Premier League

လီဗာပူးလ်နဲ့စီးတီးမှာ လူဆိုးဖြစ်ခဲ့သူမှ သူရဲကောင်းလို့သတ်မှတ်ထားတဲ့ ဟာလန်း

မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းက ၎င်းရဲ့ ငယ်ဘဝ သူရဲကောင်းတွေဟာ ဇလာတန် အီဘရာဟီမိုဗစ်နဲ့ မာရီယို ဘာလော့တယ်လီတို့ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး အီတလီတိုက်စစ်မှူးကို အသက်နဲ့ပါ ပုံပြီး ယုံကြည်မှုရှိတယ်လို့တောင် ပြောကြားခဲ့တာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဒေါ့မွန်ကနေ အစ်တီဟတ်ကို ပြောင်းရွှေ့လာပြီးကတည်းက ယခုရာသီ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၂၀ အထိ သွင်းယူထားပြီး အင်္ဂလိပ်ဘောလုံးလောကကို တုန်လှုပ်စေခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ဟာလန်းအနေနဲ့ တနင်္ဂနွေနေ့ အန်းဖီးမှာ လီဗာပူးလ်နဲ့ တွေ့ဆုံယှဉ်ပြိုင်တဲ့ အချိန်ကျရင် လက်ရှိအချိန်အထိ မန်စီးတီး ကစားသမားဘဝမှာ အခက်ခဲဆုံး စမ်းသပ်မှုကြီးနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

အန်းဖီးက ပွဲကြီးပွဲကောင်းမတိုင်ခင်မှာ ဟာလန်းက Sky Sports နဲ့ အတူ ရှားရှားပါးပါး အင်တာဗျူးမှာ ၎င်းရဲ့ ကိုယ်ပိုင်ဘဝအကြောင်း အသေးစိတ် ပြောဆိုဆွေးနွေးခဲ့ပြီး ဂယ်ရီ နဗီးက နော်ဝေတိုက်စစ်မှူးကို ကလေးဘဝတုန်းက ဘယ်သူတွေကို ကြည့်ပြီး ကြီးပြင်းခဲ့ရလဲဆိုတဲ့အကြောင်းအရာအပါအဝင် ကွင်းပြင်ပက ကိစ္စတွေကို ဖွင့်ဟပြောဆိုဖို့ အကူအညီပေးခဲ့တာဖြစ်ပါတယ်။

ဟာလန်းရဲ့ ဖခင် အဲ့လ်ဖ်-အင့်ဂ် ဟာလန်းကလည်း မန်စီးတီးကစားသမားဟောင်းတစ်ဦးဖြစ်တာကြောင့် ဟာလန်းအတွက်တော့ အလွယ်တကူရွေးချယ်စရာနာမည်အဖြစ် ရှိနေပေမယ့်လည်း ဇလာတန် အီဘရာဟီမိုဗစ်အပြီးမှာ ဘာလော့တယ်လီရဲ့ နာမည်ကို အံ့အားသင့်ဖွယ် ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့် အဖေမပါဘူးဆိုရင် ကျွန်တော့်ငယ်ဘဝ သူရဲကောင်းက ဇလာတန် အီဘရာဟီမိုဗစ်ပါ”လို့ ဟာလန်းက ကျောနံပါတ် ၄၅ ကို ဝတ်ဆင်ထားတဲ့ ၎င်းရဲ့ ဗီဒီယိုဖိုင်ကို မပြသမီ ဖြေကြားခဲ့ပြီးနောက် အဲဒီကျောနံပါတ်ဟာ မာရီယို ဘာလော့တယ်လီ ကစားသမားဘဝတလျှောက်လုံး ဝတ်ဆင်ခဲ့တဲ့ နံပါတ်ဖြစ်ပေမယ့် လူသိများအကျော်ကြားဆုံးကတော့ ၂၀၁၀ ကနေ ၂၀၁၃ ကြား စီးတီးမှာ ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ ဟာလန်းက သေရေးရှင်ရေးဖြစ်နေတဲ့အချိန်မှာ ပင်နယ်တီ ကန်သွင်းခိုင်းဖို့ ဘယ်သူ့ကို ယုံကြည်မှုပေးမလဲလို့ မေးမြန်းခံခဲ့ရချိန်မှာ ဒေါ့မွန်ကြယ်ပွင့်ဟောင်းက ကိုယ့်ကိုကိုယ် အရမ်းယုံကြည်မှုရှိတာကြောင့် ကိုယ့်ကိုကိုယ်ပဲ ရွေးချယ်မိလိမ့်မယ်လို့ ပြောကြားခဲ့ပေမယ့် တခြားတစ်ယောက်ရွေးချယ်ရမယ်ဆိုရင်တော့ မာရီယို ဘာလော့တယ်လီကိုပဲ ရွေးချယ်မိလိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဘာလော့တယ်လီဟာ ကစားသမားဘဝတလျှောက်မှာ ကန်သွင်းခဲ့တဲ့ ပင်နယ်တီ ၁၉ ကြိမ်စလုံးကို တစ်ကြိမ်မှ မလွဲဘဲ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ ပြီးပြည့်စုံတဲ့ စံချိန် ပိုင်ဆိုင်ထားခဲ့သူဖြစ်ပြီး အဲဒါကြောင့်လည်း ဟာလန်းက ရွေးချယ်ခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

“ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ်အရမ်းယုံကြည်တဲ့အတွက် ကျွန်တော်ပဲလို့ ပြောကောင်းပြောရပါလိမ့်မယ်။ တခြား ကောင်းတဲ့သူအချို့မရှိဘူးလားဆိုရင် ကျွန်တော်ကတော့ မာရီယို ဘာလော့တယ်လီဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောရမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ သူက ပင်နယ်တီ ကန်သွင်းသူတစ်ယောက်အနေနဲ့ ကျွန်တော် မြင်တွေ့ဖူးသမျှထဲမှာ အကောင်းဆုံးဖြစ်ကောင်းဖြစ်နေခဲ့နိုင်လို့ပါ။ ခင်ဗျား သူ လုပ်ခဲ့တဲ့ဟာတွေအားလုံးကို မှတ်မိလား။ ရူးသွပ်ချင်စရာပဲ။ သူက တကယ်တမ်းတော့ တကယ်ကောင်းတဲ့သူတစ်ယောက်ပါ။ အဲဒီတော့ သေရေးရှင်ရေးမှာ ပင်နယ်တီကန်သွင်းဖို့ ယုံကြည်မှုပေးရမယ်ဆိုရင် ကျွန်တော့်ဘာသာ ဒါမှမဟုတ် သူပဲ ဖြစ်လိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီး တိုက္စစ္မႉး အာလင္း ဟာလန္းက ၎ရဲ႕ ငယ္ဘဝ သူရဲေကာင္းေတြဟာ ဇလာတန္ အီဘရာဟီမိုဗစ္နဲ႔ မာရီယို ဘာေလာ့တယ္လီတို႔ျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး အီတလီတိုက္စစ္မႉးကို အသက္နဲ႔ပါ ပုံၿပီး ယုံၾကည္မႈရွိတယ္လို႔ေတာင္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေဒါ့မြန္ကေန အစ္တီဟတ္ကို ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ယခုရာသီ ၿပိဳင္ပြဲစုံမွာ သြင္းဂိုး ၂၀ အထိ သြင္းယူထားၿပီး အဂၤလိပ္ေဘာလုံးေလာကကို တုန္လႈပ္ေစခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ ဟာလန္းအေနနဲ႔ တနဂၤေႏြေန႔ အန္းဖီးမွာ လီဗာပူးလ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္တဲ့ အခ်ိန္က်ရင္ လက္ရွိအခ်ိန္အထိ မန္စီးတီး ကစားသမားဘဝမွာ အခက္ခဲဆုံး စမ္းသပ္မႈႀကီးနဲ႔ ရင္ဆိုင္ရေတာ့မွာ ျဖစ္ပါတယ္။

အန္းဖီးက ပြဲႀကီးပြဲေကာင္းမတိုင္ခင္မွာ ဟာလန္းက Sky Sports နဲ႔ အတူ ရွားရွားပါးပါး အင္တာဗ်ဴးမွာ ၎ရဲ႕ ကိုယ္ပိုင္ဘဝအေၾကာင္း အေသးစိတ္ ေျပာဆိုေဆြးေႏြးခဲ့ၿပီး ဂယ္ရီ နဗီးက ေနာ္ေဝတိုက္စစ္မႉးကို ကေလးဘဝတုန္းက ဘယ္သူေတြကို ၾကည့္ၿပီး ႀကီးျပင္းခဲ့ရလဲဆိုတဲ့အေၾကာင္းအရာအပါအဝင္ ကြင္းျပင္ပက ကိစၥေတြကို ဖြင့္ဟေျပာဆိုဖို႔ အကူအညီေပးခဲ့တာျဖစ္ပါတယ္။

ဟာလန္းရဲ႕ ဖခင္ အဲ့လ္ဖ္-အင့္ဂ္ ဟာလန္းကလည္း မန္စီးတီးကစားသမားေဟာင္းတစ္ဦးျဖစ္တာေၾကာင့္ ဟာလန္းအတြက္ေတာ့ အလြယ္တကူေ႐ြးခ်ယ္စရာနာမည္အျဖစ္ ရွိေနေပမယ့္လည္း ဇလာတန္ အီဘရာဟီမိုဗစ္အၿပီးမွာ ဘာေလာ့တယ္လီရဲ႕ နာမည္ကို အံ့အားသင့္ဖြယ္ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ့္ အေဖမပါဘူးဆိုရင္ ကြၽန္ေတာ့္ငယ္ဘဝ သူရဲေကာင္းက ဇလာတန္ အီဘရာဟီမိုဗစ္ပါ”လို႔ ဟာလန္းက ေက်ာနံပါတ္ ၄၅ ကို ဝတ္ဆင္ထားတဲ့ ၎ရဲ႕ ဗီဒီယိုဖိုင္ကို မျပသမီ ေျဖၾကားခဲ့ၿပီးေနာက္ အဲဒီေက်ာနံပါတ္ဟာ မာရီယို ဘာေလာ့တယ္လီ ကစားသမားဘဝတေလွ်ာက္လုံး ဝတ္ဆင္ခဲ့တဲ့ နံပါတ္ျဖစ္ေပမယ့္ လူသိမ်ားအေက်ာ္ၾကားဆုံးကေတာ့ ၂၀၁၀ ကေန ၂၀၁၃ ၾကား စီးတီးမွာ ဝတ္ဆင္ခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာ ဟာလန္းက ေသေရးရွင္ေရးျဖစ္ေနတဲ့အခ်ိန္မွာ ပင္နယ္တီ ကန္သြင္းခိုင္းဖို႔ ဘယ္သူ႔ကို ယုံၾကည္မႈေပးမလဲလို႔ ေမးျမန္းခံခဲ့ရခ်ိန္မွာ ေဒါ့မြန္ၾကယ္ပြင့္ေဟာင္းက ကိုယ့္ကိုကိုယ္ အရမ္းယုံၾကည္မႈရွိတာေၾကာင့္ ကိုယ့္ကိုကိုယ္ပဲ ေ႐ြးခ်ယ္မိလိမ့္မယ္လို႔ ေျပာၾကားခဲ့ေပမယ့္ တျခားတစ္ေယာက္ေ႐ြးခ်ယ္ရမယ္ဆိုရင္ေတာ့ မာရီယို ဘာေလာ့တယ္လီကိုပဲ ေ႐ြးခ်ယ္မိလိမ့္မယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဘာေလာ့တယ္လီဟာ ကစားသမားဘဝတေလွ်ာက္မွာ ကန္သြင္းခဲ့တဲ့ ပင္နယ္တီ ၁၉ ႀကိမ္စလုံးကို တစ္ႀကိမ္မွ မလြဲဘဲ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တဲ့ ၿပီးျပည့္စုံတဲ့ စံခ်ိန္ ပိုင္ဆိုင္ထားခဲ့သူျဖစ္ၿပီး အဲဒါေၾကာင့္လည္း ဟာလန္းက ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။

“ကြၽန္ေတာ္ကေတာ့ ကိုယ့္ကိုကိုယ္အရမ္းယုံၾကည္တဲ့အတြက္ ကြၽန္ေတာ္ပဲလို႔ ေျပာေကာင္းေျပာရပါလိမ့္မယ္။ တျခား ေကာင္းတဲ့သူအခ်ိဳ႕မရွိဘူးလားဆိုရင္ ကြၽန္ေတာ္ကေတာ့ မာရီယို ဘာေလာ့တယ္လီျဖစ္ေကာင္းျဖစ္ႏိုင္တယ္လို႔ ေျပာရမယ္ထင္တယ္။ ဘာလို႔လဲဆိုေတာ့ သူက ပင္နယ္တီ ကန္သြင္းသူတစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္ ျမင္ေတြ႕ဖူးသမွ်ထဲမွာ အေကာင္းဆုံးျဖစ္ေကာင္းျဖစ္ေနခဲ့ႏိုင္လို႔ပါ။ ခင္ဗ်ား သူ လုပ္ခဲ့တဲ့ဟာေတြအားလုံးကို မွတ္မိလား။ ႐ူးသြပ္ခ်င္စရာပဲ။ သူက တကယ္တမ္းေတာ့ တကယ္ေကာင္းတဲ့သူတစ္ေယာက္ပါ။ အဲဒီေတာ့ ေသေရးရွင္ေရးမွာ ပင္နယ္တီကန္သြင္းဖို႔ ယုံၾကည္မႈေပးရမယ္ဆိုရင္ ကြၽန္ေတာ့္ဘာသာ ဒါမွမဟုတ္ သူပဲ ျဖစ္လိမ့္မယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.