Premier League Transfer News

နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု – ၆.၉.၂၀၂၀

– ချဲလ်ဆီးကွင်းလယ်လူ မေဆန်မောင့်ကတော့ အသင်းကို ရောက်ရှိလာတဲ့ ကစားသမားတွေနဲ့ ပြိုင်ဆိုင်ရမှာကို မပျော်နိုင်ဘဲဖြစ်နေပြီး နယ်မြေသစ်ကို ရောက်လာတဲ့ ဇီယက်ခ်ျနဲ့ ဟာဗတ်ဇ်တို့တွေနဲ့ တိုက်ပွဲဝင်သွားဖို့ အဆင်သင့်ပဲလို့ဆို။

– တိုက်စစ်မှူးဟောင်း ကာလ်တန် ကိုးလ်က ချဲလ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျဟာ စပါးစ်အသင်းကို မနှစ်သက်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ ဆေးပါစစ်ပြီးခဲ့တဲ့ အပြောင်းအရွှေ့လုပ်ဆောင်မှုကို ပိတ်ပင်တားဆီးခဲ့ကြောင်းနဲ့ စပါးစ်နဲ့ ဘယ်တော့မှ အလုပ်မလုပ်ဘူးလို့ ပြောကြားခဲ့ဖူးကြောင်း ထုတ်ဖော်သွား။

– ချဲလ်ဆီးအသင်းရဲ့ လက်ရှိကစားသမားတွေကို ပေးချေနေရတဲ့ လစာနှုန်းထား ထွက်ပေါ်လာခဲ့ပြီး ကစားသမားသစ် ဟာဗတ်ဇ်အနေနဲ့ အမြင့်ဆုံးအဖြစ် တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းတစ်သောင်းရရှိသွားမှာဖြစ်သလို ဒုတိယနေရာ တီမို ဗာနာရဲ့ ပေါင်တစ်သိန်းခုနစ်သောင်းထက် နှစ်ဆနီးပါး ရရှိခဲ့ပြီး ပေါင်တစ်သိန်းကျော်ပေးချေခဲ့ရတဲ့ ကစားသမားတွေထဲမှာတော့ ထိပ်ဆုံးဆယ်ယောက်စာရင်းကို ကီပါ၊ ကွန်တေ၊ ပူလီဆစ်ခ်ျ၊ ဟတ်ဒ်ဆန်-အိုဒွိုင်း၊ ဂျော်ဂျင်ညို၊ ဂျီရူး၊ ကိုဗာချစ်၊ ဘာကလီတို့ ပါဝင်နေတယ်လို့ သိရ။



REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– ချဲလ်ဆီးကွင်းလယ်လူ မေဆန်မောင့်ကတော့ အသင်းကို ရောက်ရှိလာတဲ့ ကစားသမားတွေနဲ့ ပြိုင်ဆိုင်ရမှာကို မပျော်နိုင်ဘဲဖြစ်နေပြီး နယ်မြေသစ်ကို ရောက်လာတဲ့ ဇီယက်ချ်နဲ့ ဟာဗတ်ဇ်တို့တွေနဲ့ တိုက်ပွဲဝင်သွားဖို့ အဆင်သင့်ပဲလို့ဆို။

– တိုက်စစ်မှူးဟောင်း ကာလ်တန် ကိုးလ်က ချဲလ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်ဟာ စပါးစ်အသင်းကို မနှစ်သက်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ ဆေးပါစစ်ပြီးခဲ့တဲ့ အပြောင်းအရွှေ့လုပ်ဆောင်မှုကို ပိတ်ပင်တားဆီးခဲ့ကြောင်းနဲ့ စပါးစ်နဲ့ ဘယ်တော့မှ အလုပ်မလုပ်ဘူးလို့ ပြောကြားခဲ့ဖူးကြောင်း ထုတ်ဖော်သွား။

– ချဲလ်ဆီးအသင်းရဲ့ လက်ရှိကစားသမားတွေကို ပေးချေနေရတဲ့ လစာနှုန်းထား ထွက်ပေါ်လာခဲ့ပြီး ကစားသမားသစ် ဟာဗတ်ဇ်အနေနဲ့ အမြင့်ဆုံးအဖြစ် တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းတစ်သောင်းရရှိသွားမှာဖြစ်သလို ဒုတိယနေရာ တီမို ဗာနာရဲ့ ပေါင်တစ်သိန်းခုနစ်သောင်းထက် နှစ်ဆနီးပါး ရရှိခဲ့ပြီး ပေါင်တစ်သိန်းကျော်ပေးချေခဲ့ရတဲ့ ကစားသမားတွေထဲမှာတော့ ထိပ်ဆုံးဆယ်ယောက်စာရင်းကို ကီပါ၊ ကွန်တေ၊ ပူလီဆစ်ချ်၊ ဟတ်ဒ်ဆန်-အိုဒွိုင်း၊ ဂျော်ဂျင်ညို၊ ဂျီရူး၊ ကိုဗာချစ်၊ ဘာကလီတို့ ပါဝင်နေတယ်လို့ သိရ။

– ဒက်ကလန် ရိုက်စ်ကို ခေါ်ယူဖို့ နည်းပြ ဖရန့် လမ်းပတ်က အသည်းအသန် အလိုရှိနေတဲ့အတွက် ချဲလ်ဆီးတာဝန်ရှိသူတွေအနေနဲ့ အပြောင်းအရွှေ့ရန်ပုံငွေရရှိနိုင်ဖို့ ဥရောပအသင်းကြီးတွေ စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ အန်ဂိုလို ကွန်တေကို ရောင်းချသွားဖွယ်ရှိနေ။

– လာမယ့်အပတ်ထဲမှာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အမီ ပီတာချက်ရဲ့ လွှမ်းမိုးမှုနဲ့ ရင်းနေးဂိုးသမား အေဒူယာ မန်ဒီကို ချဲလ်ဆီးတို့ ခေါ်ယူသွားနိုင်ဖွယ်ရှိပြီး အင်္ဂလန်ရဲ့ တင်းကျပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းတွေအရတော့ ကွာရန်တင်းနဲ့ စောင့်ဆိုင်းရဖွယ် ရှိနေသေး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.