Analysis Match Preview Premier League

ပရီးမီးယားလိဂ် ပွဲစဉ်(၁၁)အတွက် ပေါလ်မာဆန်ရဲ့ ခန့်မှန်းချက်များ

ဘရန့်ဖို့ဒ်-ဘရိုက်တန်
ပြီးခဲ့တဲ့ ပွဲက အိမ်ကွင်း ရှုံးထားတဲ့ ဘရိုက်တန်နဲ့ တွေ့ရတာက အရှုံးသံသရာလည်နေတဲ့ ဘရန့်ဖို့ဒ်အတွက်တော့ ကွန်မြူနတီ စတေဒီယမ်မှာ အားတက်စရာပဲဖြစ်ပါတယ်။ ဒီပွဲဟာ သူတို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်နေပြီး နောက်ထပ်တစ်ပွဲမှာ ချဲလ်ဆီးနဲ့ တွေ့ဦးမှာဖြစ်လို့ ဘဝတွေ ခါးသွားနိုင်တဲ့ အခြေအနေမှာ ညှစ်ရုန်းလာမှာဖြစ်ပါတယ်။ ဘရိုက်တန်တို့ကလည်း နည်းပြသစ် ဒီဇာဘီရဲ့ ဂရေဟမ် ပေါ့တာနဲ့ မနီးရိုးစွဲပုံစံကြောင့် သူတို့ရဲ့ ကစားပုံက မူလအတိုင်း ရှိနေသေးတာကြောင့် ဘရန့်ဖို့ဒ်ရဲ့ အန္တရာယ်ကိုတော့ ကျော်ဖြတ်သွားနိုင်ဖို့ များနေပါတယ်။ (ဘရန့်ဖို့ဒ် 1-2 ဘရိုက်တန်)

လက်စတာစီးတီး-ခရစ္စတယ်လ် ပဲလေ့စ်
အရင်အပတ်က ဘုန်းမောက်ကို လက်စတာ ရှုံးခဲ့တယ်ဆိုတာက ရှော့ရသွားနိုင်တဲ့ အခြေအနေပါပဲ။ ပဲလေ့စ်တို့ကတော့ လိဒ်စ်နဲ့ပွဲမှာ ကစားပုံ မကောင်းလှပေမယ့် နိုင်ပွဲရယူထားပါတယ်။ လက်စတာတို့ တန်းဆင်းဇုန်ရောက်နေပေမယ့် ဘရန်ဒန် ရော့ဂျားစ်ကို ထုတ်မယ့် ပုံစံမျိုး မရှိသေးတာကြောင့် သူတို့တွေ လူစုံလာရင် ပြန်ကောင်းလာနိုင်သေးပြီး အစားထိုးရမယ့်သူလည်း ရှာတွေ့ဦးမယ် မထင်ပါဘူး။ မြေခွေးတွေအနေနဲ့ ရှုံးပွဲအတွက် တုံ့ပြန်မယ် ဆိုပေမယ့် ပဲလေ့စ်နဲ့ ဗီယာရာတို့ကလည်း သိပ်မလွယ်တာကြောင့် တစ်ဖက်ဖက်ကို အနိုင်ခန့်မှန်းဖို့ ခက်နေပါတယ်။ (လက်စတာ 2-2 ပဲလေ့စ်)

ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်-နော့တင်ဟမ် ဖောရက်စ်
ချဲလ်ဆီးနဲ့ပွဲမှာ ဝုလ်ဗ်စ်တို့ ကစားပုံ မဆိုးလှပေမယ့် ခံစစ်ကတော့ တော်တော်စုတ်ပြတ်နေလို့ စိုးရိမ်စရာပါပဲ။ ဖောရက်စ်တို့ကတော့ သူတို့တွေ ပရီးမီးယားလိဂ်မှာ တင်ကျန်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသဖို့ ကြိုးစားနေပေမယ့် မအောင်မြင်သေးပါဘူး။ ဒီယေဂို ကော်စတာ ပါလာနိုင်ရင်တော့ ဖောရက်စ်တို့ ဘုရားတရမှာဖြစ်ပြီး နည်းပြကို ထုတ်ပယ်ထားခဲ့တဲ့ ဝုလ်ဗ်စ်တို့အနေနဲ့ နည်းပြကို သက်တမ်းတိုးပြီး ဒုံရင်းဒုံရင်းပဲဖြစ်နေတဲ့ ဧည့်သည်တွေကို နိုင်ပွဲဆင်နွှဲပြီး တန်းဆင်းဇုန်က ရုန်းထွက်နိုင်ပါလိမ့်မယ်။ (ဝုလ်ဗ်စ် 3-1 ဖောရက်စ်)

ဖူလ်ဟမ်-ဘုန်းမောက်
ချန်ပီယံရှစ် တန်းတက်တွေရဲ့ တွေ့ဆုံမှုဖြစ်ပြီး နှစ်သင်းစလုံးအနေနဲ့ နေရာဟောင်းကို မပြန်ရဖို့ တတ်နိုင်သလောက် ကြိုးစားနေကြပါတယ်။ မီထရိုဗစ်ချ် ကစားနိုင်ရင်တော့ ဖူလ်ဟမ်တို့ ရလဒ်ကောင်းမှာဖြစ်ပြီး လက်ရှိမှာတော့ ဘုန်းမောက်ရဲ့ ကြံ့ခိုင်တဲ့ ခံစစ်ကို ကျော်ဖြတ်နိုင်မလားဆိုတာ မေးခွန်းထုတ်စရာပါ။ ဒါပေမယ့် ပရီးမီးယားလိဂ် အတွေ့အကြုံ ပိုများတဲ့ မာကို ဆေးလ်ဗားနဲ့ အိမ်ရှင်တို့ရဲ့ အစုအဖွဲ့က အတွေ့အကြုံနည်းတဲ့ ပြိုင်ဘက် နည်းပြ ဂယ်ရီ အိုနီးလ်ရဲ့ ဧည့်သည်တွေကို အလဲထိုးနိုင်စွမ်းရှိပြီး ကပ်အနိုင်ယူသွားမယ်လို့ ထင်ပါတယ်။ (ဖူလ်ဟမ် 2-1 ဘုန်းမောက်)

တော့တင်ဟမ်ဟော့စပါး-အဲဗာတန်
မြောက်လန်ဒန်ဒါဘီ ရှုံးပွဲအပြီးမှာ စပါးစ်တို့ ပုံစံကောင်းရဖို့ ကြိုးစားတည်ဆောက်နိုင်ခဲ့ကြပါတယ်။ ဆွန်ဟောင်မင်က ဒီရလဒ်တွေရဲ့ တာဝန်ခံ ဖြစ်ပြီး နည်းပြ ကွန်တီနဲ့ အသင်းရဲ့ အကောင်းဆုံး မဟုတ်သေးတဲ့ ကစားပုံကို ရလဒ်ကောင်းတွေ ထွက်ပေါ်အောင် ခြေစွမ်းပြပေးနိုင်ခဲ့တာပါ။ အဲဗာတန်နဲ့ နည်းပြ ဖရန့် လမ်းပတ်တို့ကတော့ သူ့လူတွေနဲ့ ကွင်းလယ်သမားပါလို့ဆိုတဲ့ အီဝိုဘီတို့ကို အယုံကြည်လွန်နေပြီး မန်ယူနဲ့ပွဲမှာ ပေါ့ဆတဲ့ ကစားဟန်တွေက သူတို့ကို ကြီးကြီးမားမား အပြစ်ပေးခဲ့သလို စုဖွဲ့မှုကလည်း အသင်းကြီးတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်း နည်းနေခဲ့တာကြောင့် ကစားပုံ မကောင်းတောင် အနိုင်ယူတတ်တဲ့ စပါးစ်တို့ သုံးမှတ်ယူသွားပါလိမ့်မယ်။ (စပါးစ် 2-1 အဲဗာတန်)

ဆောက်သမ်တန်-ဝက်စ်ဟမ်းယူနိုက်တက်
အိမ်ရှင်ပရိသတ်တွေကတော့ နည်းပြ ဟေဆန်ဟွတ်တယ်လ်ကို ငြိုငြင်နေကြပြီဖြစ်ပြီး နိုင်ပွဲရဖို့ ရာဇသံပေးနေကြပါပြီ။ ဩစတြီးယားနည်းပြ အနေနဲ့ ပရီးမီးယားလိဂ်မှာ မှတ်ကျောက်တင်ခံထားနိုင်ပေမယ့် ဒီရာသီမှာ မန်စီးတီးလူငယ်တွေနဲ့ အသင်းကြီး အပယ်ခံတွေကို လျှောက်ခေါ်ပြီး တိုင်ပတ်နေတာဖြစ်ပါတယ်။ ဝက်စ်ဟမ်းဘက်မှာတော့ ဆကာမက်ကာ ခြေစွမ်းပြနေပြီး အန်တိုနီယို တစ်ပေါက် ပိတ်သွားတာနဲ့ ဘာမှ လုပ်မရတဲ့ အဖြစ်ကို ပြောင်းလဲပေးထားနိုင်ပါတယ်။ ပါကေးတာလည်း ကွင်းလယ်မှာ ဖန်တီးမှု မြင့်နေလို့ ဒေးဗစ် မွိုက်စ်ရဲ့ ဧည့်သည်တွေပဲ နိုင်သွားမှာပါ။ (စိန့် 1-2 ဝက်စ်ဟမ်း)

မန်ချက်စတာယူနိုက်တက်-နယူးကာဆယ်လ်ယူနိုက်တက်
နယူးကာဆယ်လ်ရဲ့ အင်တိုက်အားတိုက် ကစားတတ်တဲ့ ပုံစံက သဘောကျချင်စရာဖြစ်ပြီး ဖူလ်ဟမ်ကို နှိမ်နင်းခဲ့တာနဲ့ ဘရန့်ဖို့ဒ်တို့ကို ဖြိုလှဲပြီး နှစ်ပွဲပေါင်း ၉ ဂိုး သွင်းထားနိုင်တဲ့ တိုက်စစ်ကလည်း ကောင်တာတွေပါ မကျန် ချီးကျူးလို့ ရနေပါတယ်။ မန်ယူနည်းပြ တန်ဟတ်အနေနဲ့ ရော်နယ်လ်ဒိုကို စိတ်ရှည်ရှည် သုံးစွဲဖို့ လိုအပ်နေပြီး သူ့ရဲ့ အဆုံးသတ်ပိုင်းကို တန်ဖိုးရှိအောင် အသုံးချတတ်ရင် ဒီထက်ပိုပြီး ဂိုးတွေ ရလာနိုင်ချိန်မှာ ကာစီမီရိုကိုတော့ သိပ်ပြီး ယုံစားလို့ မဖြစ်သေးဘဲ တခြားပလန် စဉ်းစားသင့်နေတာပါ။ ငှက်ကျားတွေအနေနဲ့ အိမ်ရှင်တွေကို ထိုးနှက်နိုင်ဖို့ လုံလောက်တဲ့ ကစားသမားတွေ ရှိနေတာကြောင့် လက်ရှိခံစစ်နဲ့ ကွင်းလယ်အထိုင် မှားခဲ့ရင် မန်ယူတို့ နာလန်မထူဘဲဖြစ်သွားနိုင်ပါတယ်။ (မန်ယူ 1-2 နယူးကာဆယ်လ်)

လိဒ်စ်ယူနိုက်တက်-အာဆင်နယ်
မန်စီးတီးတို့ လီဗာပူးလ်ကွင်းမှာ ကစားရမှာကို အာဆင်နယ်တို့ အခွင့်ကောင်းယူနိုင်သင့်ပါတယ်။ အသင်းကို ဂရာနစ် ချာကာက အကောင်းဆုံး မောင်းနှင်နေပြီး ဂျေဆူးစ်နဲ့ မာတီနယ်လီတို့ကလည်း ခြေစွမ်းမြင့်မားနေလို့ အဝေးကွင်းမှာလည်း အစမ်းသပ်ခံနိုင်ကြမှာပါ။ လိဒ်စ်တို့ကတော့ မထူးခြားတဲ့ ကစားဟန်ကိုပဲ ပြသနေပြီး ရောင်းထားတဲ့ လူတွေနေရာမှာ ဖြည့်ဆည်းနိုင်ခြင်း မရှိသေးသလို တိုက်စစ်ကလည်း အားစရာမရှိတာကြောင့် အာဆင်နယ်တို့ပဲ ဂိုးပြတ်နိုင်ပွဲ ဆက်လက်ရှာဖွေနိုင်ပါလိမ့်မယ်။ (လိဒ်စ် 0-3 အာဆင်နယ်)

အက်စ်တန်ဗီလာ-ချဲလ်ဆီး
တိုးတိုးတိတ်တိတ်နဲ့ သူ့အလုပ် သူလုပ်နေတဲ့ ဂရေဟမ် ပေါ့တာလက်ထဲမှာ ချဲလ်ဆီးတို့က တော်တော်လေး တိုးတက်လာခဲ့ပြီဖြစ်ပါတယ်။ နိုင်ပွဲတွေကို ပုံမှန်ရယူနေနိုင်ပြီး အေစီမီလန်ကို နှစ်ကျော့စလုံး တီးခဲ့တာနဲ့ ဝုလ်ဗ်စ်ကို အနိုင်ယူခဲ့တဲ့ ပွဲတွေက အထင်ကြီးချင်စရာပါ။ ဗီလာတို့ကတော့ အိမ်ကွင်းမှာ တောင့်ခံဖို့ ကြိုးစားမှာဖြစ်ပေမယ့် ဘာကစားကွက်မှ မရှိဘဲ ကောင်တာလောက် ကစားတတ်တဲ့ ဂျရတ်အနေနဲ့ ချဲလ်ဆီးတို့ကို ယှဉ်ပြိုင်နိုင်ခြေ နည်းနေပါတယ်။ ဧည့်သည်တွေပဲ နိုင်ပွဲဆက်ပြီး ဇယားထိပ်နဲ့ ပိုနီးလာပါဦးမယ်။ (ဗီလာ 1-3 ချဲလ်ဆီး)

လီဗာပူးလ်-မန်ချက်စတာစီးတီး
ဖာမီနိုနဲ့ နူးညက်ဇ်တို့ ဂိုးပေါက်ပြန်ရှာတွေ့နေချိန်မှာ မန်စီးတီးတို့အနေနဲ့ ရာသီအစကလိုမျိုးပဲ ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲကိုပဲ ထပ်ပြီး ရင်ဆိုင်ရမှာပါ။ လူးဝစ် ဒီယက်ဇ် နာသွားပေမယ့် သူတို့တွေ ဖြည့်ဆည်းနိုင်ဖို့ ဖြစ်နိုင်ပြီး ရောဘတ်ဆန်ကလည်း ဘယ်နောက်ခံမှာ ပြန်ကောင်းလာတာက လီဗာပူးလ်တို့ အားတက်စရာပါ။ ဒီအချိန်မှာ မန်စီးတီးတို့ကတော့ နောက်ထပ် ကစားကွက်စမ်းရင် ပေးဆပ်သွားရမှာဖြစ်ပြီး မာရက်ဇ် ပါလာရင် ဟားလန်း အ,သွားတာကို သိမြင်ထားဖို့ လိုပါတယ်။ ဆာလားလည်း ချန်ပီယံလိဂ်ရဲ့ အမြန်ဆုံး ဟက်ထရစ်နဲ့ စိတ်ဓာတ်တက်ကြွနေချိန်မှာ ဟားလန်းနဲ့ ဂိုးသွင်းပြိုင်ရဖို့ ရှိနေပေမယ့် အိမ်ရှင်တွေရဲ့ ခံစစ်ပိုင်း ပြဿနာတွေကြောင့် ဧည့်သည်တွေက ဖြိုချသွားဖို့ များနေပါတယ်။ (လီဗာပူးလ် 1-3 မန်စီးတီး)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရန႔္ဖို႔ဒ္-ဘ႐ိုက္တန္
ၿပီးခဲ့တဲ့ ပြဲက အိမ္ကြင္း ရႈံးထားတဲ့ ဘ႐ိုက္တန္နဲ႔ ေတြ႕ရတာက အရႈံးသံသရာလည္ေနတဲ့ ဘရန႔္ဖို႔ဒ္အတြက္ေတာ့ ကြန္ျမဴနတီ စေတဒီယမ္မွာ အားတက္စရာပဲျဖစ္ပါတယ္။ ဒီပြဲဟာ သူတို႔အတြက္ တစ္ခုတည္းေသာ ေမွ်ာ္လင့္ခ်က္ျဖစ္ေနၿပီး ေနာက္ထပ္တစ္ပြဲမွာ ခ်ဲလ္ဆီးနဲ႔ ေတြ႕ဦးမွာျဖစ္လို႔ ဘဝေတြ ခါးသြားႏိုင္တဲ့ အေျခအေနမွာ ညႇစ္႐ုန္းလာမွာျဖစ္ပါတယ္။ ဘ႐ိုက္တန္တို႔ကလည္း နည္းျပသစ္ ဒီဇာဘီရဲ႕ ဂေရဟမ္ ေပါ့တာနဲ႔ မနီး႐ိုးစြဲပုံစံေၾကာင့္ သူတို႔ရဲ႕ ကစားပုံက မူလအတိုင္း ရွိေနေသးတာေၾကာင့္ ဘရန႔္ဖို႔ဒ္ရဲ႕ အႏၲရာယ္ကိုေတာ့ ေက်ာ္ျဖတ္သြားႏိုင္ဖို႔ မ်ားေနပါတယ္။ (ဘရန႔္ဖို႔ဒ္ 1-2 ဘ႐ိုက္တန္)

လက္စတာစီးတီး-ခရစၥတယ္လ္ ပဲေလ့စ္
အရင္အပတ္က ဘုန္းေမာက္ကို လက္စတာ ရႈံးခဲ့တယ္ဆိုတာက ေရွာ့ရသြားႏိုင္တဲ့ အေျခအေနပါပဲ။ ပဲေလ့စ္တို႔ကေတာ့ လိဒ္စ္နဲ႔ပြဲမွာ ကစားပုံ မေကာင္းလွေပမယ့္ ႏိုင္ပြဲရယူထားပါတယ္။ လက္စတာတို႔ တန္းဆင္းဇုန္ေရာက္ေနေပမယ့္ ဘရန္ဒန္ ေရာ့ဂ်ားစ္ကို ထုတ္မယ့္ ပုံစံမ်ိဳး မရွိေသးတာေၾကာင့္ သူတို႔ေတြ လူစုံလာရင္ ျပန္ေကာင္းလာႏိုင္ေသးၿပီး အစားထိုးရမယ့္သူလည္း ရွာေတြ႕ဦးမယ္ မထင္ပါဘူး။ ေျမေခြးေတြအေနနဲ႔ ရႈံးပြဲအတြက္ တုံ႔ျပန္မယ္ ဆိုေပမယ့္ ပဲေလ့စ္နဲ႔ ဗီယာရာတို႔ကလည္း သိပ္မလြယ္တာေၾကာင့္ တစ္ဖက္ဖက္ကို အႏိုင္ခန႔္မွန္းဖို႔ ခက္ေနပါတယ္။ (လက္စတာ 2-2 ပဲေလ့စ္)

ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္-ေနာ့တင္ဟမ္ ေဖာရက္စ္
ခ်ဲလ္ဆီးနဲ႔ပြဲမွာ ဝုလ္ဗ္စ္တို႔ ကစားပုံ မဆိုးလွေပမယ့္ ခံစစ္ကေတာ့ ေတာ္ေတာ္စုတ္ျပတ္ေနလို႔ စိုးရိမ္စရာပါပဲ။ ေဖာရက္စ္တို႔ကေတာ့ သူတို႔ေတြ ပရီးမီးယားလိဂ္မွာ တင္က်န္ႏိုင္စြမ္းရွိတယ္ဆိုတာကို ျပသဖို႔ ႀကိဳးစားေနေပမယ့္ မေအာင္ျမင္ေသးပါဘူး။ ဒီေယဂို ေကာ္စတာ ပါလာႏိုင္ရင္ေတာ့ ေဖာရက္စ္တို႔ ဘုရားတရမွာျဖစ္ၿပီး နည္းျပကို ထုတ္ပယ္ထားခဲ့တဲ့ ဝုလ္ဗ္စ္တို႔အေနနဲ႔ နည္းျပကို သက္တမ္းတိုးၿပီး ဒုံရင္းဒုံရင္းပဲျဖစ္ေနတဲ့ ဧည့္သည္ေတြကို ႏိုင္ပြဲဆင္ႏႊဲၿပီး တန္းဆင္းဇုန္က ႐ုန္းထြက္ႏိုင္ပါလိမ့္မယ္။ (ဝုလ္ဗ္စ္ 3-1 ေဖာရက္စ္)

ဖူလ္ဟမ္-ဘုန္းေမာက္
ခ်န္ပီယံရွစ္ တန္းတက္ေတြရဲ႕ ေတြ႕ဆုံမႈျဖစ္ၿပီး ႏွစ္သင္းစလုံးအေနနဲ႔ ေနရာေဟာင္းကို မျပန္ရဖို႔ တတ္ႏိုင္သေလာက္ ႀကိဳးစားေနၾကပါတယ္။ မီထ႐ိုဗစ္ခ်္ ကစားႏိုင္ရင္ေတာ့ ဖူလ္ဟမ္တို႔ ရလဒ္ေကာင္းမွာျဖစ္ၿပီး လက္ရွိမွာေတာ့ ဘုန္းေမာက္ရဲ႕ ႀကံ့ခိုင္တဲ့ ခံစစ္ကို ေက်ာ္ျဖတ္ႏိုင္မလားဆိုတာ ေမးခြန္းထုတ္စရာပါ။ ဒါေပမယ့္ ပရီးမီးယားလိဂ္ အေတြ႕အႀကဳံ ပိုမ်ားတဲ့ မာကို ေဆးလ္ဗားနဲ႔ အိမ္ရွင္တို႔ရဲ႕ အစုအဖြဲ႕က အေတြ႕အႀကဳံနည္းတဲ့ ၿပိဳင္ဘက္ နည္းျပ ဂယ္ရီ အိုနီးလ္ရဲ႕ ဧည့္သည္ေတြကို အလဲထိုးႏိုင္စြမ္းရွိၿပီး ကပ္အႏိုင္ယူသြားမယ္လို႔ ထင္ပါတယ္။ (ဖူလ္ဟမ္ 2-1 ဘုန္းေမာက္)

ေတာ့တင္ဟမ္ေဟာ့စပါး-အဲဗာတန္
ေျမာက္လန္ဒန္ဒါဘီ ရႈံးပြဲအၿပီးမွာ စပါးစ္တို႔ ပုံစံေကာင္းရဖို႔ ႀကိဳးစားတည္ေဆာက္ႏိုင္ခဲ့ၾကပါတယ္။ ဆြန္ေဟာင္မင္က ဒီရလဒ္ေတြရဲ႕ တာဝန္ခံ ျဖစ္ၿပီး နည္းျပ ကြန္တီနဲ႔ အသင္းရဲ႕ အေကာင္းဆုံး မဟုတ္ေသးတဲ့ ကစားပုံကို ရလဒ္ေကာင္းေတြ ထြက္ေပၚေအာင္ ေျခစြမ္းျပေပးႏိုင္ခဲ့တာပါ။ အဲဗာတန္နဲ႔ နည္းျပ ဖရန႔္ လမ္းပတ္တို႔ကေတာ့ သူ႔လူေတြနဲ႔ ကြင္းလယ္သမားပါလို႔ဆိုတဲ့ အီဝိုဘီတို႔ကို အယုံၾကည္လြန္ေနၿပီး မန္ယူနဲ႔ပြဲမွာ ေပါ့ဆတဲ့ ကစားဟန္ေတြက သူတို႔ကို ႀကီးႀကီးမားမား အျပစ္ေပးခဲ့သလို စုဖြဲ႕မႈကလည္း အသင္းႀကီးေတြနဲ႔ ယွဥ္ၿပိဳင္ႏိုင္စြမ္း နည္းေနခဲ့တာေၾကာင့္ ကစားပုံ မေကာင္းေတာင္ အႏိုင္ယူတတ္တဲ့ စပါးစ္တို႔ သုံးမွတ္ယူသြားပါလိမ့္မယ္။ (စပါးစ္ 2-1 အဲဗာတန္)

ေဆာက္သမ္တန္-ဝက္စ္ဟမ္းယူႏိုက္တက္
အိမ္ရွင္ပရိသတ္ေတြကေတာ့ နည္းျပ ေဟဆန္ဟြတ္တယ္လ္ကို ၿငိဳျငင္ေနၾကၿပီျဖစ္ၿပီး ႏိုင္ပြဲရဖို႔ ရာဇသံေပးေနၾကပါၿပီ။ ဩစႀတီးယားနည္းျပ အေနနဲ႔ ပရီးမီးယားလိဂ္မွာ မွတ္ေက်ာက္တင္ခံထားႏိုင္ေပမယ့္ ဒီရာသီမွာ မန္စီးတီးလူငယ္ေတြနဲ႔ အသင္းႀကီး အပယ္ခံေတြကို ေလွ်ာက္ေခၚၿပီး တိုင္ပတ္ေနတာျဖစ္ပါတယ္။ ဝက္စ္ဟမ္းဘက္မွာေတာ့ ဆကာမက္ကာ ေျခစြမ္းျပေနၿပီး အန္တိုနီယို တစ္ေပါက္ ပိတ္သြားတာနဲ႔ ဘာမွ လုပ္မရတဲ့ အျဖစ္ကို ေျပာင္းလဲေပးထားႏိုင္ပါတယ္။ ပါေကးတာလည္း ကြင္းလယ္မွာ ဖန္တီးမႈ ျမင့္ေနလို႔ ေဒးဗစ္ မြိဳက္စ္ရဲ႕ ဧည့္သည္ေတြပဲ ႏိုင္သြားမွာပါ။ (စိန႔္ 1-2 ဝက္စ္ဟမ္း)

မန္ခ်က္စတာယူႏိုက္တက္-နယူးကာဆယ္လ္ယူႏိုက္တက္
နယူးကာဆယ္လ္ရဲ႕ အင္တိုက္အားတိုက္ ကစားတတ္တဲ့ ပုံစံက သေဘာက်ခ်င္စရာျဖစ္ၿပီး ဖူလ္ဟမ္ကို ႏွိမ္နင္းခဲ့တာနဲ႔ ဘရန႔္ဖို႔ဒ္တို႔ကို ၿဖိဳလွဲၿပီး ႏွစ္ပြဲေပါင္း ၉ ဂိုး သြင္းထားႏိုင္တဲ့ တိုက္စစ္ကလည္း ေကာင္တာေတြပါ မက်န္ ခ်ီးက်ဴးလို႔ ရေနပါတယ္။ မန္ယူနည္းျပ တန္ဟတ္အေနနဲ႔ ေရာ္နယ္လ္ဒိုကို စိတ္ရွည္ရွည္ သုံးစြဲဖို႔ လိုအပ္ေနၿပီး သူ႔ရဲ႕ အဆုံးသတ္ပိုင္းကို တန္ဖိုးရွိေအာင္ အသုံးခ်တတ္ရင္ ဒီထက္ပိုၿပီး ဂိုးေတြ ရလာႏိုင္ခ်ိန္မွာ ကာစီမီ႐ိုကိုေတာ့ သိပ္ၿပီး ယုံစားလို႔ မျဖစ္ေသးဘဲ တျခားပလန္ စဥ္းစားသင့္ေနတာပါ။ ငွက္က်ားေတြအေနနဲ႔ အိမ္ရွင္ေတြကို ထိုးႏွက္ႏိုင္ဖို႔ လုံေလာက္တဲ့ ကစားသမားေတြ ရွိေနတာေၾကာင့္ လက္ရွိခံစစ္နဲ႔ ကြင္းလယ္အထိုင္ မွားခဲ့ရင္ မန္ယူတို႔ နာလန္မထူဘဲျဖစ္သြားႏိုင္ပါတယ္။ (မန္ယူ 1-2 နယူးကာဆယ္လ္)

လိဒ္စ္ယူႏိုက္တက္-အာဆင္နယ္
မန္စီးတီးတို႔ လီဗာပူးလ္ကြင္းမွာ ကစားရမွာကို အာဆင္နယ္တို႔ အခြင့္ေကာင္းယူႏိုင္သင့္ပါတယ္။ အသင္းကို ဂရာနစ္ ခ်ာကာက အေကာင္းဆုံး ေမာင္းႏွင္ေနၿပီး ေဂ်ဆူးစ္နဲ႔ မာတီနယ္လီတို႔ကလည္း ေျခစြမ္းျမင့္မားေနလို႔ အေဝးကြင္းမွာလည္း အစမ္းသပ္ခံႏိုင္ၾကမွာပါ။ လိဒ္စ္တို႔ကေတာ့ မထူးျခားတဲ့ ကစားဟန္ကိုပဲ ျပသေနၿပီး ေရာင္းထားတဲ့ လူေတြေနရာမွာ ျဖည့္ဆည္းႏိုင္ျခင္း မရွိေသးသလို တိုက္စစ္ကလည္း အားစရာမရွိတာေၾကာင့္ အာဆင္နယ္တို႔ပဲ ဂိုးျပတ္ႏိုင္ပြဲ ဆက္လက္ရွာေဖြႏိုင္ပါလိမ့္မယ္။ (လိဒ္စ္ 0-3 အာဆင္နယ္)

အက္စ္တန္ဗီလာ-ခ်ဲလ္ဆီး
တိုးတိုးတိတ္တိတ္နဲ႔ သူ႔အလုပ္ သူလုပ္ေနတဲ့ ဂေရဟမ္ ေပါ့တာလက္ထဲမွာ ခ်ဲလ္ဆီးတို႔က ေတာ္ေတာ္ေလး တိုးတက္လာခဲ့ၿပီျဖစ္ပါတယ္။ ႏိုင္ပြဲေတြကို ပုံမွန္ရယူေနႏိုင္ၿပီး ေအစီမီလန္ကို ႏွစ္ေက်ာ့စလုံး တီးခဲ့တာနဲ႔ ဝုလ္ဗ္စ္ကို အႏိုင္ယူခဲ့တဲ့ ပြဲေတြက အထင္ႀကီးခ်င္စရာပါ။ ဗီလာတို႔ကေတာ့ အိမ္ကြင္းမွာ ေတာင့္ခံဖို႔ ႀကိဳးစားမွာျဖစ္ေပမယ့္ ဘာကစားကြက္မွ မရွိဘဲ ေကာင္တာေလာက္ ကစားတတ္တဲ့ ဂ်ရတ္အေနနဲ႔ ခ်ဲလ္ဆီးတို႔ကို ယွဥ္ၿပိဳင္ႏိုင္ေျခ နည္းေနပါတယ္။ ဧည့္သည္ေတြပဲ ႏိုင္ပြဲဆက္ၿပီး ဇယားထိပ္နဲ႔ ပိုနီးလာပါဦးမယ္။ (ဗီလာ 1-3 ခ်ဲလ္ဆီး)

လီဗာပူးလ္-မန္ခ်က္စတာစီးတီး
ဖာမီႏိုနဲ႔ ႏူးညက္ဇ္တို႔ ဂိုးေပါက္ျပန္ရွာေတြ႕ေနခ်ိန္မွာ မန္စီးတီးတို႔အေနနဲ႔ ရာသီအစကလိုမ်ိဳးပဲ ခက္ခဲတဲ့ ပြဲစဥ္တစ္ပြဲကိုပဲ ထပ္ၿပီး ရင္ဆိုင္ရမွာပါ။ လူးဝစ္ ဒီယက္ဇ္ နာသြားေပမယ့္ သူတို႔ေတြ ျဖည့္ဆည္းႏိုင္ဖို႔ ျဖစ္ႏိုင္ၿပီး ေရာဘတ္ဆန္ကလည္း ဘယ္ေနာက္ခံမွာ ျပန္ေကာင္းလာတာက လီဗာပူးလ္တို႔ အားတက္စရာပါ။ ဒီအခ်ိန္မွာ မန္စီးတီးတို႔ကေတာ့ ေနာက္ထပ္ ကစားကြက္စမ္းရင္ ေပးဆပ္သြားရမွာျဖစ္ၿပီး မာရက္ဇ္ ပါလာရင္ ဟားလန္း အ,သြားတာကို သိျမင္ထားဖို႔ လိုပါတယ္။ ဆာလားလည္း ခ်န္ပီယံလိဂ္ရဲ႕ အျမန္ဆုံး ဟက္ထရစ္နဲ႔ စိတ္ဓာတ္တက္ႂကြေနခ်ိန္မွာ ဟားလန္းနဲ႔ ဂိုးသြင္းၿပိဳင္ရဖို႔ ရွိေနေပမယ့္ အိမ္ရွင္ေတြရဲ႕ ခံစစ္ပိုင္း ျပႆနာေတြေၾကာင့္ ဧည့္သည္ေတြက ၿဖိဳခ်သြားဖို႔ မ်ားေနပါတယ္။ (လီဗာပူးလ္ 1-3 မန္စီးတီး)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.