Premier League

စပါးစ်နဲ့ပွဲမှာ မဖြစ်မနေ ပါစေချင်တဲ့သူကို ပြောလိုက်တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်က ဗုဒ္ဓဟူးနေ့ စပါးစ်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ ခရစ်ရှန် အဲရစ်ဆင် ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်နေပြီး ၎င်းရဲ့အသင်းဟာ နယူးကာဆယ်လ်နဲ့ပွဲမှာ ဖန်တီးနိုင်စွမ်းအားကောင်းတဲ့ ဒိန်းမတ်ကြယ်ပွင့်မပါလို့ အနိုင်မရခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။

ခရစ်ရှန် အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို အလွတ်နဲ့ ပြောင်းရွှေ့လာပြီးကတည်းက တန်ဟက်လက်အောက်မှာ အဓိကကစားသမားဖြစ်လာခဲ့သူဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ တနင်္ဂနွေနေ့က သရေကျခဲ့တဲ့ပွဲစဉ်ကို နာမကျန်းဖြစ်မှုကြောင့် လွဲချော်ခဲ့တာဖြစ်ပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ်ကလည်း နယူးကာဆယ်လ်နဲ့ပွဲကို နာမကျန်းဖြစ်မှုကြောင့် ရုန်းကန်ခဲ့ရပေမယ့် အရန်ခုံကနေ လူစားဝင်ပြီး နာရီဝက်လောက်တော့ ကစားပေးနိုင်ခဲ့ပြီး အနိုင်ဂိုးကိုတောင် သွင်းယူပေးနိုင်လုနီးပါးဖြစ်ခဲ့တာဖြစ်ပါတယ်။

တန်ဟက်က အဲရစ်ဆင်ဟာ အကောင်းဆုံးပုံစံ ရရှိနေတဲ့ စပါးစ်နဲ့ ပွဲစဉ်မှာ အသင်းကို တစ်နည်းနည်းနဲ့ ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေတာဖြစ်ပြီး ယူနိုက်တက်အတွက် ဒိန်းမတ်ကွင်းလယ်ကစားသမားက အရေးပါတဲ့ကစားသမားဆိုတာကိုလည်း သိရှိနေတာ ဖြစ်ပါတယ်။

အဲရစ်ဆင် ပြန်ကစားနိုင်ခြေရှိတဲ့ အချိန်နဲ့ မန်ယူနိုက်တက်က ဒိန်းမတ်ကြယ်ပွင့် မပါဝင်နိုင်ချိန်မှာ ဖန်တီးနိုင်စွမ်းကင်းမဲ့နေမှုနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ တန်ဟက်က အခုလိုပဲ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“သူ ပါဝင်ကစားမပေးနိုင်တဲ့အချိန်မှာ ကျွန်တော်တို့ သူ့ကို သတိရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ လူစာရင်းရှိပြီး ကွင်းထဲမှာ နောက်ထပ် ကစားသမား ၁၁ ဦးရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ နောက်ထပ်အသင်းတစ်သင်းကို တည်ဆောက်ရမှာဖြစ်ပြီး ကျွန်တော်တို့ အားလုံး ကောင်းမွန်နေတဲ့ အရန်ခုံက ကစားသမားတွေကို ခေါ်ယူနိုင်ပါတယ်”

“စပါးစ်နဲ့ပွဲမှာ သူ ပါဝင်ကစားသွားမလားဆိုတာကို ကျွန်တော် မပြောနိုင်ဘူး။ ခင်ဗျားက ဒိန်းမတ်ကဖြစ်ပြီး သိချင်နေတယ်ဆိုတာ ကျွန်တော် သိတယ်။ သူ လက်ရှိ ကျွန်တော်တို့အတွက် ကစားတာ အရမ်းထူးခြားဆန်းကြယ်တယ်ဆိုတာကို ကျွန်တော် ထုတ်ဖော်ပြောကြားချင်ပါတယ်”

“ကျွန်တော်တို့ရဲ့ အသင်းမှာ သူက အခုအချိန် ကျွန်တော်တို့ ဖြစ်နေတာမျိုး ဖြစ်လာအောင် တကယ်ကို ကူညီပေးနေပါတယ်။ သူ ဗုဒ္ဓဟူးနေ့အတွက် ပါဝင်ကစားပေးနိုင်မလားဆိုတာ ကျွန်တော် မသိပေမယ့် ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်နေတယ်ဆိုတာ အမှန်ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။ အဲရစ်ဆင်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းမှာ ၆ နှစ်ခွဲကြာ အချိန်ကုန်ဆုံးခဲ့သူဖြစ်ပြီး ၎င်းရဲ့ အသင်းဟောင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ ပါဝင်ကစားပေးချင်နေမယ်ဆိုတာတော့ သံသယဖြစ်စရာ မရှိတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္က ဗုဒၶဟူးေန႔ စပါးစ္နဲ႔ ရင္ဆိုင္ရမယ့္ပြဲစဥ္မွာ ခရစ္ရွန္ အဲရစ္ဆင္ ပါဝင္ကစားေပးႏိုင္ဖို႔ ေမွ်ာ္လင့္ေနၿပီး ၎ရဲ႕အသင္းဟာ နယူးကာဆယ္လ္နဲ႔ပြဲမွာ ဖန္တီးႏိုင္စြမ္းအားေကာင္းတဲ့ ဒိန္းမတ္ၾကယ္ပြင့္မပါလို႔ အႏိုင္မရခဲ့တာလို႔ ဝန္ခံခဲ့ပါတယ္။

ခရစ္ရွန္ အဲရစ္ဆင္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ကို အလြတ္နဲ႔ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက တန္ဟက္လက္ေအာက္မွာ အဓိကကစားသမားျဖစ္လာခဲ့သူျဖစ္ၿပီး အိုးထရက္ဖို႔ဒ္မွာ တနဂၤေႏြေန႔က သေရက်ခဲ့တဲ့ပြဲစဥ္ကို နာမက်န္းျဖစ္မႈေၾကာင့္ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကလည္း နယူးကာဆယ္လ္နဲ႔ပြဲကို နာမက်န္းျဖစ္မႈေၾကာင့္ ႐ုန္းကန္ခဲ့ရေပမယ့္ အရန္ခုံကေန လူစားဝင္ၿပီး နာရီဝက္ေလာက္ေတာ့ ကစားေပးႏိုင္ခဲ့ၿပီး အႏိုင္ဂိုးကိုေတာင္ သြင္းယူေပးႏိုင္လုနီးပါးျဖစ္ခဲ့တာျဖစ္ပါတယ္။

တန္ဟက္က အဲရစ္ဆင္ဟာ အေကာင္းဆုံးပုံစံ ရရွိေနတဲ့ စပါးစ္နဲ႔ ပြဲစဥ္မွာ အသင္းကို တစ္နည္းနည္းနဲ႔ ကူညီေပးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနတာျဖစ္ၿပီး ယူႏိုက္တက္အတြက္ ဒိန္းမတ္ကြင္းလယ္ကစားသမားက အေရးပါတဲ့ကစားသမားဆိုတာကိုလည္း သိရွိေနတာ ျဖစ္ပါတယ္။

အဲရစ္ဆင္ ျပန္ကစားႏိုင္ေျခရွိတဲ့ အခ်ိန္နဲ႔ မန္ယူႏိုက္တက္က ဒိန္းမတ္ၾကယ္ပြင့္ မပါဝင္ႏိုင္ခ်ိန္မွာ ဖန္တီးႏိုင္စြမ္းကင္းမဲ့ေနမႈနဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့ရာမွာ တန္ဟက္က အခုလိုပဲ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

“သူ ပါဝင္ကစားမေပးႏိုင္တဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ သူ႔ကို သတိရပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔မွာ လူစာရင္းရွိၿပီး ကြင္းထဲမွာ ေနာက္ထပ္ ကစားသမား ၁၁ ဦးရွိပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ေနာက္ထပ္အသင္းတစ္သင္းကို တည္ေဆာက္ရမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔ အားလုံး ေကာင္းမြန္ေနတဲ့ အရန္ခုံက ကစားသမားေတြကို ေခၚယူႏိုင္ပါတယ္”

“စပါးစ္နဲ႔ပြဲမွာ သူ ပါဝင္ကစားသြားမလားဆိုတာကို ကြၽန္ေတာ္ မေျပာႏိုင္ဘူး။ ခင္ဗ်ားက ဒိန္းမတ္ကျဖစ္ၿပီး သိခ်င္ေနတယ္ဆိုတာ ကြၽန္ေတာ္ သိတယ္။ သူ လက္ရွိ ကြၽန္ေတာ္တို႔အတြက္ ကစားတာ အရမ္းထူးျခားဆန္းၾကယ္တယ္ဆိုတာကို ကြၽန္ေတာ္ ထုတ္ေဖာ္ေျပာၾကားခ်င္ပါတယ္”

“ကြၽန္ေတာ္တို႔ရဲ႕ အသင္းမွာ သူက အခုအခ်ိန္ ကြၽန္ေတာ္တို႔ ျဖစ္ေနတာမ်ိဳး ျဖစ္လာေအာင္ တကယ္ကို ကူညီေပးေနပါတယ္။ သူ ဗုဒၶဟူးေန႔အတြက္ ပါဝင္ကစားေပးႏိုင္မလားဆိုတာ ကြၽန္ေတာ္ မသိေပမယ့္ ပါဝင္ကစားေပးႏိုင္ဖို႔ ေမွ်ာ္လင့္ေနတယ္ဆိုတာ အမွန္ပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။ အဲရစ္ဆင္ဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းမွာ ၆ ႏွစ္ခြဲၾကာ အခ်ိန္ကုန္ဆုံးခဲ့သူျဖစ္ၿပီး ၎ရဲ႕ အသင္းေဟာင္းနဲ႔ ရင္ဆိုင္ရမယ့္ပြဲစဥ္မွာ ပါဝင္ကစားေပးခ်င္ေနမယ္ဆိုတာေတာ့ သံသယျဖစ္စရာ မရွိတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.