Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၆.၉.၂၀၂၀

– မန္ခ်က္စတာစီးတီးအသင္းကို လီယြန္နယ္ မက္ဆီ ေရာက္ရွိလာဖို႔ အမွန္တကယ္ ေမွ်ာ္လင့္ခဲ့ေၾကာင္းနဲ႔ အသင္းေဟာင္းလီဗာပူးလ္ထက္ မက္ဆီ အသားက်ႏုိင္မယ့္ ဒီအသင္းမွာ ကစားႏုိင္ဖို႔ ေဘာလုံးပရိသတ္နဲ႔ ဒီကစားနည္းကို ခ်စ္ခင္ျမတ္ႏုိးသူတစ္ဦးအျဖစ္ ေတာင့္တမိခဲ့တယ္လုိ႔ ေျပာၾကား။

– မန္စီးတီးအမ်ဳိးသမီးအသင္းရဲ႕ ဝါရင့္ေနာက္ခံလူ စတက္ဖ္ ေဟာ့တန္ဟာ အမ်ဳိးသမီးကစားသမားေတြထဲမွာ FAWSL ပြဲ ၁၀၀ အႏုိင္ရရွိခဲ့တဲ့ ပထမဆုံးကစားသမားျဖစ္လာခဲ့ၿပီး ဒီစံခ်ိန္ကို ပြဲေပါင္း ၁၄၀ ကစားအၿပီးမွာ ရရွိခဲ့တာလုိ႔ဆို။

– မန္စီးတီးလူငယ္ကစားသမား ဖီးလ္ ဖိုဒန္က အဂၤလန္လက္ေရြးစင္အသင္းမွာ ကစားရတာဟာ အိပ္မက္ေတြ လက္ေတြ႕ျဖစ္လာခဲ့တာ ျဖစ္ၿပီး သိပ္ကို ဂုဏ္ယူမိေၾကာင္းနဲ႔ အသင္းရဲ႕ ပုံမွန္ပြဲထြက္ကစားသမားျဖစ္လာဖို႔ ရည္မွန္းခ်က္ထားေၾကာင္း သူ႕ရဲ႕ အုိက္စလန္နဲ႔ ၆၈ မိနစ္ ကစားခဲ့ရတဲ့ ပြဲဦးထြက္အၿပီးမွာ ေျပာၾကား။

– လာမယ့္အပတ္ထဲမွာ ထပ္မံကမ္းလွမ္းသြားဖို႔ ရွိေနတဲ့ နာပုိလီ ဝါရင့္ေနာက္ခံလူ ခါလီဒူး ကူလီေဘလီရဲ႕ လစာႏွဳန္းထား ထြက္ေပၚလာခဲ့ၿပီး ေနပယ္လ္အသင္းမွာ တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းကိုးေသာင္း ရရွိေနတဲ့ ဆီနီေဂါသားအေနနဲ႔ အစ္တီဟတ္ကို ေရာက္လာရင္ ပိုမိုတိုးတက္ရရွိႏုိင္ဖြယ္ရွိေန။

– ဘုန္းေမာက္အသင္းကေန ေရာက္ရွိလာတဲ့ ေပါင္ ၄၁ သန္းတန္ ေနာက္ခံလူ နာသန္ ေအကီက မန္စီးတီးနဲ႔ ပြဲထြက္ခြင့္ရမယ့္အခ်ိန္ကို ေမွ်ာ္လင့္တႀကီး ေစာင့္စားေနေၾကာင္းနဲ႔ ထိပ္တန္းအဆင့္ စိန္ေခၚမွဳေတြကို လက္ခံဖို႔ အဆင္သင့္ျပင္ထားၿပီးျဖစ္ေၾကာင္းဆုိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာစီးတီးအသင်းကို လီယွန်နယ် မက်ဆီ ရောက်ရှိလာဖို့ အမှန်တကယ် မျှော်လင့်ခဲ့ကြောင်းနဲ့ အသင်းဟောင်းလီဗာပူးလ်ထက် မက်ဆီ အသားကျနိုင်မယ့် ဒီအသင်းမှာ ကစားနိုင်ဖို့ ဘောလုံးပရိသတ်နဲ့ ဒီကစားနည်းကို ချစ်ခင်မြတ်နိုးသူတစ်ဦးအဖြစ် တောင့်တမိခဲ့တယ်လို့ ပြောကြား။

– မန်စီးတီးအမျိုးသမီးအသင်းရဲ့ ဝါရင့်နောက်ခံလူ စတက်ဖ် ဟော့တန်ဟာ အမျိုးသမီးကစားသမားတွေထဲမှာ FAWSL ပွဲ ၁၀၀ အနိုင်ရရှိခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပြီး ဒီစံချိန်ကို ပွဲပေါင်း ၁၄၀ ကစားအပြီးမှာ ရရှိခဲ့တာလို့ဆို။

– မန်စီးတီးလူငယ်ကစားသမား ဖီးလ် ဖိုဒန်က အင်္ဂလန်လက်ရွေးစင်အသင်းမှာ ကစားရတာဟာ အိပ်မက်တွေ လက်တွေ့ဖြစ်လာခဲ့တာ ဖြစ်ပြီး သိပ်ကို ဂုဏ်ယူမိကြောင်းနဲ့ အသင်းရဲ့ ပုံမှန်ပွဲထွက်ကစားသမားဖြစ်လာဖို့ ရည်မှန်းချက်ထားကြောင်း သူ့ရဲ့ အိုက်စလန်နဲ့ ၆၈ မိနစ် ကစားခဲ့ရတဲ့ ပွဲဦးထွက်အပြီးမှာ ပြောကြား။

– လာမယ့်အပတ်ထဲမှာ ထပ်မံကမ်းလှမ်းသွားဖို့ ရှိနေတဲ့ နာပိုလီ ဝါရင့်နောက်ခံလူ ခါလီဒူး ကူလီဘေလီရဲ့ လစာနှုန်းထား ထွက်ပေါ်လာခဲ့ပြီး နေပယ်လ်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းကိုးသောင်း ရရှိနေတဲ့ ဆီနီဂေါသားအနေနဲ့ အစ်တီဟတ်ကို ရောက်လာရင် ပိုမိုတိုးတက်ရရှိနိုင်ဖွယ်ရှိနေ။

– ဘုန်းမောက်အသင်းကနေ ရောက်ရှိလာတဲ့ ပေါင် ၄၁ သန်းတန် နောက်ခံလူ နာသန် အေကီက မန်စီးတီးနဲ့ ပွဲထွက်ခွင့်ရမယ့်အချိန်ကို မျှော်လင့်တကြီး စောင့်စားနေကြောင်းနဲ့ ထိပ်တန်းအဆင့် စိန်ခေါ်မှုတွေကို လက်ခံဖို့ အဆင်သင့်ပြင်ထားပြီးဖြစ်ကြောင်းဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.