Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၆.၉.၂၀၂၀

– ေနာက္ဆုံးေလ့က်င့္ခန္းအစီအစဥ္ကေန အာဆင္နယ္ကစားသမားသုံးဦး ေပ်ာက္ဆုံးေနၿပီး ဆုိကရာတစ္ ပါပါစတာသိုပူးေလာ့စ္၊ အီမီးလ္ စမစ္႐ုိးနဲ႔ လူးကပ္စ္ ေတာ္ရဲရားတုိ႔ျဖစ္တယ္လို႔ သတင္းေတြ ေဖာ္ျပ။ သုံးဦးစလုံးအေနနဲ႔ အေျပာင္းအေရႊ႕အတြက္ ခ်ိတ္ဆက္ေနၾကၿပီး စမစ္႐ိုးကေတာ့ ပရီးမီးယားလိဂ္တစ္သင္းသင္းကို အငွားထြက္ခြာႏုိင္။

– ကလပ္အသင္းရဲ႕ အက်ႌအေရာင္းဆုိင္မွာ အုိေဇးလ္ရဲ႕ နံပါတ္ ၁၀ အက်ႌကို မေတြ႕ခဲ့ရတာေၾကာင့္ အသင္းအေနနဲ႔ သူ႕ကို ရွင္းထုတ္သြားဖို႔ ခန္႔မွန္းသံေတြ ထြက္ေပၚေနၿပီး ပရိသတ္ေတြကေတာ့ အသင္းအေနနဲ႔ နံပါတ္ ၁၀ အသစ္တစ္ေယာက္ကို ရရွိေတာ့မယ္လို႔ဆိုေနၾက။

– ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါအတြက္ အာဆင္နယ္အသင္းရဲ႕ ေပါင္ ၂၅ သန္း+ မက္တီယို ဂန္ဒူဇီနဲ႔ ကမ္းလွမ္းမွဳက ပယ္ခ်ခံခဲ့ရၿပီး လီယြန္အသင္းဘက္က ေငြသားသက္သက္သာ အလိုရွိေနတာျဖစ္လို႔ သူ႕ကို အလိုရွိေနတဲ့ နည္းျပ အာတီတာနဲ႔ တာဝန္ရွိသူေတြ အေနနဲ႔ ကစားသမားေရာင္းခ်ရမွဳအေပၚ မူတည္ၿပီး ထပ္မံႀကဳိးစားသြားဖို႔ရွိေန။

– တိုရီႏိုအသင္းရဲ႕ ဥကၠဌ အူရ္ဘာႏို ကိုင္႐ိုကေတာ့ လူးကပ္စ္ ေတာ္ရဲရားကို မိမိတုိ႔အသင္းအေနနဲ႔ အမွန္တကယ္ စိတ္ဝင္စားေနတယ္လို႔ ထုတ္ေဖာ္ေျပာၾကားလုိက္ၿပီး ဖီအုိရင္တီးနားအသင္းနဲ႔အၿပဳိင္ အာဆင္နယ္ဆီ ကမ္းလွမ္းသြားဖို႔ရွိေန။

– အသက္ ၂၂ ႏွစ္အရြယ္ ျပင္သစ္ကြင္းလယ္လူ ေအာဝါရဲ႕ ေအးဂ်င့္ဆီ အာဆင္နယ္အသင္းက ဆက္သြယ္စုံစမ္းခဲ့ၿပီး အေျပာင္းအေရႊ႕ အတြက္ သတ္မွတ္ေဈးႏွဳန္းကို လီယြန္ဘက္က ယူ႐ိုသန္း ၆၀ နဲ႔သာ ေရာင္းခ်သြားမယ္လုိ႔ တုံ႔ျပန္ထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– နောက်ဆုံးလေ့ကျင့်ခန်းအစီအစဉ်ကနေ အာဆင်နယ်ကစားသမားသုံးဦး ပျောက်ဆုံးနေပြီး ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်၊ အီမီးလ် စမစ်ရိုးနဲ့ လူးကပ်စ် တော်ရဲရားတို့ဖြစ်တယ်လို့ သတင်းတွေ ဖော်ပြ။ သုံးဦးစလုံးအနေနဲ့ အပြောင်းအရွှေ့အတွက် ချိတ်ဆက်နေကြပြီး စမစ်ရိုးကတော့ ပရီးမီးယားလိဂ်တစ်သင်းသင်းကို အငှားထွက်ခွာနိုင်။

– ကလပ်အသင်းရဲ့ အင်္ကျီအရောင်းဆိုင်မှာ အိုဇေးလ်ရဲ့ နံပါတ် ၁၀ အင်္ကျီကို မတွေ့ခဲ့ရတာကြောင့် အသင်းအနေနဲ့ သူ့ကို ရှင်းထုတ်သွားဖို့ ခန့်မှန်းသံတွေ ထွက်ပေါ်နေပြီး ပရိသတ်တွေကတော့ အသင်းအနေနဲ့ နံပါတ် ၁၀ အသစ်တစ်ယောက်ကို ရရှိတော့မယ်လို့ဆိုနေကြ။

– ကွင်းလယ်လူ ဟူဆင်းမ် အောဝါအတွက် အာဆင်နယ်အသင်းရဲ့ ပေါင် ၂၅ သန်း+ မက်တီယို ဂန်ဒူဇီနဲ့ ကမ်းလှမ်းမှုက ပယ်ချခံခဲ့ရပြီး လီယွန်အသင်းဘက်က ငွေသားသက်သက်သာ အလိုရှိနေတာဖြစ်လို့ သူ့ကို အလိုရှိနေတဲ့ နည်းပြ အာတီတာနဲ့ တာဝန်ရှိသူတွေ အနေနဲ့ ကစားသမားရောင်းချရမှုအပေါ် မူတည်ပြီး ထပ်မံကြိုးစားသွားဖို့ရှိနေ။

– တိုရီနိုအသင်းရဲ့ ဥက္ကဌ အူရ်ဘာနို ကိုင်ရိုကတော့ လူးကပ်စ် တော်ရဲရားကို မိမိတို့အသင်းအနေနဲ့ အမှန်တကယ် စိတ်ဝင်စားနေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပြီး ဖီအိုရင်တီးနားအသင်းနဲ့အပြိုင် အာဆင်နယ်ဆီ ကမ်းလှမ်းသွားဖို့ရှိနေ။

– အသက် ၂၂ နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူ အောဝါရဲ့ အေးဂျင့်ဆီ အာဆင်နယ်အသင်းက ဆက်သွယ်စုံစမ်းခဲ့ပြီး အပြောင်းအရွှေ့ အတွက် သတ်မှတ်ဈေးနှုန်းကို လီယွန်ဘက်က ယူရိုသန်း ၆၀ နဲ့သာ ရောင်းချသွားမယ်လို့ တုံ့ပြန်ထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.