Premier League Serie A

ဓားထိုးခံခဲ့ရပေမယ့် ကံကောင်းခဲ့လို့ ကုသမှု ခံယူနေပြီး မစိုးရိမ်ရတဲ့ ပါဘလို မာရီ

အာဆင်နယ်အသင်းကနေ စီးရီးအေတန်းတက်ကလပ် မွန်ဇာအသင်းဆီကို တစ်နှစ် အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေခဲ့တဲ့ နောက်ခံလူ ပါဘလို မာရီဟာ ပြီးခဲ့တဲ့ ညပိုင်းက အီတလီနိုင်ငံ မီလန်မြို့က ရှော့ပင်းမောလ်တစ်ခုမှာ စိတ်မနှံ့ ရူးသွပ်သူတစ်ဦးရဲ့ ဓားနဲ့ အထိုးခံခဲ့ရပါတယ်။

အသက် ၂၉ နှစ်အရွယ် စပိန်သားဟာ သူ့ရဲ့ လက်ရှိအသင်း တည်ရှိရာ မွန်ဇာမြို့ကနေ မြို့ကြီးတစ်မြို့ဖြစ်တဲ့ မီလန်ကို သွားရောက်စဉ်မှာ ဒီလို အဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး စိတ္တဇရာဇဝတ်ကောင်ဟာ အဲ့ဒီရှော့ပင်းမောလ်မှာ မာရီအပါအဝင် လူ ၆ ဦးကို ဓားနဲ့ ထိုးခဲ့တာဖြစ်ပြီး တစ်ဦးကတော့ ကံဆိုးစွာနဲ့ သေဆုံးသွားခဲ့ရတာပါ။

ရဲတပ်ဖွဲ့ရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်မှာတော့ ကြာသပတေးနေ့ညနေ ငါးနာရီခွဲက အသက် ၄၆ နှစ်အရွယ် လူတစ်ဦးဟာ ရောင်းဖို့ ပြသထားတဲ့ မီးဖိုချောင်သုံး ဓားတွေထဲက တစ်ချောင်းကို ကောက်ယူခဲ့ပြီး တိုက်ခိုက်ခဲ့ရာမှာ အသက် ၃၀ အရွယ် ကံဆိုးသူတစ်ဦး ကွယ်လွန်သွားခဲ့တယ်လို့ ဆိုပြီး ထိခိုက်သူတွေအားလုံးကို ဆေးရုံဆီ ရဟတ်ယာဉ်နဲ့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပါဘလို မာရီအနေနဲ့ မီလာနီဖိုရီ ဒီအက်ဆာဂို ရှော့ပင်းမောလ်မှာ ဓားနဲ့ ကျောကို အထိုးခံခဲ့ရချိန်မှာ နက်ရှိုင်းတဲ့ ပြတ်ရှဒဏ်ရာကို ရရှိခဲ့ပြီး ဒီလို အထိုးမခံရခင်မှာတော့ စိတ္တဇသမားရဲ့ လက်သီးနဲ့ ထိုးခြင်းကို အရင်ခံခဲ့ရသလို နှုတ်ခမ်းကွဲသွားလို့ ချုပ်ခဲ့ရတယ်လို့ ဆိုပြီး ဓားဒဏ်ရာကိုတော့ ခွဲစိတ်ကုသရဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

ကစားသမားရဲ့ ဖခင်ဖြစ်သူကတော့ သူ့သားနဲ့ အဆက်အသွယ်ရပြီးပြီလို့ ပြောခဲ့ပြီး “သူတို့က ည ၈ နာရီမှာမှ ဖုန်းခေါ်လာတယ်ဗျ။ ကျွန်တော့် အတွက်တော့ သိပ်ကို စိုးရိမ်ပူပန်ခဲ့ရတဲ့ အချိန်ဖြစ်သလို နှလုံးခုန်တာတောင် ရပ်သွားလားလို့ ထင်ရပါတယ်”လို့ စပိန်ရေဒီယို ကာဒီနာ ကိုပီကို ဖြေကြားသွားခဲ့သလို သူ့ရဲ့ ချွေးမဖြစ်သူကတော့ စိတ်အေးနိုင်အောင် ပြောပြသွားခဲ့တယ်လို့ ဆိုခဲ့တာပါ။

“ဗီရိုနီကာက ဘယ်လိုဖြစ်သလဲတော့ သူမပြန်မပြောပြတတ်ဘူးဗျ။ သူ့ရှေ့မှာ လူတစ်ယောက် သေသွားတာကို မြင်ခဲ့ရတယ်လို့တော့ ပြောပြီး လက်ရှိမှာတော့ သူတို့နှစ်ယောက်စလုံး အခြေအနေကောင်းပါတယ်လို့ ကျွန်တော်တို့ကို စိတ်အေးအေးထားဖို့ ပြောသွားခဲ့သလို အဖြစ်အပျက်ကတော့ တကယ့်ကို ခြောက်ခြားစရာပဲလို့ ပြောသွားပါတယ်”လို့ မာရီရဲ့ ဖခင်က ထုတ်ဖော်သွားခဲ့ပါတယ်။

ပါဘလို မာရီအနေနဲ့ ကျောကို ဓားနဲ့ အထိုးခံခဲ့ရပေမယ့် အရေးကြီးတဲ့ အဆုတ်လို အင်္ဂါအစိတ်ပိုင်းတွေအထိ ဓားသွားရဲ့ ထိုးဖောက်ခြင်းကို မခံခဲ့ရဘူးလို့ သိရပြီး အသက်အန္တရာယ်တစ်စုံတစ်ရာ မရှိတော့သလို အပေါ်ယံ ခွဲစိတ်မှုနဲ့ ဒဏ်ရာကို ချုပ်ပြီးရင် ပြန်ကောင်းလာနိုင်မှာဖြစ်ကြောင်း သတင်း ကြားတာနဲ့ ကိုယ့်လူဆီ ပြေးသွားခဲ့ကြတဲ့ မွန်ဇာစီအီးအို အက်ဒရီယာနို ဂယ်လီယာနီနဲ့ နည်းပြ ရာဖယ်လ် ပယ်လာဒီနိုတို့က ထုတ်ပြန်သွားတာပါ။

စပိန်သားအတွက် အာဆင်နယ်အသင်းရော မွန်ဇာအသင်းတွေကပါ သူ့နဲ့ သူ့ရဲ့ မိသားစုနဲ့အတူ ရှိနေပြီး ကူညီစောင့်ရှောက်ပေးသွားမယ်လို့ ထုတ်ပြန်သွားခဲ့ပြီး ဂယ်လီယာနီရဲ့ အဆိုအရတော့ အခုလိုမျိုး ဒဏ်ရာက မပြင်းထန်ခဲ့တာက သူ့ရဲ့ ၆ ပေ ၄ လက်မရှိပြီး မြင့်မားတဲ့ အရပ်ကြောင့် အန္တရာယ် များနိုင်တဲ့ နေရာနဲ့ လွတ်သွားခဲ့တာလို့ ဆိုသွားခဲ့ပါတယ်။

မာရီဟာ အာဆင်နယ်အသင်းကနေ မွန်ဇာကို တန်းမဆင်းရရင် အပြီးသတ် ခေါ်ယူရမယ့် အငှားသဘောတူညီမှုနဲ့ ပြောင်းရွှေ့ကစားနေတာဖြစ်ပြီး လက်ရှိအချိန်အထိ အသင်းအတွက် စီးရီးအေ ၈ ပွဲကစား ၁ ဂိုး သွင်းယူထားပေးခဲ့သလို အီတလီမြေမှာ လျင်လျင်မြန်မြန် အထိုင်ကျနေချိန်မှာ ခုလိုမျိုး ကြုံခဲ့ရတာကြောင့် အနာဂတ်မှာတော့ အပြောင်းအလဲရှိလာဦးမလား မပြောတတ်သေးကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းကေန စီးရီးေအတန္းတက္ကလပ္ မြန္ဇာအသင္းဆီကို တစ္ႏွစ္ အငွားစာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ကစားေနခဲ့တဲ့ ေနာက္ခံလူ ပါဘလို မာရီဟာ ၿပီးခဲ့တဲ့ ညပိုင္းက အီတလီႏိုင္ငံ မီလန္ၿမိဳ႕က ေရွာ့ပင္းေမာလ္တစ္ခုမွာ စိတ္မႏွံ႔ ႐ူးသြပ္သူတစ္ဦးရဲ႕ ဓားနဲ႔ အထိုးခံခဲ့ရပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ စပိန္သားဟာ သူ႔ရဲ႕ လက္ရွိအသင္း တည္ရွိရာ မြန္ဇာၿမိဳ႕ကေန ၿမိဳ႕ႀကီးတစ္ၿမိဳ႕ျဖစ္တဲ့ မီလန္ကို သြားေရာက္စဥ္မွာ ဒီလို အျဖစ္ဆိုးမ်ိဳးနဲ႔ ႀကဳံေတြ႕ခဲ့ရတာျဖစ္ၿပီး စိတၱဇရာဇဝတ္ေကာင္ဟာ အဲ့ဒီေရွာ့ပင္းေမာလ္မွာ မာရီအပါအဝင္ လူ ၆ ဦးကို ဓားနဲ႔ ထိုးခဲ့တာျဖစ္ၿပီး တစ္ဦးကေတာ့ ကံဆိုးစြာနဲ႔ ေသဆုံးသြားခဲ့ရတာပါ။

ရဲတပ္ဖြဲ႕ရဲ႕ တရားဝင္ သတင္းထုတ္ျပန္ခ်က္မွာေတာ့ ၾကာသပေတးေန႔ညေန ငါးနာရီခြဲက အသက္ ၄၆ ႏွစ္အ႐ြယ္ လူတစ္ဦးဟာ ေရာင္းဖို႔ ျပသထားတဲ့ မီးဖိုေခ်ာင္သုံး ဓားေတြထဲက တစ္ေခ်ာင္းကို ေကာက္ယူခဲ့ၿပီး တိုက္ခိုက္ခဲ့ရာမွာ အသက္ ၃၀ အ႐ြယ္ ကံဆိုးသူတစ္ဦး ကြယ္လြန္သြားခဲ့တယ္လို႔ ဆိုၿပီး ထိခိုက္သူေတြအားလုံးကို ေဆး႐ုံဆီ ရဟတ္ယာဥ္နဲ႔ ပို႔ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

ပါဘလို မာရီအေနနဲ႔ မီလာနီဖိုရီ ဒီအက္ဆာဂို ေရွာ့ပင္းေမာလ္မွာ ဓားနဲ႔ ေက်ာကို အထိုးခံခဲ့ရခ်ိန္မွာ နက္ရႈိင္းတဲ့ ျပတ္ရွဒဏ္ရာကို ရရွိခဲ့ၿပီး ဒီလို အထိုးမခံရခင္မွာေတာ့ စိတၱဇသမားရဲ႕ လက္သီးနဲ႔ ထိုးျခင္းကို အရင္ခံခဲ့ရသလို ႏႈတ္ခမ္းကြဲသြားလို႔ ခ်ဳပ္ခဲ့ရတယ္လို႔ ဆိုၿပီး ဓားဒဏ္ရာကိုေတာ့ ခြဲစိတ္ကုသရဖို႔ လိုအပ္တယ္လို႔လည္း ဆိုပါတယ္။

ကစားသမားရဲ႕ ဖခင္ျဖစ္သူကေတာ့ သူ႔သားနဲ႔ အဆက္အသြယ္ရၿပီးၿပီလို႔ ေျပာခဲ့ၿပီး “သူတို႔က ည ၈ နာရီမွာမွ ဖုန္းေခၚလာတယ္ဗ်။ ကြၽန္ေတာ့္ အတြက္ေတာ့ သိပ္ကို စိုးရိမ္ပူပန္ခဲ့ရတဲ့ အခ်ိန္ျဖစ္သလို ႏွလုံးခုန္တာေတာင္ ရပ္သြားလားလို႔ ထင္ရပါတယ္”လို႔ စပိန္ေရဒီယို ကာဒီနာ ကိုပီကို ေျဖၾကားသြားခဲ့သလို သူ႔ရဲ႕ ေခြၽးမျဖစ္သူကေတာ့ စိတ္ေအးႏိုင္ေအာင္ ေျပာျပသြားခဲ့တယ္လို႔ ဆိုခဲ့တာပါ။

“ဗီ႐ိုနီကာက ဘယ္လိုျဖစ္သလဲေတာ့ သူမျပန္မေျပာျပတတ္ဘူးဗ်။ သူ႔ေရွ႕မွာ လူတစ္ေယာက္ ေသသြားတာကို ျမင္ခဲ့ရတယ္လို႔ေတာ့ ေျပာၿပီး လက္ရွိမွာေတာ့ သူတို႔ႏွစ္ေယာက္စလုံး အေျခအေနေကာင္းပါတယ္လို႔ ကြၽန္ေတာ္တို႔ကို စိတ္ေအးေအးထားဖို႔ ေျပာသြားခဲ့သလို အျဖစ္အပ်က္ကေတာ့ တကယ့္ကို ေျခာက္ျခားစရာပဲလို႔ ေျပာသြားပါတယ္”လို႔ မာရီရဲ႕ ဖခင္က ထုတ္ေဖာ္သြားခဲ့ပါတယ္။

ပါဘလို မာရီအေနနဲ႔ ေက်ာကို ဓားနဲ႔ အထိုးခံခဲ့ရေပမယ့္ အေရးႀကီးတဲ့ အဆုတ္လို အဂၤါအစိတ္ပိုင္းေတြအထိ ဓားသြားရဲ႕ ထိုးေဖာက္ျခင္းကို မခံခဲ့ရဘူးလို႔ သိရၿပီး အသက္အႏၲရာယ္တစ္စုံတစ္ရာ မရွိေတာ့သလို အေပၚယံ ခြဲစိတ္မႈနဲ႔ ဒဏ္ရာကို ခ်ဳပ္ၿပီးရင္ ျပန္ေကာင္းလာႏိုင္မွာျဖစ္ေၾကာင္း သတင္း ၾကားတာနဲ႔ ကိုယ့္လူဆီ ေျပးသြားခဲ့ၾကတဲ့ မြန္ဇာစီအီးအို အက္ဒရီယာႏို ဂယ္လီယာနီနဲ႔ နည္းျပ ရာဖယ္လ္ ပယ္လာဒီႏိုတို႔က ထုတ္ျပန္သြားတာပါ။

စပိန္သားအတြက္ အာဆင္နယ္အသင္းေရာ မြန္ဇာအသင္းေတြကပါ သူ႔နဲ႔ သူ႔ရဲ႕ မိသားစုနဲ႔အတူ ရွိေနၿပီး ကူညီေစာင့္ေရွာက္ေပးသြားမယ္လို႔ ထုတ္ျပန္သြားခဲ့ၿပီး ဂယ္လီယာနီရဲ႕ အဆိုအရေတာ့ အခုလိုမ်ိဳး ဒဏ္ရာက မျပင္းထန္ခဲ့တာက သူ႔ရဲ႕ ၆ ေပ ၄ လက္မရွိၿပီး ျမင့္မားတဲ့ အရပ္ေၾကာင့္ အႏၲရာယ္ မ်ားႏိုင္တဲ့ ေနရာနဲ႔ လြတ္သြားခဲ့တာလို႔ ဆိုသြားခဲ့ပါတယ္။

မာရီဟာ အာဆင္နယ္အသင္းကေန မြန္ဇာကို တန္းမဆင္းရရင္ အၿပီးသတ္ ေခၚယူရမယ့္ အငွားသေဘာတူညီမႈနဲ႔ ေျပာင္းေ႐ႊ႕ကစားေနတာျဖစ္ၿပီး လက္ရွိအခ်ိန္အထိ အသင္းအတြက္ စီးရီးေအ ၈ ပြဲကစား ၁ ဂိုး သြင္းယူထားေပးခဲ့သလို အီတလီေျမမွာ လ်င္လ်င္ျမန္ျမန္ အထိုင္က်ေနခ်ိန္မွာ ခုလိုမ်ိဳး ႀကဳံခဲ့ရတာေၾကာင့္ အနာဂတ္မွာေတာ့ အေျပာင္းအလဲရွိလာဦးမလား မေျပာတတ္ေသးေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.