Analysis Article Premier League

ပထမ ၁၁ ယောက်ထဲက တစ်ယောက်လျော့ရင်ကို အသင်းပျက်သလိုဖြစ်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ နောက်ပိုင်းပွဲတွေမှာ ပင်ပန်းလွန်းနေတဲ့ အမူအရာတွေကို ပြသနေခဲ့ကြသလို ကွင်းထဲက စိတ်ဓာတ်ပိုင်းအားဖြင့် အစကတည်းက နုနယ်တဲ့ ကစားသမားတချို့အနေနဲ့လည်း သုံးရက်တစ်ပွဲ ကစားရတာကို မပျော်ရွှင်တဲ့ ပုံစံကို မျက်နှာပေါ်မှာ ပြသခဲ့ကြပြီး ဒီထဲကတော့ အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်က အရမ်းသိသာနေခဲ့တာဖြစ်ပါတယ်။

နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားသမားတွေကို အပြောင်းအလဲမရှိဘဲ ဆက်တိုက်သုံးနေရသလို ဒီလူတွေကို ယူရိုပါလိဂ်မှာပါ အလှည့်နဲ့ သုံးနေခဲ့ရပြီး ထင်သလောက် အနားမပေးနိုင်ဘဲဖြစ်နေခဲ့သလို ဘီအသင်းလို့ ခေါ်ရမယ့် ဖလားပွဲလူစာရင်းမျိုးကို ပိုင်ဆိုင်မထားနိုင်ခဲ့ခြင်းကလည်း ကစားသမားတွေကို အထိနာစေခဲ့ပါတယ်။

အသင်းရဲ့ လူစာရင်းမှာ ချာကာကို ပွဲတိုင်းနီးပါး သုံးနေခဲ့ရသလို ဂါဘရီယယ်လ်ကိုလည်း နောက်ပိုင်းပွဲတွေမှာမှ အနားပေးနိုင်ခဲ့ပြီး ဒါတောင် သူ့နေရာ အစားဝင်တဲ့ ဟိုးလ်ဒင်းက နှေးကွေးလေးလံလွန်းသလို ဆိုးရွားတဲ့ ခြေစွမ်းနဲ့ အသင်းရဲ့ ကစားကွက်ကို မကူနိုင်ခဲ့ချိန်မှာ ဆာလီဘာ၊ တိုမီယာစု၊ တီယာနီတို့ ဘယ်သူဝင်ဝင် အလုပ်မဖြစ်ခဲ့တာပါ။

ဒီကြားထဲ ဆမ်ဘီ လိုကွန်ဂါကို နံပါတ် ၆ နေရာမှာ သုံးလိုက်တာကတော့ စိတ်ပျက်စရာ့ ထွဋ်ခေါင်တင်ဖြစ်ခဲ့ပြီး ဘယ်လ်ဂျီယမ်သားအနေနဲ့ ဒီတိုင်းဆက်သွားရင် ရောင်းစားလို့တောင် မရနိုင်တော့တဲ့အထိ ခြေစွမ်းက ပြိုလဲနေခဲ့သလို အသင်းရဲ့ ကွင်းလယ်ကို ပါတေးကလွဲရင် ဘယ်သူကမှ ကျားကန်ပေးမထားနိုင်တာလည်းဖြစ်ပါတယ်။

နကီးတီးယား၊ နယ်လ်ဆန်၊ မားကင်ညို့စ်တို့ ဘယ်သူ့ကို သုံးသုံးအလုပ်မဖြစ်တဲ့ တိုက်စစ်မှာ ဖာဘီယို ဗီယာရာကို စမ်းသုံးပြန်တော့လည်း ညာခြမ်းမှာ ဧကစာကျင့်နေခဲ့သလို ဘယ်သူနဲ့မှ မတွဲနိုင်ဘဲဖြစ်နေခဲ့ပြီး လက်ရှိအနေအထားကို ပွင့်ပွင့်လင်းလင်း သုံးသပ်ရရင် အာဆင်နယ်တို့အနေနဲ့ ခရစ္စတယ်လ် ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲက ပွဲထွက်ခဲ့တဲ့ လူစာရင်းကို ပြန်မသုံးနိုင်မချင်း ရလဒ်ကောင်းဖို့ မလွယ်ဘူးလို့ ထင်ခဲ့ရတာပါ။

ရမ်းစ်ဒေးလ်၊ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်၊ ဇင်ချန်ကို၊ ပါတေး၊ ချာကာ၊ အော်ဒီဂွါဒ်၊ ဆာကာ၊ မာတီနယ်လီနဲ့ ဂျေဆူးစ်တို့ ၁၁ ယောက်ကို ဘယ်သူကမှ အစားမထိုးနိုင်တာကို တွေ့ခဲ့ရပြီး အနည်းဆုံးတော့ ဘယ်ညာနောက်ခံလူတွေနေရာ ဝင်ကစားတဲ့ တီယာနီနဲ့ တိုမီယာစုတို့က မနီးရိုးစွဲ လိုက်ကစားနိုင်သင့်ချိန်မှာ သူတို့ဝင်ကစားရင် ပုံပျက်သွားတာပဲ အဖတ်တင်ခဲ့သလို နောက်ကလိုက်ပြီး အဖတ်မဆယ်နိုင်ဘဲဖြစ်နေခဲ့ရပါတယ်။

အဲ့ဒီမှာ ဘာဖြစ်လာသလဲဆိုရင်တော့ ကလေးတွေကြားမှာ ပြောနေကျ စကားဖြစ်တဲ့ “တွဲမကန်ချင်ဘူး၊ ခြေပျက်တယ်”ဆိုတဲ့ စကား လက်တွေ့ ဖြစ်လာခဲ့ပြီး နကီးတီးယား၊ ဟိုးလ်ဒင်း၊ ဆမ်ဘီ လိုကွန်ဂါတို့နဲ့ တွဲကစားလိုက်တဲ့ ပွဲထွက်ကစားသမားတွေ အညံ့ကူးသွားပြီး ခြေစွမ်းက ရာသီအစကလို ပြန်မရနိုင်တော့တာဖြစ်သလို အော်ဒီဂွါဒ်နဲ့ မာတီနယ်လီတို့ကတော့ အသိသာဆုံးဖြစ်ခဲ့တာပါ။

ဒီကြားထဲမှာ ပထမ ကစားသမားတွေအတွက် ပွဲပန်းမှုကိုပါ ထပ်ခံစားခဲ့ရပြီး ဘူးလေးရာ ဖရုံဆင့်လိုက်ချိန်မှာတော့ အာဆင်နယ်ဟာ လိဒ်စ် ယူနိုက်တက်နဲ့ ပွဲကစပြီး ပြိုလဲလာခဲ့သလို ဘိုဒို/ဂလင့်မ်နဲ့ပွဲမှာ ခြေပျက်လာခဲ့ပြီး နောက်ပိုင်း ပီအက်စ်ဗီ၊ ဆောက်သမ်တန်တို့နဲ့ ပွဲတွေမှာတော့ ပရိသတ် ဆဲချင်စရာပုံစံမျိုးဖြစ်လာခဲ့သလို ဒုတိယပိုင်းမှာဆို ပြိုင်ဘက်တွေ လုပ်ချင်သလိုလုပ်နိုင်တဲ့ အသင်းမျိုးဖြစ်သွားပါတော့တယ်။

ဒါက ပထမ ကစားသမားတွေနဲ့ အရန်တွေကြား ခြေစွမ်းကွာခြားမှုကြောင့်ဖြစ်ပြီး နောက်ထပ်အသင်းတစ်သင်းကို သိပ်အရေးမကြီးတဲ့ ပွဲတွေမှာ စိတ်ချလက်ချ မသုံးနိုင်ခဲ့တာဖြစ်သလို နည်းပြ အာတီတာအနေနဲ့လည်း သူလုပ်နေတဲ့ အလုပ်၊ သွားနေတဲ့ လမ်းကြောင်းအပေါ် အပြည့်အဝ နားလည်မှု မရှိသေးဘဲ ပရီးမီးယားလိဂ်ကို ဘာပဲဖြစ်ဖြစ် အာရုံစိုက်ပြီး ကျန်တဲ့ ပြိုင်ပွဲတွေကို လျှော်ထားရမယ်ဆိုတာ သဘောမပေါက်သလိုဖြစ်နေခဲ့တာပါ။

ဒီပုံစံအတိုင်း ဆက်သွားရင်တော့ အာဆင်နယ်ဆိုတာ ပြိုင်ဘက်တွေ ပျော်မွေ့တဲ့ အသင်းဖြစ်လာဖို့ နီးစပ်နေခဲ့သလို ကမ္ဘာ့ဖလားမတိုင်ခင် လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်းအောင် ဖျစ်ညှစ်ကြိုးစားအားထုတ်ပြီး ပထမပိုင်းမှာ ဂိုးတွေသွင်း၊ ဒုတိယပိုင်းမှာ ထိန်းကစားဆိုတဲ့ ဗျူဟာနဲ့ လူအင်အား မတောင့်တင်းမှု အခက်အခဲကို ဇန်နဝါရီမှာ လူသစ်တွေ ထပ်မဝယ်နိုင်ခင် အားတင်းကျော်ဖြတ်သွားရဖို့လည်း ရှိနေပါတယ်။

ဒီတစ်ပတ်မှာတော့ အိမ်ကွင်းမှာ‌ နော့တင်ဟမ်ဖောရက်စ်တို့နဲ့ ယှဉ်ပြိုင်ကစားရမယ့် အာဆင်နယ်တို့အတွက် သူတို့အတွက် စိတ်ဓာတ်ပြန်တက်လာမယ့် နိုင်ပွဲကို ဖန်တီးနိုင်ဖို့ အရေးကြီးနေပြီး မဖြစ်မနေ လူစုံထုတ်သွားရဖို့ ရှိနေသလို ပဲလေ့စ်ကို အနိုင်ရခဲ့စဉ်ကနေ ရာသီအစမှာ တည်ဆောက်ခဲ့တဲ့ ပထမ ၁၁ ယောက်မှာ ဘယ်နှစ်ယောက် ပါနိုင်ပြီး အင်အားပြည့် ကစားသွားနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ေနာက္ပိုင္းပြဲေတြမွာ ပင္ပန္းလြန္းေနတဲ့ အမူအရာေတြကို ျပသေနခဲ့ၾကသလို ကြင္းထဲက စိတ္ဓာတ္ပိုင္းအားျဖင့္ အစကတည္းက ႏုနယ္တဲ့ ကစားသမားတခ်ိဳ႕အေနနဲ႔လည္း သုံးရက္တစ္ပြဲ ကစားရတာကို မေပ်ာ္႐ႊင္တဲ့ ပုံစံကို မ်က္ႏွာေပၚမွာ ျပသခဲ့ၾကၿပီး ဒီထဲကေတာ့ အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္က အရမ္းသိသာေနခဲ့တာျဖစ္ပါတယ္။

နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ပရီးမီးယားလိဂ္မွာ ပြဲထြက္ကစားသမားေတြကို အေျပာင္းအလဲမရွိဘဲ ဆက္တိုက္သုံးေနရသလို ဒီလူေတြကို ယူ႐ိုပါလိဂ္မွာပါ အလွည့္နဲ႔ သုံးေနခဲ့ရၿပီး ထင္သေလာက္ အနားမေပးႏိုင္ဘဲျဖစ္ေနခဲ့သလို ဘီအသင္းလို႔ ေခၚရမယ့္ ဖလားပြဲလူစာရင္းမ်ိဳးကို ပိုင္ဆိုင္မထားႏိုင္ခဲ့ျခင္းကလည္း ကစားသမားေတြကို အထိနာေစခဲ့ပါတယ္။

အသင္းရဲ႕ လူစာရင္းမွာ ခ်ာကာကို ပြဲတိုင္းနီးပါး သုံးေနခဲ့ရသလို ဂါဘရီယယ္လ္ကိုလည္း ေနာက္ပိုင္းပြဲေတြမွာမွ အနားေပးႏိုင္ခဲ့ၿပီး ဒါေတာင္ သူ႔ေနရာ အစားဝင္တဲ့ ဟိုးလ္ဒင္းက ေႏွးေကြးေလးလံလြန္းသလို ဆိုး႐ြားတဲ့ ေျခစြမ္းနဲ႔ အသင္းရဲ႕ ကစားကြက္ကို မကူႏိုင္ခဲ့ခ်ိန္မွာ ဆာလီဘာ၊ တိုမီယာစု၊ တီယာနီတို႔ ဘယ္သူဝင္ဝင္ အလုပ္မျဖစ္ခဲ့တာပါ။

ဒီၾကားထဲ ဆမ္ဘီ လိုကြန္ဂါကို နံပါတ္ ၆ ေနရာမွာ သုံးလိုက္တာကေတာ့ စိတ္ပ်က္စရာ့ ထြဋ္ေခါင္တင္ျဖစ္ခဲ့ၿပီး ဘယ္လ္ဂ်ီယမ္သားအေနနဲ႔ ဒီတိုင္းဆက္သြားရင္ ေရာင္းစားလို႔ေတာင္ မရႏိုင္ေတာ့တဲ့အထိ ေျခစြမ္းက ၿပိဳလဲေနခဲ့သလို အသင္းရဲ႕ ကြင္းလယ္ကို ပါေတးကလြဲရင္ ဘယ္သူကမွ က်ားကန္ေပးမထားႏိုင္တာလည္းျဖစ္ပါတယ္။

နကီးတီးယား၊ နယ္လ္ဆန္၊ မားကင္ညိဳ႕စ္တို႔ ဘယ္သူ႔ကို သုံးသုံးအလုပ္မျဖစ္တဲ့ တိုက္စစ္မွာ ဖာဘီယို ဗီယာရာကို စမ္းသုံးျပန္ေတာ့လည္း ညာျခမ္းမွာ ဧကစာက်င့္ေနခဲ့သလို ဘယ္သူနဲ႔မွ မတြဲႏိုင္ဘဲျဖစ္ေနခဲ့ၿပီး လက္ရွိအေနအထားကို ပြင့္ပြင့္လင္းလင္း သုံးသပ္ရရင္ အာဆင္နယ္တို႔အေနနဲ႔ ခရစၥတယ္လ္ ပဲေလ့စ္နဲ႔ ပရီးမီးယားလိဂ္အဖြင့္ပြဲက ပြဲထြက္ခဲ့တဲ့ လူစာရင္းကို ျပန္မသုံးႏိုင္မခ်င္း ရလဒ္ေကာင္းဖို႔ မလြယ္ဘူးလို႔ ထင္ခဲ့ရတာပါ။

ရမ္းစ္ေဒးလ္၊ ဘန္ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယယ္လ္၊ ဇင္ခ်န္ကို၊ ပါေတး၊ ခ်ာကာ၊ ေအာ္ဒီဂြါဒ္၊ ဆာကာ၊ မာတီနယ္လီနဲ႔ ေဂ်ဆူးစ္တို႔ ၁၁ ေယာက္ကို ဘယ္သူကမွ အစားမထိုးႏိုင္တာကို ေတြ႕ခဲ့ရၿပီး အနည္းဆုံးေတာ့ ဘယ္ညာေနာက္ခံလူေတြေနရာ ဝင္ကစားတဲ့ တီယာနီနဲ႔ တိုမီယာစုတို႔က မနီး႐ိုးစြဲ လိုက္ကစားႏိုင္သင့္ခ်ိန္မွာ သူတို႔ဝင္ကစားရင္ ပုံပ်က္သြားတာပဲ အဖတ္တင္ခဲ့သလို ေနာက္ကလိုက္ၿပီး အဖတ္မဆယ္ႏိုင္ဘဲျဖစ္ေနခဲ့ရပါတယ္။

အဲ့ဒီမွာ ဘာျဖစ္လာသလဲဆိုရင္ေတာ့ ကေလးေတြၾကားမွာ ေျပာေနက် စကားျဖစ္တဲ့ “တြဲမကန္ခ်င္ဘူး၊ ေျခပ်က္တယ္”ဆိုတဲ့ စကား လက္ေတြ႕ ျဖစ္လာခဲ့ၿပီး နကီးတီးယား၊ ဟိုးလ္ဒင္း၊ ဆမ္ဘီ လိုကြန္ဂါတို႔နဲ႔ တြဲကစားလိုက္တဲ့ ပြဲထြက္ကစားသမားေတြ အညံ့ကူးသြားၿပီး ေျခစြမ္းက ရာသီအစကလို ျပန္မရႏိုင္ေတာ့တာျဖစ္သလို ေအာ္ဒီဂြါဒ္နဲ႔ မာတီနယ္လီတို႔ကေတာ့ အသိသာဆုံးျဖစ္ခဲ့တာပါ။

ဒီၾကားထဲမွာ ပထမ ကစားသမားေတြအတြက္ ပြဲပန္းမႈကိုပါ ထပ္ခံစားခဲ့ရၿပီး ဘူးေလးရာ ဖ႐ုံဆင့္လိုက္ခ်ိန္မွာေတာ့ အာဆင္နယ္ဟာ လိဒ္စ္ ယူႏိုက္တက္နဲ႔ ပြဲကစၿပီး ၿပိဳလဲလာခဲ့သလို ဘိုဒို/ဂလင့္မ္နဲ႔ပြဲမွာ ေျခပ်က္လာခဲ့ၿပီး ေနာက္ပိုင္း ပီအက္စ္ဗီ၊ ေဆာက္သမ္တန္တို႔နဲ႔ ပြဲေတြမွာေတာ့ ပရိသတ္ ဆဲခ်င္စရာပုံစံမ်ိဳးျဖစ္လာခဲ့သလို ဒုတိယပိုင္းမွာဆို ၿပိဳင္ဘက္ေတြ လုပ္ခ်င္သလိုလုပ္ႏိုင္တဲ့ အသင္းမ်ိဳးျဖစ္သြားပါေတာ့တယ္။

ဒါက ပထမ ကစားသမားေတြနဲ႔ အရန္ေတြၾကား ေျခစြမ္းကြာျခားမႈေၾကာင့္ျဖစ္ၿပီး ေနာက္ထပ္အသင္းတစ္သင္းကို သိပ္အေရးမႀကီးတဲ့ ပြဲေတြမွာ စိတ္ခ်လက္ခ် မသုံးႏိုင္ခဲ့တာျဖစ္သလို နည္းျပ အာတီတာအေနနဲ႔လည္း သူလုပ္ေနတဲ့ အလုပ္၊ သြားေနတဲ့ လမ္းေၾကာင္းအေပၚ အျပည့္အဝ နားလည္မႈ မရွိေသးဘဲ ပရီးမီးယားလိဂ္ကို ဘာပဲျဖစ္ျဖစ္ အာ႐ုံစိုက္ၿပီး က်န္တဲ့ ၿပိဳင္ပြဲေတြကို ေလွ်ာ္ထားရမယ္ဆိုတာ သေဘာမေပါက္သလိုျဖစ္ေနခဲ့တာပါ။

ဒီပုံစံအတိုင္း ဆက္သြားရင္ေတာ့ အာဆင္နယ္ဆိုတာ ၿပိဳင္ဘက္ေတြ ေပ်ာ္ေမြ႕တဲ့ အသင္းျဖစ္လာဖို႔ နီးစပ္ေနခဲ့သလို ကမာၻ႔ဖလားမတိုင္ခင္ လက္က်န္ပြဲေတြမွာ ရလဒ္ေကာင္းေအာင္ ဖ်စ္ညႇစ္ႀကိဳးစားအားထုတ္ၿပီး ပထမပိုင္းမွာ ဂိုးေတြသြင္း၊ ဒုတိယပိုင္းမွာ ထိန္းကစားဆိုတဲ့ ဗ်ဴဟာနဲ႔ လူအင္အား မေတာင့္တင္းမႈ အခက္အခဲကို ဇန္နဝါရီမွာ လူသစ္ေတြ ထပ္မဝယ္ႏိုင္ခင္ အားတင္းေက်ာ္ျဖတ္သြားရဖို႔လည္း ရွိေနပါတယ္။

ဒီတစ္ပတ္မွာေတာ့ အိမ္ကြင္းမွာ‌ ေနာ့တင္ဟမ္ေဖာရက္စ္တို႔နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ အာဆင္နယ္တို႔အတြက္ သူတို႔အတြက္ စိတ္ဓာတ္ျပန္တက္လာမယ့္ ႏိုင္ပြဲကို ဖန္တီးႏိုင္ဖို႔ အေရးႀကီးေနၿပီး မျဖစ္မေန လူစုံထုတ္သြားရဖို႔ ရွိေနသလို ပဲေလ့စ္ကို အႏိုင္ရခဲ့စဥ္ကေန ရာသီအစမွာ တည္ေဆာက္ခဲ့တဲ့ ပထမ ၁၁ ေယာက္မွာ ဘယ္ႏွစ္ေယာက္ ပါႏိုင္ၿပီး အင္အားျပည့္ ကစားသြားႏိုင္မလားဆိုတာေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း သုံးသပ္ေရးသားလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.