Analysis Article Premier League UCL&UEL

အိုင့်ဒိုဗင်မှာ အဖုတ်ခံခဲ့ရတဲ့ အာဆင်နယ်တို့ရဲ့ ရှုံးပွဲက မှတ်မှတ်ရရ ပြောစရာအချက်များ

ကစားသမားအင်အားနည်းမှုကြောင့် ဒုက္ခများခဲ့တဲ့ အာဆင်နယ်
အာဆင်နယ်တို့အနေနဲ့ ပီအက်စ်ဗီနဲ့ နှစ်ကျော့မှာ ကစားသမားကောင်းတွေကို ထုတ်သုံးခဲ့ရပြီး အစကတည်းက ခပ်နုနုပုံစံနဲ့ အသင်းကပ္ပတိန် မာတင် အော်ဒီဂွါဒ်ကို အနားမပေးဘဲ ဆက်တိုက်ကစားခိုင်းထားရချိန်မှာ ယူရိုပါလိဂ်ကို စိတ်မပါသလိုဖြစ်နေတဲ့ နော်ဝေသားအနေနဲ့ အသင်းကို လုံးဝ ဦးမဆောင်နိုင်ခဲ့ဘဲဖြစ်နေခဲ့ရတာပါ။ ဒုတိယပိုင်းမှာတော့ အာဆင်နယ်တို့ ထုံးစံအတိုင်း ခြေကျသွားခဲ့ချိန်မှာ ပီအက်စ်ဗီတို့ရဲ့ ထိုးနှက်ခြင်းကို ခံခဲ့ရပြီး လူကောင်းတွေကို သုံးခဲ့ရပေမယ့် ရလဒ်မကောင်းခဲ့သလို အရန်အင်အားက လုံးဝ အားမကိုးလောက်ချိန်မှာ ဟိုမမီ ဒီမမီနဲ့ ယူရိုပါလိဂ် ရှုံးထွက်အဆင့်ကို လွတ်လွတ်ကျွတ်ကျွတ် တက်ရောက်ဖို့ထက် ချန်ပီယံလိဂ်အသင်းတွေနဲ့ Play-off ကစားဖို့ပါ စိတ်ပူလာခဲ့ရပြီဖြစ်ပါတယ်။

ချာကာ အလုပ်မဖြစ်ဘဲ ပွဲပယ်ခံရတော့မယ်
အာဆင်နယ်အသင်းရဲ့ နောက်ဆုံးနှစ်ပွဲမှာ နှစ်ဂိုးရယူပေးထားခဲ့တဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာကတော့ ဒီနေ့ပွဲမှာ အလုပ်မဖြစ်ခဲ့သလို ပံ့ပိုးပေးနိုင်ခြင်း မရှိတဲ့ အသင်းဖော်တွေကြောင့် တိုက်စစ်ကိုလည်း ထိထိရောက်ရောက် မကစားနိုင်ခဲ့ချိန်မှာ လာမယ့် ဇူးရစ်ချ်နဲ့ အိမ်ကွင်းပွဲစဉ်ကိုလည်း အပယ်ခံရတော့မှာဖြစ်ပါတယ်။ ပွဲချိန် ၇၉ မိနစ်မှာ လူစားလဲတာကို ကွင်းထဲက ထွက်ဖို့ အင်တင်တင်လုပ်နေတဲ့ ပြိုင်ဘက်ကစားသမား ဇာဗီ ဆီမွန်ကို နောက်ကနေ တွန်းခဲ့တဲ့အတွက် နှစ်ဦးစလုံး အဝါထိခဲ့ကြပြီး ဆွစ်ဇာလန်သားအနေနဲ့ ပထမဆုံးအကြိမ် အနားရတော့မှာဖြစ်ပါတယ်။

VAR နဲ့ လူကျွံဘောများတဲ့ပွဲ
အိမ်ရှင် ပီအက်စ်ဗီတို့အတွက်တော့ ဒီ VAR နဲ့ လူကျွံဘောတွေက ရန်သူလိုဖြစ်ခဲ့ချိန်မှာ အာဆင်နယ်တို့အတွက်တော့ သုံးဂိုးလောက် သက်သာရာ ရခဲ့တာဖြစ်ပါတယ်။ ဒတ်ချ်ကလပ်ရဲ့ တစ်ချက်ကောင်း အလျင်အမြန်ထိုးစစ်တွေကို ဟိုးလ်ဒင်းနဲ့ ဆာလီဘာ ဦးဆောင်တဲ့ ခံစစ်က လုံးဝ ကိုင်တွယ်နိုင်ခြင်း မရှိခဲ့ဘဲ လူကျွံထောင်ချောက်တွေမှာ ကံကောင်းခဲ့သလို VAR က တိတိကျကျ ဖမ်းပြသွားခဲ့လို့သာ ဒီနေ့ပွဲက ငါးဂိုး-ဂိုးမရှိမဖြစ်ခဲ့ရတာပါ။ အိမ်ရှင်တွေ အတွက်တော့ ဒီနေ့နိုင်ပွဲက အပြည့်အဝ ထိုက်တန်ခဲ့ပြီး အာဆင်နယ်တို့အတွက်တော့ သတိပေးဆိုင်းဘုတ်လို့ပဲ ဆိုရမှာပါ။

တွဲကစားရတာ ခြေပျက်ကုန်ပြီ
အာဆင်နယ်တို့ရဲ့ ဒီနေ့ပွဲ ထွက်စာရင်းမှာ ပရီးမီးယားလိဂ် ဦးစားပေးလူစာရင်းက လူကောင်းအတော်များများကို သုံးခဲ့ပြီး အရန်ဆိုလို့ နကီးတီးယား၊ တိုမီယာစု၊ ဟိုးလ်ဒင်း၊ ဗီယာရာနဲ့ ဆမ်ဘီ လိုကွန်ဂါတို့ ငါးဦးသာ ပါဝင်ခဲ့ပေမယ့် ချာကာ၊ မာတီနယ်လီ၊ အော်ဒီဂွါဒ်တို့အနေနဲ့ အသင်းကို ရလဒ်ကောင်းအောင် မမောင်းနှင်နိုင်ခဲ့ကြတာပါ။ အထူးသဖြင့်တော့ တွဲကစားနေကျ မဟုတ်ဘဲ ခြေစွမ်းနိမ့်ပါးတဲ့ ကစားသမားတွေကြောင့် ပြီးခဲ့တဲ့ ပွဲတွေမှာ ကစားပုံကောင်းခဲ့တဲ့သူတွေပါ ခြေပျက်ကုန်သလိုဖြစ်ခဲ့ပြီး နည်းပြ အာတီတာအတွက်တော့ ရှုံးပွဲအပြင် စိတ်ရှုပ်စရာပါဖြစ်ခဲ့ရပါတယ်။

စိုးရိမ်လာရတဲ့ တိုက်စစ်
ရာသီအစမှာတော့ တိုက်စစ်မှာ ခပ်သွက်သွက်ကစား၊ ဂိုးတွေ တဒိုင်းဒိုင်းသွင်းပြီး နိုင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းအတွက် သူတို့ရဲ့ တိုက်စစ်ပိုင်းက စိုးရိမ်စရာပုံစံ ပြန်ဖြစ်လာခဲ့ပါတယ်။ ဂန်းနားတို့အနေနဲ့ နောက်ဆုံး ၅ ပွဲမှာ တစ်ဂိုးထက် ပိုသွင်းနိုင်တဲ့ပွဲ တစ်ပွဲမှ မရှိခဲ့တာဖြစ်ပြီး ခံစစ်က အစွမ်းပြခဲ့လို့နဲ့ ကံကောင်းခဲ့လို့သာ နိုင်ပွဲတွေ ရခဲ့တာဖြစ်သလို ဂျေဆူးစ်၊ နကီးတီးယားတို့ ဂိုးမသွင်းတတ်တော့ချိန်မှာ နည်းပြ အာတီတာနဲ့ ပရိသတ်တွေ အနေနဲ့တော့ တော်တော်လေး စိတ်ပူခဲ့ကြရတာပါ။

ဒီယုံး ဝင်လာပြီး ယူပေးခဲ့တဲ့ ပီအက်စ်ဗီရဲ့ နိုင်ပွဲ
အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးကနေ စပိန်ကလပ်တွေဖြစ်တဲ့ ဆီဗီလာ၊ ဘာစီလိုနာတို့ကနေ မိခင်မြေကို ပြန်လာခဲ့ချိန်မှာ အတွေ့အကြုံ ကောင်းတွေနဲ့အတူ အသင်းကို ကူညီနေခဲ့ပြီး ပထမပိုင်းမှာ လူကျွံဘောတွေကြောင့် ဂိုးမရတဲ့ အသင်းကို ကြီးကြီးမားမား ပြောင်းလဲပေးခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းအစမှာ ဝင်လာခဲ့တဲ့ ဒီယုံးအနေနဲ့ အာဆင်နယ်ခံစစ်တန်းကြားမှာ ဖိအားပေးပြီး နေရာလွတ်တွေ ဖန်တီးပေးနိုင်ခဲ့သလို ဗီးယားမန်းရဲ့ ပထမဂိုးကို ဖန်တီးပေးနိုင်ခဲ့ပြီး ဒုတိယဂိုးကိုတော့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူပြီး အိမ်ရှင်တွေရဲ့ နိုင်ပွဲကို သေချာစေခဲ့တာပါ။

တောင်ပံတစ်စုံနဲ့ ပီအက်စ်ဗီတို့ ကြွားနိုင်မလား
ဇာဗီ ဆီမွန်နဲ့ ကိုဒီ ဂက်ခ်ပိုတို့အနေနဲ့ ဘယ်ညာတောင်ပံတွေကနေ အာဆင်နယ်တို့ကို တစ်ပွဲလုံး ကောင်းကောင်းပညာပေးသွားနိုင်ခဲ့တာပါ။ ပီအက်စ်ဗီတို့အနေနဲ့ ယူရိုပါလိဂ်အုပ်စုအဆင့်မှာ ၅ ပွဲကစားအပြီးမှာ ၁၃ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ၃ ဂိုးသာ ပေးထားခဲ့ရတာကြောင့် အာဆင်နယ်တို့ရဲ့ ၇ ဂိုးသွင်း ၃ ဂိုး ပြန်ပေးရတဲ့ မှတ်တမ်းထက် သာလွန်နေခဲ့ပြီး လာမယ့်ပွဲမှာ သူတို့တွေ နိုင်ပြီး အာဆင်နယ်တို့ ရှုံးခဲ့မယ်ဆိုရင် နှစ်သင်းကြား Head to Head အရ အုပ်စု(A)ရဲ့ ပထမ နေရာကို သိမ်းပိုက်ပြီး ချန်ပီယံလိဂ်ပြုတ် အသင်းတစ်သင်းနဲ့ Play-off ကစားဖို့ကို ရှောင်လွှဲသွားနိုင်ခြေ ရှိနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကစားသမားအင္အားနည္းမႈေၾကာင့္ ဒုကၡမ်ားခဲ့တဲ့ အာဆင္နယ္
အာဆင္နယ္တို႔အေနနဲ႔ ပီအက္စ္ဗီနဲ႔ ႏွစ္ေက်ာ့မွာ ကစားသမားေကာင္းေတြကို ထုတ္သုံးခဲ့ရၿပီး အစကတည္းက ခပ္ႏုႏုပုံစံနဲ႔ အသင္းကပၸတိန္ မာတင္ ေအာ္ဒီဂြါဒ္ကို အနားမေပးဘဲ ဆက္တိုက္ကစားခိုင္းထားရခ်ိန္မွာ ယူ႐ိုပါလိဂ္ကို စိတ္မပါသလိုျဖစ္ေနတဲ့ ေနာ္ေဝသားအေနနဲ႔ အသင္းကို လုံးဝ ဦးမေဆာင္ႏိုင္ခဲ့ဘဲျဖစ္ေနခဲ့ရတာပါ။ ဒုတိယပိုင္းမွာေတာ့ အာဆင္နယ္တို႔ ထုံးစံအတိုင္း ေျခက်သြားခဲ့ခ်ိန္မွာ ပီအက္စ္ဗီတို႔ရဲ႕ ထိုးႏွက္ျခင္းကို ခံခဲ့ရၿပီး လူေကာင္းေတြကို သုံးခဲ့ရေပမယ့္ ရလဒ္မေကာင္းခဲ့သလို အရန္အင္အားက လုံးဝ အားမကိုးေလာက္ခ်ိန္မွာ ဟိုမမီ ဒီမမီနဲ႔ ယူ႐ိုပါလိဂ္ ရႈံးထြက္အဆင့္ကို လြတ္လြတ္ကြၽတ္ကြၽတ္ တက္ေရာက္ဖို႔ထက္ ခ်န္ပီယံလိဂ္အသင္းေတြနဲ႔ Play-off ကစားဖို႔ပါ စိတ္ပူလာခဲ့ရၿပီျဖစ္ပါတယ္။

ခ်ာကာ အလုပ္မျဖစ္ဘဲ ပြဲပယ္ခံရေတာ့မယ္
အာဆင္နယ္အသင္းရဲ႕ ေနာက္ဆုံးႏွစ္ပြဲမွာ ႏွစ္ဂိုးရယူေပးထားခဲ့တဲ့ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာကေတာ့ ဒီေန႔ပြဲမွာ အလုပ္မျဖစ္ခဲ့သလို ပံ့ပိုးေပးႏိုင္ျခင္း မရွိတဲ့ အသင္းေဖာ္ေတြေၾကာင့္ တိုက္စစ္ကိုလည္း ထိထိေရာက္ေရာက္ မကစားႏိုင္ခဲ့ခ်ိန္မွာ လာမယ့္ ဇူးရစ္ခ်္နဲ႔ အိမ္ကြင္းပြဲစဥ္ကိုလည္း အပယ္ခံရေတာ့မွာျဖစ္ပါတယ္။ ပြဲခ်ိန္ ၇၉ မိနစ္မွာ လူစားလဲတာကို ကြင္းထဲက ထြက္ဖို႔ အင္တင္တင္လုပ္ေနတဲ့ ၿပိဳင္ဘက္ကစားသမား ဇာဗီ ဆီမြန္ကို ေနာက္ကေန တြန္းခဲ့တဲ့အတြက္ ႏွစ္ဦးစလုံး အဝါထိခဲ့ၾကၿပီး ဆြစ္ဇာလန္သားအေနနဲ႔ ပထမဆုံးအႀကိမ္ အနားရေတာ့မွာျဖစ္ပါတယ္။

VAR နဲ႔ လူကြၽံေဘာမ်ားတဲ့ပြဲ
အိမ္ရွင္ ပီအက္စ္ဗီတို႔အတြက္ေတာ့ ဒီ VAR နဲ႔ လူကြၽံေဘာေတြက ရန္သူလိုျဖစ္ခဲ့ခ်ိန္မွာ အာဆင္နယ္တို႔အတြက္ေတာ့ သုံးဂိုးေလာက္ သက္သာရာ ရခဲ့တာျဖစ္ပါတယ္။ ဒတ္ခ်္ကလပ္ရဲ႕ တစ္ခ်က္ေကာင္း အလ်င္အျမန္ထိုးစစ္ေတြကို ဟိုးလ္ဒင္းနဲ႔ ဆာလီဘာ ဦးေဆာင္တဲ့ ခံစစ္က လုံးဝ ကိုင္တြယ္ႏိုင္ျခင္း မရွိခဲ့ဘဲ လူကြၽံေထာင္ေခ်ာက္ေတြမွာ ကံေကာင္းခဲ့သလို VAR က တိတိက်က် ဖမ္းျပသြားခဲ့လို႔သာ ဒီေန႔ပြဲက ငါးဂိုး-ဂိုးမရွိမျဖစ္ခဲ့ရတာပါ။ အိမ္ရွင္ေတြ အတြက္ေတာ့ ဒီေန႔ႏိုင္ပြဲက အျပည့္အဝ ထိုက္တန္ခဲ့ၿပီး အာဆင္နယ္တို႔အတြက္ေတာ့ သတိေပးဆိုင္းဘုတ္လို႔ပဲ ဆိုရမွာပါ။

တြဲကစားရတာ ေျခပ်က္ကုန္ၿပီ
အာဆင္နယ္တို႔ရဲ႕ ဒီေန႔ပြဲ ထြက္စာရင္းမွာ ပရီးမီးယားလိဂ္ ဦးစားေပးလူစာရင္းက လူေကာင္းအေတာ္မ်ားမ်ားကို သုံးခဲ့ၿပီး အရန္ဆိုလို႔ နကီးတီးယား၊ တိုမီယာစု၊ ဟိုးလ္ဒင္း၊ ဗီယာရာနဲ႔ ဆမ္ဘီ လိုကြန္ဂါတို႔ ငါးဦးသာ ပါဝင္ခဲ့ေပမယ့္ ခ်ာကာ၊ မာတီနယ္လီ၊ ေအာ္ဒီဂြါဒ္တို႔အေနနဲ႔ အသင္းကို ရလဒ္ေကာင္းေအာင္ မေမာင္းႏွင္ႏိုင္ခဲ့ၾကတာပါ။ အထူးသျဖင့္ေတာ့ တြဲကစားေနက် မဟုတ္ဘဲ ေျခစြမ္းနိမ့္ပါးတဲ့ ကစားသမားေတြေၾကာင့္ ၿပီးခဲ့တဲ့ ပြဲေတြမွာ ကစားပုံေကာင္းခဲ့တဲ့သူေတြပါ ေျခပ်က္ကုန္သလိုျဖစ္ခဲ့ၿပီး နည္းျပ အာတီတာအတြက္ေတာ့ ရႈံးပြဲအျပင္ စိတ္ရႈပ္စရာပါျဖစ္ခဲ့ရပါတယ္။

စိုးရိမ္လာရတဲ့ တိုက္စစ္
ရာသီအစမွာေတာ့ တိုက္စစ္မွာ ခပ္သြက္သြက္ကစား၊ ဂိုးေတြ တဒိုင္းဒိုင္းသြင္းၿပီး ႏိုင္ပြဲေတြ ရယူႏိုင္ခဲ့တဲ့ အာဆင္နယ္အသင္းအတြက္ သူတို႔ရဲ႕ တိုက္စစ္ပိုင္းက စိုးရိမ္စရာပုံစံ ျပန္ျဖစ္လာခဲ့ပါတယ္။ ဂန္းနားတို႔အေနနဲ႔ ေနာက္ဆုံး ၅ ပြဲမွာ တစ္ဂိုးထက္ ပိုသြင္းႏိုင္တဲ့ပြဲ တစ္ပြဲမွ မရွိခဲ့တာျဖစ္ၿပီး ခံစစ္က အစြမ္းျပခဲ့လို႔နဲ႔ ကံေကာင္းခဲ့လို႔သာ ႏိုင္ပြဲေတြ ရခဲ့တာျဖစ္သလို ေဂ်ဆူးစ္၊ နကီးတီးယားတို႔ ဂိုးမသြင္းတတ္ေတာ့ခ်ိန္မွာ နည္းျပ အာတီတာနဲ႔ ပရိသတ္ေတြ အေနနဲ႔ေတာ့ ေတာ္ေတာ္ေလး စိတ္ပူခဲ့ၾကရတာပါ။

ဒီယုံး ဝင္လာၿပီး ယူေပးခဲ့တဲ့ ပီအက္စ္ဗီရဲ႕ ႏိုင္ပြဲ
အသက္ ၃၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကေန စပိန္ကလပ္ေတြျဖစ္တဲ့ ဆီဗီလာ၊ ဘာစီလိုနာတို႔ကေန မိခင္ေျမကို ျပန္လာခဲ့ခ်ိန္မွာ အေတြ႕အႀကဳံ ေကာင္းေတြနဲ႔အတူ အသင္းကို ကူညီေနခဲ့ၿပီး ပထမပိုင္းမွာ လူကြၽံေဘာေတြေၾကာင့္ ဂိုးမရတဲ့ အသင္းကို ႀကီးႀကီးမားမား ေျပာင္းလဲေပးခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းအစမွာ ဝင္လာခဲ့တဲ့ ဒီယုံးအေနနဲ႔ အာဆင္နယ္ခံစစ္တန္းၾကားမွာ ဖိအားေပးၿပီး ေနရာလြတ္ေတြ ဖန္တီးေပးႏိုင္ခဲ့သလို ဗီးယားမန္းရဲ႕ ပထမဂိုးကို ဖန္တီးေပးႏိုင္ခဲ့ၿပီး ဒုတိယဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန ေခါင္းတိုက္သြင္းယူၿပီး အိမ္ရွင္ေတြရဲ႕ ႏိုင္ပြဲကို ေသခ်ာေစခဲ့တာပါ။

ေတာင္ပံတစ္စုံနဲ႔ ပီအက္စ္ဗီတို႔ ႂကြားႏိုင္မလား
ဇာဗီ ဆီမြန္နဲ႔ ကိုဒီ ဂက္ခ္ပိုတို႔အေနနဲ႔ ဘယ္ညာေတာင္ပံေတြကေန အာဆင္နယ္တို႔ကို တစ္ပြဲလုံး ေကာင္းေကာင္းပညာေပးသြားႏိုင္ခဲ့တာပါ။ ပီအက္စ္ဗီတို႔အေနနဲ႔ ယူ႐ိုပါလိဂ္အုပ္စုအဆင့္မွာ ၅ ပြဲကစားအၿပီးမွာ ၁၃ ဂိုး သြင္းယူထားႏိုင္ခဲ့ၿပီး ၃ ဂိုးသာ ေပးထားခဲ့ရတာေၾကာင့္ အာဆင္နယ္တို႔ရဲ႕ ၇ ဂိုးသြင္း ၃ ဂိုး ျပန္ေပးရတဲ့ မွတ္တမ္းထက္ သာလြန္ေနခဲ့ၿပီး လာမယ့္ပြဲမွာ သူတို႔ေတြ ႏိုင္ၿပီး အာဆင္နယ္တို႔ ရႈံးခဲ့မယ္ဆိုရင္ ႏွစ္သင္းၾကား Head to Head အရ အုပ္စု(A)ရဲ႕ ပထမ ေနရာကို သိမ္းပိုက္ၿပီး ခ်န္ပီယံလိဂ္ျပဳတ္ အသင္းတစ္သင္းနဲ႔ Play-off ကစားဖို႔ကို ေရွာင္လႊဲသြားႏိုင္ေျခ ရွိေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.