက်သြားဖို႔ပဲ မ်ားေနပါတယ္။ (ဖူလ္ဟမ္ 1-1 အဲဗာတန္)

လီဗာပူးလ္-လိဒ္စ္ယူႏိုက္တက္
မန္စီးတီးကို စြမ္းစြမ္းတမံ အႏိုင္ယူၿပီး ေဖာရက္စ္နဲ႔ပြဲကို ဂိုးမသြင္းႏိုင္ဘဲ ရႈံးခဲ့တယ္ဆိုတာက သူတို႔ပုံစံကို သံသယဝင္စရာျဖစ္ေပမယ့္ ေနာက္ဆုံး အိုင္းယက္စ္နဲ႔ပြဲကို အႏိုင္ယူျပထားႏိုင္တာကေတာ့ ျပန္ယုံလို႔ ရဦးမယ္လို႔ ထင္စရာပါပဲ။ ပရီးမီးယားလိဂ္က ရလဒ္ေတြအတြက္ေတာ့ ယာဂန္ ကေလာ့ပ္ အေနနဲ႔ ကိုယ့္ဆံပင္ကိုယ္ေဆာင့္ဆြဲၿပီး ေဒါသထြက္ေနေလာက္ၿပီျဖစ္ၿပီး ၾကားရက္မွာ ရထားတဲ့ ပုံစံေကာင္းကို စေနေန႔အထိ ယူလာႏိုင္ဖို႔ လုပ္ပါလိမ့္မယ္။ လိဒ္စ္တို႔ကေတာ့ ဒီထက္ပို ႀကိဳးစားဖို႔ လိုအပ္ေနၿပီး အားရစရာ မရွိေသးဘဲ ႐ုန္းကန္ေနရခ်ိန္မွာ ဒါဝင္ ႏူးညက္ဇ္နဲ႔ ဆာလားတို႔ ပုံစံေကာင္းရခဲ့ရင္ေတာ့ လီဗာပူးလ္တို႔ပဲ အလြယ္တကူ အႏိုင္ရသြားမွာပါ။ (လီဗာပူးလ္ 3-0 လိဒ္စ္)

အာဆင္နယ္-ေနာ့တင္ဟမ္ေဖာရက္စ္
အာတီတာအေနနဲ႔ ဒီေန႔ပြဲမွာေရာ ခံစစ္ကို စိတ္ခ်ရေအာင္ ဗဟိုေနာက္ခံလူႏွစ္ဦးေဘးက ဘန္ဝႈိက္နဲ႔ တိုမီယာစုတို႔ကို ခံစစ္အစြန္မွာ ထားၿပီး ကစားလာဦးမလား မသိပါဘူး။ ခ်ာကာကေတာ့ ႏိုင္ငံအသင္းမွာ ကစားတဲ့အတိုင္း တိုက္စစ္ကို လြတ္လြတ္လပ္လပ္ ကစားခြင့္ရေနတာက သူတို႔ကို လက္နက္ေကာင္းတစ္ခု တိုးေစပါတယ္။ ေဆာက္သမ္တန္နဲ႔ပြဲမွာ သေရက်ၿပီး ပီအက္စ္ဗီကို ရႈံးခဲ့တာေတြအတြက္ ဒီပြဲမွာေတာ့ အာဆင္နယ္တို႔ ေပါက္ကြဲဖို႔ ျဖစ္လာႏိုင္ၿပီး ပရိသတ္ေတြကိုလည္း ႏွစ္သိမ့္ေပးရဖို႔ ရွိေနပါတယ္။ ေဖာရက္စ္တို႔ကေတာ့ လူဆယ္ေယာက္လုံး ခံစစ္မွာ ပိတ္ကစားဖို႔ ရွိေနၿပီး အိမ္ရွင္ေတြ တစ္ဖက္သတ္ တိုက္စစ္ဆင္ဖို႔ လုပ္ရမယ့္ပြဲမွာ တိုက္စစ္က ဂိုးေပါက္ျပန္ေတြ႕ၿပီး ႏိုင္ပြဲရမယ္ ထင္ပါတယ္။ (အာဆင္နယ္ 3-0 ေဖာရက္စ္)

မန္ခ်က္စတာယူႏိုက္တက္-ဝက္စ္ဟမ္းယူႏိုက္တက္
မန္ယူတို႔ကေတာ့ နည္းျပသစ္နဲ႔ အသားက်သြားၿပီလို႔ ဆိုရမွာျဖစ္ၿပီး ႏိုင္သင့္ႏိုင္ထိုက္တဲ့ပြဲေတြကို အႏိုင္ယူႏိုင္စြမ္း ရွိေနၿပီျဖစ္ပါတယ္။ တန္ဟတ္နဲ႔ ေရာ္နယ္လ္ဒိုတို႔ မတည့္တာကေတာ့ ေျဖရွင္းဖို႔ လိုတဲ့ ျပႆနာတစ္ရပ္ျဖစ္ၿပီး အသင္းမွာ တင္းမာမႈေတြနဲ႔ေတာ့ ရလဒ္ေကာင္းေတြကို ရယူဖို႔ ခက္ခဲႏိုင္ပါတယ္။ ဝက္စ္ဟမ္းတို႔ကေတာ့ ကြင္းမေ႐ြးဘဲ ကစားပုံေကာင္းျပတတ္သလို ဟုတ္မလိုလိုနဲ႔လည္း ရႈံးျပတတ္တဲ့ အသင္းျဖစ္ၿပီး လက္ရွိပုံစံနဲ႔ေတာ့ အိုးလ္ထရက္ဖို႔ဒ္မွာ တစ္ခုခု လုပ္ျပႏိုင္မယ္လို႔ေတာ့ မထင္မိပါဘူး။ ယူႏိုက္တက္တို႔ ကစားပုံေကာင္းေနခ်ိန္မွာ ဒီေန႔ပြဲအတြက္ ရလဒ္လည္း ေကာင္းပါလိမ့္ဦးမယ္။ (မန္ယူ 2-1 ဝက္စ္ဟမ္း)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.