Match Report Premier League UCL&UEL

အုပ်စုဗိုလ် မျှော်လင့်ချက်အတွက် ရှယ်ရစ်ဖ်ကို နှိပ်ကွပ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ မာတီနက်ဇ်၊ လင်ဒီလော့ဖ်၊ မာလာစီယာနဲ့ ဒါလော့တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ဂါနာချိုနဲ့ ရော်နယ်လ်ဒိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည်အသင်း ရှယ်ရစ်ဖ်တို့ကတော့ ဂိုးသမား ကိုဗယ်လ်၊ ခံစစ်မှာ ကီကီ၊ ရာဒယ်လ်ယစ်ချ်၊ ကေပိုဇို၊ ဂေးဒက်စ်တို့ကို စုဖွဲ့လာခဲ့ပြီး ကွင်းလယ်မှာတော့ ကီယာဘူး၊ ဒီယော့ပ်၊ မူဒါဆီရူ၊ ရာရှိဒ်နဲ့ ဘာဒိုလိုတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အက်တီယမ်ဝင်တစ်ဦးတည်းကို အထောင်ထားလာခဲ့တာပါ။

ပွဲချိန် ၁၁ မိနစ်မှာ အန်တိုနီ ကန်ခွင့်ရခဲ့ပေမယ့် ကန်ချက်က ပျော့ခဲ့လို့ ဂိုးသမား ကိုဗယ်လ် အမိဖမ်းသွားခဲ့သလို ယူနိုက်တက်တို့ အိမ်ကွင်းမှာ တိုက်စစ်ဆင် ဖိကစားနေခဲ့ပေမယ့် ရှယ်ရစ်ဖ်ခံစစ်နဲ့ ဂိုးသမားတို့ အမှားအယွင်းမရှိ ဖျက်ထုတ်နေခဲ့လို့ တန်ဟတ်ရဲ့ လူတွေအနေနဲ့ အပိုင်အခွင့်အရေးမျိုး မရခဲ့ဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၃၀ မှာ အဲရစ်ဆန်ရဲ့ ကန်ချက်ကို ဂိုးသမား ပုတ်ထုတ်ခဲ့တာကို ဖာနန်ဒက်စ် ကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးသမားပဲ ဆက်လက် ကာကွယ်ခံခဲ့ရပြီး ဒီနေ့ပွဲမှာ ဘယ်ခြမ်းက ဂါနာချိုကတော့ ဆန်ချိုထက်ပိုပြီး နည်းပြ တန်ဟတ် ပိုကြိုက်အောင် စကေးလ်ကောင်းကောင်းနဲ့ ကစားပြခဲ့တာ တွေ့မြင်ခဲ့ရသလို တစ်ဦးချင်း ဖြတ်ကျော်မှုတွေမှာ တော်တော်လေး ထူးချွန်နိုင်ခဲ့တာပါ။

ပွဲချိန် ၄၄ မိနစ်မှာတော့ မန်ချက်စတာယူနိုက်တက်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ထောင့်ကန်ဘောကနေ အဲရစ်ဆန် ကန်ပို့ပေးတာကို လူကပ်ကစားပုံ ညံ့ခဲ့တဲ့ ရှယ်ရစ်ဖ်နောက်ခံလူတွေကြားကနေ ဒါလော့က ညာဘက်ထောင့်ကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ အန်တိုနီနဲ့ မာတီနက်ဇ်တို့အစား ရက်ရှ်ဖို့ဒ်နဲ့ မက်ဂွိုင်းယားတို့ကို ယူနိုက်တက်တို့ လူစားလဲကစားသွားခဲ့ပြီး တိုက်စစ်ဆင်ကစားနေခဲ့ပေမယ့် အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့သလို ပွဲချိန် ၆၃ မိနစ်မှာတော့ ဒါလော့နဲ့ ကာစီမီရိုတို့အစား လုခ်ရှောနဲ့ မက်တော်မီနေးတို့ကို ထပ်မံပြောင်းလဲသွားခဲ့တာပါ။

ပွဲချိန် ၆၅ မိနစ်မှာတော့ ယူနိုက်တက်တို့ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အဲရစ်ဆန်က ဘယ်ခြမ်းကို ထိုးပေးခဲ့တာကို လုခ်ရှောက ဧရိယာထဲကို အသာလှမ်းမပေးခဲ့ရာမှာ ထင်မှတ်မထားတဲ့ အနေအထားကနေ ရက်ရှ်ဖို့ဒ်က ခေါင်းလှမ်းတိုက်ပြီး သွင်းယူသွားနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာတော့ ဂါနာချိုအစား ဗန်ဒဘိခ် ဝင်ကစားခဲ့ပြီး နှစ်မိနစ်အကြာ ပွဲချိန် ၈၁ မိနစ်မှာတော့ တတိယ အနိုင်ဂိုးကို ရရှိခဲ့ကြသလို တစ်ချိန်လုံး တွတ်ပီဖြစ်နေခဲ့တဲ့ ရော်နယ်လ်ဒိုက သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး ညာခြမ်းက ဖာနန်ဒက်စ် လှမ်းမ,ပေးတဲ့ ဘောလုံးကို ခေါင်းတိုက်ခဲ့ရာမှာ ဂိုးသမား ကိုဗယ်လ် ပုတ်ထုတ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ထပ်မံပိတ်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ယူနိုက်တက်တို့ သုံးဂိုး-ဂိုးမရှိနဲ့ အိမ်ကွင်းမှာ အောင်ပွဲခံနိုင်ခဲ့ကြပြီး အုပ်စုတွင်း လေးပွဲဆက်တိုက် အနိုင်ရခဲ့တာကြောင့် ဒုတိယနေရာကနေ ဆက်လက်ရပ်တည်နိုင်ခဲ့ချိန်မှာ လာမယ့် ဦးဆောင်သူ ရီးရဲလ်ဆိုစီဒက်နဲ့ ပွဲစဉ်မှာ ပထမအကျော့က အကြွေးကို အဝေးကွင်းမှာ ပြန်ဆပ်နိုင်ခဲ့ရင် အုပ်စုဗိုလ်နေရာကိုပါ မျှော်လင့်နိုင်မှာဖြစ်လို့ ပိုမိုစိတ်ဝင်စားစရာကောင်းလာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒေဟးယား၊ ခံစစ္မွာ မာတီနက္ဇ္၊ လင္ဒီေလာ့ဖ္၊ မာလာစီယာနဲ႔ ဒါေလာ့တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာစီမီ႐ို၊ အဲရစ္ဆန္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အန္တိုနီ၊ ဂါနာခ်ိဳနဲ႔ ေရာ္နယ္လ္ဒိုတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္အသင္း ရွယ္ရစ္ဖ္တို႔ကေတာ့ ဂိုးသမား ကိုဗယ္လ္၊ ခံစစ္မွာ ကီကီ၊ ရာဒယ္လ္ယစ္ခ်္၊ ေကပိုဇို၊ ေဂးဒက္စ္တို႔ကို စုဖြဲ႕လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကီယာဘူး၊ ဒီေယာ့ပ္၊ မူဒါဆီ႐ူ၊ ရာရွိဒ္နဲ႔ ဘာဒိုလိုတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အက္တီယမ္ဝင္တစ္ဦးတည္းကို အေထာင္ထားလာခဲ့တာပါ။

ပြဲခ်ိန္ ၁၁ မိနစ္မွာ အန္တိုနီ ကန္ခြင့္ရခဲ့ေပမယ့္ ကန္ခ်က္က ေပ်ာ့ခဲ့လို႔ ဂိုးသမား ကိုဗယ္လ္ အမိဖမ္းသြားခဲ့သလို ယူႏိုက္တက္တို႔ အိမ္ကြင္းမွာ တိုက္စစ္ဆင္ ဖိကစားေနခဲ့ေပမယ့္ ရွယ္ရစ္ဖ္ခံစစ္နဲ႔ ဂိုးသမားတို႔ အမွားအယြင္းမရွိ ဖ်က္ထုတ္ေနခဲ့လို႔ တန္ဟတ္ရဲ႕ လူေတြအေနနဲ႔ အပိုင္အခြင့္အေရးမ်ိဳး မရခဲ့ဘဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၃၀ မွာ အဲရစ္ဆန္ရဲ႕ ကန္ခ်က္ကို ဂိုးသမား ပုတ္ထုတ္ခဲ့တာကို ဖာနန္ဒက္စ္ ကန္သြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဂိုးသမားပဲ ဆက္လက္ ကာကြယ္ခံခဲ့ရၿပီး ဒီေန႔ပြဲမွာ ဘယ္ျခမ္းက ဂါနာခ်ိဳကေတာ့ ဆန္ခ်ိဳထက္ပိုၿပီး နည္းျပ တန္ဟတ္ ပိုႀကိဳက္ေအာင္ စေကးလ္ေကာင္းေကာင္းနဲ႔ ကစားျပခဲ့တာ ေတြ႕ျမင္ခဲ့ရသလို တစ္ဦးခ်င္း ျဖတ္ေက်ာ္မႈေတြမွာ ေတာ္ေတာ္ေလး ထူးခြၽန္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ေထာင့္ကန္ေဘာကေန အဲရစ္ဆန္ ကန္ပို႔ေပးတာကို လူကပ္ကစားပုံ ညံ့ခဲ့တဲ့ ရွယ္ရစ္ဖ္ေနာက္ခံလူေတြၾကားကေန ဒါေလာ့က ညာဘက္ေထာင့္ကို ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ အန္တိုနီနဲ႔ မာတီနက္ဇ္တို႔အစား ရက္ရွ္ဖို႔ဒ္နဲ႔ မက္ဂြိဳင္းယားတို႔ကို ယူႏိုက္တက္တို႔ လူစားလဲကစားသြားခဲ့ၿပီး တိုက္စစ္ဆင္ကစားေနခဲ့ေပမယ့္ အခြင့္အေရးေတြကို ျဖဳန္းတီးပစ္ခဲ့သလို ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ ဒါေလာ့နဲ႔ ကာစီမီ႐ိုတို႔အစား လုခ္ေရွာနဲ႔ မက္ေတာ္မီေနးတို႔ကို ထပ္မံေျပာင္းလဲသြားခဲ့တာပါ။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ အဲရစ္ဆန္က ဘယ္ျခမ္းကို ထိုးေပးခဲ့တာကို လုခ္ေရွာက ဧရိယာထဲကို အသာလွမ္းမေပးခဲ့ရာမွာ ထင္မွတ္မထားတဲ့ အေနအထားကေန ရက္ရွ္ဖို႔ဒ္က ေခါင္းလွမ္းတိုက္ၿပီး သြင္းယူသြားႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ ဂါနာခ်ိဳအစား ဗန္ဒဘိခ္ ဝင္ကစားခဲ့ၿပီး ႏွစ္မိနစ္အၾကာ ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ တတိယ အႏိုင္ဂိုးကို ရရွိခဲ့ၾကသလို တစ္ခ်ိန္လုံး တြတ္ပီျဖစ္ေနခဲ့တဲ့ ေရာ္နယ္လ္ဒိုက သြင္းယူေပးႏိုင္ခဲ့တာျဖစ္ၿပီး ညာျခမ္းက ဖာနန္ဒက္စ္ လွမ္းမ,ေပးတဲ့ ေဘာလုံးကို ေခါင္းတိုက္ခဲ့ရာမွာ ဂိုးသမား ကိုဗယ္လ္ ပုတ္ထုတ္လို႔ ျပန္ထြက္လာတဲ့ ေဘာလုံးကို ထပ္မံပိတ္သြင္းသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ယူႏိုက္တက္တို႔ သုံးဂိုး-ဂိုးမရွိနဲ႔ အိမ္ကြင္းမွာ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး အုပ္စုတြင္း ေလးပြဲဆက္တိုက္ အႏိုင္ရခဲ့တာေၾကာင့္ ဒုတိယေနရာကေန ဆက္လက္ရပ္တည္ႏိုင္ခဲ့ခ်ိန္မွာ လာမယ့္ ဦးေဆာင္သူ ရီးရဲလ္ဆိုစီဒက္နဲ႔ ပြဲစဥ္မွာ ပထမအေက်ာ့က အေႂကြးကို အေဝးကြင္းမွာ ျပန္ဆပ္ႏိုင္ခဲ့ရင္ အုပ္စုဗိုလ္ေနရာကိုပါ ေမွ်ာ္လင့္ႏိုင္မွာျဖစ္လို႔ ပိုမိုစိတ္ဝင္စားစရာေကာင္းလာခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.